အပိုင်း(၄၆၉)
Vol. 32 Ch. 469
ဤအချိန်တွင် ဟုန်ယွဲ့မှာ ရထားလုံးအတွင်းရှိ ရွှေရောင်နန်မူ သစ်သားကုတင်ထက်၌ လုံမုန့်နှင့်အတူ လဲလျောင်းနေသည်။
ရှစ်ဖုန့်က မိုယန်၏ အနီးကပ်လျှောက်သွားလိုက်ပြီး မိုယန်၏ ကုသပေးမှုအောက်၌ ဤ စိတ်လိုက်မာန်ပါလုပ်တတ်သည့်
ကောင်မလေးဖြစ်သောလုံမုန့်တစ်ယောက် မီးတောက်များ၏လောင်ကျွမ်းခံထားရမှုမှ ငါးဆယ်ရာခိုင်နှုန်း ပြန်ကောင်းပြီးဖြစ်သည်ကို တွေ့လိုက်ရသည်။ အထူးသဖြင့်သူမ၏မျက်နှာဖြစ်သည်။ ယင်းက အစပိုင်း၌ မှတ်မိရန်ပင် ခက်ခဲပြီး ယခုအခါ၌ လောင်ကျွမ်းခံရမှုအများစုမှာ ထပ်ပြီးမမြင်တွေ့ရတော့ဘဲ သစ်လွင်ချောမွေ့နူးညံ့သော အသွေးအသားတို့ ဖြစ်ပေါ်လာသည်။
သူမပြန်လည်ကောင်းမွန်လာသည်ဆိုလျှင် အဆင်ပြေသည်ဖြစ်သည်။ အထူးသဖြင့် ဤမီးလောင်ရာများကပျောက်ကင်း
သွားလျှင်ဖြစ်သည်။ ထိုသို့မဟုတ်ပါက နှစ်ထောင်ပေါင်းများစွာ တည်ရှိနေသော အလှမျိုးနှင့်မိန်းကလေးတစ်ယောက်အနေဖြင့် အကယ်၍သူမသာနိုးလာခဲ့ပြီး သူမ၏ စက်ဆုပ်ဖွယ်ကောင်းသောမျက်နှာအားမြင်တွေ့ခဲ့လျှင် သူမအတွက် ယင်းအား လက်သင့်ခံနိုင်ရန် ခဲယဉ်းလိမ့်မည်ဖြစ်သည်။
သူကလုံမုန့်အားကြည့်လိုက်ပြီးနောက် ဟုန်ယွဲ့အားကြည့်လိုက်သည်။ မူလကပန်းလေးတစ်ပွင့်ကဲ့သို့ လှသော ဤအမျိုးသမီး၌ သိပ်သည်းသော အနက်ရောင် အင်းစာလုံးများက မျက်နှာထက်တွင်ရှိနေဆဲဖြစ်သည်။
“ဟူး… တုံးလိုက်တဲ့အမျိုးသမီး.. မကြာခင်အဆင်ပြေသွားတော့မှာပါ”
နက်ရှိုင်းစွာအိပ်မောကျနေသော ဟုန်ယွဲ့အားရှစ်ဖုန့်က ညင်သာစွာပြောလိုက်သည်။ထို့နောက် ကျောက်သေတ္တာအားထပ်မံဖွင့်လိုက်သည်။ ဤတစ်ကြိမ်တွင်သူလုံးဝဖွင့်လိုက်ခြင်းဖြစ်သည်။အရောင်စုံလင်သောအလင်းတို့က သေတ္တာထံမှထွန်းလင်းလာပြီး ရထားလုံးတစ်ခုလုံးအား စုံလင်သော အရောင်များဖြင့် ထွန်းလင်းတောက်ပသွားစေသည်။
ရှစ်ဖုန့်က သူ၏ဘယ်လက်အားဆန့်ထုတ်လိုက်ပြီး အရောင်ဆယ်မျိုးနတ်ဘုရားဆေးပင်
ပွင့်ချပ်အား ယူလိုက်သည်။ ထို့နောက် အနည်းငယ်ကိုင်းလိုက်ပြီး ပွင့်ချပ်အား ဟုန်ယွဲ့၏ ပါးစပ်အတွင်းကိုယ်တိုင်ထည့်ပေးလိုက်သည်။
“ဟူး”
ရှစ်ဖုန့်၏နောက်မှာ မိုယန်က သက်ပြင်းချလိုက်သည်။ နတ်ဘုရားဆေးပင်အားဤကဲ့သို့အဆုံးသတ်လိုက်ရပြီဖြစ်၏။
မကြာခင်တွင် ရှစ်ဖုန့်က ပွင့်ချပ်အား ဟုန်ယွဲ့၏ နှုတ်ခမ်းတို့ကြားထဲထားလိုက်သည်။ ထို့နောက် ဟုန်ယွဲ့၏နှုတ်ခမ်းအနည်းငယ်ဟသွားစေရန် ရှစ်ဖုန့်ကသူ၏လက်ကိုအသုံးပြုလိုက်ပြီး အရောင်ဆယ်မျိုး နတ်ဘုရားဆေးပွင့်ချပ်က ဟုန်ယွဲ့ ၏ပါးစပ်အတွင်းသို့ကျဆင်းသွားသည်။
အရောင်ဆယ်မျိုးပွင့်ချပ်၏ အလင်းတို့မှာ ရထားလုံးအတွင်းမှ ရုတ်ခြည်းပျောက်ကွယ်သွားသည်။ သို့သော် ဟုန်ယွဲ့၏နှုတ်ခမ်းထက်တွင်တော့ အရောင်ဆယ်မျိုး နတ်ဘုရားဆေးပင် ၏ အလင်းတို့က စီးဆင်းနေဆဲဖြစ်သည်။
“ကြည့်ပါအုံး..စီနီယာအမရဲ့ဒဏ်ရာတွေ ပျောက်ကွယ်လာပြီ”
ရုတ်တရက် စံပယ်လေးက ပျော်ရွှင်စွာဖြင့် အော်လိုက်သည်။ ဤအချိန်တွင် သူမတကယ်ပဲ ထခုန်ချင်နေမိသည်။
“အလုပ်ဖြစ်တယ်..တကယ်အလုပ်ဖြစ်တယ်.. စီနီယာအမကိုကယ်နိုင်ပြီ”
ဟုန်ယွဲ့၏ပါးစပ်အတွင်းသို့ အရောင်ဆယ်မျိုးပွင့်ချပ်ဝင်ရောက်
သွားသည်နှင့် ၎င်းတို့က အရောင်ဆယ်မျိုးဆေးရည်အဖြစ်
လျှင်မြန်စွာပြောင်းလဲသွားပြီး ဟုန်ယွဲ့၏လည်ချောင်းမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စီးဆင်းသွားသည်။ အစောပိုင်းက စံပယ်လေးပြောသကဲ့သို့ပင် ဟုန်ယွဲ့၏ မျက်နှာထက်ရှိ အနက်ရောင်မျဉ်းများမှာ ရုတ်ခြည်းအရှိန်ဖြင့်မှေးမှိန်ပျောက်ကွယ်လာသည်။
နတ်ဘုရားဆေးပင်က မျှော်လင့်ထားသည့်အတိုင်း နတ်ဘုရားဆေးပင်ပင်ဖြစ်သည်။ ၎င်းကတကယ့်ကို အံ့ဖွယ်သရဲပင်ဖြစ်၏။
ရှစ်ဖုန့်ထိန်းမထားနိုင်ဘဲ နတ်ဘုရားဆေးပင် ၏ အံ့ဖွယ်သရဲဖြစ်မှုအား ဝန်ခံရသည်ဖြစ်သည်။ သူ့အနေဖြင့်နောက်ဆုံး၌ ဟုန်ယွဲ့နှင့်ပက်သက်ပြီးစိုးရိမ်နေသော ဝန်ထုပ်ဝန်ပိုးအား လွတ်ချလိုက်နိုင်ပြီဖြစ်သည်။
“ နတ်ဘုရားဆေးပင်က မျှော်လင့်ထားတဲ့အတိုင်းပဲ.. “
အဂ္ဂရိတ်သန့်စင်ဆရာသခင်တစ်ယောက်ဖြစ်သော မိုယန်ပင်လျှင် နတ်ဘုရားဆေးပင် ၏ အံ့ဖွယ်အကျိုးသက်ရောက်မှုအား မျက်မြင်ကြုံတွေ့ရပြီးနောက် ၎င်း၏ အံ့ဖွယ်ဖြစ်မှုအား ဝန်ခံရသည်ဖြစ်သည်။သို့သော် နတ်ဘုရားဆေးပင်၏ အသေးစိတ်အချက်အလက်တို့အား သူမလေ့လာနိုင်သောကြောင့် နောင်တရမှုတို့ဖြင့် ပြည့်နှက်နေသည်ဖြစ်သည်။
သိပ်မကြာခင်တွင် ဟုန်ယွဲ့၏ကိုယ်ပေါ်မှ အနက်ရောင်မျဉ်းကြော်ငးများ မှာလုံးဝပျောက်ကွယ်သွားသည်။ ငယ်ရွယ်သော အမျိုးသမီးမှာ သူမ၏ ငယ်ရွယ်မှုနှင့် လှပသောအသွင်အပြင်အား ပြန်လည်ရရှိခဲ့ပြီဖြစ်၏။
သို့သော် ဟုန်ယွဲ့၏ အရှိန်အဝါက တည်ငြိမ်မှုရှိသော်လည်း သူမနိုးမလာသေးသည်ကို ရှစ်ဖုန့်နှင့်အခြားသူများ မြင်တွေ့ကြရသည်။
မိုယန်က ရှေ့သို့ လျှောက်လှမ်းထွက်လာပြီး ဟုန်ယွဲ့၏ အရှိန်အဝါအား ကြည့်ရှုလိုက်သည်။ ထို့နောက် ဟုန်ယွဲ့လက်ပေါ်မှ သွေးခုန်နှုန်းအားစမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။
“ဒီကောင်မလေးက နတ်ဘုရားဆေးပင်ရဲ့ အကျိုးသက်ရောက်မှုတွေကို အကုန်အစင်မစုပ်ယူရသေးဘူးဆိုပေမဲ့ သူမအခု အဆင်ပြေပါတယ်… သူမရဲ့ဒဏ်ရာတွေက အရမ်းပြင်းထန်လွန်းတာကြောင့်နဲ့ သူ့ကိုယ်က ပင်ပန်းလွန်းနေတာကြောင့် အခုလိုဖြစ်နေတာ.. အချိန်တစ်ခုလောက်အနားယူပြီးတာနဲ့ သူမအဆင်ပြေမှာပါ”
“သူမကိုယ်ကနတ်ဘုရားဆေးပင်ကို အကုန်အစင်စုပ်ယူပြီးတာနဲ့ သူမကိုယ်က အရင်ကထက်တောင်ပိုပြီးသန်မာလာလိမ့်မယ်”
မိုယန်၏စကားတို့အားကြားပြီးနောက် နောက်ဆုံးတွင်စံပယ်လေးမှာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ စီနီယာအမအဆင်ပြေမည်ကို သူမသိသည်ဖြစ်သည်။
ရှစ်ဖုန့်ကလည်းမိုယန်အား ခေါင်းညိမ့်ပြလိုက်ပြီး ပြောလိုက်သည်။
“သူမကို သေချာဂရုစိုက်ပေးပါ.. ဒီမိန်းကလေးနှစ်ယောက်အဆင်ပြေတာနဲ့ ဒီသခင်လေးက သေချာပေါက် ခင်ဗျားကို အကျိုးကျေးဇူးအချို့ ဖြစ်ထွန်းစေရမယ်”
ရှစ်ဖုန့်က သူသေချာပေါက် အကျိုးကျေးဇူးအချို့ရမည်ဟုပြောသည်ကို ကြားလိုက်ရသောအခါတွင် မိုယန်၏ ကိုယ်မှာ အနည်းငယ်တုန်ယင်သွားသည်။ နောက်ဆုံးတစ်ခေါက်တုံးက ၎င်းကသူ့အား ဝိညာဉ်ပညာရပ်အားပေးခဲ့သည်ဖြစ်သည်။
ဤကောင်မလေးနှစ်ယောက်အား ကုသပေးပြီးနောက် နောက်ထပ်သူရမည့်အရာက ဘာများဖြစ်မည်နည်း။
မိုယန်မှာ ၎င်းအားမျှော်လင့်နေပြီဖြစ်သည်။
“ဒီမှာရှစ်ဖုန့်က ဘယ်ကောင်လဲ.. ရှစ်ဖုန့်ထွက်လာစမ်း”
ဤအခိုက်အတန့်တွင် ကျယ်လောင်သောအော်သံတစ်ခုက ဟင်းလင်းပြင်ထဲမှထွက်လာသည်။ ထို့နောက်ချက်ချင်း အနည်းငယ်မှ အကြောက်အလန့်မရှိသောစွမ်းအားကြီးသည့်အရှိန်အဝါတစ်ခုက ဧရိယာပေါ်သို့ ကျဆင်းလာသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။
“မင်းကတော့ အရမ်းမောက်မာပြီးသွေးနထင်ရောက်နေတာပဲ”
ထို့အသံကိုကြားလိုက်ရပြီး အကြောက်အလန့်မရှိ အရှိန်ကျဆင်းလာသောအခါတွင် ရှစ်ဖုန့်၏မျက်နှာကချက်ချင်း အေးစက်မှုအဖြစ်ပြောင်းသွားသည်။
ထို့နောက် ရှစ်ဖုန့်က စံပယ်လေးနှင့်မိုယန်အားပြောလိုက်သည်။
“မင်းတို့နှစ်ယောက် လုံမုန့်နဲ့ဟုန်ယွဲ့ကိုဂရုစိုက်ပါ.. ဒီသခင်လေးအပြင်ခဏသွားအုံးမယ်”
“ကောင်းပြီ”
သူတို့နှစ်ယောက်က တစ်ချိန်တည်းတွင်ခေါင်းညိမ့်လိုက်သည်။
ရှစ်ဖုန့်က ရထားလုံးအတွင်းမှ လျှင်မြန်စွာထွက်လာသည်။ ခေါင်းကိုမော့လိုက်သောအခါတွင် အစိမ်းရောင်ချပ်ဝတ်အား ဝတ်ဆင်ထားပြီး ရွှေရောင် ပုဆိန်လှံကို ကိုင်ထားသော ဗိုလ်ချုပ်တစ်ယောက်အား ကောင်းကင်ထဲ၌ မြင်တွေ့လိုက်ရသည်။ သူကအောက်သို့ အော်ပြောနေသည်။
“ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ် ကျွမ်းကျင်သူ “
တစ်ချက်ကြည့်ရုံဖြင့် ဤ အစိမ်းရောင်ချပ်ဝတ်ဗိုလ်ချုပ်၏ ကျင့်ကြံမှုက ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ် အဆင့်ဖြစ်သည်ကို ရှစ်ဖုန့်သိလိုက်သည်။
ရှစ်ဖုန့်၏ ပုံရိပ်က လှုပ်ရှားလိုက်ပြီး ကောင်းကင်အား ထိုးခွင်းသွားသည်။ သူက အစိမ်းရောင်ချပ်ဝတ် စစ်သည်၏ ရှေ့သို့ ရောက်သွားပြီး အေးစက်စွာပြောလိုက်သည်။
“ဒီသခင်လေးက ရှစ်ဖုန့်ပဲ”
“မင်း”
အစိမ်းရောင်ချပ်ဝတ်ဗိုလ်ချုပ်က ရှစ်ဖုန့်အားကြည့်လိုက်ပြီး ပြောလိုက်သည်။
“ငါနဲ့လိုက်ခဲ့ ငါတို့သခင်မလေးက မင်းနဲ့တွေ့ချင်နေတယ်”
“လင်အာ”
သခင်မလေးဟူသောစကားအားကြားလိုက်ရသည့်အခါတွင် သူ၏ညီမဖြစ်သူ ရှစ်လင်အား ရည်ညွှန်းခြင်းဖြစ်ကြောင်းကို ရှစ်ဖုန့်သိလိုက်သည်။
“အဲ့မှာ ရပ်မနေနဲ့ ငါနဲ့လိုက်ခဲ့.. မဟုတ်ရင် မင်းငါတို့သခင်တွေရဲ့ အချိန်ကို ဖြုန်းသလိုဖြစ်နေမယ်…ငါတို့သခင်တွေသာ စိတ်ဆိုးသွားရင် မင်းခေါင်းဆယ်ခေါင်းရှိရင်တောင် ငါ့ရဲ့ဒေါသကို ဖြေဖျောက်ဖို့အတွက်လောက်မှာမဟုတ်ဖူး”
ရှစ်ဖုန့်က စကားပြောပြီးနောက် လှုပ်ရှားခြင်းမရှိသည်ကို တွေ့လိုက်ရသောအခါတွင် အစိမ်းရောင်ချပ်ဝတ်စစ်သည်က လှည့်လိုက်ပြီး ရှစ်ဖုန့်အား အမိန့်ပေးသောလေသံဖြင့် ပြောလိုက်သည်။
“နိမ့်ကျတဲ့အစေခံကများ”
သို့သော် ရှစ်လင်အား တွေ့ရရန်အတွက် ရှစ်ဖုန့်အနေဖြင့် ဤနိမ့်ကျသော အစေခံဖြင့် ပြိုင်မငြင်းလိုပေ။ခုဏက ၎င်းပြောသည့် “သခင်များ” ဆိုသည်ကို သူကြားလိုက်ရသည်။ ဟင်းလင်းပြင်ထဲ၌ရှိနေကြသော ဤအစိမ်းရောင်ချပ်ဝတ် စစ်သည်များအပြင် အခြားသောသူများကလည်းရှစ်လင်၏ အိမ်အတွင်း၌ရှိနေပုံရသည်။
ထို့နောက် ရှစ်ဖုန့် အစိမ်းရောင်ချပ်ဝတ်ဗိုလ်ချုပ်၏ နောက်သို့လိုက်ပါလိုက်ပြီး နန်းမြို့တော် ကောင်းကင်ယံထက်သို့ ဝင်ရောက်လိုက်သည်။
သူတို့၏ အမြန်နှုန်းဖြင့် နန်းတော်ထိပ်အားရောက်ရှိရန်သိပ်မကြာပေ။
“ရပ်လိုက်”
အစိမ်းရောင်ချပ်ဝတ် ဗိုလ်ချုပ်က အလျှင်အမြန်အော်ပြောလိုက်ပြီး သူ့ဘေးရှိ ရှစ်ဖုန့်အားအော်ပြောလိုက်သည်။
အော်သံကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်ကလည်းသူ့လမ်းကြောင့်မှ ရပ်တန့်လိုက်သည်။
ထို့နောက် ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ် အစိမ်းရောင်ချပ်ဝတ်ဗိုလ်ချုပ်က ရုတ်တရက် ကောင်းကင်ထဲ၌ ဒူးထောက်ချလိုက်ပြီး အောက်ခြေရှိ တော်ဝင်နန်းတော်သို့ လေးလေးစားစားဖြင့်အော်ပြောလိုက်သည်။
“သခင်တို့ သခင်မလေး အသစ်တွေ့ချင်နေတဲ့ ရှစ်ဖုန့်ကို ကျွန်တော်မျိုး ခေါ်ဆောင်လာပါပြီ”
“သူ့ကို အထဲခေါ်လာခဲ့ ”
ဘာမှရှိမနေသော အခန်းအတွင်းမှ အမျိုးသမီးတစ်ဦး၏ ကြည်လင် သော အသံတစ်ခုထွက်ပေါ်လာသည်။ ဤအသံအားကြားလိုက်ရသောအခါတွင် ထိုအမျိုးသမီးက အများကြီး အသက်မကြီးသေးသည်ကို ရှစ်ဖုန့်သိလိုက်သည်။ နှစ်ဆယ်အစောပို်ငးလောက်အရွယ်ပင် ရှိလိမ့်အုံးမည်ဖြစ်သည်။ သို့သော် အသံလှိုင်းမှထွက်လာသော အရှိန်အဝါက သူမက မဟာသူတော်စင်နယ်ပယ်အဆင့်
တစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေ၏။
“မဟာသူတော်စင်နယ်ပယ်ကျွမ်း
ကျင်သူတစ်ယောက်ဒီမှာရှိနေတာပဲ”
ရှစ်ဖုန့်ခပ်တိုးတိုးရေရွတ်လိုက်သည်။
“ဟုတ်ကဲ့”
အမျိုးသမီး၏ အသံအားကြားလိုက်ရသည့်အခါတွင် အစိမ်းရောင်ချပ်ဝတ်ဗိုလ်ချုပ် က လေးလေးစားစား ပြန်လည်ဖြေကြားလိုက်သည်။ ထို့နောက် သူကလှည့်လိုက်ပြီး ရှစ်ဖုန့်ကို ပြောလိုက်သည်။
“ငါ့နောက်ကလိုက်ခဲ့..အထဲကိုဝင်ကြစို့”
ထို့နောက် အစိမ်းရောင်ချပ်ဝတ်ဗိုလ်ချုပ်၏နောက်မှ ရှစ်ဖုန့်လိုက်ပါလိုက်ပြီး တော်ဝင်နန်းတော်၏ ဂိတ်မျှော်စင်ပေါ်၌ဆင်းသက်လိုက်သည်။
ထို့နောက် အစိမ်းရောင်ချပ်ဝတ် ဗိုလ်ချုပ်က ရှစ်ဖုန့်အားဦးဆောင်၍ တော်ဝင်နန်းတော်အတွင်းသို့ဝင်
ရောက်လိုက်သည်။
ဆက်ရန်……….
ဘာသာပြန်သူ-ARISE