← Chapters

chapter(16)

Vol. 2 Ch. 16

chapter(16)

Vol. 2 Ch. 16

အသန့်စင်ဆုံးစနစ် စာစဥ်(2) အခန်း(16)

ချောင်ဖုန်းသည် မှောင်နေသောကြောင့် ဘယ်မှမသွားတော့ဘဲ ထိုမဟူရာမြို့တော်အပြင်ဘက်ရှိ အနီးအနားမှာပဲ ထင်းမီးဖိုလေးဖိုကာ ​သူအပေါ်အင်္ကျီကို ခင်း၍ အိပ်လိုက်သည်။

မနက်မိုးလင်းလာတဲ့အခါ နေမင်းကြီးလင်းထွက်လာတဲ့အခါမှာသာ ချောင်ဖုန်းသည် နိုးလာလေသည်။ချောင်ဖုန်းသည် သူရဲ့အင်္ကျီကို ခါ၍ ပြန်ဝတ်လိုက်သည်။

ချောင်ဖုန်းသည် သူရောက်ရှိနေတဲ့နေရာသည် အန်းမြို့နဲ့အလွန်ဝေးကွာသေးသည်။

ချောင်ဖုန်းသည် အနီးအနားက မြို့တစ်မြို့ကို အရင်သွားဖို့ ဆုံးဖြတ်လိုက်သည်။ချောင်ဖုန်းသည် အချိန်ခဏအတွင်းမှာ တိမ်လွှာဆိုသည့် မြို့တစ်မြို့ကို ရောက်ရှိသွားခဲ့သည်။ချောင်ဖုန်းသည် မြို့ထဲဝင်ဝင်လာချင်း လူအများအပြားကို တွေ့လိုက်ရသည်။တိမ်လွှာမြို့သည် လူဦးရေထူထပ်ပြီး ကုန်သွယ်ရောင်းဝယ်ရေးကောင်းသော နေရာဖြစ်သည်။

ထို့နောက်စားသောက်ဆိုင်တစ်ခုထဲသို့ ချောင်ဖုန်းသည် ဝင်ထိုင်ကာ စားသောက်ဖို့ မှာလိုက်သည်။ချောင်ဖုန်းဝင်ထိုင်ပြီးနောက်မှာ အဖြူရောင်ဝတ်စုံဖြင့်လူတစ်ယောက်သည် ယက်တောင်ကိုခပ်၍ လက်တစ်ဖက်ကတော့ မိန်းမပျိုတစ်ယောက်ကို ဖက်ကာ ချောင်ဖုန်းဘေးက စားပွဲမှာ ဝင်ထိုင်လိုက်သည်။

ထိုအခါ စားပွဲထိုးသည်ထိုလူကိုမြင်တဲ့အခါ ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလိုက်သည်။

"ရွီးယန်းသခင်လေး.......ဘာကိစ္စများရှိလို့ ဆိုင်ကိုရောက်လာတာလဲမသိဘူး"

ထိုလူသည် စားပွဲထိုးကို ပါးတစ်ချက်ရိုက်လိုက်ကာ ပြောလိုက်သည်။

"ငါ့ကိုစကားပြောရင် ဒူးထောက်ရမယ်လို့ ငါမင်းကိုမပြောထားဘူးလား"

ထိုအခါ စားပွဲထိုးသည် ဒူးထောက်လိုက်တဲ့အခါ ရွီးယန်းသည် ထိုလူပုခုံးပေါ်ခြေထောက်တင်၍ ပြောလိုက်သည်။

"ဒီလိုမှပေါ့...........မနက်ဖြန်ကစပြီး ငါဒီကို လာနိုင်မှာ မဟုတ်တော့ဘူး ၊ ဒါကြောင့်မလို့ ဒီနေ့နောက်ဆုံးလာသောက်တာ မင်းတို့ဆိုင်မှာရှိတာတွေ ငါ့ကိုအကုန်ချပေး မဟုတ်ရင်တော့ ငါ့အကြောင်းမင်းသိပါတယ်"

"ဟုတ်ဟုတ်...သခင်လေး....."

ထိုအခါ စားသောက်နေတဲ့လူတစ်ချို့သည် ရွီးယန်ကို မြင်ကာကြောက်၍ ငွေဒင်္ဂါးများရှင်းကာ ဆိုင်ထဲမှာ ထွက်ခွာသွားကြလေသည်။ချောင်ဖုန်းကတော့ သူ့ကို လာချထားသောစားစရာများကို စားစရာများကို စားသောက်နေတုန်းပင်ဖြစ်သည်။

ရွီးယန်းသည် ဘေးပတ်ပတ်လည်က စားပွဲခုံများတွင် လူမရှိတော့တာကို ကြည့်ပြီး ရယ်လိုက်ပြီး ချောင်ဖုန်းကို မြင်လိုက်တဲ့အခါမှတော့ ရပ်တန့်သွားသည်။ထိုအခါ ရွီးယန်းသည် သူစားပွဲမှ ထကာ ချောင်ဖုန်းစကားရှိသို့သွားလိုက်သည်။ထို့နောက် ရွီးယန်းသည် ချောင်ဖုန်းစားနေသည့် စားပွဲခုံကို လက်နှစ်ဖက်ဖြင့် ထောက်ချလိုက်ကာ ပြောလိုက်သည်။

"ငါဘယ်သူလဲ မင်းသိလား"

ချောင်ဖုန်းကတော့ ခုံလှုပ်သွားတာကြောင့် ပြုတ်ကျမလိုဖြစ်နေတဲ့ အသားပြားပန်ကန်လုံးလေးကို ဖမ်းကာပြောလိုက်သည်။

"အစားအစာကို ဖြုန်းတီးမပစ်ရဘူး"

ထိုအခါ ရွီးယန်းသည် ဒေါသထွက်သွားပြီး သူ့သိုလှောင်ကွင်းလက်စွပ်မှ ဓားတစ်ချောင်းထုတ်လိုက်ပြီး ချောင်ဖုန်းအား ခုတ်ချလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် မြေကြီးကို ဆောက်ကန်လိုက်ပြီး နောက်သို့ ဆုတ်လိုက်သည်။

ရွီးယန်းသည် သူ့ရဲ့ဓားကို မြေဝိညဥ်စွမ်းအသက်သွင်းပြီး မြေပေါ်သို့ ထောက်ချလိုက်ကာ ပါးစပ်ကလဲ "မြေဓားအရှင်အစီအရင်" ဟု ခေါ်လိုက်ပြီး လက်ချောင်းလေးများ လှုပ်ရှားလိုက်တဲ့အခါ ဓားသည် မြေကြီးထဲသို့ စိုက်ဝင်သွားပြီး ချောင်ဖုန်းရဲ့ခြေထောက်မြေအောက်မှ ထွက်ပေါ်လာသည်။ချောင်ဖုန်းလဲ နတ်ဘုရားခြေလှမ်းဖြင့် အမြန်ရှောင်လိုက်သည်။

"ဓားအစီအရင်ဆရာတစ်ယောက်လား"

ထိုအခါ ရွီးယန်းက ရယ်၍ပြောလိုက်သည်"

"မင်းခုချိန်မှသိလဲ နောက်ကျသွားပြီး ငါကိုပမာမခန့်လုပ်ရဲတဲ့အတွက် မင်းဘဝကို ငါဒီနေ့ဇာတ်သိမ်းပေးမယ်"

ချောင်ဖုန်းသည် သူရဲ့ဓားကို ထုတ်လိုက်ပြီး ဝိညဥ်စွမ်းအင်အသက်သွင်းကာ တိုက်ခိုက်မည့်အချိန်တွင် မိန်းကလေးတစ်ယောက်ရောက်ရှိလာကာ တားလိုက်သည်။ထိုမိန်းကလေးကတော့ ရွီးယန်ရဲ့ဆရာတူညီမ ချူးယွမ် ဖြစ်ပေသည်။

ရွီးယန်သည် ချူးယွမ်က မြင်တဲ့အခါဒေါသအသံဖြင့် မောင်းထုတ်လိုက်သည်။

"ချူးယွမ်......ဒီကိစ္စနင်နဲ့မဆိုင်ဘူးထွက်သွားစမ်း"

ထိုအခါ ချူးယွမ်သည် ရွီးယန်းအားပြန်ပြောလိုက်သည်။

"ဆရာတူအကိုရွီးယန်း.......အဲ့တာဆိုမဟူရာမြို့တော်က ကိစ္စကို ဆရာကို ပြန်တင်ပြရလိမ့်မယ်"

"နင်......"

ထိုအခါ ရွီးယန်းသည် သူရဲ့ဓားကို ပြန်သိမ်းလိုက်ပြီး ချောင်ဖုန်းအားပြောလိုက်သည်။

"နောက်တစ်ခါငါ့ကို ပမာမခန့်လုပ်မယ်ဆို မင်းဒီနေ့လို အသက်ရှင်မယ်မထင်နဲ့"

ထို့နောက် ရွီးယန်သည် ဆိုင်မှ ထွက်ခွာသွားလေသည်။ထိုအခါ ချူးယွမ်သည် ချောင်ဖုန်းအားတောင်းပန်လိုက်သည်။

"ချူးယွမ်ရဲ့ဆရာတူအကိုအစား သခင်လေးကို တောင်းပန်ပါတယ် ကျွန်မကို သွားခွင့်ပြုပါအုံး"

ချောင်ဖုန်းလဲ ငွေဒင်္ဂါးရှင်းကာ ထိုဆိုင်မှ ထွက်ခွာလာခဲ့ပြီး ဝိညဥ်လှေရောင်းသည့်ဆိုင်ကို ရှာဖွေဖို့ ထွက်ခဲ့သည်။ချောင်ဖုန်းသည် လက်နက်များရောင်းသောဆိုင်များကို တစ်ဆိုင်ပြီးတစ်ဆိုင်ဝင်မေးသော်လည်း ဆိုင်တိုင်းက ငြင်းလွှတ်လိုက်သည်။

ချောင်ဖုန်းသည် နောက်ထပ် ဆိုင်တစ်ဆိုင်ကိုတွေ့ရှိသွားခဲ့သည်။

"ဒီတစ်ဆိုင်မှ မရရင် ငါအန်းမြို့ကို နတ်ဘုရားခြေလှမ်းနဲ့ပဲ ပြန်ရမယ်ထင်တယ်"

ချောင်ဖုန်းသည် ထိုတစ်ဆိုင်ကာ ဝင်ကာမေးလိုက်သည်။

ထိုဆိုင်မှာရောင်းနေသည့် လူသည် ချောင်ဖုန်းထက်အသက်အနည်းငယ်လောက်သာ ကြီးလောက်မည်။

ထိုလူသည် ချောင်ဖုန်းဝင်လာတဲ့အခါ မေးမြန်းလိုက်သည်။

"ညီငယ်လေး မင်းဘာလိုချင်လို့လဲ"

"စီနီယာအကို.....ဝိညဥ်လှေလေးရနိုင်မလား"

ထိုလူသည် ဝိညဥ်လှေဟု ကြားသည့်အခါ ထွေဝေသွားသည်။ထို့နောက် ချောင်ဖုန်းကို ခဏနေအုံးဟုပြောကာ အထဲသို့ဝင်သွားသည်။အထဲသို့ရောက်သောအခါ လူတစ်ယောက်သည် ငွေဒင်္ဂါးများကို ရေတွက်နေလေသည်။

"သခင်လေးကန်ယွင် အပြင်မှာ စျေးဝယ်သူ တစ်ယောက်ရောက်နေတယ်"

ထိုလူသည် ငွေဒင်္ဂါးရေတွက်နေတာကို ရပ်လိုက်ပြီး ​ပြန်ပြောလိုက်သည်။

"မင်းကိုငါစျေးရောင်းဖို့ ခိုင်းထားတာလေ စျေးဝယ်သူလာတာဘာလို့ငါ့ကိုလာခေါ်နေတာလဲ"

"မဟုတ်ဘူးသခင်လေးကန်ယွင်..... သူက ဝိညဥ်လှေရှိလားမေးနေတာ"

ထိုအခါ သခင်လေးဆိုသောလူသည် ဘာမှမပြောဘဲ ချောင်ဖုန်းရှိသို့ ထွက်လာခဲ့သည်။ထို့နောက်ချောင်ဖုန်းကို ကြည့်ကာ ပြောလိုက်သည်။

"ဝိညဥ်လှေလိုချင်တာ မင်းလား "

ချောင်ဖုန်းသည် ခေါင်းငြိမ့်ကာပြောလိုက်သည်။

"ဟုတ်တယ်..... စီနီယာအကိုမှာ ရှိတာလား"

ထိုလူသည် ခေါင်းခါ၍ ဟိုဘက်လှည့်ကာ ပြောလိုက်သည်။

"ငါ့မှာရှိတော့ရှိတယ် ဒါပေမယ့်နည်းနည်းချို့ယွင်းနေတဲ့အတွက် မင်းရတနာလက်နက်ပြင်တဲ့အစီအရင်ဆရာကို ပြင်ခိုင်းမှရမယ်"

ချောင်ဖုန်းသည် သူ့ကိုလိမ်လည်နေမှန်း သိပင်မယ့် သူမှာအသန့်စင်ဆုံးစနစ်ရှိနေသည့်အတွက် ဝယ်ယူဖို့ပြောလိုက်သည်။

"စီနီယာအကို......အဲ့တာဆို ကျွန်တော်ကို ဘယ်လောက်နဲ့ရောင်းမလဲ"

ထိုအခါရောင်းတဲ့လူနှစ်ယောက်သည် ပျော်ရွှင်နေခဲ့ပြီး သူတို့လိုချင်တဲ့စျေးကို ပြောလိုက်သည်။

"ဒါဆို ညီငယ်လေး......မင်းငါ့ကို ရွှေဒင်္ဂါးရှစ်ဆယ်ပဲပေးပါ"

ချောင်ဖုန်းသည် သူ့သိုလှောင်ကွင်းလက်စွပ်ထဲမှ ရွှေဒင်္ဂါးရှစ်ဆယ်ကို ထုတ်ပေးလိုက်သည်။ကန်ယွင်သည် သူ့အဖိုးပေးထားသည့် ပျက်စီးနေသော ဝိညဥ်လှေကို အပြင်ပိုင်းကိုပြန်အလှဆင်ထားခြင်းဖြစ်သည်။

ချောင်ဖုန်းသည် ဝိညဥ်လှေကို သူ့သိုလှောင်ကွင်းလက်စွပ်ထဲသို့ ထည့်ပြီး ဆိုင်မှ ထွက်ခွာသွားလေသည်။

ကန်ယွင်သည် ချောင်ဖုန်းထွက်သွားသောအခါ သူ့ရောင်းခိုင်းသည့် အစေခံအားရယ်ကာမောကာပြောလိုက်သည်။

"ဟားဟား.....၊ အဲ့ဝိညဥ်လှေက ငါ့အဖိုးလက်ထက်တုန်းက ပါမ​ောက္ခအစီအရင်ဆရာကြီးတွေတောင် ပြင်မရတဲ့ ဝိညဥ်လှေအစုတ်ကို ဆောက်ရူးကရွှေဒင်္ဂါးရှစ်ဆယ်တောင်ပေးသွားတယ်"

"ဒါမှ ငါရဲ့သခင်လေးပဲ....... ဟားဟား"

All Chapters