Chapter(20)
Vol. 2 Ch. 20
အသန့်စင်ဆုံးစနစ် အခန်း(20)
ချောင်ဖုန်းသည် သိုင်းလေ့ကျင့်ဆောင်မှာပဲ မိုးချုပ်တဲ့အထိ လေ့ကျင့်နေတဲ့အတွက် ယီရှင်းထျန်သည် ချောင်ဖုန်းကို နတ်ဆိုးသားရဲတွေလက်ထဲမှာသေသွားပြီဟု ထင်နေမိသည်။
ညသန်းခေါင်ယံအကျော်မှာတော့ ချောင်ဖုန်းသည် ထူးချွန်သူနယ်ပယ်အဆင့်ကိုထိုးဖောက်၍ ဘုရင်နယ်ပယ်အဆင့်ကို ရောက်ရှိသွားခဲ့သည်။ထို့နောက် ချောင်ဖုန်းသည် မျက်လုံးများပြန်၍ ပွင့်လာပြီး အကြောများဆန့်လိုက်သည်။
"နောက်ဆုံးတော့ ငါလဲ ဘုရင်နယ်ပယ်အဆင့်ရောက်ရှိသွားခဲ့ပြီး၊ ငါရဲ့ကိုယ်ပိုင်စွမ်းအင် ဘယ်လောက်ရှိလဲဆိုလဲ စမ်းသပ်ကြည့်ရမယ်"
ဘုရင်နယ်ပယ်အဆင့်ကလူသည် သိုင်းကျင့်စဥ်ကို အသုံးမပြုဘဲ ကိုယ်ပိုင်စွမ်းအင်ကို အသုံးချလို့ရနိုင်သည်။ချောင်ဖုန်းသည် သူရဲ့လက်သီးတွင် ကိုယ်ပိုင်စွမ်းအင်များစုလိုက်ပြီး တိုက်ခိုက်ရေးစွမ်းအင်ကျောက်တိုင်ကို တစ်ချက်ထိုးချလိုက်သည်။
ကျောက်တိုင်တွင် အမှတ် တစ်ကနေတစ်ရာအထိရှိလေသည်။
ချောင်ဖုန်းထိုးချလိုက်တဲ့အခါ ကျောက်တိုင်၏ နံပါတ်ငါးဆယ်သည် အဖြူရောင်အလင်းတန်းလေး လင်းလာလေသည်။
ချောင်ဖုန်းသည် ခေါင်းခါလိုက်ကာ သူ့ကိုယ်သူပြောလိုက်သည်။
"မလုံလောက်သေးဘူး"
ချောင်ဖုန်းသည် နောက်တစ်ခေါက် အားများကို စုစည်းပြီး အရှိန်ဖြင့် ပြေးထိုးချလိုက်တဲ့အခါ ကျောက်တိုင်နံပါတ် ခြောက်ဆယ်မှာ လင်းသွားလေသည်။
ချောင်ဖုန်းသည် ဆက်မထိုးတော့ဘဲ အချိန်ရှိတုန်း သိုင်းကျင့်စဥ်ပါ လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်သည်။
ချောင်ဖုန်းသည် လူသေကောင်ရဲ့လက်စွပ်ထဲမှ ရထားသော သိုင်းကျင့်စဥ်ကို ထုတ်ကြည့်လိုက်သည်။
'နတ်ဘုရားအသွင်ကျင့်စဥ်'
ချောင်ဖုန်းသည် ထိုကျင့်စဥ်ဖတ်ကြည့်လိုက်ပြီး မယုံကြည်နိုင်ဖြစ်သွားလေသည်။နတ်ဘုရားအသွင်ကျင့်စဥ်သည် ပညာရပ်များအားလုံးကို အလွယ်တကူကျင့်ကြံနိုင်တဲ့အပြင် တခြားလူတစ်ယောက်၏ ပညာရပ်ကိုလဲ တစ်ခါကြည့်ရုံနဲ့ အလွယ်တကူတက်မြောက်နိုင်သည့် သိုင်းကျင့်စဥ်ဖြစ်လေသည်။
ချောင်ဖုန်းသည် နတ်ဘုရားအသွင်ကျင့်စဥ်ကို အလွန်ပင်သဘောကျသွားပြီး သေသေချာချာလေ့ကျင့်ပါတော့သည်။ချောင်ဖုန်းသည် ဘုရင်နယ်ပင်အဆင့်ကိုသာ ရောက်ရှိသေး၍ အစားစားဖို့နှင့် အိပ်ဖို့က လိုအပ်ပါသေးသည်။ချောင်ဖုန်းသည် တစ်ညလုံး မအိပ်မစားပဲ လေ့ကျင့်နေသောကြောင့် မျက်ကွင်းများပင်ညိုကာ အားမရှိသလို ဖြစ်နေလေသည်။
ဒီလိုနဲ့ချောင်ဖုန်းသည် နောက်နေ့မနက် အချိန်တစ်ခုသို့ရောက်တဲ့အခါ ချောင်ဖုန်းသည် နတ်ဘုရားအသွင်ကျင့်စဥ်၏နားလည်မှုအဆင့်ကို တက်မြောက်သွားပြီဖြစ်လေသည်။
ထိုအခါချောင်ဖုန်းပြုံးလိုက်၍ အသန့်စင်ဆုံးစနစ်ကို ပြောလိုက်သည်။
"နတ်ဘုရားအသွင်ကျင့်စဥ်ကို သန့်စင်မယ်"
"ဂုဏ်ယူပါတယ်......စနစ်ရှင်သည် နတ်ဘုရားအသွင်ကျင့်စဥ်၏ ကျွမ်းကျင်မှုအဆင့်ကို ရောက်ရှိသွားပါပြီ"
ချောင်ဖုန်းသည် ထပ်၍ သန့်စင်လိုက်သည်။
"ဂုဏ်ယူပါတယ်.....စနစ်ရှင်သည် နတ်ဘုရားအသွင်ကျင့်စဥ်၏ အနိူင်းမဲ့အဆင့်ကို ရောက်ရှိသွားပါပြီ"
ထိုချိန်မှာ အပြင်ကနေ တံခါးခေါက်သံကြားလိုက်ရသည်။
ထိုလူက အကြီးအကဲကျောက်တျီမဟုတ်တော့ဘဲ သူရဲ့တပည့်တစ်ယောက်ဖြစ်သည်။
"အထဲက ညီငယ်လေး မင်းက တစ်ရက်တာအချိန်ကုန်သွားပါပြီ"
ချောင်ဖုန်းသည် လေ့ကျင့်တာကို ရပ်လိုက်ပြီးအပြင်ကို ထွက်လာခဲ့ပြီး တံခါးကိုဖွင့်လိုက်သည်။ထိုလူသည် ချောင်ဖုန်းရဲ့စွမ်းအားအငွေ့အသက်ကို ကြည့်ပြီး အံသြစွာပြောလိုက်သည်။
"ဘုရင်နယ်ပယ်အဆင့်စွမ်းအား....."
ချောင်ဖုန်းသည် အပြင်သို့ထွက်လာခဲ့ပြီး ခေါင်းကိုကုတ်ပြီး အနည်းငယ်ပြုံး၍ မေးလိုက်သည်။
"စီနီယာအကို..... ဒီအခန်းတွေက တစ်ခန်းနဲ့တစ်ခန်းဘာကွာခြားချက်ရှိတာလဲ"
ချောင်ဖုန်းသည် သူထက်အတော်ပင်ငယ်သော်လည်း သူ့လိုမျိူးဘုရင်နယ်ပယ်အဆင့်ရောက်ရှိနေတာမို့ လေးလေးစားစားဆက်ဆံလိုက်သည်
ထိုလူသည် ချောင်ဖုန်းအား တစ်ခန်းနဲ့တစ်ခန်းကွာခြားမှုများကို သေသေချာချာရှင်းပြလိုက်သည်။ချောင်ဖုန်းလဲ ထိုလူအား ကျေးဇူးတင်စကားပြောပြီး လေ့ကျင့်ဆောင်မှ ထွက်ခွာလာလေသည်။အချိန်ကြာလာတဲ့အခါ ဘုရင်နယ်ပယ်အဆင့်စွမ်းအားအငွေ့အသက်တွေက လမ်းလျှောက်ရင်းပျောက်ကွယ်သွားခဲ့သည်။
ချောင်ဖုန်းသည် လမ်းတစ်လျှောက်မှာ နတ်ဘုရားအသွင်ကျင့်စဥ်ကြောင့် ပျော်ရွင်နေလေသည်။
ချောင်ဖုန်းသည် ပထမအဆင့်အဆောင်ကိုရောက်တဲ့အခါ အချိန်သည် တော်တော်နောက်ကျနေပြီဖြစ်သည်။ထို့နောက် အခန်းတံခါးကို ဖွင့်လိုက်တဲ့အခါ ယီရှင်းထျန်သည် သူ့အနားအမြန်လာထိုင်ဖို့ ပါးစပ်က တိုးတိုးနဲ့ပြောလိုက်သည်။
"မြန်မြန်လာ.....ငါ့နားကို"
ရူဟွမ်သည် ချောင်ဖုန်းဝင်လာပြီးတာနဲ့ တန်းဝင်လာလေသည်။ထို့နောက်အားလုံးကို ကြည့်ကာ ပြောလိုက်သည်။
"ဘယ်လိုလဲ မနေ့ကဆရာမသင်တာကို တက်သွားကြပြီလား"
အားလုံးသည် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ဟာတွေဟင်တွေ ဖြစ်ကုန်ကြလေသည်။ထို့နောက်မှသာ ရူဟွမ်သည် အားလုံးကို ရယ်မောကာပြန်ပြောလိုက်သည်။
"ငါနင်တို့အားလုံးကို စနေတာပါ ၊ အစီအရင်ပညာရပ်က မလွယ်ကူမှန်း ငါသိပါတယ် ၊ ဒီနေ့ ဆရာမတိုက်ခိုက်ရေးအတွက် အသုံးဝင်မယ့် အစီအရင်တစ်ခုတင်ပေးမယ် ၊ နောက်ပြီး မနေ့က အကာအကွယ်အစီအရင်လေးကို ပြန်သင်ပေးမယ်"
ထို့နောက် ရူဟွမ်သည် နောက်ထပ်အစီအရင်တစ်ခုကို ဖန်တီးပြလေသည်။ချောင်ဖုန်းသည် နတ်ဘုရားအသွင်သိုင်းကျင့်စဥ်ကြောင့် ရူဟွမ်ရဲ့လှုပ်ရှားမှုအားလုံးကို ကကြီးကနေအအထိ သေသေချာချာမှတ်မိနေလေသည်။ဒီလိုနဲ့ ရူဟွမ်သည် အစီအရင်နှစ်လုံးကို သင်ကြားပြီးနောက် ပြန်လည်ထွက်ခွာသွားလေသည်။
ချောင်ဖုန်းစိတ်ထဲမှာတော့ ထိုအစီအရင်များကို လက်တွေ့လုပ်ဆောင်ချင်နေခဲ့သည်။ဒါပေမယ့် လူအများအထင်ကြီးတာကို မကြိုက်တဲ့အတွက် တိတ်တဆိတ်လုပ်ဆောင်ဖို့စဥ်းစားထားသည်။
ထို့နောက်အခန်းထဲတွင်အားလုံးက ထုံးစံအတိုင်း လေ့ကျင့်နေကြလေသည်။ တချို့ကတော့ အစီအရင်ဖန်တီးမှုကြောင့် ဆံပင်တွေမီးလောင် ၊ အင်္ကျီတွေ ပေါက်ပြဲကြကုန်ပြီး သူတောင်းစားများနဲ့တူကာ တစ်ခန်းလုံးဟာသများဖြစ်နေကြလေသည်။
ယီရှင်းထျန်နဲ့ချောင်ဖုန်းသည် အတူပြန်လာခဲ့ပြီး ယီရှင်းထျန်က ချောင်ဖုန်းအား မေးလိုက်သည်။
"ချောင်ဖုန်း.....မင်းမနေ့က ဘယ်မှာအိပ်တာလဲ"
ချောင်ဖုန်းသည် လေ့ကျင့်ဆောင်မှာ လေ့ကျင့်နေတာလို့ပြောတဲ့အခါ ယီရှင်းထျန်သည် ချောင်ဖုန်း သူ့ကို ညာတယ်ထင်ပြီး ဘာမှဆက်မပြောတော့ချေ။ချောင်ဖုန်းတို့သည် အိပ်ခန်းအဆောင်တို့အတူပြန်လာခဲ့ချိန်မှာ လမ်းမှာ လူတစ်ယောက်သည် ချောင်ဖုန်းအားလက်ဖြင့် တားလိုက်သည်။ထို့နောက်ထိုလူသည် ချောင်ဖုန်းအားကြည့်ကာပြောလိုက်သည်။
"ငါကဘယ်သူများလဲလို့.......လက်စသတ်တော့ မင်းဖြစ်နေတာကို"
ချောင်ဖုန်းသည် သူ့ကို တားတဲ့သူကို မှတ်မိသွားခဲ့သည်။ထိုလူကတော့ တိမ်လွှာမြို့က စားသောက်ဆိုင်မှာ ချောင်ဖုန်းအား ရန်စခဲ့ရွီးယန်းပင်ဖြစ်သည်။ယီရှင်းထျန်သည် ရွီးယန်းကို မြင်တဲ့အခါ နောက်ဆုတ်သွားသည်။ချောင်ဖုန်းကတော့ ရွီးယန်းရဲ့လက်ကို ဘေးဖယ်လိုက်ကာ အေးဆေးပင်ပြောလိုက်သည်။
"စီနီယာအကို.....ကျွန်တော်ကိစ္စလေးရှိလို့သွားခွင့်ပြုပါအုံး"
ချောင်ဖုန်း ရွီးယန်ကို ကျော်ပြီး ခြေသုံးလှမ်းလှမ်းပြီးနောက်မှာ ရွှီးယန်းရှိမှ အသံထွက်လာခဲ့သည်။
"ဂိုဏ်းသားအချင်းချင်းမို့လို့ မင်းကိုငါအလျော့ပေးလိုက်မယ် ၊ ဒါပေမယ့် ဖုန်းယွီနဲ့ဝေးဝေးနေဖို့တော့ ငါမင်းကို အကြံပေးချင်တယ်"
ချောင်ဖုန်းသည် ဖုန်းယွီနဲ့စေ့စပ်ထားတဲ့ ဂိုဏ်းကပါရမီရှင်သည် ရွီးယန်းဖြစ်မယ်လို့ ထင်မထား၍ ပြုံးပြီး ခေါင်းခါကာ ရှေ့ဆက်သွားမည့်အချိန်မှာ စနစ်မှအသံထွက်ပေါ်လာသည်။
"စနစ်ရှင်သည် ရွီးယန်းအား ရန်စနိုင်လျှင် သန့်စင်ခွင့် သုံးကြိမ်ရရှိပါမည်"
ချောင်ဖုန်းသည် အံ့အားသင့်သွားပြီး စိတ်ထဲကပင်စနစ်ကို ပြန်ပြောလိုက်သည်။
"မင်းက ငါ့ကို ပြသာနာဖြစ်စေချင်နေတာပဲ ၊ ဘာပဲဖြစ်ဖြစ်လေ သုံးကြိမ်ဆိုတော့ နည်းလား ဟီး.....ဟီး "
ချောင်ဖုန်းသည် သွားနေတာကို ရပ်လိုက်ပြီး ရွီးယန်းကြားအောင်ပြန်ပြောလိုက်သည်။
"စီနီယာအကို......ခင်ဗျားလူမှားပြီး ရန်စမိပြီထင်တယ်"
ထိုအခါ စနစ်မှ အသံထွက်ပေါ်လာလေသည်။
"ဂုဏ်ယူပါတယ်....စနစ်ရှင်သည် သုံးကြိမ်သန့်စင်ခွင့်ရရှိသွားပါပြီ"
ရွီးယန်း ၊ ယီရှင်းထျန် နှင့် အနားမှာရှိသော လူအနည်းငယ်သည် ချောင်ဖုန်းကို ရူးသွားပြီလားဟု ထင်သွားကြလေသည်။ယီရှင်းထျန်သည် ချောင်ဖုန်းပုခုံးအား ကိုင်ကာ ဆွဲခေါ်သွားမည့် ချိန်မှာ ရွီးယန်းသည် ရယ်လိုက်ကာ ပြန်ပြောလိုက်သည်း။
"ဟား....ကောင်းတယ် ၊ ငါ့ကိုရန်စကားမပြောရဲတဲ့သူအတော်ကြာနေပြီပဲ ၊ စီနီယာကို ရိုသေရမှန်းသိအောင် မကြာခင် ငါမင်းကို သေချာသင်ပေးရမယ်"
ထို့နောက် ရွီးယန်းလဲထွက်ခွာသွားလေသည်။ယီရှင်းထျန်သည် ချောင်ဖုန်းအား အခန်းထဲရောက်တဲ့အခါ ပြောလိုက်သည်။
"ချောင်ဖုန်း.....မင်းစီနီယာအကိုရွီးယန်းမှန်း သိသိရဲ့နဲ့ ဘာလို့ရန်သွားစတာလဲ"
ချောင်ဖုန်းသည် သိုလှောင်ကွင်းလက်စွပ်ထဲမှ အစီအရင်စာရွက်နဲ့ သွေးဘူးထုတ်ကာ ယီရှင်းထျန်အား မသိချင်ယောင်ဆောင်ပြောလိုက်သည်။
"ဘယ်သူလဲရွီးယန်းက......"
"မင်း......."
ယီရှင်းထျန်သည် ဘာမှမပြောပဲ သက်ပြင်းချကာ ပါးစပ်ပိတ်သွားလေသည်။