← Chapters

Chapter(17)

Vol. 2 Ch. 17

Chapter(17)

Vol. 2 Ch. 17

အသန့်စင်ဆုံးစနစ် အခန်း(17)

ချောင်ဖုန်းသည် ဝိညဥ်လှေကို ရရှိလာပြီးနောက်မှာ နတ်ဘုရားခြေလှမ်းဖြင့် တိမ်လွှာမြို့ထဲကနေ ထွက်ခွာလာခဲ့ပြီ လူသူမရှိတဲ့မြို့အပြင်ရောက်တဲ့အခါ ရပ်နားလိုက်သည်။

ထို့နောက် သိုလှောင်ကွင်းလက်စွပ်ထဲမှ ပျက်စီးနေသော ဝိညဥ်လှေကို ထုတ်လိုက်သည်။

ထို့နောက် စနစ်အားသန့်စင်ဖို့ပြောလိုက်သည်။

"ဒီဝိညဥ်လှေကို သန့်စင်မယ်"

ထိုအခါ ပျက်စီးနေသောဝိညဥ်လှေ၏ အတောင်ပံများသည် ပြန်လည်ထွက်ပေါ်လာပြီး ကျိုးပဲ့နေသော နောက်ဖင်မြှီးပိုင်းကလဲ အကောင်းပကတိအတိုင်း ပြန်ကောင်းသွားသည်။ထို့နောက် ချောင်ဖုန်းသည် သူနဲ့ချိတ်ဆက်လိုက်ပြီး ဝိညဥ်လှေကို စီးကာ အန်းမြို့ဆီကို ပျံသန်းသွားလေသည်။

ထိုဝိညဥ်လှေရဲ့အမြန်နှုန်းသည် ဝမ်ရှောက်ရှန်ရဲ့ဝိညဥ်လှေထက် သုံးဆလောက်ပိုမြန်လေသည်။ချောင်းဖုန်းသည် နေ့တစ်ဝက်နဲ့တင် အန်းမြို့ကို ရောက်ရှိလာခဲ့သည်။အန်းမြို့မှ လူအများစုသည် ချောင်ဖုန်းစီးလာသော ဝိညဥ်လှေကို ကြည့်ကာ အားကျနေကြလေသည်။

"ဘယ်ကသခင်လေးက အန်းမြို့ကို ဖြတ်သန်းလာတာလဲမသိဘူး ၊ ငါ့မှာလဲ အဲ့လိုဝိညဥ်လှေတစ်စီးရှိရင် သိပ်ကောင်းမှာပဲ"

ရီအိမ်တော်တွင် ရီမျိုးနွယ်ဝင် အားလုံးသည် အိမ်တော်ထိန်းဆီမှ ငွေဒင်္ဂါးများရယူရန် တန်းစီနေကြသည်။ရီမျိုးနွယ်စုရဲ့ စီးပွားရေးသည် တဖြည်းဖြည်းထိုးကျနေတာကြောင့် ငွေဒင်္ဂါးများကို အရင်လိုအပြည့်မပေးနိုင်တော့ပေ။ ထိုချိန်မှာ ဝိညဥ်လှေတစ်စီးသည် သူတို့အိမ်တော်စီကို လာတဲ့အခါ အံ့အားသင့်သွားကြသည်။

ဝိညဥ်လှေသည် ရီအိမ်တော်ရဲ့ အပေါ်ရပ်နားလိုက်တဲ့အခါ လုပင်းနဲ့အကြီးအကဲအားလုံးသည် လန့်သွားခဲ့သည်။

သို့သော် ချောင်ဖုန်းသည် မြေပြင်ပေါ်သို့ သက်ဆင်းလိုက်တဲ့အခါ မယုံကြည်နိုင်ဖြစ်သွားကြသည်။

ရီမျိုးနွယ်စုဝင်အားလုံးသည် ချောင်ဖုန်းကို ကြည့်ကာ တီတိုးပြောဆိုနေကြသည်။

"အဲ့တာရီသခင်မလား..... ဒါဆိုသူကသိုင်းပညာကျင့်ကြံလို့ မရတော့ဘူးဆိုတာ သတင်းအမှားကြီးပေါ့ "

"ဟုတ်တယ် တမင်သက်သက် အထွပ်အမြတ်ရတနာဂိုဏ်းက ကြေညာလိုက်တာထင်တယ် ၊ အဲ့တာအပြင် အဆင့်မြင့်ဝိညဥ်လှေတစ်စီးကို ပိုင်ဆိုင်ထားတယ်ဆိုတော့ သူရဲ့အဆင့်အတန်းက ဘယ်ထိတောင်ရောက်နေပြီလဲ မသိဘူး"

လုပင်းနဲ့စုမိုသည် ချောင်ဖုန်းပြန်လာတဲ့အခါ ပြန်လည်ဝမ်းသာသွားသည်။

"ချောင်ဖုန်း....... မင်းပြန်ရောက်လာပြီလား"

ချောင်ဖုန်းသည် သူအဖေ စိတ်ဆင်းရဲနေသော လုပင်းမျက်နှာကိုကြည့်ကာ ပြောလိုက်သည်။

"အဖေ......စိတ်ညစ်စရာတစ်ခုခုရှိလို့လား"

ထိုအခါ လုပင်းသည် သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး ပြောလိုက်သည်။

"ဟုတ်တယ်ငါ့သား.....အဖေတို့ရီမျိုးနွယ်စုရဲ့စီးပွားရေးက အရင်ကထက်ပိုကျဆင်းလာတယ် ၊ ခုတောင် အားလုံးကို ငွေဒင်္ဂါးအပြည့်မပေးနိုင်တော့ဘူး "

ထို့နောက် ချောင်ဖုန်းသည် သူ့မိဘကို အိမ်တော်ထဲသို့ စကားပြောဖို့ ခေါ်သွားခဲ့သည်။အခန်းထဲရောက်တဲ့အခါ ချောင်ဖုန်းသည် နတ်ဆိုးသားရဲကောင်ပါးစပ်ထဲမှ ရလာသော သူ့ရဲ့သိုလှောင်ကွင်းလက်စွပ်ကို သွေးချိတ်ဆို မှုပြန်ဖျက်လိုက်ပြီး သူ့အဖေအားပေးလိုက်သည်။

လုပင်းသည် သိုလှောင်ကွင်းလက်စွပ်ကို လိုချင်နေတာကြာပြီဖြစ်သော်လည်း မတက်နိုင်သေးသည့်အတွက် မဝယ်ရသေးချေ။ယခုအခါ ချောင်ဖုန်းက ပေးသည့်အတွက် အလွန်ဝမ်းသာသွားသည်။

ချောင်ဖုန်းသည် သူ့အဖေအားသွေးချိတ်ဆက်မှုလုပ်ခိုင်းလိုက်ပြီး သိုလှောင်ကွင်းလက်စွပ်အတွင်းကို ကြည့်ခိုင်းလိုက်သည်။လုပင်းသည် ရွှေဒင်္ဂါးတစ်ရာကျော်နဲ့ဓားတစ်ချောင်းကို ထပ်မံတွေ့

ရှိလိုက်ရသည်။

"ချောင်ဖုန်း..... ဒီရွှေဒင်္ဂါးတွေက မင်းဘယ်ကရတာလဲ"

ချောင်ဖုန်းသည် မဟုတ်တာတွေ လျှောက်ပြောလိုက်သည်။လုပင်းနဲ့စုမိုကတော့ သူ့သားအရင်ကထက်ပိုစွမ်းလာတာကြောင့် ဂုဏ်ယူနေခဲ့သည်။ထို့အပြင်လုပင်းသည် လောင်းဖန်ပိုင်ဆိုင်ခဲ့သော ဝိညဥ်စွမ်းအင်ဓားကို ရရှိသွားတဲ့အတွက် မျိုးနွယ်စုထဲတွင် သူ့ကို နိုင်တော့မယ့်လူမရှိတော့အတွက် ပူပန်မှုပျောက်သွားခဲ့သည်။

ချောင်ဖုန်းသည် ယန်အစီအရင်ဂိုဏ်းကို သွားတော့မည်ဖြစ်ကြောင်း သူ့မိဘတွေကို ပြောခဲ့ပြီးနောက် သားမိသုံးယောက် စကားတွေပြောခဲ့ပြီး အိပ်ယာဝင်ခဲ့ကြသည်။

မနက်မိုးလင်းတဲ့အခါမှတော့ ချောင်ဖုန်းသည် သူမိဘတွေကို နှုတ်ဆက်ခဲ့ပြီး ဝိညဥ်လှေဖြင့် ယန်အစီအရင်ဂိုဏ်းကိုထွက်ခွာလာခဲ့လေသည်။

ယန်အစီအရင်ဂိုဏ်းသည် အထွပ်အမြတ်ရတနာဂိုဏ်းနှင့် နီးသောတောင်ထိပ်ပေါ်တွင် တည်ရှိသည့်ဂိုဏ်းဖြစ်သည်။ချောင်ဖုန်းသည် ယန်အစီအရင်ဂိုဏ်းသို့ရောက်တဲ့အခါ ဝိညဥ်လှေကို သိမ်းလိုက်ပြီး လမ်းလျှောက်လာချိန်မှာ လူနှစ်ယောက်သည် လှံဖြင့် တားလိုက်ကြသည်။

"မင်းကဘယ်သူလဲ .....ဘာကိစ္စနဲ့ယန်အစီအရင်ဂိုဏ်းကို ရောက်လာတာလဲ"

ချောင်ဖုန်းသည် သိုလှောင်ကွင်းလက်စွပ်ထဲမှ ဖုန်းယွီပေးခဲ့သော အမိန့်ပြားကို ထုတ်ပြလိုက်တဲ့အခါ ထိုလူနှစ်ယောက်သည် လှံများကို ရုတ်သိမ်းကာပြန်ပြောလိုက်သည်။

"မင်းက အဲ့တစ်ယောက်လား ၊ အဲ့တာဆိုငါ့နောက်လိုက်ခဲ့"

ထိုလူတစ်ယောက်သည် ချောင်ဖုန်းကို ယန်အစီအရင်ဂိုဏ်းထဲသို့ ခေါ်သွားခဲ့သည်။ယန်အစီအရင်ဂိုဏ်းသည် အထွပ်အမြတ်ရတနာဂိုဏ်းနဲ့ယှဥ်ရင် ပို၍ နေရာကျယ်ပြန့်တာကို ချောင်ဖုန်းတွေ့ရှိလိုက်ရသည်။ထို့နောက်ချောင်ဖုန်းသည် မိန်းကလေးတစ်ယောက်

ရှိကို ရောက်ရှိသွားလေသည်။

"စီနီယာအမဖုန်းယွီ.....ဧည့်သည်ရောက်နေပါတယ်"

ဖုန်းယွီသည် ချောင်ဖုန်းကို ကြည့်လိုက်ပြီး တံခါးစောင့်သော ဂိုဏ်းသားကို ပြန်ပြောလိုက်သည်။

"ဘယ်သူလဲ....ငါဘယ်သူနဲ့မှ ချိန်းဆိုမထားပါဘူး"

ချောင်ဖုန်းသည် အမိန့်ပြားကို လက်မြှောက်ပြလိုက်သည်။

ထိုအခါဖုန်းယွီသည် သူရဲ့အမိန့်ပြားကို ကြည့်ပြီး ချောင်ဖုန်းကို မှတ်မိသွားသည်။တံခါးစောင့်သည် ထိုနေရာမှ ပြန်လည်ထွက်ခွာသွားသည်။

"ရှင်က.....အဲ့ခမောက်ဆောင်းထားတဲ့သခင်လေးလား"

ချောင်ဖုန်းသည် အမိန့်ပြားကို ဖုန်းယွီအားပစ်ပေးလိုက်ပြီး ပြောလိုက်သည်။

"ငါမဟုတ်ရင် မင်းအမိန့်ပြားက ငါလက်ထဲဘယ်လိုလုပ်ရောက်နေမှာလဲ"

ချောင်ဖုန်းရဲ့အသံကြားမှသာ ဖုန်းယွီသည် မှတ်မိသွားပါတော့သည်။ထို့နောက်မှသာ ချောင်ဖုန်းအနားကိုကပ်ပြီး စကားပြောလေသည်။

"သခင်လေး.....ဒီကိုလာတာ ဖုန်းယွီတို့ဂိုဏ်းထဲဝင်မလို့မလား"

ချောင်ဖုန်းသည် ဖုန်းယွီအား ခေါင်းငြိမ့်ပြလိုက်တဲ့အခါ ဖုန်းယွီသည် ဝမ်းသာသွားသည်။ထို့နောက် ချောင်ဖုန်းအား ဂိုဏ်း၏စီမံခန့်ခွဲရေးဌာနကို ခေါ်သွားခဲ့သည်။ချောင်ဖုန်းနဲ့ဖုန်းယွီတို့ စီမံခန့်ခွဲရေးဌာနသို့ ဝင်လာသည့်အခါ အကြီးအကဲလေးယောက်နှင့်အတူ ဂိုဏ်းသားတစ်ချို့သည် ချောင်ဖုန်းတို့အား ကြည့်နေခဲ့သည်။

ဖုန်းယွီသည် အကြီးအကဲတွေကို နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ......အကြီးအကဲတို့"

ထိုအခါ လုဝမ်လို့ခေါ်သည့်အကြီးအကဲသည် ဖုန်းယွီအားပြုံး၍ ပြန်ပြောလိုက်သည်။

"သခင်မလေးဖုန်းယွီ....ဘာကိစ္စများရှိလို့ စီမံခန့်ခွဲရေးဌာနကို ရောက်ရှိလာတာလဲ မသိဘူး"

ထိုအခါ ဖုန်းယွီသည် ချောင်ဖုန်းကို ကြည့်ကာ ပြောလိုက်သည်။

"သူက ဖုန်းယွီတို့ ဂိုဏ်းကိုစဝင်မှာမို့လို့ အကြီးအကဲတို့က စီစဥ်ပေးပါအုံး"

ထိုအခါအကြီးအကဲတွေ သည် ချောင်ဖုန်းရဲ့အခြေအနေကို သေချာကြည့်လိုက်သည်။ထို့နောက်ဘေးမှ အကြီးအကဲတန်ချီက မေးလိုက်သည်။

"မင်းရဲ့နာမည်က......"

ထိုအခါ ချောင်ဖုန်းသည် ကောင်းကောင်းမွန်မွန်ပြန်ဖြေလိုက်သည်။

"ကျွန်တော်နာမည် ရီချောင်ဖုန်းပါ "

ထိုအခါ အကြီးအကဲလုဝမ်သည် မင်စုပ်တံကို ကိုင်ကာပြောလိုက်သည်။

"ရီချောင်ဖုန်း....ဒီနာမည်ကို ငါမကြာသေးခင်က တစ်နေရာမှာကြားဖူးသလိုပဲ"

ထိုအချိန်အကြီးအကဲတန်ချီသည် ချောင်ဖုန်းနာမည်ကို စာရွက်ပေါ်တွင် ရေးနေရင်း အကြီးအကဲလုဝမ်ကို ပြောလိုက်သည်။

"မင်းကြားဖူးတဲ့ ရီချောင်ဖုန်းက အထွပ်အမြတ်ရတနာဂိုဏ်းက စွန့်ပစ်ခံလိုက်တဲ့ ဂိုဏ်းသားကိုပြောနေတာထင်တယ်"

အကြီးအကဲလုဝမ်သည် ချက်ချင်းမှတ်မိသွားကာ ပြန်ပြောလိုက်သည်။

"မင်းပြောတာဟုတ်တယ်....ငါကြားဖူးတာ အဲ့အမှိုက်ဖြစ်သွားတဲ့ရီချောင်ဖုန်းပဲ"

ဖုန်းယွီသည် အကြီးအကဲလုဝမ်ရဲ့စကားကြောင့် ချောင်ဖုန်းကို အားနာနေခဲ့သည်။ဒါပေမယ့် ချောင်ဖုန်းသည် ရီချောင်ဖုန်းက တစ်ယောက်ထဲပဲဆိုတာ ပြောလိုက်သည်။

"အကြီးအကဲတွေပြောနေတဲ့ အထွပ်အမြတ်ရတနာဂိုဏ်းက အမှိုက်ဆိုပြီးစွန့်ပစ်လိုက်တဲ့ ရီချောင်ဖုန်းက ကျွန်တော်ပါပဲ"

ထိုအခါအကြီးအကဲလုဝမ်သည် အံ့အားသင့်သွားကာ မေးလိုက်သည်။

"ဘာ...... မင်းကအဲ့ဒီရီချောင်ဖုန်းပဲဟုတ်လား"

All Chapters