Chapter(18)
Vol. 2 Ch. 18
အသန့်စင်ဆုံးစနစ် အခန်း(18)
ချောင်ဖုန်းသည် အကြီးအကဲလုဝမ်ကို ခေါင်းငြိမ့်ပြလိုက်သည်။အကြီးအကဲလုဝမ်သည် အံ့အားသင့်သွားပြီး ချောင်ဖုန်းကို ဆက်မေးလိုက်သည်။
"ဒါဆိုမင်းကို အထွပ်အမြတ်ရတနာဂိုဏ်းက အကြောင်းမဲ့သက်သက်ထုတ်ခဲ့တာလား"
ထိုချိန်မှာ အကြီးအကဲတန်ချီသည် စိတ်မရှည်စွာဖြင့် လုဝမ်ကို ပြောလိုက်သည်။
"လုဝမ်.....မင်းတော်တော်အမေးအမြန်းထူတာပဲ ၊ သူအတွက် ဂိုဏ်းဝတ်စုံနဲ့ဂိုဏ်းစည်းကမ်းသာ မြန်မြန်ပြောလိုက်စမ်းပါ"
ထိုအခါမှသာ လုဝမ်သည် သိုလှောင်ကွင်းလက်စွပ်ထဲမှ အပြာနဲ့အဖြူစပ်ထားသော ဝတ်စုံနှစ်စုံနှင့်စာအုပ်တစ်အုပ်ကို ချောင်ဖုန်းအားထုတ်ပေးလိုက်သည်။
ထို့နောက် လုဝမ်သည် အနားမှာ ရှိနေသော ဂိုဏ်းသားတစ်ယောက်ကို ခေါ်ကာ ပြောလိုက်သည်။
"ယီရှင်းထျန်း.....မင်းအခန်းမှာ လူလွတ်သေးတယ်မလား"
"လွတ်ပါတယ်.....အကြီးအကဲ"
"ကောင်းပြီ.... ဒါဆိုမင်းသူကိုခေါ်သွားပါ"
ထိုအခါ ချောင်ဖုန်းသည် အကြီးအကဲနှင့်ဖုန်းယွီအား နှုတ်ဆက်ပြီး ယီရှင်းထျန်နဲ့လိုက်သွားခဲ့သည်။ယီရှင်းထျန်သည် နှစ်ယောက်အိပ်အခန်းထဲသို့ ရောက်တဲ့အခါ ချောင်ဖုန်းအားသတိပေးလိုက်သည်။
"မင်းနဲ့ငါက တစ်ခန်းထဲဆိုတော့ သူငယ်ချင်းတွေလို့ပြောလို့ရသွားပြီ ၊ အဲ့ဒီအတွက် သတိပေးစရာလေးတော့ရှိတယ် "
ချောင်ဖုန်းသည် စည်းကမ်းစည်းကမ်းတွေအပြင် ဘာများထပ်ရှိသေးလဲ သိချင်သွားသည်။
"သတိပေးစရာ.....ဘာသတိပေးစရာလဲ"
ထိုအခါ ယီရှင်းထျန်သည် သူ့ကုတင်မှာ လှဲချလိုက်ကာ ပြောလိုက်သည်။
"မင်းစီနီယာအမဖုန်းယွီကို သိတယ်မလား"
"သိတယ်လေဘာဖြစ်လို့လဲ"
ထိုအခါ ယီရှင်းထျန်းသည် ကောက်ထိုင်လိုက်ပြီး ချောင်ဖုန်းအားပြောလိုက်သည်။
"စီနီယာအမဖုန်းယွီမှာ စေ့စပ်ထားတဲ့သူရှိတယ် ၊ ပြီးတော့သူက ဒီဂိုဏ်းရဲ့ နံပါတ်တစ်ပါရမီရှင်ပဲ"
ချောင်ဖုန်းသည် ကြောင်သွားကာ ပြန်မေးလိုက်သည်။
"အဲ့တာငါနဲ့ဘာဆိုင်လို့လဲ"
ထိုအခါယီရှင်းထျန်က အစအဆုံးသေချာရှင်းပြလိုက်သည်။ဖုန်းယွီနဲ့စေ့စပ်ထားသောသူသည် ယန်အစီအရင်ဂိုဏ်း၏ နံပါတ်တစ်ပါရမီရှင်ဖြစ်ပြီး ဖုန်းယွီအား အလွန်ချစ်မြတ်နိုးသူဖြစ်သည်။ဒါကြောင့် ဖုန်းယွီနဲ့ပက်သက်သော ဂိုဏ်းတူညီကိုများကို နိုပ်စက်အနိုင်ကျင့်လေ့ရှိကြောင်း ပြောပြလိုက်သည်။
ချောင်ဖုန်းလဲ သူ့ကုတင်ပေါ်တွင် အိပ်စက်လိုက်ကာ ယီရှင်းထျန်အားကျေးဇူးတင်လိုက်သည်။
"ကျေးဇူးပါပဲ....စီနီယာအကို၊ ငါသတိထားပြီနေပါမယ်"
"မင်းနဲ့ငါ့ကြားမှာ စီနီယာတွေဂျူနီယာတွေရှိစရာမလိုဘူးလေ ၊ ငါတို့က တစ်ခန်းထဲနေတဲ့ သူငယ်ချင်းတွေဆိုတော့ မင်းကိုချောင်းဖုန်းလို့ငါခေါ်မယ် မင်းက ငါ့ကိုရှင်းထျန်လို့ခေါ်ပေါ့"
ထို့နောက် ချောင်ဖုန်းသည် ရေချိူးလိုက်ပြီး ဂိုဏ်းသားဝတ်စုံကို ပြောင်းဝတ်လိုက်သည်။ယီရှင်းထျန်သည် ချောင်ဖုန်းအဝတ်အစားလဲပြီးတဲ့အခါ ဂိုဏ်းကို လိုက်ပြဖို့တဲ့အတွက်အပြင်သို့ ခေါ်ဆောင်လာခဲ့သည်။
ချောင်ဖုန်းသည် ဂိုဏ်းသားအသစ်ဖြစ်သည့်အတွက် မမြင်ဘူးသော လူများက လှည့်ကြည်လှည့်ကြည့်နဲ့သွားကြသည်။ချောင်ဖုန်းကတော့ ဂရုမစိုက်ဘဲ ယီရှင်းထျန်နဲ့စကားပြောရင်း လမ်းလျှောက်လာခဲ့သည်။ယီရှင်းထျန်သည် ချောင်ဖုန်းအားဂိုဏ်းက သင်ပေးတဲ့အရာများအကြောင်းရှင်းပြသည်။
"ချောင်ဖုန်း......ငါတို့ယန်အစီအရင်ဂိုဏ်းမှာ ဂိုဏ်းသားတိုင်းအားလုံး သင်ရတဲ့အဆင့်က သုံးဆင့်ရှိတယ် "
"သုံးဆင့်ဆိုတာဘာကိုပြောတာလဲ......ရှင်းထျန်"
ယီရှင်းထျန်သည် သွားနေရင်း ရပ်ကာ ရှေ့မှာ ရှိနေသော အဆောင်တစ်ခုကို လက်ညိုးထိုးကာ ပြောလိုက်သည်။
"အဲ့အဆောင်က ဂိုဏ်းထဲစဝင်လာတဲ့ ဂိုဏ်းသားတိုင်း ပညာစသင်ရတဲ့ ပထမအဆင့်အဆောင်ပဲ ၊ အဲ့ပထမအဆင့်မှာက အဆောင်အစီအရင်စာရွက်တွေ ဖန်တီးတက်အောင်သင်ပေးတဲ့နေရာပဲ "
ထို့နောက် ယီရှင်းထျန်သည် ရှေ့ဆက်ပြီး ဒုတိယအဆင့်အဆောင်နဲ့တတိယအဆင့် ပညာသင်တဲ့အဆောင်ကို ပြလိုက်သည်။နောက်ပြီး ဂိုဏ်းသားအားလုံးရဲ့အရည်အချင်းတွေကို တိုးတက်နိုင်အောင်လုပ်နိုင်မယ့် လေ့ကျင့်ဆောင်တစ်ခုရှိကြောင်းပြောပြလိုက်သည်။
ထိုလေ့ကျင့်ဆောင်သည် တာဝန်များကို လုပ်ဆောင်၍ ရမှသာဝင်ခွင့်ရသည်။ထိုတာဝန်များကတော့ နတ်ဆိုးသားရဲကောင်များကို သတ်ဖြတ်ခြင်းပင်ဖြစ်သည်။
"ရှင်းထျန်....မင်းကဘယ်အဆင့်ရောက်နေပြီလဲ"
ထိုအခါ ရှင်းထျန်သည် ရယ်ပြီး ခေါင်းကုတ်ကာ ပြန်ဖြေလိုက်သည်။
"ဟဲ.....ဟဲ.....ငါဂိုဏ်းရောက်နေတာတော့ နှစ်နှစ်နီးပါးရှိပြီး ဒါပေမယ့်ပထမအဆင့်အဆောင်မှာပဲ ရှိသေးတယ်"
ချောင်ဖုန်းသည် ယီရှင်းထျန်ကို ပြန်ပြုံးပြလိုက်ပြီး နှစ်ယောက်သား ဂိုဏ်းရဲ့နေရာတချို့ကို အတူသွားကြခဲ့သည်။ညရောက်လာတဲ့အခါ မှာတော့ ယီရှင်းထျန်သည် အစောကြီးအိပ်သွားခဲ့သည်။
ထိုအခါ ချောင်ဖုန်းသည် လောင်းဂန်ရဲ့ဓားပဲ့ကို ထုတ်လိုက်ပြီးသန့်စင်ဖို့ လုပ်လိုက်သည်။အသွင်ကိုးမျိူး မရဏငရဲဓားသည်လူအများရှေ့တွင် ထုတ်သုံးဖို့မသင့်တော်သောကြောင့်ဖြစ်သည်။
"ဒီဓားကို သန့်စင်မယ်"
"ဂုဏ်ယူပါတယ်.....စနစ်ရှင်သည် နဂါးဝိညဥ်စွမ်းအင်ပါရှိသော ဓားကို အောင်မြင်စွာသန့်စင်ပြီးပါပြီ"
ခဏအကြာမှတော့ လောင်းဂန်ရဲ့ဓားသည် နဂိုအတိုင်းပြန်လည်ကောင်းမွန်၍ သွားခဲ့သည်။သို့သော်စနစ်သည် ရုတ်တရက် ထပ်မံအသံထွက်လာခဲ့လေသည်။
"စနစ်ရှင်သည် အခမဲ့သန့်စင်ခြင်းအကြိမ်ရေအားလုံးကို အသုံးပြုပြီးသည်ဖြစ်တဲ့အတွက် ခုကစပြီး စနစ်က ကြုံရာကျပန်းတာဝန်ကို ရွေးချယ်ပေးမည်ဖြစ်ပါတယ်"
ချောင်ဖုန်းသည် စနစ်၏ပြောင်းလဲမှုများကို သိရှိသွားပြီး နောက်ထပ်အလွယ်တကူသန့်စင်လို့မရနိုင်တော့တဲ့အတွက် သူ့ကိုယ်သူပိုကြိုးစားဖို့လိုအပ်တာကို သိရှိသွားသည်။
"ငါဒီထက်ပိုကြိုးဖို့ လိုအပ်ထင်တယ် ၊ လေ့ကျင့်ဆောင်ထဲဝင်နိုင်ဖို့ ငါသားရဲမိစ္ဆာတောထဲဝင်ရအုံးမယ်ထင်တယ်"
တခြားတစ်ဖက်ဖြစ်သော ရီအိမ်တော်တွင် လုပင်းနဲ့စုမိုရှိကို လူတစ်ယောက်သည် မှော်ဆေးလုံးတစ်လုံးလာပေးခဲ့သည်။ထိုသူကတော့ မသေမျိုးနတ်သမီးဂိုဏ်းမှ ဖြစ်ပြီး ရွယ်ချင်းမှ ချောင်ဖူန်းအား ပေးခိုင်းလိုက်ခြင်းဖြစ်သည်။ရွယ်ချင်းမသိရှိတာကတော့ ချောင်ဖုန်းသည် ယန်အစီအရင်ဂိုဏ်းကို ရောက်ရှိနေပြီဖြစ်လေသည်။
နောက်တစ်နေ့မနက်သို့ရောက်သောအခါ ယီရှင်းထျန်နဲ့ချောင်ဖုန်းသည် ပထမအဆင့်အဆောင်သို့ အတူသွားခဲ့ကြသည်။ပထမအဆင့်အဆောင်တွင် အခန်းဆယ်ခန်းကျော်လောက်ရှိပြီး ပညာသင်အကြီးအကဲဆယ်ယောက်က ဦးဆောင်သင်ကြားပေးသည်။
ချောင်ဖုန်းနဲ့ယီရှင်းထျန်သည် ရှေ့ဆုံးအခန်းတစ်ခန်းထဲသို့ ဝင်ပြီး ထိုင်လိုက်သည်။အခန်းထဲတွင် လူသုံးဆယ်ကျော်လောက်ရှိပြီး အားလုံးသည် ကိုယ်စီနေရာများမှာ ထိုင်နေကြလေသည်။
ထို့နောက် အသက်သုံးဆယ်လောက်ရှိသော အကြီးအကဲဆရာမတစ်ယောက်ရောက်ရှိလာခဲ့သည်။
"ငါနာမည် ရူဟွမ်ပါ......ဒီနေ့မင်းတို့အခန်းကိုသင်ပေးမယ့်ဆရာမပဲ"
ထို့နောက် ရူဟွမ်သည် သူ့သိုလှောင်ကွင်းလက်စွပ်ထဲမှ သွေးများထည့်ထားသောဘူးအသေးလေးများနဲ့အစီအရင်ပြုလုပ်သည့်စာရွက်အလွတ်များကို ထုတ်လိုက်ပြီး အားလုံးကို ပေးဝေလိုက်သည်။ထို့နောက်အားလုံးကို ဂိုဏ်းကပေးထားသောစာအုပ်၏ စာမျက်နှာတစ်ခုကို ကြည့်ခိုင်းလိုက်သည်။
"ဒီနေ့ငါမင်းတို့သင်ပေးမယ့် အစီအရင်က အကာအကွယ်အစီအရင်တစ်ခုပဲ ၊ တိုက်ခိုက်မှု တစ်ချို့ကို ဒီအစီအရင်က အလွယ်တကူ ကာကွယ်ပေးတယ်"
ထို့နောက်ရူဟွမ်သည် လက်ညိုးလက်ခလယ်ကို ဘူးထဲမှ သွေးများကိုတို့လိုက်ပြီး အစီအရင်ပြုလုပ်ရန်လုပ်ထားသည့် စာရွက်ကို နောက်လက်ဖြင့် ညွှန်လိုက်တဲ့အခါ စာရွက်လေးသည် သူရှေ့လေပေါ်တွင် ရပ်လာလေသည်။
ထို့နောက် သွေးတို့ထားသော လက်ညိုးလက်ခလယ်ဖြင့် စာကြောင်းအနည်းငယ်ကို တချက်ထဲရေးသားလိုက်ပြီးနောက် လက်ချောင်းလေးများကို အနည်းငယ်ကစားတဲ့အခါ အစီအရင်စာရွက်သည် အဝါရောက်တစ်ချက်လင်းထိန်သွားသည်။
အားလုံးသည် ရူဟွမ်ကို ကြည့်ပြီး အားကျနေလေသည်။
ထို့နောက်ရူဟွမ်သည် မိန်းကလေးတပည့်မတစ်ယောက်ကို ရှေ့သို့ခေါ်လိုက်ကာ တိုက်ခိုက်ခိုင်းလိုက်သည်။
"စူးယန်း......ရှေ့ကိုထွက်လာပြီး ဆရာမကို တိုက်ခိုက်ကြည့်ပါ"
"ဟုတ်.....ဆရာမရူဟွမ်"
စူယန်းသည် ထိုင်နေမှ ထလာပြီး ရူဟွမ်ရှိကိုသွားလိုက်သည်။ထို့နောက် သိုလှောင်အိတ်ထဲမှ ဝိညဥ်စွမ်းအင်ပါရှိသည့် ဓားတစ်ချောင်းကို ထုတ်လိုက်သည်။စူယန်းရဲ့ဓားဝိညဥ်စွမ်းအင်သည် ကျားဝိညဥ်စွမ်းအင်ဖြစ်ပြီး စူယန်းသည် သိုင်းကွက်ဖော်ကာ ကြက်ခြေခတ်ပုံစံဓားနှစ်ချက်ဖြင့် ခုတ်ချလိုက်သည်။
ထိုအခါ ကြက်ခြေခတ်ဓားချက်နှစ်ခုသည် ဝိညည်စွမ်းအင်ကျားနှစ်ကောင်အဖြစ်ပြောင်းလဲသွားပြီး ရူဟွမ်ရှိကို ကျရောက်သွားသည်။သို့သော် ရူဟွမ်သည် ခုနမှ ဖော်စပ်ထားသော အစီအရင်စာရွက်အားအသက်သွင်းလိုက်သော်အခါ အဝါရောင်အလင်းတန်းကြီးသည် သူ့ခန္ဓာကိုယ်အားဖုံးအုပ်သွားလေသည်။
ထိုအခါ စူယန်းရဲ့ဝိညဥ်စွမ်းအင်ကျားနှစ်ကောင်သည် အကာအကွယ်အစီအရင်ကို ထိုးဖောက်တိုက်ခိုက်သော်လည်း စက္ကန့်ပိုင်းအတွင်းပျောက်ကွယ်သွားလေသည်။ထို့နောက် ရူဟွမ်သည်အားလုံးကို လေ့ကျင့်နေဖို့ပြောလိုက်ပြီး အခန်းထဲက ထွက်သွားလေသည်။