← Chapters

Chapter(19)

Vol. 2 Ch. 19

Chapter(19)

Vol. 2 Ch. 19

အသန့်စင်ဆုံးစနစ် အခန်း(19)

ပထမအဆင့်အဆောင်ထဲတွင် အားလုံးသည် ဆရာမရူဟွမ်ကဲ့သို့ အကာအကွယ်အစီအရင်စာရွက်ကို ဖန်တီးနေကြပါသည်။သို့သော် အောင်မြင်တဲ့လူအနည်းငယ်တာ ရှိပြီး အများစုမှာ စာရွက်များ မီးလောင်ကျွမ်းသွားလေသည်။

ချောင်ဖုန်းလဲ ပထမလေ့ကျင့်သည့် နေမှာတင် စိတ်ပျက်၍ သွားခဲ့သည်။ယီရှင်းထျန်ကတော့ ထိုအကာအကွယ်အစီအရင်စာရွက်ကို ဖန်တီးနိုင်လေသည်။နေ့တစ်ဝက်ကုန်ပြီးတဲ့အခါ အားလုံးသည် ဂိုဏ်းကပေးထားသော အခန်းများကို ပြန်သွားကြလေသည်။

ချောင်ဖုန်းသည် ယီရှင်းထျန်နဲ့အတူ အပြန်လမ်းလျှောက်ရင်း မေးလိုက်သည်။

"ရှင်းထျန်......လေ့ကျင့်ဆောင်ကို ဝင်ဖို့ တာဝန်က ဘယ်လိုထမ်းဆောင်ရတာလဲ"

ယီရှင်းထျန်သည် အံ့အားသင့်စွာနဲ့ပြောလိုက်သည်။

"ဟမ်.......မင်းကနတ်ဆိုးသားရဲတွေကို သတ်ပစ်ဖို့စဥ်းစားနေတာလား ၊ အဆင့်တစ်နတ်ဆိုးသားရဲတောင်ဘုရင်အဆင့်မှာရှိတာ မင်းမသိဘူးလို့ ငါ့ကိုမပြောနဲ့နော်"

ထိုအခါ ချောင်ဖုန်းသည် ဘာမှမပြောပဲ လေ့ကျင့်ဆောင်ကိုပဲကြည့်နေတဲ့အတွက် ယီရှင်းထျန်သည် ချောင်ဖုန်းအားပြောပြလိုက်သည်။

"ကောင်းပြီ....ငါမင်းကိုပြောပြမယ် ၊ လေ့ကျင့်ဆောင်ဖို့ ဝင်နိုင်ဖို့က နတ်ဆိုးသားရဲရဲ့ခေါင်းကို လိုအပ်တယ် ၊ တစ်ခေါင်းရတာနဲ့ တစ်ရက်တာ ဝင်ခွင့်ရှိတယ်"

ချောင်ဖုန်းသည် ယီရှင်းထျန်အား "ကျေးဇူးပဲ" ဟု ပြောပြီး မိစ္ဆာသားရဲတောထဲသို့ ပြေးထွက်သွားပါတော့သည်။ထိုမိစ္ဆာသားရဲတောသည် အထွပ်အမြတ်ရတနာဂိုဏ်းတွင် ချောင်ဖုန်းတို့ အမဲလိုက်ခဲ့သော တောနဲ့အတူတူပဲ ဖြစ်သည်။

ချောင်ဖုန်းသည် တောထဲရောက်သည့်အခါ အသွင်ကိုးမျိုးမရဏငရဲဓားကို အဆင့်သင့်ထုတ်ထားလိုက်သည်။ထို့နောက် နတ်ဆိုးသားရဲတွေကို သတ်ဖို့ စိတ်အားထက်သန်နေခဲ့သည်။

"အသန့်စင်ဆုံးစနစ်က ငါ့ဘဝကို ​အခြေအနေတစ်ခုရအောင်ပြန်လည်ပေးပြီးပြီပဲ ၊ ရှေ့ဆက်ပြီး ငါ့ဘဝကိုအရင်ကထက် ပိုသန်မာအောင်ကြိုးစားရမယ်"

ချောင်ဖုန်းသည် နတ်ဘုရားခြေလှမ်းဖြင့် မိစ္ဆာသားရဲတောထဲသို့ ရောက်လာခဲ့သည်။ထို့နောက် ချောင်ဖုန်းသည် ဦးချိူနှစ်ဖက်ပါရှိပြီး အနက်ရောင်အမွှေးအရှည်ကြီးများပါရှိသော အဆင့်တစ်နတ်ဆိုးသားရဲကို ရှာတွေ့သွားခဲ့သည်။

ထိုအချိန်စနစ်၏ အသံသည် ပြန်လည်ထွက်ပေါ်လာခဲ့သည်။

"စနစ်ရှင်အတွက် တာဝန်ထွက်ပေါ်လာပါပြီ ၊ စနစ်ရှင်သည် အဆင့်နတ်ဆိုးသားရဲကောင်ကို သတ်နိုင်လျှင် အသန့်စင်ဆုံးစနစ်သုံးကြိမ်အသုံးပြုခွင့်ရရှိပါမည်ဖြစ်ပါသည်"

ချောင်ဖုန်းသည် စနစ်၏တာဝန်သည် သူ့အတွက် အံကိုက်ဖြစ်သွားတာကြောင့်ဝမ်းသာသွားသည်။

ထိုနတ်ဆိုးသားရဲသည် ဘုရင်နယ်ပယ်အဆင့်သာ ရှိသေးပေမယ့် ချောင်ဖုန်းလာတာကို သိရှိသွားလေသည်။ချောင်ဖုန်းသည် ဓားကို ဇာမဏီငှက်ဝိညဥ်စွမ်းအင်အဖြစ်အသက်သွင်းလိုက်ပြီး လေပွေဓားသိုင်းဖြင့် တိုက်ခိုက်လိုက်လေသည်။

ချောင်ဖုန်းရဲ့လေပွေဓားသိုင်းသည် နဂိုကပင် အစွမ်းထက်လှပြီး ယခုအခါ ဝိညဥ်စွမ်းအင်ပါရှိသော ဓားကြောင့် ကြောက်စရာအလွန်ပင်ဖြစ်သွားသည်။အဆင့်တစ်နတ်ဆိုးသားရဲကြီးသည် လေပွေအတွင်းတွင် ဇာမဏီငှက်များရဲ့မီးမှုတ်တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရသွားလေသည်။

ချောင်ဖုန်းသည် မီးလောင်ကျွမ်းသွားမည်စိုးရိမ်၍ လေပွေဓားသိုင်းအားရပ်တန့်လိုက်ပြီး နတ်ဘုရားခြေလှမ်းဖြင့် လျင်မြန်စွာသွားလိုက်ပြီး ခေါင်းဖြတ်သတ်လိုက်လေသည်။

"ဂုဏ်ယူပါတယ် စနစ်ရှင်သည် အသန့်စင်ဆုံးစနစ်ဖြင့်သန့်စင်ခြင်းကို နောက်ထပ်အသုံးပြုနိုင်ခွင့် သုံးကြိမ်ရရှိသွားပါပြီ"

ချောင်ဖုန်းသည် နတ်ဘုရားခြေလှမ်းဖြင့် နောက်ထပ် နတ်ဆိုးသားရဲကောင်များကို ရှာဖွေနေရင်း အုပ်စုတစ်ဖွဲ့ကို တွေ့သွားခဲ့သည်။ထိုလူတွေကတော့ အထွပ်အမြတ်ရတနာဂိုဏ်းမှ ဂိုဏ်းသားများဖြစ်ကြလေသည်။ ထိုထဲမှ ဦးဆောင်သော သူသည် အထွပ်အမြတ်ရတနာဂိုဏ်း၏ ပင်မတပည့်တစ်ယောက်ဖြစ်ပြီး ဘုရင်နယ်ပယ်အဆင့်ကို ရောက်ရှိနေသောသူဖြစ်သည်။

ထိုလူသည် အဆင့်နှစ်နတ်ဆိုးသားရဲနဲ့ရင်ဆိုင်ရမည်ကြောက်၍အားလုံးကို ထိုးကျွေးပြီး ထွက်ပြေးဖို့ ပြင်ဆင်နေလေသည်။နောက်ကလိုက်ပါလာတဲ့သူတွေကတော့ ချောင်ဖုန်းအထွပ်အမြတ်ရတနာဂိုဏ်းမှာ ရှိခင်အစက သူ့အားရိုသေလေးစားကြသူများဖြစ်ကြသည်။

"စနစ်ရှင်သည် အဆင့်နှစ်နတ်ဆိုးသားရဲကို သတ်နိုင်မယ်ဆိုရင်

သန့်စင်ခွင့် အကြိမ်ရေငါးကြိမ်ကို ရရှိပါမည်"

ချောင်ဖုန်းသည် စနစ်ကို မကျေနပ်သလိုပြောလိုက်သည်။

"ဒါက အဆင့်နှစ်နတ်ဆိုးသားရဲတစ်ကောင်လေ အကြိမ်ရေငါးကြိမ်ထဲလား"

ချောင်ဖုန်းပြောလိုက်ပင်မယ့် စနစ်သည် ဘာမှ ​မဖြေကြားပါ။

ချောင်ဖုန်းသည် ထိုလူတွေကို မကယ်ချင်ပေမယ့် သူကိုယ်တိုင်လဲ နတ်ဆိုးသားရဲရဲ့ခေါင်းကို လိုအပ်နေသူဖြစ်သည်။

ထိုချိန်မှာနတ်ဆိုးသားရဲကောင်သည် သူရဲ့ပါးစပ်ထဲမှ အနီရောင်မီးလုံးကြီးများဖြင့် အဆက်မပြတ်တိုက်ခိုက်လိုက်သည်။

အထွပ်အမြတ်ရတနာဂိုဏ်း၏ ဂိုဏ်းသားတစ်ချို့သည် မရှောင်ပြေးနိုင်ဘဲ မီးလုံးများဒဏ်ကြောင့် ထိခိုက်သွားပြီး လဲကျသွားတဲ့အခါ နတ်ဆိုးသားရဲကောင်ကြီးသည် ချက်ချင်းပင်စားဖို့ပြေးလာလေသည်။

ထိုအခါ လဲကျနေသောလူတွေသည် သူတို့အဖွဲ့ခေါင်ဆောင်းအား

အကူအညီတောင်းလေသည်။

"ဆရာတူအကိုဟူချင်......ငါတို့အားလုံးကို ကယ်ပါအုံး"

ဟူချင်သည် မလှုပ်ရှားတဲ့အပြင် အနောက်ကို ပို၍ ဆုတ်ခွာသွားခဲ့သည်။

"ဆောက်ရူးတွေ....မင်းတို့အတွက်နဲ့ငါ့အသက်ကို စတေးစရာလား"

ထိုအခါ အားလုံးသည် သူတို့ဆရာတူအကိုဟူချင်က သူရဲဘောကြောင်တစ်ယောက်မှန်းသိသွားခဲ့သည်။

အဆင့်နှစ်နတ်ဆိုးသားရဲသည် ပြေးဝင်လာတာကြောင့် အကုန်လုံးသည် ကြောက်ရွံစွာ အော်ဟစ်နေကြလေသည်။

"ကယ်ကြပါအုံး.... အား....အား...."

ထိုချိန်မှာ အားလုံးသည် လေပွေလှိုင်းကြီးရောက်ရှိလာပြီး နတ်ဆိုးသားရဲကြီးကို တိုက်ခိုက်သွားတာကို တွေ့လိုက်ကြရသည်။အားလုံးသည် စက္ကန့်အတွင်းပိုင်းမှာ ဖြစ်သွားပြီး လေပွေလှိုင်းပျောက်သွားသည့်အခါ နတ်ဆိုးသားရဲကြီးသည်​ သူတို့အားလုံး

ရှေ့ကို ပြုတ်ကျလာလေသည်။

ထို့နောက် သူတို့မျက်စိရှေ့မှာတင် ချောင်ဖုန်းသည် နတ်ဘုရားခြေလှမ်းဖြင့် နတ်ဆိုးသားရဲကြီးရဲ့ခေါင်းကို ဖြတ်ပြီး ထိုနေရာထွက်ခွာသွားလေသည်။

အထွပ်အမြတ်ရတနာဂိုဏ်းသားတစ်ယောက်သည် စက္ကန့်ပိုင်းအတွင်းပြောင်းလဲသွားသော အရာများကို ကြည့်ပြီး သူကိုယ်သူမယုံကြည်နိုင်ဖြစ်နေကြလေသည်။

"ငါသေသွားလို့များ ငါ့စိတ်ကထင်ယောင်ထင်မှားဖြစ်နေတာလား"

ထိုအခါ ဘေးကတစ်ယောက်ကပြောလိုက်သည်။

"ငါတို့ ထင်ယောင်ထင်မှားဖြစ်နေတာမဟုတ်ဘူးထင်တယ်.....ဒါကတကယ်ဖြစ်သွားတာပဲ"

ထိုလူနှစ်ယောက်သည် သူတို့အဖွဲ့က လူအားလုံးကို ကြည့်လိုက်တဲ့အခါ အားလုံးသည် ကြောင်တောင်တောင် အတတဖြစ်နေကာရပ်နေကြတာကို တွေ့လိုက်ရသည်။

ချောင်ဖုန်းကတော့တခြားသောနေရာကို ရောက်ရှိလာပြီဖြစ်လေသည်။

"ဂုဏ်ယူပါတယ် စနစ်ရှင်သည် နောက်ထပ်အကြိမ်ရေငါးကြိမ်ကိုရရှိသွားပါပြီ"

"ကောင်းပြီ...ဒီလောက်ဆို တော်တော်လုံလောက်သွားပြီ ၊ ဂိုဏ်းပြန်ပြီး လေ့ကျင့်ဆောင်ထဲမှာ လေ့ကျင့်ရမယ်"

ထို့နောက်ချောင်ဖုန်းသည် ယန်အစီအရင်ဂိုဏ်းကို ပြန်လာခဲ့သည်။ချောင်ဖုန်းသည် ယီရှင်းထျန်ပြောပြထားသည် သိုင်းလေ့ကျင့်ဆောင်သို့ ဝင်လာခဲ့သည်။အင်္ကျီအဖြူရောင်ဝတ်ဆင်ထားပြီး ရင်ဘတ်မှာ အကြီးအကဲတံဆိပ်ရင်ထိုး ထိုးထားသော လူတစ်ယောက်ကို ချောင်ဖုန်းတွေ့တဲ့အခါ ရိုသေစွာ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါအကြီးအကဲ......ကျွန်တော်အခန်းဌားချင်လို့ပါ"

ထိုအကြီးအကဲသည် လေ့ကျင်ဆောင်ကို ရံဖန်ရံခါ လာစစ်ဆေးလေ့ရှိသောသူဖြစ်ပြီး သူနာမည် ကျောက်တျီဖြစ်သည်။

သူသည် ချောင်ဖုန်းကိုကြည့်ကာ ပြောလိုက်သည်။

"အခန်းဌားချင်တယ်ဆိုရင်တော့ မင်းကလေ့ကျင့်ဆောင်ရဲ့စည်းကမ်းကို သိမှာပေါ့"

ချောင်ဖုန်းသည် သိုလှောင်ကွင်းလက်စွပ်ထဲမှ အဆင့်တစ်နတ်ဆိုးသားရဲရဲ့ခေါင်းကို ထုတ်ပေးလိုက်သည်။

ထိုအခါ အကြီးအကဲကျောက်တျီသည် နတ်ဆိုးသားရဲခေါင်းကို သေချာစစ်ဆေးလိုက်ပြီး သူ့သိုလှောင်ကွင်းထဲ ထည့်ပြီး ချောင်ဖုန်းကို သော့တစ်ချောင်းပေးလိုက်သည်။

လေ့ကျင့်ဆောင်တွင် အခန်းပေါင်း ဆယ်ခန်းရှိပြီး အခန်းနံပါတ်တစ်ဆယ်သည် အနိမ့်ဆုံးဖြစ်သည်။ချောင်ဖုန်းသည် သော့နံပါတ်ကို ကြည့်လိုက်ပြီး အခန်းနံပါတ်တစ်ဆယ်ကို ဝင်သွားခဲ့သည်။

အခန်းထဲရောက်သောအခါ သူတွေ့ဖူးခဲ့သော ချီစွမ်းအင်အငွေ့အသက်များထက် ပို၍သန်မာတာကို သိလိုက်ရသည်။နောက်ပြီး တိုက်ခိုက်ရေးစွမ်းအင်ကို စမ်းသပ်ရန် ကျောက်တိုင်ပြားတစ်ခုကိုလဲ ချောင်ဖုန်းတွေ့လိုက်ရသည်။

ချောင်ဖုန်းသည် သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။

"ငါဒီနေ့မှာ ဘုရင်နယ်ပယ်အဆင့်ရအောင်ကြိုးစားပြီး ငါမဟူရာမြို့တော်မှာ ရရှိခဲ့တဲ့ သိုင်းကျင့်စဥ်ကိုလဲ ဒီမှာလဲလေ့ကျင့်ရမယ်"

ထို့နောက် ချောင်ဖုန်းသည် လေ့ကျင့်ဖို့ ဂိုဏ်းကပြုလုပ်ပေးထားသော အဝါရောင်ကောဇောလေးပေါ်မှာ ထိုင်လိုက်ပြီး နှုတ်ကလဲပြောလိုက်သည်။

"ချီစွမ်းအင်များကို သန့်စင်မယ်"

"ဂုဏ်ယူပါတယ် ချီစွမ်းအင်များသည် မူလကထက် ပို၍ သန့်စင်ကာသန်မာသွားပါပြီ"

ထို့နောက်ချောင်ဖုန်းသည် ဒန်တျန်ထဲသို့ ချီစွမ်းအင်များကို စုပ်ယူပါတော့သည်။

All Chapters