← Chapters

Chapter(15)

Vol. 1 Ch. 15

Chapter(15)

Vol. 1 Ch. 15

အသန့်စင်ဆုံးစနစ် အခန်း(15)

ထိုတောင်ထိပ်ကို ပထမဆုံးရောက်တဲ့ ဧကရာဇ်နယ်ပယ်အဆင့်ကလူသည် အားလုံးကြားအောင်ပြောလိုက်သည်။

"မင်းတို့အားလုံး ဒီဓားကထွက်လာတဲ့အရှိန်အဝါကို ​ခံစားရလို့ ဒီနေရာကို ရောက်လာကြတာလို့ငါထင်တယ် ၊ တကယ်တော့ အဲ့အရှိန်အဝါက ငါဒီဓားကို စမ်းသပ်ရင်း တန်ပြန်ထွက်လာတဲ့အရှိန်အဝါစွမ်းအားတွေပဲ ၊ စိတ်မကောင်းစရာက ဒဏ္ဍာရီထဲမှာ နာမည်ကြီးခဲ့တဲ့ဓားကသုံးစားလို့ မရတော့ဘူး "

ထိုလူသည် ပြောပြီးတာနဲ့ သူ့ရဲ့အဖွဲ့နဲ့ နောက်နေရာတစ်ခုကိုထွက်ခွာသွားလေသည်။ထိုအခါ ဧရာမဓါးကြီးကို လူပေါင်းစုံသည် စွမ်းအင်ပေါင်းစုံဖြင့် စမ်းသပ်သော်လည်း ဓါးကြီးမှာ လှုပ်တောင်မလှုပ်ပေ။လက်နက်အစီအရင်ပါမောက္ခကြီးများတောင် လက်မြှောက်အရှုံးပေးကာ ထွက်ခွာသွားကြလေသည်။

ထို့နောက် နောက်ထပ်ရတနာပစ္စည်း ရှာဖွေဖို့ လျင်မြန်စွာတစ်ဂိုဏ်းပြီးတစ်ဂိုဏ်းထွက်ခွာသွားကြလေသည်။ချောင်ဖုန်းတွင် အဖွဲတွင်လဲ ရောက်လာသောသူသည် ဧကရာဇ်နယ်ပယ်အဆင့်မှ ဖြစ်သည်။ထိုလူလဲ သူ့ရဲ့စွမ်းအားဖြင့် ဓားကြီးအားစမ်းသပ်သော်လည်း ဓားမှာ ပုံမှန်အတိုင်းပဲ ရှိနေ၍ စိတ်ပျက် သွားလေသည်။

ထို့နောက် ဝမ်ရှောက်ရန်က ပြောလိုက်သည်။

"အကြီးအကဲဝမ်.....ကျွန်တော်တို့ခုဘယ်ဆက်သွားကြမှာလဲ"

ထိုအခါဝမ်လော့သည်​ ဝမ်ရှောက်ရှန်အား ဒီမှာဆက်မနေသင့်ကြောင်းပြောလိုက်သည်။

"သခင်လေးဝမ်......ငါတို့ဒီမဟူရာမြို့တော်က အမြန်ဆုံးပြန်လည်ထွက်ခွာရင်ကောင်းမယ် ၊ တကယ်လို့ အဆင့်လေးနတ်ဆိုးသားရဲကောင်တွေသာ ရောက်ရှိလာရင် ငါတို့လွတ်မြှောက်နိုင်မှာ မဟုတ်ဘူး"

ဝမ်ရှောက်ရှန်နဲ့တခြားလူတွေသည် အဆင့်လေးနတ်ဆိုးသားရဲဟု ကြားတဲ့အခါ ကြောက်ရွံသွားလေသည်။ထိုအခါ ဝမ်ရှောက်ရှန်လဲ ပြန်ဖို့စဥ်းစားလိုက်သည်။

"ကောင်းပြီလေ ဒါဆို ကျွန်တော်တို့ ပြန်ကြရအောင်"

အားလုံးသည် မမှောင်ခင်မှာ မဟူရာမြို့တော်က ထွက်ခွာသွားခဲ့လုပင်မယ့် တစ်ယောက်သောသူသည် မှောင်မဲသောအချိန်တွင် သစ်ပင်လေးနောက်မှာ ပုန်းနေခဲ့လေသည်။ထိုအချိန်မှာ ကောင်းကင်ကြီးသည် လျှပ်စီးများလက်နေခဲ့ပြီး မိုးကြီးသည် သည်းထန်စွာ ရွာသွန်းပါတော့သည်။

လူအားလုံးရှင်းသွားပြီဖို့ ချောင်ဖုန်းသည် သစ်ပင်နောက်က ထွက်ခွာလာခဲ့ပြီး ဧရာမဓားကြီးရှေ့ကို ရောက်ရှိလာလေသည်။

ချောင်ဖုန်းသည် တစ်ကိုယ်လုံးမိုးတွေစိုရွဲနေခဲ့ပြီး အေးလွန်းတာကြောင့် တစ်ကိုယ်လုံးတုန်နေလေသည်။

ချောင်ဖုန်းကြီး အားတင်းကာ ရယ်မောလိုက်ပြီး ဧရာမဓားကြီးကို ကိုင်လိုက်ကာပြောလိုက်သည်။

"ဒီဧရာမဓားကြီးကို သန့်စင်မယ်"

ထိုအခါ တောင်ထိပ်တစ်ခုလုံးရှိမြေကြီးသည် တုန်တုန်ခါခါစတင်ဖြစ်ပေါ်လာပြီး ဓားကြီးသည် မြေကြီးအတွင်းမှ အပေါ်ကို ထိုးထွက်လာလေသည်။ကောင်းကင်ပေါ်မှ မိုးကြိုးလျှပ်စီးများကလဲ ထိုဓားကြီးကို ပစ်ခွင်းနေလေသည်။နောက်ဆုံးဓားကြီးသည် လေပေါ်သို့မြှောက်တက်သွားပြီး သေးငယ်သွားတဲ့အခါ ချောင်ဖုန်းသည် လေပေါ်သို့ တက်၍ ဖမ်းလိုက်သည်။

ချောင်ဖုန်းသည် ဓားကြီးကို သေသေချာချာလှည့်ကြည့်လိုက်ပြီး သဘောကျသွားသည်။ချောင်ဖုန်းသည် သူ့ရဲ့သွေးစကို ဓားပေါ်သို့ တင်လိုက်တဲ့အခါဓားသည် ချောင်ဖုန်းနဲ့ချိတ်ဆက်သွားပြီး ဝိညဥ်စွမ်းအင်များသည် ဓားမှ ပေါ်ထွက်လာလေသည်။ချောင်ဖုန်းသည် ​လိုက်ပြီးရေရွတ်မိလေသည်။

"နဂါး ၊ မျောက်ဝံ ၊ ဇာမဏီငှက် ၊ ကင်းမြှီးကောက် ၊ ဝေလငါး ၊ ဆင် ၊ ကျားသစ် ၊ ဖားပြုတ် ၊ မြွေပါ "

ချောင်ဖုန်းသည် အသွင်ကိုးမျိုးမရဏငရဲဓားလို့ ခေါ်တဲ့အကြောင်းအရင်းကို သိသွားခဲ့သည်။ထို့နောက် ဓားကိုသိုလှောင်ကွင်းလက်စွပ်ထဲသို့ သိမ်းလိုက်ပြီး မဟူရာမြို့တော်သို့ ပြန်ထွက်မည့် ချိန်မှာ အဆင့်သုံးနတ်ဆိုးသားရဲကောင်သည် ချောင်ဖုန်းရှေ့ကို ကျရောက်လာလေသည်။

"သေစမ်း.....ဒါအဆင့်သုံးနတ်ဆိုးသားရဲကောင်ပဲ"

ထိုသားရဲကောင်ကြီးသည် ချောင်ဖုန်းရှေ့ရောက်တဲ့အခါ ပါးစပ်ထဲတွင် တစ်စုံတစ်ရာကို ဝါးနေခဲ့ပြီး ခြေတစ်ဖက်လက်တစ်ဖက် သည် ပါးစပ်ထဲမှ ပြုတ်ကျလာလေသည်။ထိုပြတ်နေသောလက်တစ်ဖက်တွင် သိုလှောင်ကွင်းလက်စွပ်ကိုဝတ်ထားတာ ချောင်ဖုန်းတွေ့လိုက်ရသည်။

ထိုကောင်ကြီးသည် ဒိုင်နင်ဆောနဲ့တူနေခဲ့ပြီး တစ်ကိုယ်လုံးမှာ ဆူးချွန်လို့အရာများရှိနေခဲ့ပြီး ထိုဆူးချွန်များက အမှောင်ဓာတ်ကိုဖြိုခွင်းပြီး လင်းထိန်နေလေသည်။

ထိုကောင်ကြီးသည် ရုတ်တရက် အော်လိုက်တဲ့အခါ အလွန်စူးရှသွားတာကြောင့် ချောင်းဖုန်းသည် နားများပင် ပိတ်လိုက်ရသည်။

ချောင်ဖုန်းသည် သူရဲ့ဓားကို ထုတ်ပြီး ဝိညဥ်စွမ်းအင်အသက်သွင်းလိုက်သည်။ဝိညဥ်စွမ်းအင်သည် ချောင်ဖုန်းအလိုရှိရာအကောင်ကို ထုတ်နိုင်သည်။ချောင်ဖုန်းသည် မြွေပါဝိညဥ်စွမ်းအင်ကို အသုံးပြုလိုက်ပြီး လေပွေဓားသိုင်းကို ပုံဖော်လိုက်သည်။

ဒီတစ်ခါမှာတော့ ချောင်ဖုန်းရဲ့ဓားသည် ဝိညဥ်စွမ်းအင်ပါရှိလာတာကြောင့် လေပွေထဲတွင် မြွေပါများစွာလဲ လေပွေကဲ့သို့ လည်ပတ်နေလေသည်။နတ်ဆိုးသားရဲကြီးသည် ပါးစပ်ထဲမှ ဆူးချွန်များဖြင့် ချောင်ဖုန်းအား တိုက်ခိုက်လိုက်သည်။ ချောင်ဖုန်းလဲ နတ်ဘုရားခြေလှမ်းဖြင့် ရှောင်လိုက်သည်။

ဆူးချွန်တစ်ခုသည် ခမောက်အားထိမိသွားတဲ့အခါ လွင့်ထွက်သွားပြီး မီးလောင်သလို တဖြည်းဖြည်းလောင်ကျွမ်းကာ အစပျောက်သွားသည်။ချောင်ဖုန်းသည် သူခမောက်ကို ကြည့်လိုက်ကာ ပြောလိုက်သည်။

"အတော်ကြောက်စရာကောင်းတဲ့ ဆူးချွန်ပါလား....."

ချောင်ဖုန်းလဲ လေပွေဓားသိုင်းဖြင့် နတ်ဆိုးသားရဲကြီးကို တိုက်ခိုက်လိုက်သည်။

ထိုအခါ နတ်ဆိုးသားရဲကြီးသည် ချောင်ဖုန်းရဲ့လေပွေဓားသိုင်းအတွင်းသို့ ရောက်ရှိသွားခဲ့ပြီး မြွေပါများသည် သူခန္ဓာကိုယ်ကို ကိုက်ဖြတ်နေကြလေသည်။နတ်ဆိုးသားရဲကြီးသည် နာကျင်သွားတာမလို့ နောက်တစ်ခေါက်အော်ဟစ်လိုက်လေသည်။

"ဝှမ်း......ဝှမ်း.......ဝှမ်း.........."

ထိုအခါ ချောင်ဖုန်းရဲ့လေပွေဓားသိုင်းသည် ပျက်စီးသွားလေသည်။သို့သော် လေပွေလှိုင်းအတွင်းရှိ မြွေပါများသည် သူတို့သေခန်းနီး ခန္ဓာကိုယ်ကိုဖောက်ခွဲကာ နတ်ဆိုးသားရဲကြီးကို ဒဏ်ရာရရှိအောင် ထပ်လုပ်သွားလေသည်။

နတ်ဆိုးသားရဲကောင်ကြီးသည် ခြေနှစ်ဖက်ထိခိုက်သွားတဲ့အခါမြေပေါ်သို့ ပစ်လဲကျသွားလေသည်။ချောင်ဖုန်းသည် သူ့ရဲ့ဓားကို အလွန်ပင်သဘောတွေ ကျနေလေသည်။

ထို့နောက် ချောင်ဖုန်းသည် နတ်ဘုရားခြေလှမ်းဖြင့် နတ်ဆိုးသားရဲကောင်ရဲ့ နောက်ကိုလျင်မြန်စွာသွားလိုက်ပြီး ​ဓားမှ မျောက်ဝံဝိညဥ်စွမ်းအင်ကို ထုတ်ပြီး ထပ်မံတိုက်ခိုက်လိုက်တဲ့အခါမှာတော့ အဆင့်လေးနတ်ဆိုးသားရဲသည် ပေါက်ကွဲထွက်ကာ သေဆုံးသွားခဲ့သည်။

"ဒီဓားရဲ့စွမ်းအင်က တော်တော်ကြောက်စရာကောင်းတာပဲ ၊ ဒါကြောင့်မို့ ဒဏ္ဍာရီထဲမှာတောင် နာမည်ကြီးခဲ့တဲ့ဓားတစ်လက်ဖြစ်ခဲ့တာထင်တယ်"

ထို့နောက် ချောင်ဖုန်းသည် ပြတ်နေသော လက်တစ်ဖက်တွင်ဝတ်ဆင်ထားသော သိုလှောင်ကွင်းလက်စွပ်ကို ချွတ်ယူလိုက်သည်။ထိုသိုလှောင်ကွင်းလက်စွပ်ပိုင်ရိုင်သည် သေဆုံးသွားပြီမလို့ ချောင်ဖုန်းသည် သိုလှောင်ကွင်းလက်စွပ်ကို သွေးနဲ့ထပ်ချိတ်ဆက်လိုက်ပြီး လယ်ခလယ်မှာ ထပ်ဝတ်ထားလိုက်သည်။

ချောင်ဖုန်းသည် ထိုသိုလှောင်ကွင်းကို စစ်ဆေးကြည့်လိုက်တဲ့အခါ ရွှေဒင်္ဂါးများ ၊ အစီအရင်စာရွက်များနှင့်သိုင်းကျင့်စဥ်စာလိပ်တစ်ခုကို တွေ့ရှိလိုက်ရသည်။ထိုသိုင်းစာလိပ်သည် ရှေးဟောင်းပုံစံတစ်ခုဖြစ်နေပြီး မခြောက်သေးသောသွေးများသည်စာလိပ်ပေါ်တွင် ပေနေတာကြောင့် ပိုင်ရှင်သည် မကြာသေးခင်က မှ ဒီသိုင်းစာလိပ်ကို ရရှိထားကြောင်း ချောင်ဖုန်းခန့်မှန်းလိုက်သည်။

"ကြည့်ရတာ ဒီသိုင်းစာလိပ်က ဒီမဟူရာမြို့တော်ထဲက ရရှိတာပဲဖြစ်ရမယ် ၊ အတော်ပဲ ငါအမြဲလေပွေဓားသိုင်းကို ထုတ်သုံးနေ

လို့မဖြစ်ဘူး"

ထို့နောက် ချောင်ဖုန်းသည် နတ်ဆိုးသားရဲကောင်များ ထပ်မံရောက်ရှိလာမှာစိုးရိမ်၍မဟူရာမြို့တော်အပြင်ကို ထွက်ခွာခဲ့လေသည်။မှောင်မဲနေသော ညဥ့်နက်ကြီးတွင် လျှပ်စီးရောင်တဖျက်ဖျက်ကြားမှာ ချောင်ဖုန်းသည် နတ်ဘုရားခြေလှမ်းဖြင့် ပြေးနေခဲ့သည်။

ချောင်ဖုန်းသည် နောက်ဆုံးတွင် မဟူရာမြို့တော်ရဲ့တံခါးကို ရောက်ရှိလာခဲ့သည်။

"တော်သေးတာပေါ့.....ငါနောက်ဆုံးအပြင်ပြန်ထွက်နိုင်ခဲ့ပြီ"

တံခါးစောင့်စစ်သည် ရဲမက်များသည် ချောင်ဖုန်းကို ကြည့်ကာ အံသြနေခဲ့သည်။မဟူရာမြို့တော်၏ တံခါးကို သူ့တို့စောင့်ကြည့်ရကတည်းက ဝင်သွားသော ပညာရှင်တိုင်းသည် မှောင်တဲ့အထိမတွေ့ဖူးတာကြောင့် အံ့အားသင့်နေခဲ့သည်။

ထိုချိန်မှာ ချောင်ဖုန်းတို့ကို မြေပုံပေးခဲ့သည့် ရဲမက်တစ်ယောက်ရောက်ရှိလာပြီး ချောင်ဖုန်းလက်ကို ဖမ်းဆုပ်လိုက်ပြီး သွေးကြောကို စစ်ဆေးလိုက်ပြီး သူ့လူတွေကို ပြန်ပြောလိုက်သည်။

"မင်းတို့ဘာမှစိတ်ပူမနေနဲ့ ဒီကောင်ကလူပဲ အသွင်ပြောင်းထားတဲ့နတ်ဆိုးသားရဲမဟုတ်ဘူး တံခါးဖွင့်ပေးလိုက်ပါ"

"ဟုတ်ကဲ့ခေါင်းဆောင်"

ထိုအခါမှသာ ရဲမက်နှစ်ယောက်သည် တံခါးဖွင့်ပေးလိုက်ပြီး ချောင်းဖုန်လဲ မဟူရာမြို့တော်ရဲ့အပြင်ဘက်ကိုရောက်ရှိသွားခဲ့သည်။

All Chapters