← Chapters

Chapter(21)

Vol. 2 Ch. 21

Chapter(21)

Vol. 2 Ch. 21

အသန့်စင်ဆုံးစနစ် အခန်း(21)

ယီရှင်းထျန်သည် ချောင်ဖုန်းပြုလုပ်နေသည်များကို ဂရုမစိုက်ဘဲ သူ့ကုတင်ပေါ်မှာ အိပ်ပျော်သွားလေသည်။ချောင်ဖုန်းကတော့ လက်ညိုးလက်ခလယ်တို့ကို သွေးများစွတ်လိုက်ပြီး အစီအရင်စာရွတ်အလွတ်ပေါ်တွင် ရူဟွမ်သင်ပြထားသော စာတစ်ချို့ ရေးချလိုက်သည်။ထို့နောက် လက်ချောင်းကလေးများကို ရူဟွမ်ကဲ့သို့ ကစားလိုက်တဲ့အခါ စာရွက်သည် အဝါရောင်အလင်းတန်းလေးတစ်ချက်လင်းထိန်သွားလေသည်။

"ဟီး.....နောက်ဆုံးတော့ ငါ့ကိုယ်ပိုင်အစီအရင်စာရွက်ဖန်တီးနိုင်သွားပြီပဲ"

ထို့နောက်ချောင်ဖုန်းသည် သူဖန်တီးထားတဲ့အစီအရင်စာရွက်ကို အသက်သွင်းလိုက်တဲ့အခါ အဝါရောင်အလင်းတန်းများသည် ဒိုင်းကာတစ်ခုကဲ့သို့ ချောင်ဖုန်းခန္ဓာကိုယ်တစ်ခုလုံးကို ကာသွားလေသည်။ထို့နောက် ချောင်ဖုန်းသည် ဂိုဏ်းမှပေးထားသော အစီအရင်စာအုပ်ကိုထုတ်လိုက်ပြီး အစီအရင်အမျိုးမျိူးကို စမ်းသပ်လေ့ကျင့်ပါတော့သည်။

ညဥ့်နက်ပိုင်းသို့ ရောက်လာတဲ့အခါ ချောင်ဖုန်းသည် ပင်ပန်းစွာနဲ့ပြောလိုက်သည်။

"နောက်ဆုံးတော့ ငါ့မှာရှိတဲ့အစီအရင်စာရွက်အလွတ်တွေရော သွေးဘူးလေးရော ကုန်သွားပြီပဲ "

ချောင်ဖုန်းသည် သူဖန်တီးထားသော အစီအရင်စာရွက်များကို သိုလှောင်ကွင်းလက်စွပ်အတွင်းသို့ထည့်လိုက်ပြီး အိပ်စက်အနားယူလိုက်သည်။ယီရှင်းထျန်ကတော့ ဟောက်တောင်ဟောက်နေပြီဖြစ်သည်။မနက်မိုးလင်းသို့ ရောက်တဲ့အခါ ချောင်ဖုန်းနဲ့ယီရှင်းထျန်သည် ပထမအဆင့်အဆောင်သို့ သွားဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ချောင်ဖုန်းသည် မသွားခင်မှာ ယီရှင်းထျန်ကို ရုတ်တရက်မေးလိုက်သည်။

"ရှင်းထျန်....ပထမအဆင့်အဆောင်ကနေ ဒုတိအဆင့်အဆောင်​ရောက်ဖို့ ဘာတွေလိုအပ်တာလား"

ယီရှင်းထျန်သည် ချောင်ဖုန်းမေးတာကို သိပ်မတွေးပဲ ပေါ့ပေါ့ပါးပါးပဲ ဖြေလိုက်သည်။

"ဒါက လွယ်လွယ်လေးလေးပါ.....မင်းက စီမံခန့်ခွဲရေးဌာနကို သွား နောက်ပြီး အဲ့ဒီကအကြီးအကဲတွေပြောတဲ့ အစီအရင်သုံးခုကို လုပ်ပြယုံပဲ"

ထိုအခါ ချောင်းဖုန်းသည် ယီရှင်းထျန်အား အံ့အားသင့်သည့်ပုံစံဖြင့် မေးလိုက်သည်။

"ဒါဆိုရှင်းထျန်.....မင်းက ဘာလို့ပထမအဆင့်အဆောင်မှာပဲတက်နေတာလဲ"

ထိုအခါ ယီရှင်းထျန်သည် ချောင်ဖုန်းအား ရယ်ကာမောကာပြောလိုက်သည်။တကယ်တော့ ယီရှင်းထျန်သည် ဒုတိယအဆင့်အဆောင်ကို အောင်မြင်ပြီးသူဖြစ်ပြီး တတိယအဆင့်အဆောင်ကိုတောင် တက်ရောက်နေသောသူဖြစ်သည်။သို့သော် သူ့အဖိုးအကြီးအကဲနဲ့စကားများ၍ သူ့အဖိုးက ယီရှင်းထျန်အား ပထမအဆင့်အဆောင်မှာပဲ နေခိုင်းခြင်းဖြစ်သည်။

ချောင်ဖုန်းသည် ထိုအခါမှသာ နားလည်သွားပြီး ယီရှင်းထျန်ကို သူနဲ့အတူ စီမံခန်ခွဲရေးဌာနကို လိုက်ခဲ့ဖို့ပြောလိုက်သည်။

ယီရှင်းထျန်သည် ဘာမှမေးမနေဘဲ ချောင်ဖုန်းနဲ့အတူလိုက်သွားခဲ့သည်။စီမံခန့်ခွဲရေးဌာနတွင် ဒီတစ်ခေါက်လူပေါင်းများစွာဖြင့် ပြည့်နေလေသည်။

"ရှင်းထျန်.....ဘာကိစ္စရှိလို့ ဒီမှာလူတွေပြည့်နေတာလဲ"

"ငါလဲမသိဘူးလေ......."

ထိုအခါ ချောင်ဖုန်းနားက လူတစ်ယောက်ကပြောလိုက်သည်။

"မင်းတို့မသိဘူးလား.....မိစ္ဆာသားရဲတောရဲ့ မဟာချိုင့်ဝှမ်းမှာ ​ပိတ်မိနေတဲ့ အဆင့်ငါးနတ်ဆိုးသားရဲကောင်ကို သတ်နိုင်တဲ့အဖွဲ့ကို ဂိုဏ်းက ဆုလာဒ်တွေပေးမှာတဲ့"

ယီရှင်းထျန်သည် အံသြသည့်ပုံဖြင့်မေးလိုက်သည်။

"အဆင့်ငါးနတ်ဆိုးသားရဲဆိုတော့ နတ်ဆိုးသားရဲစစ်သူကြီးအဆင့်ပဲ ၊ ဘာဆုပေးမှာမို့လို့ ဒီကိုအားလုံးရောက်နေကြတာလဲ"

ထိုအခါ ပြောပြနေသောသူသည် အသံတိုးတိုးဖြင့်ပြောလိုက်သည်။

"ယီရှင်းထျန်....မင်းကကြားဖူးမှာပေါ့ ၊ ငါတို့ယန်အစီအရင်ဂိုဏ်းရဲ့ တည်ထောင်သူ ဘိုးဘေးချန်ထားခဲ့တဲ့ မှော်အစီအရင် ရတနာလက်နက်လေ"

ထိုအခါ ယီရှင်းထျန်သည် အံ့အားသင့်စွာ ပြန်ပြောလိုက်သည်။

"မင်းပြောတာ ပျက်စီးသွားတဲ့ယန်အစီအရင်ရတနာ ကိုပြောတာလား"

ထိုလူသည် ခေါင်းငြိမ့်ကာ ပြန်ပြောလိုက်သည်။

"ဟုတ်တယ်.....အဲ့အစီအရင်ရတနာကပျက်စီးနေပေမယ့် ဘုရင်နယ်ပယ်အဆင့်က တိုက်ခိုက်မှုကိုတောင် ကာကွယ်နိုင်သေးတယ် ၊ မပျက်စီးခင်ကဆို ဘယ်လောက်ထိအစွမ်းထက်မလဲမသိဘူး"

သူတို့နှစ်ယောက်ပြောတာတွေကို ကြားပြီး ချောင်ဖုန်းသည် စိတ်ဝင်စားနေလေသည်။ထိုချိန်မှာ လုဝမ်ရဲ့အမိန့်ပေးတဲ့အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

"အားလုံးတိတ်တိတ်နေကြစမ်း......."

ထိုအခါ အားလုံးသည် တိတ်ဆိတ်သွားကြပြီး လုဝမ်ကို ကြည့်နေကြသည်။ထို့နောက် လှဝမ်သည် လေပေါ်သို့ အေးဆေးခုန်တက်သွားပြီး လေထဲတွင် ရပ်နေလေသည်။အားလုံးသည် လုဝမ်က ဧကရာဇ်နယ်ပယ်အဆင့်မှန်း သိရှိထားကြသည်။

လုဝမ်သည် သူ့သိုလှောင်ကွင်း လက်စွပ်ထဲမှ ယန်အစီအရင်ရတနာကို ထုတ်လိုက်ကာ အားလုံးကိုပြလိုက်သည်။ယန်အစီအရင်ရတနာသည် ​ရှားပါးသောကျောက်များနဲ့ပြုလုပ်ထားပြီး စက်ဝိုင်းအသွင်အပြင်ရှိသည်။

ထို့နောက် လှဝမ်သည် ယန်အစီအရင်ရတနာကို လေပေါ်တွင်ဝဲစေပြီး လက်ချောင်းများ လှုပ်ရှားလိုက်သည်။ထိုအခါယန်အစီအရင်ရတနာထဲမှ စာရွက်အလှံလေးခုထွက်လာကာ အရပ်လေးမျက်နှာသို့ရောက်ရှိသွားပြီး ပေတစ်ရာကျော်မှာ ရပ်တန့်သွားကြသည်။ထို့နောက် ပေတစ်ရာအတွင်းတွင်း ကြီးမားသော လျှပ်စီးရောင် ဒိုင်းကာကြီးတစ်ခုဖြစ်ပေါ်လာလေသည်။

စီမံခန့်ခွဲရေးဌာနမှာ ရှိနေသော ဂိုဏ်းသားအားလုံးသည် ထိုအစီအရင်ရတနာကို သဘောကျသွားကာ မျက်လုံးများတွင် လောဘရမက်များဖြစ်ပေါ်နေကြသည်။ထို့နောက် လုဝမ်သည် ယန်အစီအရင်ကို ပြန်သိမ်းလိုက်ပြီး ဂိုဏ်းသားအားလုံးကို ပြောလိုက်သည်။

"ကဲအခုကစပြီးတော့ အဖွဲ့စာရင်းနာမည်ပေးလို့ရပြီ ၊ နတ်ဆိုးစစ်သူကြီးကို သတ်နိုင်တဲ့အဖွဲ့က ဘယ်အဖွဲ့ဖြစ်လာမလဲ ငါသိချင်သေးတယ်"

လုဝမ်သည် လေပေါ်မှ ပြန်ဆင်းလာလိုက်ပြီး ထိုင်ခုံပေါ်တွင် ပြန်ထိုင်လိုက်သည်။ခဏအကြာမှတော့ နောက်ထပ်လူများစွာသည် ရောက်ရှိလာကြပြီး အဖွဲ့ဖွဲ့ကာ စာရင်းပေးသွင်းကြလေသည်။

ထိုချိန်မှာ ယီရှင်းထျန်သည် ချောင်ဖုန်းကို စနောက်လိုက်သည်။

"ချောင်ဖုန်း.....မင်းစာရင်းသွားမပေးသေးဘူးလား......"

ချောင်ဖုန်းသည် မျက်နှာတည်ငြိမ်စွာနဲ့ ပြတ်သားစွာပြန်ပြောလိုက်သည်။

"တကယ်တော့ အဖွဲ့လိုက်လှုပ်ရှားရတာကို ငါမုန်းတယ်......ဒါပေမယ့် ခဏလောက် စောင့်လိုက်အုံးမယ်"

ထိုအခါ ယီရှင်းထျန်သည် ချောင်ဖုန်းကို မာနကြီးတဲ့လူဆိုပြီး ထင်သွားလေသည်။ဒါပေမယ့် သူ့စိတ်ထဲမှာ ချောင်ဖုန်းက စွမ်းအားကြီးသူဖြစ်ပြီး သာမာန်လူအဖြစ်ဟန်ဆောင်နေတာလားဟု စိတ်ထဲတွင်ဝေဝါးနေလေသည်။

ချောင်ဖုန်းကတော့ ထိုပြိုင်ပွဲတွင် ဝင်ပါချင်ပေမယ့် သူရဲ့စွမ်းအားအမှန်အကန်ကို မထုတ်ပြချင်သေးပေ။

ဒါကြောင့်မို့လို့ သူ့အတွက် မျက်နှာဖုံးတစ်ခုခု လိုအပ်နေလေသည်။

ထိုချိန်မှာ ယီရှင်းထျန်သည် ချောင်ဖုန်းစိတ်ကို သိနေသလိုပင်ချောင်ဖုန်းအားမေးလိုက်သည်။

"ချောင်ဖုန်း......ပြိုင်ပွဲမှာ ပါဖို့အတွက် မင်းမျက်နှာကိုဖုံးကွယ်ထားချင်တာလား"

ချောင်ဖုန်းသည် အံ့အားသင့်သွားပြီး ယီရှင်းထျန်အားပြန်မေးလိုက်သည်။

"မင်းဘယ်လိုလုပ်သိတာလဲ....."

ထိုအခါ ယီရှင်းထျန်သည် သားရေမျက်နှာဖုံးတစ်ခု ပစ်ပေးလိုက်ပြီး ဆရာကြီးပုံစံဖြင့်ပြောလိုက်သည်။

"အဲ့သားရေမျက်နှာဖုံးက သာမာန်သားရေမျက်နှာဖုံးမဟုတ်ဘူး ၊ မင်းတပ်လိုက်ရရင် သိရလိမ့်မယ်"

ချောင်ဖုန်းသည် ထိုသားရေမျက်နှာဖုံးကို တပ်လိုက်တဲ့အခါမှာတော့

ထူးဆန်းအံသြစွာဖြစ်ပေါ်သွားသည်။ထိုသားရေမျက်နှာဖုံးသည် မျက်နှာတင်ပြောင်းလဲတာမဟုတ်ဘဲ ခန္ဓာကိုယ်အချိူးအစားပါ ပြောင်းလဲသွားလေသည်။တကယ်တော့ ယီရှင်းထျန်သည်လည်း သူ့မှာစွမ်းရည်ရှိတာကို မထုတ်ပြချင်တာကြောင့် ထိုသားရေမျက်နှာဖုံးကို ဆောင်ထားခြင်းဖြစ်သည်။

ချောင်ဖုန်းသည် ဝမ်းသာစွာနဲ့ ယီရှင်းထျန်ကို ပြောလိုက်သည်။

"ရှင်းထျန်.....မင်းရောဘယ်လိုလဲ"

ယီရှင်းထျန်လည်း ချောင်ဖုန်းဆိုလိုတာကို နားလည်ပြီး သူ့သိုလှောင်ကွင်းလက်စွပ်ထဲမှ သားရေမျက်နှာဖုံးတစ်ခုကို တပ်လိုက်ပြီး ချောင်ဖုံးပုခုံးကို ပုတ်ကာပြောလိုက်သည်။

"အတူသွားကြတာပေါ့...."

ချောင်ဖုန်းနဲ့ယီရှင်းထျန်သည် စာရင်းပေးတဲ့နေရာရောက်တဲ့အခါ လူသုံးယောက်လောက်သာကျန်ရှိပါတော့သည်။ချောင်ဖုန်းတို့လဲ ထိုလူတွေနဲ့အဖွဲ့တစ်ဖွဲ့ ဖွဲ့လိုက်ပြီး စာရင်းပေးလိုက်သည်။

All Chapters