← Chapters

အထွတ်အမြတ်သားရဲဥ

Vol. 3 Ch. 43

အထွတ်အမြတ်သားရဲဥ

Vol. 3 Ch. 43

အလယ်တဲထဲတွင် ပေထင်းဟွမ်သည် ငိုက်နေသဖြင့် ခေါင်းငိုက်စိုက်ကျ သွားသည်။ ယန်ယဲ့ဝင်လာသောအခါ သူမ ရုတ်တရက်နိုးလာပြီး နေရာမှ ခုန်ထ လိုက်သည်။ သူမသည် တံခါးဆီသို့ ခြေတစ်လှမ်းဖြင့် ခုန်ပျံကျော်လွှားသွား လိုက်ကာ ယန်ယဲ့အား ခေါင်းအစခြေအဆုံးကြည့်လေသည်။

သူ၏မျက်နှာမှာ ကောင်းကင်နှင့် မြေကြီးကွဲတော့မည့်အတိုင်း ရက်စက်ပုံ ပေါက်နေသည်။ သူ၏ ရှည်လျားသောငွေရောင်ဆံပင်များသည် နှင်းများကဲ့သို့ ပြန့်ကျဲနေသည်။ သူသည် အရည်အသွေးမြင့်အနက်ရောင်ဝတ်ရုံကိုဝတ်ဆင် ထားပြီး ရွှေချည်နှင့်ထိုးထားသော နှင်းပန်းများသည် လှပစွာဖူးပွင့်နေကြသည်။ သူသည် ပေထင်းဟွမ်ထင်ထားသလောက် ဖရိုဖရဲဖြစ်မနေပေ။ သူ၏ ဖြူဖျော့ သော မျက်နှာကြောင့်သာမဟုတ်လျှင် ပင်မတိုက်ရှိလူများ သိထားသည့် လပြည့်ညဘေးဒုက္ခသည် ဒဏ္ဍာရီသဖွယ်ဖြစ်နေမည်။

“ငါ အဆင်ပြေတယ်လို့ ပြောပါတယ်” ယန်ယဲ့သည် ပေထင်းဟွမ်၏ မျက်လုံးထဲမှ စိုးရိမ်မှုများကို မြင်သည်။ “ဒီကောင်လေးက အကောင်းအဆိုး ခွဲခြားတတ်တဲ့စိတ်ရှိသားပဲ” ဟု သူ့ဘာသာတွေးနေမိသည်။

သူ၏ တောက်ပသောခရမ်းရောင်မျက်လုံးများသည် ပေထင်းဟွမ်အား နေလုံးအနီကိုကြည့်သကဲ့သို့ ကြည့်လေသည်။ သူ့အနောက်တွင် ကိုယ်ရံတော် လေးယောက် လိုက်ဝင်လာသည်။ ချုံချီ၊ ပိုင်ဇီနှင့် ပေထင်းဟွမ်တို့သည် ည တစ်ဝက်ခန့်အတူရှိခဲ့သဖြင့် သူတို့သည်ရင်းနှီးပုံပေါက်သည်။ သူတို့သည် ပေထင်းဟွမ်၏ မေးခွန်းထုတ်သည့် အကြည့်ကိုမြင်သောအခါ အဆင်ပြေသည် ဆိုသည့်အဓိပ္ပာယ်နှင့် ခေါင်းညိတ်ပြလေသည်။

ပေထင်းဟွမ်သည် သက်ပြင်းရှည်ကြီးချလိုက်သည်။ ယန်ယဲ့သည် သူမကို တဲထဲမှ ခေါ်ထုတ်သွားသည်။

ကောင်းကင်ထက်တွင် နေရောင်လင်းစပြုနေပြီဖြစ်သည်။ ဗဟိုတဲမှလွဲ ပြီး တခြားတဲများကိုသိမ်းဆည်းပြီးဖြစ်ကာ လူစုပြီးနေပြီဖြစ်သည်။ ယန်ယဲ့ သည် ပေထင်းဟွမ်ကို ဖက်ကာ လေထဲသို့ပျံလိုက်သည်။ သူသည် အားလုံးကို မျက်နှာချင်းဆိုင်လိုက်သည်။ နေဝင်တောထဲမှလေသည် သူ၏ဆံပင်ကို တိုက်ခတ်သွားသည်။ သူ့အနောက်တွင် နေမင်းကြီးသည် မိုးကုတ်စက်ဝိုင်းမှ တဖြည်းဖြည်းထွက်ပေါ်လာကာ သူ၏နောက်ခံအဖြစ် ပံ့ပိုးပေးနေသည်။

သူ လေပေါ်တက်လိုက်သည်နှင့် အဖွဲ့ကိုမျက်နှာမူလိုက်သည်။ သူ၏ အေးစက်သောရောင်ဝါသည် သူ့ကိုပိုအေးစက်စေပြီး အသည်းနှလုံးမဲ့သွားစေ သည်။ သူသည် တပ်စုသုံးစု၏ တပ်မှူးကဲ့သို့ အားလုံးကိုခြိမ်းခြောက်နေသည်။

“သန့်စင်တဲ့သားရဲက ဥယူပြီး အမှောင်ချောက်ထဲကို ပျံသွားတယ်လို့ သတင်းရပြီးပြီ.. စီရင်ချက်ဗိမာန်က ဘုန်းတော်ကြီးငါးဦးကို ဥကဆင့်ခေါ်လိုက် တဲ့ နတ်သားရဲကသတ်သွားပြီ... အခု စီရင်ချက်ဗိမာန်က စစ်ဆေးမယ့်လူနှစ် ယောက်ထပ်လွှတ်လိုက်တယ်.. ဒီမှာရှိတဲ့ အဖွဲ့အစည်းတွေ၊ အင်အားစုတွေ၊ တစ်ဦးတည်းကျင့်ကြံသူတွေက ဒီတာဝန်ကိုဆက်လုပ်ချင်ရင် လုပ်လို့ရတယ်.. နောက်ဆုတ်ချင်ရင်လည်း ဆုပေးသွားမှာပါ”

ထိုသတင်းကိုကြားသောအခါ ထိုဥသည် နတ်သားရဲ၏ဥဖြစ်သည်ဟု မှန်းဆဖူးသူတိုင်း အံ့ဩသွားကြလေသည်။ ထိုဥကိုကာကွယ်ရန် နတ်သားရဲကို ဆင့်ခေါ်နိုင်သည်မှာ ထိုမှော်သားရဲသည် နတ်သားရဲထက်ပင် အားကောင်းနိုင် သည်။ အဲဒါကဒဏ္ဍာရီလာအထွတ်အမြတ်သားရဲဥလား။

သန့်စင်သောသားရဲများသည် လူသားအဆင့် ၃ ကျင့်ကြံသူနှင့် ညီမျှကာ နတ်သားရဲများသည် အဆင့် ၄ ကျင့်ကြံသူများနှင့် ညီမျှသည်။ အထွတ်အမြတ် သားရဲဆိုရင်ရော။ မည်သူမှ မတွေးရဲကြပေ။

“အဲလိုဆိုရင် မင်းသား.. ကျွန်တော်တို့ နှင်းဝံပုလွေကြေးစားတပ်ဖွဲ့က ဒီ တာဝန်ကနေ နောက်ဆုတ်ပါတယ်.. ကျွန်တော်တို့က ဘာမှမလုပ်လိုက်ရသေး ဘူးဆိုတော့ ဆုတော့မလိုပါဘူး” ချင်ယွိသည် ဦးစွာဆုံးဖြတ်ချက်ချလေသည်။ ၎င်းသည်သန့်စင်သားရဲဆိုလျှင် နှင်းဝံပုလွေ၏အင်အားနှင့် တိုက်ခိုက်နိုင်သည်။ သို့သော် နတ်သားရဲနှင့် အထွတ်အမြတ်သားရဲဆိုလျှင် မတူတော့ပေ။ ထား လိုက်ပါတော့။ ချမ်းသာမှုဆိုတက အသက်ရှင်မှ ခံစားလို့ရမှာ။

“သခင်လေးချင်ယွိက တကယ်ပဲ ပင်မတိုက်ရဲ့ လူငယ်ပါရမီရှင်ပဲ.. အရမ်း အမြင်ရှိတယ် နောက်ဆုတ်ကြတာပေါ့” ရေနက်ကြေးစားတပ်ဖွဲ့၏ ခေါင်းဆောင်သည် မုတ်ဆိတ်ရှည်ကြီးနှင့် သက်လတ်ပိုင်းအရွယ်ဖြစ်သည်။ သူ့ နာမည်မှာ ဟွမ်ယန်ဖြစ်သည်။ သူသည် ပေထင်းဟွမ်ဆီသို့ လက်သီးဆုပ်ကာ အလေးပြုပြီး “သခင်လေး ၉ မင်းကို လူငယ်သူရဲကောင်းတစ်ယောက်အနေနဲ့ လေးစားပါတယ်.. ငါ့မျက်လုံးထဲမှာ မင်းပေထင်းဟွမ်က ပေထင်းမိသားစုရဲ့ လူငယ်မျိုးဆက်တွေရဲ့ စံပြပုဂ္ဂိုလ်ပါပဲ.. နောက်ကို အခွင့်အရေးရှိလာရင် ငါ မင်းနဲ့ တစ်ခွက်လောက် သောက်ချင်ပါတယ်”

“ဟုတ်ပါပြီ” ပေထင်းဟွမ်သည် ပြုံးပြီးခေါင်းညိတ်ပြလေသည်။

အင်အားစုအများအပြား နှုတ်ဆက်ဖို့လာချိန်တွင် သူတို့သည် ပေထင်းဟွမ်အား ချီးမွမ်းပြောဆိုရန်မမေ့ကြပေ။ ဖြစ်နိုင်သည်မှာ အင်အား အများစုသည် ညအရှင်သခင်ကြောင့် ပြောခြင်းလည်းဖြစ်နိုင်သည်။ သို့သော် ဤတိုက်တွင် ကိုယ်ခံပညာကို တန်ဖိုးထားကြသည်။ ပေထင်းဟွမ်သည် အမှိုက် သာဖြစ်ပါက ညအရှင်၏ စွမ်းအားမှာကြီးလွန်းလျှင်တောင် ထိုလူများသည် မျက်စိမှိတ်လိမ်ညာမည်မဟုတ်ပေ။

“ရှောင်ကျို့ အမှောင်ချောက်က နေဝင်တောမှာ အန္တရာယ်အများဆုံး နေရာပဲ.. မသွားတော့ဘဲ ဘာလို့ငါ့နောက်မလိုက်တာလဲ” ညအရှင်အိမ်တော် ၏ လူဖြစ်နေသော ပေထင်းဟွမ်ကို ကူညီရန် ချင်ယွိသည် မမေ့သေးပေ။

“မဟုတ်သေးဘူး” ပေထင်းဟွမ်သည် ခေါင်းခါလိုက်သည် “ကျွန်တော့်ကို ညအရှင်အိမ်တော်က အလုပ်ခန့်ပြီးသွားပြီ အဲဒါကြောင့် အကုန်လုံးကို ကောင်းကောင်းအဆုံးသတ်ရမယ်… ပြီးတော့ နတ်သားရဲကဘယ်လိုပုံစံရှိလဲ ဆိုတာကို ကြည့်ချင်လို့”

All Chapters