Chapter(5)
Vol. 1 Ch. 5
အသန့်စင်ဆုံးစနစ်
အခန်း(5)
ချောင်ဖုန်းနဲ့ရွယ်ချင်းသည် အန်းမြို့ကို လာရာလမ်းအတိုင်းပြန်လာခဲ့သည်။ထိုချိန်မှာ မြှားတစ်ချောင်းသည် သူတို့နှစ်ယောက်လာရာလမ်းကြောင်းရှိကို ဝင်လာလေသည်။
ရွယ်ချင်းသည် လူသားအဆင့်နယ်ပယ်၏အထွဋ်အထိပ်ဆင့်သာရှိသေးတာကြောင့် မြှားလာတာမခံစားရဘဲ ချောင်ဖုန်းကတော့ ချက်ချင်းသိလိုက်တာကြောင့် ရွယ်ချင်းကို ဆွဲဖက်လိုက်ပြီး ဘေးသို့ဆုတ်လိုက်သည်။
ရွယ်ချင်းသည် မျက်နှာကြီးနီရဲသွားပြီး ရှက်သွားကာ ချောင်ဖုန်းရင်ဘတ်အားလက်ဖြင့်ထုနေလေသည်။
"ကိုကိုချောင်ဖုန်း.....ရှင်တော်တော်အတင့်ရဲတာပဲ လူကိုဘာထင်နေတာလဲ...... အိမ်ရောက်ရင် ရီကတော်နဲ့တိုင်ရမယ်"
ထိုအခါ ချောင်ဖုန်းသည် မြေကြီးပေါ်သို့ စိုက်ဝင်နေသော မြှားကို လက်ညိုးထိုး၍ ပြောလိုက်သည်။
"ရွယ်ချင်း.....ဘာတွေပြောနေတာလဲ နင်သေချာကြည့်အုံး"
ရွယ်ချင်းလဲ မြှားကို မြင်မှသာ နားလည်သွားလေသည်။ထို့နောက်
သူရဲ့သိုလှောင်အိတ်ထဲမှ ဓားတစ်ချောင်းကို ထုတ်ကာ မမြင်ရတဲ့အမှောင်ထဲကို ရွယ်ကာ ပြောလိုက်သည်။
"နင်တို့ကဘယ်သူတွေလဲ ခုချက်ချင်းထွက်ခဲ့စမ်း ၊ ရီမျိူးနွယ်စုကလူတွေကို တိုက်ခိုက်ရဲတာ နင်တို့ တော်တော်အတင့်ရဲနေတာပဲ"
အမှောင်ထဲက လူတွေသည် ပုဝါတွေကို မျက်နှာမှာစည်းလိုက်ပြီး ချောင်ဖုန်းတို့ရှေ့ကို ထွက်လာခဲ့သည်။
"ရီအိမ်တော်ရဲ့ အချောလေး..... ဒီကိစ္စက နင်နဲ့မဆိုင်တဲ့ထွက်သွားပေးပါ ၊ ငါတို့လိုချင်တာ ဒီအမှိုက်ကောင်ကိုပဲ "
ရွယ်ချင်းလဲ ဒေါသထွက်သွားပြီး ထိုလူတွေကို တိုက်ခိုက်ဖို့ဟန်ပြင်လိုက်သည်။ထိုလူတွေထဲတွင် နှစ်ယောက်သည် လူသားအဆင့်နယ်ပယ်၏ အလယ်အလတ်ကို ရောက်ရှိနေပြီးတော့ ကျန်လူသုံးယောက်မှာတော့ သိုင်းကျင့်ကြံခြင်းကို ဝင်ရောက်တာမကြာသေးတာကြောင့် လူသားအဆင့်နယ်ပယ်ရဲ့ အစောပိုင်းအဆင့်၌သာ ရှိသေးသည်။
ဖူးရှီသည် သူ့လူတွေကို ကြားရုံမျှသာ ပြောလိုက်သည်။
"ငါနဲ့ကျူးကော် ဒီအချောလေးကို အချိန်ဆွဲထားမယ် မင်းတို့သုံးယောက်တာဝန်က........"
ဖူးရှီသည် ချောင်ဖုန်းကို သတ်ရန် သူ့လည်ပင်းကို လက်ဖြင့်လှီးဖြတ်သလို အမူအယာလုပ်ပြလိုက်သည်။
ထို့နောက် ဖူးရှီသည်ဓားထုတ်ပြီး ပွတ်လိုက်တဲ့အခါ ခရမ်းရောင်မီးတောက်များသည် ဓားပေါ်ပြေးသွားလေသည်။ကျူးကော်ကလဲ ထို့နည်းအတူ သူ့ဓားကို ဟန်ပြင်လိုက်တဲ့အခါ အနီရောင်မီးတောက်ကြီးသည် ဓားချောင်းပေါ်မှာတောက်လောင်နေလေသည်။
ထိုအခါ ရွယ်ချင်းသည် စိတ်ပျက်၍ ပြောလိုက်သည်။
"ဝိညဥ်စွမ်းအင်ပါတဲ့ ဓါးအမျိုးအစားတွေပဲ ၊ ကိုကိုချောင်ဖုန်းကို ငါခေါ်လာမိတာမှားပြီ"
ဖူးရှီနဲ့ကျူးကော်သည် ရွယ်ချင်းအား ဝင်တိုက်ခိုက်လိုက်သည်။
ရွယ်ချင်းသည် သိုင်းအဆင့်သာလွန်ပင်မယ့် နှစ်ယောက်တစ်ယောက်ဖြစ်တဲ့အပြင် တစ်ဖက်လူတွေရဲ့ ဓားသည် သူမှာရှိသော ဓားထက်သာလွန်နေခြင်းကြောင့် အနိုင်မရရှိဘဲ တန်းတူသာ ပြန်တိုက်ခိုက်နေရသည်။
"ကိုကိုချောင်ဖုန်း....ရှင်မြန်မြန်ပြေးတော့ ၊ အန်းမြို့ထဲရောက်ရင် သူတို့တွေလိုက်လာရဲမှာမဟုတ်တော့ဘူး"
ချောင်ဖုန်းကို သတ်ဖို့ လူသုံးယောက်သည် သူ့ရှေ့တွင် ချက်ချင်းရောက်ရှိနေလေသည်။
ချောင်ဖုန်းသည် ထိုလူတွေအား အေးဆေးသတ်နိုင်သော်လည်း သူရဲ့အဆင့်ကို အားလုံးရှေ့တွင် ထုတ်မပြဖို့ ဆုံးဖြတ်ထားသောကြောင့် နောက်သို့ ပြန်ဆုတ်ပြေးလေသည်။
ထိုအခါရွယ်ချင်းသည် တိုက်ခိုက်ရင်းနဲ့ချောင်ဖုန်းကို အော်လိုက်သည်။
"ကိုကိုချောင်ဖုန်း......အန်းမြို့က အဲ့ဘက်မှာမဟုတ်ဘူးလေ ၊ ဘာလို့နောက်ကို ပြန်ပြေးနေရတာလဲ"
ရွယ်ချင်းအော်နေပင်မယ့် ချောင်ဖုန်းကတော့ အနောက်ကို ထွက်ပြေးသွားပြီဖြစ်သည်။ဖူးရှီသည် ဓားသိုင်းကွက် ဖော်ကာ ရွယ်ချင်းအားပြောလိုက်သည်။
"အချောလေး.....တခြားလူကိုအာရုံမစိုက်ဘဲ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ"
ဖူးရှီသည် သူရဲ့ခေါင်းပေါ်တွင် ခရမ်းရောင်ပန်းပွင့်ကြီးပေါ်လာပြီးနောက် ထိုပန်းပွင့်အတွင်းမှ ဓားပေါင်းများစွာထွက်လာပြီး
ရွယ်ချင်းကို ဓားချောင်းပေါင်းများစွာက တိုက်ခိုက်လေသည်။
ရွယ်ချင်းလဲ သူ့ရဲ့ဓားဖြင့် ထိုဓားပေါင်းများစွာကို ခုခံတိုက်ခိုက်နေလေသည်။
တစ်ခြားတစ်ဖက်မှာတော့ ချောင်ဖုန်းသည် အမှောင်ထဲရောက်တဲ့အခါ ရပ်သွားခဲ့ပြီး သူ့နောက်တွင်လဲ လူသုံးယောက်ကလဲ တစ်ခါထဲ လိုက်ပါလာခဲ့သည်။ထိုသုံးယောက်ထဲက တစ်ယောက်သည် ချောင်ဖုန်းအား လှောင်ပြောင်ပြောလိုက်သည်။
"ဘယ်လိုလဲ ရီမျိုးနွယ်စုက အမှိုက်ကောင်...ရှေ့ဆက်ပြီးမပြေးတော့ဘူးလား....ဟား....ဟား"
ချောင်ဖုန်းသည် သိုလှောင်အိတ်ထဲမှ သံကြေးကိုက်နေတဲ့ ဓါးကို ထုတ်လိုက်ပြီး ထိုလူတွေအားပြန်ပြောလိုက်သည်။
"မင်းတို့က ငါ့အသက်ကိုလိုချင်နေကြတာလား ၊ ကြည့်ရတာ မင်းတို့တွေ သတင်းအမှားကြီး ရထားတယ်ထင်တယ် "
ထိုအခါ ထိုလူသုံးယောက်သည် ချောင်ဖုန်းစကားကြောင့် လန့်သွားလေသည်။ဒါပေမယ့် သူတို့ကို ချောင်ဖုန်းက ခြောက်လှန့်နေခဲ့သည်ဟု ထင်ကာ ရယ်ကာတစ်ယောက်က ပြန်ပြောလိုက်သည်။
"မင်းလိုအမှိုက်က ငါတို့ကိုလာခြောက်နေတာပဲ ၊ မကြာခင်က ငါတက်မြောက်ထားတဲ့ သိုင်းနဲ့မင်းကို စမ်းသပ်......."
ထိုလူသည် စကားဆုံးအောင်မပြောလိုက်ရဘဲ မြေပေါ်တွင်ပစ်လဲသွားလေသည်။ထိုအခါ ဘေးကကြည့်နေတဲ့လူနှစ်ယောက်လဲ ချောင်ဖုန်းသည် သူတို့လူကို တစ်ချက်ဖြင့် သတ်ပြီး သူတို့နောက်ရောက်ရှိနေတာကို သိသွားသည်။
"ဟမ်....မဖြစ်နိုင်ဘူးလေ ၊ မင်းကသိုင်းကျင့်ကြံမှု ပျက်ဆီးနေတာဆို"
ထိုအခါ သူ့ဘေးက တစ်ယောက်က ပြောလိုက်သည်။
"ကြည့်ရတာ ဒီကောင်က ငါတို့ကို တမင်မျှားခေါ်လာတာထင်တယ်"
ချောင်ဖုန်းသည် ဓားကို နောက်တစ်ချိန်ဟန်ပြင်လိုက်ကာ ပြောလိုက်သည်။
" မင်းတို့နှစ်ယောက်ကို ကြည့်ရတာ ရိပ်မိသွားပြီထင်တယ်"
ထို့နောက်ချောင်ဖုန်းသည် သံကြေးကိုက်သည့် ဓားဖြင့် ထိုလူနှစ်ယောက်အား ဝင်တိုက်ခိုက်လိုက်သည်။
ထိုလူနှစ်ယောက်သည် ချောင်ဖုန်းဝင်လာသည့်အခါ သာမာန်ဓားများဖြင့် ပြန်ကာ၍ ခုခံလိုက်သည်။
သို့သော်ချောင်ဖုန်းကတော့ ထိုလူနှစ်ယောက်ကို အလွယ်တကူသတ်ပစ်လိုက်လေသည်။
"နောက်ဆုံးတော့ သုံးယောက်လုံး ရှင်းသွားပြီပဲ "
ချောင်ဖုန်းသည် ထိုလူတွေရှိက သိုလှောင်အိတ်တွေကို ယူပြီး အန်းမြို့သို့ ပြန်လာခဲ့လေသည်။ချောင်ဖုန်းသည် အမှောင်ထဲကနေ လာတဲ့အခါ လူတစ်ယောက် ပြေးလာသည်ကို တွေ့လိုက်ရသည်။သူကတော့ ရွယ်ချင်းပင်ဖြစ်သည်။
ရွယ်ချင်းသည် ချောင်ဖုန်းကို မြင်မြင်ချင်းလက်ကို ဆွဲကိုင်ကာ မမေးမဆန်းပဲ ရီအိမ်တော်သို့ အလျင်အမြန်ပြန်လေသည်။
ရီအိမ်တော်ရဲ့ ခြံဝန်းထဲတွင် လူနှစ်ယောက်သည် မောပန်းစွာရှိနေကြသည်။ထိုနှစ်ယောက်ကတော့ ချောင်ဖုန်းနဲ့ရွယ်ချင်းပင်ဖြစ်သည်။
"ကိုကိုချောင်ဖုန်း.....ရှင်အဲ့လူတွေလက်ထဲက ဘယ်လိုလွတ်လာတာလဲ ၊ ရွယ်ချင်းတော့ စိတ်ပူးလွန်းလို့သေတော့မယ်"
ချောင်းဖုန်းသည် ခေါင်းကုတ်ကာ ပြန်ပြောလိုက်သည်။
"ဒါလားလွယ်လွယ်လေးပါ.....ငါသစ်ပင်တစ်ပင်ရဲ့အပေါ်မှာတက်ပုန်းနေတာလေ ၊ ဒီကောင်တွေ ငါ့ကိုမမြင်ပဲကျော်သွားတယ်ထင်တယ်၊ ရွယ်ချင်း....နင်ကရော"
ထိုအခါ ရွယ်ချင်းသည် ဆရာမကြီးလိုပုံစံထပ်လုပ်လိုက်ကာ ပြောလိုက်သည်။
"သူတို့ရဲ့အရည်အချင်းနဲ့ ရွယ်ချင်းလို ဆရာမကြီးကို မသတ်နိုင်ဘူးလေ ၊ နောက်ဆုံးတော့ ထွက်ပြေးသွားကြတာပဲ "
ထို့နောက် ချောင်ဖုန်းသည် အနားယူဖို့ ပြောပြီး ရွယ်ချင်းကို အိပ်ခိုင်းပါတော့သည်။
"ရွယ်ချင်း....ငါနားချင်နေပြီ နင်လဲသွားအိပ်တော့"
ရွယ်ချင်းလဲ တိုက်ခိုက်လိုက်ရ၍ ပင်ပန်းကာ သူ့အခန်းထဲသို့ ပြန်သွားလေသည်။
ရွယ်ချင်းထွက်သွားမှသာ ချောင်ဖုန်းသည် တချက်ပြုံးလိုက်ပြီး
သူ့အခန်းထဲသို့ ပြန်ဝင်ခဲ့ပြီး ထမင်းစားပွဲခုံမှာ ထိုင်လိုက်သည်။
ထို့နောက် ချောင်ဖုန်းသည် သူသတ်ခဲ့တဲ့လူတွေရဲ့သိုလှောင်အိတ်ထဲမှ ငွေဒင်္ဂါးရာကျော်ရရှိလိုက်ရသည်။
"မဆိုးဘူးပဲ.....ဟီး......."
ထို့နောက် ချောင်ဖုန်းသည် သံကြေးကိုက်နေသည့်ဓားနှင့် အပေါက်အပြဲများစွာ ရှိနေသော သံချပ်ကာ အင်္ကျီကို စားပွဲပေါ်တင်လိုက်သည်။ချောင်ဖုန်းသည် တစ်စုံတစ်ရာကို မျှော်လင့်နေခဲ့ပြီး စိတ်ထဲက ပြောလိုက်သည်။
"ဒီဓားနဲ့ သံချပ်ကာအင်္ကျီကို သန့်စင်မယ်"
ချောင်ဖုန်းသည် အချိန်ခဏအတွင်းမှာပဲ မျက်လုံးအလွန်စူးရှသွားတာကြောင့် မျက်လုံးပင်မှတ်လိုက်ရသည်။ချောင်ဖုန်းရဲ့ အခန်းသည် ဓားနှင့် သံချပ်ကာအင်္ကျီမှ ထွက်လာသော လျှပ်စီးရောင်များဖြင့် လင်းထိန်သွားလေသည်။ချောင်ဖုန်းသည် မျက်လုံးကို မနည်းပင် ဖွင့်ကြည့်လိုက်ရပြီး ပျော်ရွှင်သွားလေသည်။
"ဒီဖြာထွက်နေတဲ့တွေက တကယ်ကို ဝိညဥ်စွမ်းအင်တွေပဲ ၊နောက်ပြီး လျှပ်စီးဝိညဥ်စွမ်းအင်တောင် ၊ ငါဒါတွေကိုသာ ပြန်ရောင်းလိုက်ရင် ချမ်းသာပြီပဲ ဟား....ဟား "