ရင်နာခြင်း
Vol. 3 Ch. 42
နှင်းငှက်မွေးတံဆိပ်ပြားကို ချင်ယွိထုတ်လိုက်သည်ကိုမြင်လိုက်ရသည်။ နှင်းဝံပုလွေကြေးစားတပ်ဖွဲ့၏ ဂုဏ်သတင်းမှာကျော်ကြားသဖြင့် ချုံချီနှင့် ပိုင်ဇီ တို့သည် စိုးရိမ်ခြင်းမဖြစ်တော့ပေ။ သူတို့နှစ်ယောက်သည် ပေထင်းဟွမ်ကို ညွှန်ကြားပြီးနောက် မြေပြင်သို့ခြေဖျားနှင့် ထောက်ပြီး မိုးပေါ်သို့ပျံသွားလေ သည်။ သူတို့ စခန်း၏အစွန်သို့ရောက်သောအခါ အတောင်ပံတစ်စုံသည်သူတို့ ကျောပြင်မှ ထွက်လာသည်။ ချုံချီ၏ အတောင်ပံသည် ပင်လယ်ကဲ့သို့ ပြာလဲ့ ကာ ပိုင်ဇီ၏အတောင်ပံသည် ပုလဲကဲ့သို့ဖြူစွတ်သည်။ အတောင်ပံတစ်ချက် ခတ်လိုက်သည်နှင့် သူတို့သည် နေဝင်တော၏ကောင်းကင်အထက်တွင် ပျောက်ကွယ်သွားလေသည်။
“အထွတ်အမြတ်သားရဲလား” ချင်ယွိသည် တိုးညင်းစွာရေရွတ်လိုက်မိ သော်လည်း မတူသလိုခံစားလိုက်ရသည်။ သူခေါင်းခါလိုက်သည် “မဖြစ်နိုင်ပါ ဘူး စာချုပ်သားရဲပဲဖြစ်မှာပါ”
“အစ်ကိုကြီးချင်က ဘာပြောနေတာလဲ”
ပေထင်းဟွမ်သည် မီးပုံဘေးတွင်ထိုင်နေရာ မီးအလင်းရောင်သည် သူမ၏ လနှင့်တူသောမျက်နှာဆီသို့ အရောင်ဟပ်နေသည်။ ချင်ယွိလှည့်ကြည့်လိုက်ရာ အနည်းငယ် ငေးမိသွားသည်။ သို့သော် ပေထင်းဟွမ်သည် သူ့ကို သက်တောင့် သက်သာဖြစ်စေသဖြင့် သူမအနားကပ်သွားလိုက်သည် “ငါ အတွေးလွန်သွားလို့ အရှင်ချုံချီနဲ့ အရှင်ပိုင်ဇီတို့က အထွတ်အမြတ်သားရဲပဲ”
ချုံချီနှင့် ပိုင်ဇီတွင် မှော်သားရဲကိုဆင့်ခေါ်သည့် ကြယ်ပုံစံအမှတ်တံဆိပ် ကို သူ မတွေ့သဖြင့် သူတို့နှစ်ယောက်သည် အထွတ်အမြတ်သားရဲဖြစ်လိမ့် မည်ဟု တွေးလိုက်သည်။ အထွတ်အမြတ်သားရဲဆိုသည်မှာ ဒဏ္ဍာရီထဲတွင်သာ ရှိသည်။ ဘာမှမဟုတ်သည့်အရာအတွက် အတွေးလွန်နေသည်ကို သူ့ကိုယ်သူ ရယ်ချင်မိသွားသည်။ တစ်ဖက်လူ၏ အဆင့်မှာမြင့်လွန်းသဖြင့် မှော်သားရဲ ဆင့်ခေါ်ပုံမှာ မြန်လွန်းနေရာ သူ ရှင်းရှင်းလင်းလင်းမမြင်လိုက်ရခြင်းလည်း ဖြစ် မည်။
“အစ်ကိုကြီး ညအရှင်အိမ်တော်အကြောင်းကို ကျွန်တော် သိပ်မသိဘူး.. ပြီးတော့ ညအရှင်အိမ်တော်ရဲ့ဝန်ထမ်းဖြစ်နေပြီ၊ ညအရှင်အိမ်တော် အကြောင်း ပြောပြလို့ရမလား” ပေထင်းဟွမ် မေးလိုက်သည်။
“ညအရှင်” ချင်ယွိသည် ပေထင်းဟွမ်ကို ကူညီရန်အသင့်ဖြစ်နေသည်။ ယခု သူမ ဦးစွာမေးလာသဖြင့် ဖုံးကွယ်ထားရန်မလိုတော့ပေ။ သူသည် သူမကို အရာအားလုံးပြောပြသည်။ “ညအရှင်ကို အခုလက်ရှိဧကရာဇ်က မွေးစားထား တာ.. သူက တတိယမြောက်ကလေးပဲ.. ဒါပေမဲ့ ဧကရာဇ်ကအချစ်ဆုံးပဲ.. ယန်မြို့က မိသားစုခွဲတစ်ခုက နှင်ထုတ်ခံလိုက်ရတယ်လို့ တချို့ကပြောကြ တယ် အဲဒါမှန်ရဲ့လားဆိုတော့ ငါလည်းမသိဘူး ဒါပေမဲ့ သူ့မျိုးရိုးနာမည်က ယန်ပဲ”
“ဒီနေ့ညက လပြည့်ညလို့ စီရင်ချက်ဗိမာန်က ဘုန်းတော်ကြီးငါးဦးက ပြောသွားတယ် အဲဒါဘာအဓိပ္ပာယ်လဲဆိုတာ အစ်ကိုကြီးသိလား” ပေထင်းဟွမ် မေးလိုက်သည်။
“ဒီလပြည့်ညအကြောင်းကို ပင်မတိုက်ကလူတိုင်း သိကြတယ်.. ညအရှင် က ခေါင်းကိုက်ဝေဒနာခံစားရပြီး သူ့ကိုယ်ရည်ကိုယ်သွေးကလည်း သိသိသာ သာ ပြောင်းသွားတတ်တယ်.. ဒီညဆို သူကနတ်မိစ္ဆာဖြစ်သွားပြီး ခုခံနိုင်မှုက လည်း အနိမ့်ဆုံးရောက်သွားတယ်.. လွန်ခဲ့တဲ့ ၂ နှစ်တိုက်အဆင့်ပြိုင်ပွဲမှာ နတ်ခန်းမက သန့်စင်တဲ့သားတော်ပြောသွားတာက သူသာ ညအရှင်ကို သတ် ချင်ရင် လပြည့်ညကိုရွေးမှာတဲ့.. အဲဒါက လျှို့ဝှက်ချက်မဟုတ်တော့ဘူး”
စီရင်ချက်ဗိမာန်က သန့်စင်သောသားတော်ဟုတ်လား။ ပေထင်းဟွမ် သည် ထိုလူကိုမှတ်မိသည်။ သို့သော် မည်သို့သောနာကျင်မှုမျိုးသည် လူတစ် ယောက်၏ ဆင်ခြင်တုံတရားကိုပါ ဆုံးရှုံးသွားစေနိုင်သနည်း။ သူမသည် သူမကို အကြိမ်ပေါင်းများစွာ ကူညီခဲ့သည့် ထိုလူကိုတွေးနေမိသည်။ တစ်နေ့ သူမ သူ့ကို ကူညီနိုင်ရန် လုံလောက်စွာအားကောင်းလာသည့်နေ့တွင် ဤနာကျင်မှု ကို လစဉ်မခံစားရစေရန် သူမ ဖယ်ရှားနိုင်ရန် ကူညီပေးမည်။
သူမသည် ဤသတင်းကို စိတ်ထဲမှအမှန်တကယ်လိုချင်ခြင်းဖြစ်သည်။ ပြီးနောက် သူမ ကြားလိုက်ရချိန်တွင် ထပ်နားမထောင်နိုင်တော့သဖြင့် မေး လိုက်သည် “အစ်ကိုချင် လည်ပတ်ပုံအကြောင်း ပြောပြပါလား.. ညအရှင် အိမ်တော်က အရမ်းအားကောင်းမှာပဲလေ အဲဒါကိုဘာလို့ အမိန့်ပေးနေတာလဲ”
ချင်ယွိခေါင်းခါလိုက်သည် “ဒီအကြောင်းကို မင်း မသိလို့.. နေဝင်တောက မှော်သားရဲတောနဲ့မယှဉ်နိုင်ပေမဲ့ အထဲမှာ အဆင့်မြင့်တဲ့မှော်သားရဲတွေ အများ ကြီးရှိတယ်.. အထဲကိုဝင်သွားလေလေ ပိုများလေပဲ.. မှော်သားရဲတစ်ကောင် တည်းဆို ညအရှင်အိမ်တော်လည်းမကြောက်ဘူး.. ဒါပေမဲ့ မင်းကြည့်လေ ဒီနေ့ ည မှော်သားရဲတွေအုပ်လိုက်ဆိုတော့ ညအရှင်အိမ်တော်လည်း ပုရွတ်ဆိတ်ကို ရှင်းပစ်သလို မရှင်းနိုင်တော့ဘူး.. အဲဒါကြောင့် သားရြတွေကိုရှင်းဖို့ဆို လူပိုလို တယ်
ထိုသို့ပြောပြီးနောက် ချင်ယွိသည် လက်ဆန့်ကာ ပေထင်းဟွမ်၏ ပခုံးများ ကို ဆုပ်ကိုင်ပြီး သူ တွန့်လိုက်သည် “ရှောင်ကျို့ နောက်ဆိုရင် ဒီနေ့လိုမျိုး မဆင်မခြင်မလုပ်နဲ့.. သခင်ချုံချီနဲ့ သခင်ပိုင်ဇီတို့ကြောင့်သာမဟုတ်ရင် ငါ့ လက်ရှိအားနဲ့ဆိုရင် မင်းကိုတောင် ကယ်နိုင်မှာမဟုတ်ဘူး”
ချင်ယွိ၏ မျက်လုံးထဲတွင် မိမိကိုယ်ကိုအပြစ်တင်သည့် အကြည့်များ ရောင်ပြန်ဟပ်သွားသည်။ သူသည် စိတ်ပိုင်းဖြတ်ထားသည်။ သူ ကြိုးစားပြီး သန်မာအောင်လုပ်မည်။ ထိုမှသာ ပေထင်းဟွမ် အန္တရာယ်ကျလျှင် သူ ကာကွယ်နိုင်မည်ဖြစ်သည်။
ချင်ယွိ၏ ခံစားချက်များကို ခံစားမိသဖြင့် ပေထင်းဟွမ်သည် နွေးထွေး သွားသည်။ သူမသည် ချင်ယွိ၏လက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်သည် “အစ်ကို ချင် ကျွန်တော် ဘာမှမဖြစ်ဘူး သန်မာလာဖို့ ကျွန်တော်ကြိုးစားမှာပါ”
“ဟုတ်ပြီ အတူတူသွားကြတာပေါ့”