ကြယ် ၉ ပွင့်ဓားသခင်ရဲ့ ခွန်အား
Vol. 3 Ch. 44
ပင်မတိုက်သည် သူမ ရင်းနှီးသောကမ္ဘာမဟုတ်ပေ။ ခန္ဓာကိုယ်အရင် ပိုင်ရှင်သည် “အမှိုက်” ခန္ဓာကိုယ်ဖြစ်နေ၍ သူမကိုယ်သူမ ကယ်နေရသည်နှင့် အလုပ်များနေရာ ဆက်သွယ်သည်မှာရှားပါးလှသည်။ ထေပင်းဟွမ်သည် ဤတိုက်တွင် သူမဘာသာ ကမ္ဗည်းရေးထိုးရန် ဆုံးဖြတ်ထားသဖြင့် ဖြစ်နိုင် သလောက် ရင်းနှီးအောင်လုပ်ရမည်။
အမှောင်ချောက်သည် အန္တရာယ်များသော်လည်း ပေထင်းဟွမ် မကြောက်ပေ။ သူမ၏စိတ်ထဲတွင် ကြောက်စိတ်ရှိနေလျှင် အနာဂတ်တွင် ဤ တိုက်ကြီး၌ ထိပ်ဆုံးအဆင့်သို့ရောက်ရန် ခက်သွားလိမ့်မည်။ ထိုအကြောင်းကို ပေထင်းဟွမ် ကောင်းကောင်းသိသည်။ သူမကိုယ်သူမလည်း ကြောက်ခွင့်ပေး မည်မဟုတ်ပေ။
ကြောက်ရွံ့မှုသည် စိတ်အတွင်းနတ်မိစ္ဆာသာဖြစ်သည်။
“စိတ်မပူနဲ့ ငါရှိတယ်” ယန်ခဲ့သည် သူမဘေးမှ လေသံဖြင့် ပြောလေ သည်။
အင်အားစုအများစု ထွက်သွားကြသည်ကိုကြည့်ပြီး သူသည် သူမကို ခေါ်ပြီး နေဝင်တောဆီသို့ ပျံသွားလေသည်။ သူ့အနောက်တွင် ကိုယ်ရံတော် လေးယောက်သည် အကာအကွယ်ကဲ့သို့ ဖွဲ့စည်းပြီး ယန်ယဲ့၏အနောက်မှ ကြပ်မတ်စွာ လိုက်ပါလာကြသည်။
ထိုကိုယ်ရံတော်လေးဦးသည် ယန်ယဲ့၏ အယုံကြည်ရဆုံးသူများဖြစ်ကြ သည်။
သို့သော် သူသည် သတိထားနေခြင်းမရှိပေ။ ထိုအခိုက်တွင် ပေထင်းဟွမ် သည် သူ့ရင်ခွင်ထဲရှိနေသည်။ သူသည် သူမကို လက်နှစ်ဖက်ဖြင့်ကိုင်ထားကာ သူမကို သတိမူနေပုံမရှိပေ။
ဒီလူက သူမကို အရမ်းယုံတာပဲ။
သို့သော် ပေထင်းဟွမ်သည် မယုံရသည့်လူစားမျိုးမဟုတ်ပေ။ သူသည် သူမကို ယုံကြည်မှုပေးစွမ်းရာ သူမသည်လည်း သူ့ကို ယုံကြည်သည်။
စိမ်းလန်းစိုပြေသော တောအုပ်ထဲတွင် နေရောင်ခြည်သည် တပ်နေသော သစ်ရွက်များအကြားမှ အရိပ်ပင်မကျနိုင်ပေ။ မြင့်မားသောရှေးသစ်ပင်ကြီးများ သည် လူအများဖက်ရလောက်သည့် အရွယ်အစားရှိကာ တစ်နှစ်ပတ်လုံး နေမမြင်ရသဖြင့် ပင်စည်ကို ထူထဲသောရေညှိများလွှမ်းခြုံနေသည်။ မြားကဲ့သို့ ပစ်ဝင်လာသော သွေးစီးကြောင်းသည် ရေညှိပေါ်သို့ပြန့်ကျဲသွားရာ ထိုရေညှိ သည် အလျင်အမြန်ပင် စုပ်ယူလိုက်သည်။
နှစ်ပေါင်းထောင်ချီသက်တမ်းရှိသော တောထဲတွင် ရေညှိများပင် ဝိညာဉ် စွမ်းအင်ရှိပုံပေါ်သည်။
ဘုန်း
ကျယ်လောင်သောအသံနှင့်အတူ သစ်ပင်အားငေးငိုင်စွာကြည့်နေသော ချုံချီသည် မျက်လုံးဖွင့်ကာ မြေပြင်ပေါ်သို့ကြည့်လိုက်သည်။ ကြီးမားသော ဆင်ကြီးတစ်ကောင်ကျသွားခြင်းဖြစ်သည်။
နေ့တစ်ဝက်နဲ့တင် အဆင့် ၉ သားရဲ ၃၂ ကောင်ရှိပြီ။ ချုံချီ ခေါင်းခါလိုက် သည်။ ဒီကောင်လေးက ဘယ်လောက်တောင် ရူးနေလဲမသိတော့ဘူး။ အခုက ၁၀ ရက်မြောက်နေပြီ။ နေ့တိုင်းကို နေထွက်လာတဲ့အရုဏ်တက်ကနေ နေဝင် တဲ့အချိန်ထိ သူမက တစ်နေကုန်ကို သတ်နေတာ။
သူမ၏ အင်အားလည်းတိုးလာသည်။ အစပိုင်း အဆင့်နိမ့်မှော်သားရဲများ ကို သတ်ရာမှ ယခုအခါ အဆင့်မြင့်မှော်သားရဲများကို သတ်နေပြီဖြစ်သည်။ သူမသည် သူတို့ကို ဟင်းသီးဟင်းရွက်များကို လှီးဖြတ်သလို သတ်နေသည်။
မျက်နှာချင်းဆိုင်သစ်ပင်တွင် အေးအေးလူလူထိုင်နေသော ယန်ယဲ့ကို ချုံချီ ကြည့်လိုက်သည်။ သူတို့လေးယောက်နှင့်မတူညီစွာပင် သူသည် သစ်ပင် ပေါ်တွင် မအိပ်ပေ။ သူသည် ပေထင်းဟွမ် အမှားတစ်စုံတစ်ရာလုပ်မည်ကို စိုးရိမ်သဖြင့် တစ်နေကုန်စောင့်ကြည့်နေသည်။
ဟူး… သနားစရာ ညအရှင်ပါလား။ ချုံချီသည် ညအရှင်၏ ခံစားချက်များ ကို နားမလည်တော့ပေ။ မြို့တော်တွင် သူတို့၏သခင်ကို ကလူသောအကြည့် များဖြင့်ကြည့်ကြသည့် မျိုးရိုးမြင့်မိန်းကလေးများစွာရှိသည်။ သို့သော် သူတို့၏ သခင်သည် ထိုမိန်းကလေးများကိုစကားမပြောချင်ပေ။ သို့သော် သူသည် ပိန်ပါးသည့် လူငယ်ကို သဘောကျသည့်ပုံပင်။
သို့သော် ဤလူငယ်သည်လည်း ချောမောသည့်ပုံပင်။
“ယဲ့ ကြည့်လိုက် အဆင့် ၉ မှော်သားရဲက ဝိညာဉ်သားရဲနီးနီးဖြစ်နေပြီ လေ ဟားဟား ကျွန်တော် ကြယ် ၉ ပွင့် ဓားသခင်ဖြစ်ပြီလို့ ပြောလို့ရပြီလား”
ဓားသခင်တွင် အဆင့် ၂ ပညာရှိသည်။ ပေထင်းဟွမ် သေချာပေါက် ပျော် သည်။
ယန်ယဲ့သည် ပျော်ရွှင်စွာခေါင်းညိတ်ကာ သစ်ပင်ပေါ်မှ ခုန်ချလာသည်။ ပေထင်းဟွမ်သည် သွေးများပေကျံနေသော်လည်း သူ ဂရုမစိုက်ပေ “သွားကြ မယ် ဥရှာတွေ့နေပြီ”
“အာ.. ဟုတ်ပြီ” ပေထင်းဟွမ်သည် မှော်အမြုတေကို သူမ၏လက်ပတ် အတွင်းထည့်လိုက်သည်။ သူမသည် လက်ပတ်အကြောင်းကို တစ်ခါမှမပြော ဖူးသော်လည်း ယန်ယဲ့နှင့် တခြားသူများလည်း မစပ်စုကြပေ။ ပေထင်းမိသားစု ၏ ဆက်ခံသူဖြစ်ရာ ဤနေရာသို့ နယ်နှင်ဒဏ်ခံရသည့်တိုင်အောင် သူတို့၏ လက်ထဲတွင် ဤကဲ့သို့မှော်ပစ္စည်းရှိနေသည်မှာ သဘာဝပင်ဖြစ်သည်။
“မင်းရဲ့မှော်လက်ပတ်က ပြည့်တော့မှာမလား ပိုက်ဆံနည်းနည်းပဲဆန့် တာလေ နောက်တစ်ခုလိုချင်လား” ယန်ယဲ့ မေးလိုက်၏။
“မလိုဘူးရယ်” ပေထင်းဟွမ်သည် ခေါင်းခါလိုက်သည် “ကျွန်တော်က အားနည်းနေသေးတယ် သူများဟာလုပြီး အသက်မပေးလိုက်ချင်ဘူး”
“ဘာတွေကြောက်နေတာလဲ ငါရှိနေတာပဲ” ယန်ယဲ့၏ ခရမ်းရောင် မျက်လုံးများသည် ချစ်ခင်သည့်အကြည့်များကို ဖော်ပြလေသည်။ သူသည် သူ့ကိုယ်သူပင် သတိမထားမိပေ။