Chapter(22)
Vol. 2 Ch. 22
အသန့်စင်ဆုံးစနစ် အခန်း(22)
တခြားအဖွဲ့တွေသည် မိစ္ဆာတော၏ မဟာချိုင့်ဝှမ်းကို သွားနေကြပြီဖြစ်သည်။ချောင်ဖုန်းတို့အဖွဲ့ကတော့ နောက်ဆုံးကနေ လိုက်ပါသွားခဲ့သည်။မဟာချိုင့်ဝှမ်းဆိုတဲ့နေရာသည် ချိုင့်ခွက်များအလွန်ပေါများကာ ဂူဟောင်းဂူပျက်များလဲ ပေါများသော နေရာဖြစ်သည်။
ဧကရာဇ်နယ်ပယ်အဆင့်ကျင့်ကြံသူများသာ မဟာချိုင့်ဝှမ်းကို သွားလာရဲကြသည်။ယခုပိတ်မိနေသော နတ်ဆိုးစစ်သူကြီးသည်လည် ဧကရာဇ်နယ်ပယ်အဆင့်က လူရဲ့တိုက်ခိုက်မှုကို ခံထားရပြီး ထွက်ပြေးနေတဲ့ နတ်ဆိုးသားရဲကောင်ဖြစ်သည်။
ယန်အစီအရင်ဂိုဏ်းမှ အဖွဲ့ဖွဲ့ထားသည့် ဂိုဏ်းသားများသည် မဟာချိုင့်ဝှမ်းသို့ ရောက်ရှိတဲ့အခါ အဆင့်ငါးနတ်ဆိုးသားရဲကောင်ကို သတ်ဖြတ်ဖို့ ရှာဖွေပါတော့သည်။နတ်ဆိုးသားရဲကောင်သည် ဂူဟောင်းဂူပျက်အတွင်းမှာသာ ပုန်းနေ၍ အပြင်သို့ ထွက်မလာချေ။
ယန်အစီအရင်ဂိုဏ်းမှ ဧကရာဇ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားသည် နတ်ဆိုးသားရဲကောင်အား မဟာချိုင့်ဝှမ်းအတွင်းမှ ထွက်မပြေးနိုင်အောင် အစီအရင်ချထားခြင်းဖြစ်သည်။
ချောင်ဖုန်းတို့အဖွဲ့သည်လည်း ထိုနတ်ဆိုးသားရဲကောင်အားရှာဖွေနေကြလေသည်။ထိုချိန်မှာ နတ်ဆိုးသားရဲကောင်ရဲ့ ဟိန်းဟောက်နေသံကို အားလုံးကြားလိုက်ရတဲ့အတွက် ရှိသမျှအဖွဲ့အားလုံးသည် ထိုနေရာသို့ ပြေးသွားကြလေသည်။
အားလုံးသည် ထိုနေရာကိုရောက်ရှိတဲ့အခါ မျှော်လင့်မဲ့ကင်းမဲ့သလိုဖြစ်သွားပြီးပြောလိုက်သည်။
"ဆရာတူအကို ရွီးယန်းတို့အဖွဲ့ပဲ ၊ ဒီလိုဆို ငါတို့အခွင့်အရေးရှိမယ်မထင်တော့ဘူး"
နောက်ထပ်တစ်ယောက်ကလဲ ထပ်ပြောလိုက်သည်။
"မင်းပြောတာမှန်တယ် ၊ ဆရာတူအကိုရွီးယန်းအပြင် ဆရာတူအမ ဖုန်းယွီရဲ့အရည်အချင်းကိုလဲ အထင်သေးလို့မရဘူး ၊ တကယ်လိုက်ဖက်တဲ့စုံတွဲတွေပဲ"
နတ်ဆိုးသားရဲကြီးသည် သူ့လက်နှစ်ဖက်ဖြင့် ရင်ဘတ်ကိုပုတ်ကာ မာနိဖီဟိန်းဟောက်နေလေသည်။ရွီးယန်းသည် သူရဲ့ဓားကို ဝိညဥ်စွမ်းအင်အသက်သွင်းကာ ပါးစပ်ကလဲ "နတ်ဆိုးဘုရင်သတ်ကျင့်စဥ်" ဟု ပြောလိုက်ပြီး နတ်ဆိုးသားရဲကို ခုတ်ချလိုက်သည်။
ထိုအခါ ဧရာမဝိညဥ်စွမ်းအင်ဓားအကြီးကြီးသည် နတ်ဆိုးသားရဲကြီးကို နတ်ဆိုးကြီးဆီကို ရောက်ရှိသွားသည်။
နတ်ဆိုးသားရဲကြီးသည်သူ့ရဲ့အပြာရောင်လက်သည်းအကြီးကြီးများနှင့် ဓားကို ခုခံကာကွယ်လိုက်သည်။
ချောင်ဖုန်းသည် ရွီးယန်းရဲ့ နတ်ဆိုးဘုရင်သတ်ကျင့်စဥ်သည် ကြောက်မက်ဖွယ်ကောင်းတာကြောင့် စိတ်ဝင်စားသွားသည်။ ချောင်ဖုန်းသည် ရွီးယန်းရဲ့လှုပ်ရှားမှုများကို နတ်ဘုရားအသွင်ကျင့်စဥ်ကြောင့် အစအဆုံးမှတ်မိနေလေသည်။
ရွီးယန်းအဖွဲ့မှကျန်ရှိတဲ့လူတွေကလဲ ရွီးယန်းတိုက်ခိုက်နေချိန်အတွင်း ဓားများဖြင့် နေရာအစုံမှ နတ်ဆိုးသားရဲအားဝင်ထိုးကြလေသည်။
ထိုချိန်မှာ နတ်ဆိုးသားရဲကြီးသည် သူရဲ့ခြေထောက်တစ်ဖက်ကို မြေကြီးပေါ်ကို အားဖြင့် ဆောင့်နင်းချလိုက်တဲ့အခါ ရွီးယန်းအပါအဝင်အားလုံးသည် နတ်ဆိုးသားရဲကြီးရဲ့အဝေးကို လွင့်ထွက်ကာ သွေးများပင် အန်သွားကြလေသည်။
အားလုံးသည် နတ်ဆိုးသားရဲကို တိုက်ခိုက်ဖို့ကြောက်ရွံသွားကြလေသည်။ထို့နောက်နတ်ဆိုးသားရဲကြီးသည် သူမျက်လုံးအတွင်းမှ နေရောင်လို့ ရောင်ခြည်ကြီး ထွက်လာကာ ရွီးယန်းတို့တစ်ဖွဲ့လုံးကို လိုက်လံ တိုက်ခိုက်လေသည်။
ရွီးယန်တို့တစ်ဖွဲ့လုံးသည် ဘုရင်နယ်ပယ်အဆင့်ကို ရောက်ရှိနေကြသူများဖြစ်ပြီး ယန်အစီအရင်ဂိုဏ်း၏ လက်ရွှေးစင်တပည့်များပင်ဖြစ်ကြသည်။ရွီးယန်းတို့သည် အစီအရင်စာရွက်များကို အကာအကွယ်ပြုလိုက် တိုက်ခိုက်လိုက်လုပ်နေခဲ့သည်။ထိုချိန်မှာ အဖွဲ့ထဲမှ တစ်ယောက်သည် ရှောင်ပြေးနေရင်းပင်ပြောလိုက်သည်။
"ဆရာတူအကို...... ငါတို့ လက်လျော့လိုက်ရင်ကောင်းမယ် ၊ ငါတို့ဒီနတ်ဆိုးသားရဲကို ပြန်တိုက်ဖို့ အခွင့်အရေးတစ်စက်လေးတောင်မရှိဘူး ၊ ဒီကောင်ရဲ့ခုခံမှုက တအားကောင်းတယ်"
ရွီးယန်းသည် လက်မလျော့ချင်ပေမယ့် သူ့အဖွဲ့ဝင်တွေကို ကြည့်လိုက်တဲ့အခါ သူအပါအဝင်သူ့လူအားလုံးဟာဒဏ်ရာရှိနေပြီဖြစ်သည့်အတွက် ထွက်ခွာဖို့ပြောလိုက်သည်။
"ကောင်းပြီလေ ငါတို့လဲ ဒဏ်ရာရနေပြီဆိုတော့ လက်လျော့လိုက်ရတာပေါ့ ၊ နောက်ပြီး ငါတို့လို့ ဂိုဏ်းရဲ့လက်ရွှေးစင်ပင်မတပည့်တွေတောင် ဒီနတ်ဆိုးသားရဲကို မနိုင်တာ ဘယ်အဖွဲ့က တိုက်ခိုက်ရဲတော့မှာလဲ"
ရွီးယန်းသည် သူ့လူတွေကို ထွက်ခွာဖို့ အချက်ပေးလိုက်ပြီး နတ်ဆိုးသားရဲကောင်၏ အဝေးကို ထွက်ပြေးသွားကြလေသည်။ထိုအခါအနားမှာ ရှိသောအဖွဲ့များစွာကလဲ တိုက်ခိုက်ဖို့ တွန့်ဆုတ်သွားကြသည်။
"ငါတို့လဲ လက်လျော့လိုက်တာကောင်းပါတယ် ၊ ဘုရင်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားတစ်ဖွဲ့လုံးတောင် မနိုင်တာ ငါတို့လို့ ဘုရင်နယ်ပယ်အဆင့်နှစ်ယောက်ထဲရှိတဲ့အဖွဲ့က သွားတော့အသေမခံနိုင်ဘူး"
ထို့နောက် အဖွဲ့အားလုံးသည် ထိုနေရာကနေ ယန်အစီအရင်ဂိုဏ်းကို ပြန်သွားကြပြီး ချောင်ဖုန်းတို့အဖွဲ့သာ ကျန်ရှိတော့သည်။ခဏအကြာမှာ ချောင်ဖုန်းတို့အဖွဲ့ကလူတွေလဲ ပြန်သွားပြီး ယီရှင်းထျန်နဲ့ ချောင်ဖုန်းသာကျန်ရှိပါတော့သည်။
ထိုချိန်မှာ သူတို့နှစ်ယောက်ကို စောင့်ကြည့်နေတဲ့သူတစ်ချို့ရှိနေခဲ့သည်။
"ဒီနှစ်ယောက်က နတ်ဆိုးသားရဲကို နှစ်ယောက်ထဲနဲ့တိုက်ခိုက်ဖို့ ကြံနေတာလား ၊ မဖြစ်နိုင်ပါဘူး...ရွီးယန်းလို မာနကြီးတဲ့ကောင်တောင် မလုပ်ရဲတဲ့ကိစ္စပဲ"
ယီရှင်းထျန်သည်လည်း နောက်လှည့်ပြန်ဖို့ လုပ်ပြီး ချောင်ဖုန်းကိုပြောလိုက်သည်။
"ငါတို့လဲ လက်လျော့ကြလိုက်ရအောင် ၊ နောက်ပြီး ယန်အစီအရင်ရတနာက ပျက်စီးနေတဲ့အပြင် ရရှိရင်တောင် ငါတို့ အသုံးပြုနိုင်သေးမှာမဟုတ်ဘူး "
ထိုချိန်မှာ ချောင်ဖုန်းသည် နတ်ဆိုးသားရဲကောင်ရှိသို့ ခုန်ကာရောက်ရှိသွားလေသည်။
ယီရှင်းထျန်သည် ချောင်ဖုန်းအားပြန်လှည့်
ကြည့်လိုက်တဲ့အခါ ချောင်ဖုန်းသည် နတ်ဆိုးသားရဲကောင်နားကို ရောက်သွားတာကို မြင်လိုက်ရသည်။
"သေစမ်း......ငါ့ကိုပါ သူနဲ့အတူလိုက်သေခိုင်းနေတာပဲ"
ထိုအခါယီရှင်းထျန်သည်လည်း ချောင်ဖုန်းအနားကို ခုန်ကာသွားလိုက်သည်။ထိုအခါ ကြည့်နေသောအကြီးအကဲတချို့သည် မယုံနိုင်ဖြစ်သွားလေသည်။
"ဒီနှစ်ယောက် ဒီလောက်ထိမိုက်ရူးရဲဆန်မယ်လို့ ငါမထင်ထားမိဘူး ၊ သူတို့မှာ ဘာယုံကြည်ချက်တွေရှိလို့ တိုက်ခိုက်ရဲတာပါလိမ့်"
ထိုချိန်မှာ စနစ်မှ ချောင်ဖုန်းအားသတိပေးလာခဲ့သည်။
"စနစ်ရှင်သည် လက်ရှိအဆင့်နဲ့ အဆင့်ငါးနတ်ဆိုးသားရဲကောင်အား မတိုက်ခိုက်နိုင်သေးပါ "
ချောင်ဖုန်းသည် စိတ်ထဲကပင် စနစ်ကို ပြောလိုက်သည်။
"ခဏစောင့်ပါ အပြောမကြီးနဲ့အုံး "
ယီရှင်းထျန်သည် ချောင်ဖုန်းသည် အမှန်တကယ်တိုက်ခိုက်တော့မည့်ဖြစ်တဲ့အတွက် ကြောက်ရွံနေခဲ့သည်။ထိုချိန်မှာ သူ့ဘေးနားမှာ ရှိနေတဲ့ချောင်ဖုန်းသည် ရုတ်တရက်ပျောက်သွားတဲ့အတွက် အံသြသွားလေသည်။
ချောင်ဖုန်းသည် နတ်ဘုရားခြေလှမ်းကို အသုံးပြုကာ နတ်ဆိုးသားရဲရဲ့နောက်ကို အမြန်သွားလိုက်ပြီး ကိုယ်ပိုင်စွမ်းအင် လက်သီးဖြင့် နတ်ဆိုးသားရဲအားထိုးချလိုက်သည်။နတ်ဆိုးသားရဲကြီးသည် သူ့နောက်တွင် ချောင်ဖုန်းရဲ့လက်သီးဝင်လာတာကို ချက်ချင်းသိပြီး ကာလိုက်ပင်မယ့် အနောက်သို့ အတော်ပင်ရွေ့သွားသည်။
ယီရှင်းထျန်သည် အံသြမနေတော့ဘဲ သူ့ရဲ ကိုယ်ပိုင်ဓားကို ရေဝိညဥ်စွမ်းအင်အသက်သွင်းကာ နတ်ဆိုးသားရဲအားဝင်တိုက်ခိုက်လိုက်သည်။
"ရှင်းထျန်....ခဏလောက်အချိန်ဆွဲထား"
ယီရှင်းထျန်သည် ခေါင်းငြိမ့်လိုက်ပြီး သိုင်းကျင့်စဥ်ထုတ်ကာ နတ်ဆိုးသားရဲအားထပ်မံတိုက်ခိုက်လိုက်သည်။ထိုချိန်မှာ ချောင်ဖုန်းသည် သိုလှောင်ကွင်းထဲမှာ အစီအရင်စာရွက်တချို့ ထုတ်လိုက်ပြီး နတ်ဆိုးသားရဲက ယီရှင်းထျန်ကို အာရုံစိုက်နေချိန်မှာ နတ်ဆိုးသားရဲကောင်ရဲ့ခန္ဓာကိုယ်အနှံကို အစီအရင်စာရွက်များကပ်လိုက်သည်။
ကြည့်နေသော အကြီးအကဲတစ်ယောက်သည် အံသြသွားကာ ပြောလိုက်လေသည်။
"ဒီကောင်လေးမှာ အစီအရင်စာရွက်တွေများလှချည်လား"
ထို့နောက်ချောင်ဖုန်းသည် ယီရှင်းထျန်ကို နောက်ကို ဆုတ်ခိုင်းလိုက်သည်။ယီရှင်းထျန်သည် နောက်တောင်မဆုတ်လိုက်ရဘဲ နတ်ဆိုးသားရဲကြီး၏ တိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားပြီး "ငါမရတော့ဘူး....." ဟု ပြောဆိုပြီး မြေပေါ်မှာတင် သတိလစ်သွားလေသည်။
ထိုအခါ ချောင်ဖုန်းသည် သူအစီအရင်စာရွက်များကို အသက်သွင်းလိုက်တဲ့အခါ နတ်ဆိုးသားရဲကောင်ရဲ့ ခန္ဓာကိုယ်အနှံသည် ပေါက်ကွဲကုန်ပြီး ဒဏ်ရာများစွာ ရရှိသွားလေသည် ။သို့သော်နတ်ဆိုးသားရဲကြီးသည် ရင်ဘတ်ကို အကြိမ်ပေါင်းများစွာထုကာ ဟိန်းဟောက်နေလေသည်။
ချောင်ဖုန်းသည် လေပေါ်သို့ တချက်ခုန်တက်လိုက်ပြီး သူ့ရဲ့ဓားကို ထုတ်လိုက်သည်။ချောင်ဖုန်းသည် ဧကရာဇ်နယ်ပယ်အဆင့်ရှိစွမ်းအင်အငွေ့အသက်များကို ခံစားနေရတဲ့အတွက် အသွင်ကိုးမျိုးမရဏကို အသုံးမပြုရဲပေ။ချောင်ဖုန်းသည် ဓားကိုဝိညဥ်စွမ်းအင် အသက်သွင်းပြီးနောက် ရွီးယန်း၏ နတ်ဆိုးဘုရင်သတ်ကျင့်စဥ်ဖြင့် နတ်ဆိုးသားရဲကောင်အားတိုက်ခိုက်လိုက်သည်။
ထိုအခါ ကြည့်နေတဲ့အကြီးအကဲအားလုံးသည် အံ့အားသင့်သွားကာ နှုတ်ကပင် ထွက်ဆိုမိသွားသည်။
"ဘာ..... ဒီတစ်ယောက်ကလဲ နတ်ဆိုးဘုရင်သတ်ကျင့်စဥ်ကို တက်မြောက်နေတာလား"