နှင်းငှက်တောင်တံဆိပ်ပြား
Vol. 3 Ch. 41
မိုးပေါ်တွင် လမှာမြင့်မားလှသည်။ ချုံချီနှင့် ပိုင်ဇီတို့၏ စိတ်မှာ တခြား ရောက်နေပြီး နေဝင်တောဆီသို့ အာရုံစိုက်ကာ စိတ်လှုပ်ရှားနေသည်ကို ပေထင်းဟွမ် မြင်နေရသည်။ သူတို့နှစ်ယောက်သည် အကြည့်ချင်းဖလှယ်လိုက် ကြသည်။ ပိုင်ဇီသည် ပေထင်းဟွမ်နှင့် တစ်ခွက်သောက်ပေးပြီးနောက် လုပ်စရာရှိ၍ထွက်သွားမည်ဟု ပြောလေသည်။
“စိတ်မပူနဲ့ သခင်လေး ၉ ချုံချီက မင်းကိုကာကွယ်ပေးလိမ့်မယ်” ပိုင်ဇီ သည် မတ်တတ်ထကာ ပြောလေသည်။
ပေထင်းဟွမ်သည် ခေါင်းခါပြီး ချုံချီအား ပြောလိုက်သည် “ချုံချီ မင်းလည်းသွားလိုက်ပါ ကျွန်တော် ဒီမှာနေခဲ့မယ်..” သူမသည် ချင်ယွိအား ကြည့်လိုက်သည် “ချင်ယွိက ကျွန်တော့်အစ်ကိုကြီးပဲ.. ကျွန်တော်တစ်ခုခုဖြစ် ရင် သူက ဂရုစိုက်မှာပါ”
သူမသည် သူမကိုကာကွယ်မည့်လူ မလိုတော့ပေ။ သူမကိုယ်သူမ ကာကွယ်နိုင်သည်။ သို့သော် ချုံချီနှင့်ပိုင်ဇီတို့သည် သူမကို ကာကွယ်နေတုန်း ပင်။ ယန်ယဲ့၏အမိန့်ကြောင့်ဖြစ်သည်မှာ ရှင်းလင်းနေသည်။သူမ ထိုသို့မပြော လျှင် တစ်ယောက်မှာ နေခဲ့လေမည်။
စီရင်ချက်ဗိမာန်မှလူများသည် မှော်သားရဲများရောက်လာချိန်ကပင် ထွက်သွားပြီဖြစ်သည်။ ကောင်းကင်ဝိညာဉ်သခင် ငါးဦးသည် ပျောက်သွားလေ ပြီ။ ညအရှင်အိမ်တော်အား ဥကူရှာပေးမည်ဟု ဆင်ခြေပေးကာ ယန်ယဲ့ကို လပြည့်ည၌ ရှင်းပစ်ချင်နေခြင်းဖြစ်သည်။
ချင်ယွိသည် သူ့ရင်ဘတ်ကို လျင်မြန်စွာပုတ်ပြီး ပြောလိုက်သည် “ပြဿနာမရှိဘူး ရှောင်ကျို့ပြောတာဟုတ်တယ် ငါက သူ့ရဲ့အစ်ကိုကြီးပဲ သူ့အသက်က ကျွန်တော့်အသက်ပဲ”
“ကောင်းတယ် အဲလိုဆိုရင်တောင် ဒီကိစ္စပြီးရင် ညအရှင်အိမ်တော်က တာဝန်ပေးဖို့ ကြေးစားအဖွဲ့ဆီကို လာဦးမှာပဲ.. ဒီနေ့ညတာဝန်အဖြစ် သခင်လေး ၉ ကိုကာကွယ်ဖို့ကိုတော့ အေအဆင့်တာဝန်သတ်မှတ်တာပေါ့.. ညအရှင်အိမ်တော်က နှင်းဝံပုလွေကြေးစားတပ်ဖွဲ့ကို ဆုပေးမှာပါ” ချုံချီသည် ချင်ယွိအား ပြာလဲ့သောမျက်လုံးတစ်စုံဖြင့် ကြည့်လေသည်။
အေအဆင့်တာဝန်ဟုတ်လား။ သခင်လေး ၉ ကိုကာကွယ်ဖို့က ဥရှာတဲ့ တာဝန်နဲ့အတူတူပဲဖြစ်ပြီး သန့်စင်သားရဲကိုဆုပေးမယ်လို့ ပြောနေတာလား။
စခန်းတစ်ခုလုံးသည် တိတ်ဆိတ်သွားသည်။ သူတို့ကြားလိုက်ရသည့် စကားကို မည်သူမှ မယုံရဲကြပေ။ ပေထင်းဟွမ်သည် အဆင့် ၇ ဓားသမား အဆင့်သာရှိကာ ညအရှင်အိမ်တော်တွင် ကျွမ်းကျင်သူများစွာရှိနေသည်။ ညအရှင်အိမ်တော်က ပေထင်းဟွမ်ကို ဒီလောက်တန်ဖိုးထားနေတဲ့ အကြောင်းအရင်းကဘာလဲ။
မည်သူမှ မသိကြပေ။
ချုံချီလည်း နားမလည်နိုင်ပေ။ သို့သော် ဤကိစ္စသည် ယန်ယဲ့၏အမိန့် ဖြစ်သည်။ သူသည် သခင်ဖြစ်သူ၏အမိန့်ကို မနာခံဘဲမနေနိုင်ပေ။
ပေထင်းဟောက်သည် ဒေါသကြောင့် အံကြိတ်မိသည်။ ချင်ယွိ၏ အဆင့် သည် အဆင့် ၇ ဝိညာဉ်သခင်ဖြစ်ကာ ဝိညာဉ်သားရဲနှင့် အဆင့်တူသည်။ တိုက် ၏ အေအဆင့်ကြေးစားအဖွဲ့တစ်ဖွဲ့အနေနှင့် နှင်းဝံပုလွေကြေးစားတပ်ဖွဲ့သည် အားကောင်းသည်။ ချုံချီနှင့် ပိုင်ဇီတို့ထွက်သွားလျှင်တောင် ပေထင်းဟွမ်ကို တိုက်ခိုက်ရန် မလွယ်ကူနိုင်ပေ။
သူသည် အခွင့်အရေးကို တဖြည်းဖြည်းစောင့်ရုံသာရှိသည်။ ညအရှင် အိမ်တော်သည် သူမကို တစ်ခဏမျှသာ ကာကွယ်နိုင်မည်သူ သူယုံသည်။ သူမ ကိုတစ်သက်လုံး ကာကွယ်သွားဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ။
အမှိုက်တစ်စက သေကိုသေသင့်တာ။
“ဆရာချုံချီနဲ့ ဆရာပိုင်ဇီ ဒါဘာအဓိပ္ပာယ်လဲ” ချင်ယွိသည် အလွန် မပျော်ရွှင်ပေ။ သူသည် မတ်တတ်ထကာ သတ္တုနက်နှင့်ပြုလုပ်ထားသည့် တံဆိပ်ပြားထုတ်လိုက်သည်။ တံဆိပ်ပြားသည် လက်ဖဝါးအရွယ်အစားရှိကာ သူ ပေထင်းဟွမ်အား ပေးလိုက်သည် “ရှောင်ကျို့ ယူလိုက်”
တံဆိပ်ပြားတစ်ဖက်တွင် ဝံပုလွေခေါင်းနှင့်အတူ အစွန်တွင် ရှုပ်ထွေး သောပုံစံများ ထွင်းထုထားသည်။ ထိုတံဆိပ်ပြားကိုမြင်သောအခါ ချုံချီနှင့် ပိုင်ဇီ တို့ မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းမိသည်။ ပတ်ပတ်လည်မှ လူအုပ် သည် ချက်ချင်းပင် အော်မိကြသည်။
“နှင်းငှက်မွေးတံဆိပ်ပြား”
“ဘုရားရေ သခင်လေးချင်ယွိက နှင်းငှက်မွေးတံဆိပ်ပြားကို ထုတ်လိုက် တာပဲ”
ပေထင်းဟွမ်သည် နှင်းငှက်မွေးတံဆိပ်ပြားကို မသိသော်လည်း သူမ၏ ပတ်ပတ်လည်မှ လူများ၏မျက်နှာထားကိုမြင်သောအခါ အလွန်ထူးခြားပြီး အဖိုးတန်သည့် တစ်စုံတစ်ရာဖြစ်မည်ကို သိလိုက်သည်။ နှင်းဝံပုလွေကြေးစား တပ်ဖွဲ့မှလူတစ်ယောက်သည် ချင်ယွိကို သတိပေးလိုက်ချင်သော်လည်း အကြည့်ဖြင့် သတိပေးခံလိုက်ရသည်။
ပေထင်းဟွမ်သည် ရင်ထဲထိသွားမိသည်။ သူမသည် နှင်းငှက်မွေးတံဆိပ် ပြားကို ယူလိုက်ရာ နွေးထွေးမှုသည် ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားသည် ကို ခံစားမိသည်။ ထိုယောက်ျားသားသည် သူမကို ကာကွယ်ပေးပြီး သူမ အန္တရာယ်ကျချိန်တွင် စိုးရိမ်ပေးကာ သူမ၏အသက်သည် သူ၏အသက်ဟုပင် ပြောလေသည်။ သူမ သူ့ကိုငြင်းဆန်လျှင် ဤယောက်ျားသား၏ နှလုံးသားကို ထိခိုက်သွားစေမည်လား။
ထို့အပြင် လက်ရှိတွင် သူမတွင်ဘာမှမရှိပေ။ မိသားစုမှ သူမကိုနှင်ထုတ် လိုက်လျှင် သွားစရာနေရာမရှိပေ။ သူမသည် ထိုပစ္စည်းများကို လိုအပ်သည်။
“ကျေးဇူးတင်ပါတယ်” ပေထင်းဟွမ်သည် တံဆိပ်ပြားကို ဆုပ်ကိုင်ထား ပြီး ချင်ယွိအား ပြုံးပြလိုက်သည်။ ထိုအခိုက်တွင် ခါတိုင်းအေးတိအေးစက်နိုင် သည့် ယောက်ျားသားသည် စိတ်ရင်းဖြင့် ပြုံးပြသည်။ သူ့အပြုံးသည် ကောင်းကင်ပေါ်မှ လထက်ပင် ပိုတောက်ပပြီးပိုလှပသည်။ တခြား ယောက်ျား သား မိန်းမသားများမဆိုထားနှင့် ယောက်ျားကြမ်းကြီးများပင် မှင်တက်မိသည်။