← Chapters

သူမအတွက် ဓားဆရာရှာပေးခြင်း

Vol. 3 Ch. 45

သူမအတွက် ဓားဆရာရှာပေးခြင်း

Vol. 3 Ch. 45

ပေထင်းဟွမ်သည် ယန်ယဲ့အား တစ်သက်လုံးမှီခိုသွားမည်ဟု မတွေးထား ပေ။ ဤတာဝန်ပြီးလျှင် သူမသည် တိုက်အနှံ့ တစ်ယောက်တည်းခရီးသွားမည်။ လွန်ခဲ့သည့် ၈ နှစ်က သူမသည် ပေထင်းမိသားစု၏ နှင်ထုတ်မှုကြောင့် ဤနေရာသို့ ရောက်လာခြင်းပင်။ မိသားစု၏သားစဉ်မြေးဆက် ပြည်နှင်ဒဏ် ပေးခံရသည့်နေရာသည် အလွန်အန္တရာယ်ရှိသည့်နေရာဖြစ်ကာ မိသားစုဌာန ချုပ်သည် မြို့တော်တွင်တည်ရှိကြသည်။ လော့ပေမြို့သည်လည်း တူညီစွာပင်။ လော့ပေမြို့သည် နေဝင်တောနှင့် မှော်သားရဲအကြားတွင်တည်ရှိသည်။

ပြည်နှင်ဒဏ်ပေးခံရသည့် တပည့်များ ဌာနချုပ်သို့ ပြန်ရောက်လာမည်ကို မိသားစုကမကြောက်ကြပေ။ ပြည်နှင်ဒဏ်ပေးခံရသည့်သူများတွင် အစွမ်းအစ ရှိလျှင် သူတို့သည် အမှိုက်မဖြစ်နိုင်တော့ပေ။

အမှိုက်မဟုတ်သူသည် မိသားစုအတွက် အသုံးဝင်သည်။

သူမသည် ယန်ယဲ့၏ကာကွယ်မှုကို ရင်ထဲထိသွားသဖြင့် သူ့ကို မငြင်းဆန် ပေ။

ယန်ယဲ့သည် သူမကိုချီပြီး ကိုယ်ရံတော်လေးယောက်နှင့်အတူ လှုပ်လှုပ် ရှားရှားအသက်ဝင်နေသည့် အမှောင်ချောက်ရှိ ဂူတစ်ဂူသို့ရောက်လေသည်။ အတောင်ပံပါသစ်တတ်ကျားသည် တံခါးကိုစောင့်ကြပ်နေရာ ဂူထဲတွင် ဥရှိနေ သည်မှာ သံသယဝင်စရာပင်မလိုတော့ပေ။

အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသည့် စီရင်ချက်ဗိမာန်မှ စစ်ဆေးရေး နှစ်ယောက်သည် လေထဲတွင်ရပ်နေသည်။ သူတို့၏မျက်နှာမှာ ခံစားချက်မဲ့ကာ သန့်စင်ပုံပေါ်သည်။ မြို့တော် ပေထင်းမိသားစု၏ဌာနချုပ်မှ လူသည်လည်း အပြေးရောက်လာသည်။ သူသည် ပေထင်းဟွမ်ကိုမြင်သောအခါ သိသလိုလို တော့ရှိနေသည်။ သူသည် ခက်ထန်စွာမျက်မှောင်ကြုတ်ထားကာ သူ၏ အထင်သေးမှုကို မဖုံးကွယ်နိုင်ပေ။

တခြားတစ်ယောက်မှာ ပေထင်းဟွမ် သူ့ကိုမြင်လိုက်ရချိန်တွင် အထူး အံ့ဩမိသည်။ သူသည် သူမကို ဓားသမားအစည်းအရုံးမှ လွတ်မြောက်ရန် ကူညီ ခဲ့သူဖြစ်သည်။ သူသည် ကြယ်ဓားသခင်ချန်မုဖြစ်သည်။ ထိုအခိုက်တွင် သူသည် သိုင်းဝတ်စုံဝတ်ဆင်ထားပြီး လေထဲတွင်ပျံနေကာ စီရင်ချင်ဗိမာန်နှင့် ပေထင်းမိသားစုတို့နှင့်အတူ သုံးဘက်မြင်ဖွဲ့စည်းပုံကို ဖန်တီးနေသည်။

“ချန်မု မင်းလည်း လာတာလား”

အပြင်လူများရှေ့တွင် ယန်ယဲ့သည် သူ၏ပျင်းရိပြီး ရက်စက်သည့်ပုံစံ ပြန်ဖြစ်သွားသည်။ သူသည် ချန်မုကို မထီမဲ့မြင်ပုံစံဖြင့် နှုတ်ဆက်သည်။ သို့သော် ထိုပုံစံမှာ ချန်မုကို လှောင်ပြောင်နေသလိုပင်။

“မင်းသား ကျွန်တော်က အရှင်မင်းကြီးရဲ့အမိန့်ကြောင့် မင်းသားကို ကူညီ ဖို့လာခဲ့တာပါ” ချန်မု၏ မျက်နှာသည် နွေးထွေးသောမျက်နှာထားရှိသည်။ သူ သည် ယန်ယဲ့၏ရင်ခွင်ထဲမှ ပေထင်းဟွမ်ကိုမြင်သောအခါ တဒင်္ဂမျှမှင်တက်မိ သည်။ သူခေါင်းညိတ်ကာ ပြုံးလိုက်သည် “သခင်လေး ၉ ထပ်တွေ့ကြပြီနော်”

“ဟုတ်တယ် သခင်ချန်မု တွေ့ရတာဝမ်းသာပါတယ်” ပေထင်းဟွမ်၏ မျက်လုံးထဲတွင် ကျေးဇူးတင်သည့်အရိပ်အယောင်ပါနေသည်။ မည်သို့ပင်ဖြစ် စေကာမူ အင်ပဘယာရှိ ကြယ်ဓားသခင်အဖြစ် အသိအမှတ်ပြုခံရရင် ပေထင်းဟွမ်သည် များစွာအားစိုက်ခဲ့ရသည်။

“ဒါက ပေထင်းမိသားစုရဲ့ အမှိုက်ပဲ.. သခင်ချန်မု ခင်ဗျားရဲ့စံနှုန်းက ဘယ်တုန်းက နိမ့်ကျသွားတာလဲ” လေပေါ်ရပ်နေသော ပေထင်းမိသားစု၏ ဥပဒေအရာရှိသည် ထေ့ငေါ့ပြီးပြောလေသည်။ ကြယ်ဓားသခင်ချန်မုသည် ပေထင်းဟွမ်ကဲ့သို့ အမှိုက်အတွက် ရာယာအင်ပါယာနှင့် ဘာကြောင့် ရန်သူ ဖြစ်ချင်နေသည်ကို သူ မသိတော့ပေ။

“အမှိုက်ဟုတ်လား” ချန်မုသည် ခေတ္တမျှမှင်တက်မိသည်။ နောက်ဆုံးမှ ပင် လော့ပေမြို့ရှိ ဓားသမားအစည်းအရုံးထဲတွင် ပေထင်းဟွမ် ဘာကြောင့် အရှက်ခွဲခံရသည်ကို သူ နားလည်သွားတော့သည်။ သူသည် ခေါင်းမခါဘဲ မနေ နိုင်ပေ “ပေထင်းဟွမ်က အမှိုက်ဆိုမှတော့ သခင်လေး ၉ ကို ကျွန်တော့်ကိုပေး နိုင်မလား ဥပဒေအရာရှိ.. ကျွန်တော့်မှာ အရည်အချင်းရှိတဲ့တပည့်နည်းနေသေး တယ်”

“ဘာပြောလိုက်တာလဲ” ပေထင်းကျွင်းသည် သည်တစ်ခေါက် ပေထင်း မိသားစုမှ လွှတ်လိုက်သည့် ဥပဒေအရာရှိဖြစ်သည်။ သူတို့ ဥမရနိုင်လျှင်တောင် အနည်းဆုံးတော့ ဥမှာမည်မျှအားကောင်းသည်ကို ကြည့်နိုင်မည်ဖြစ်သည်။ ညအရှင်နဲ့ စီရင်ချက်ဗိမာန်က အဲလောက် အသည်းအသန်လိုချင်နေတာ ဘာကြောင့်ဖြစ်မလဲ။ “အမှိုက်ကို ခင်ဗျားတပည့်အဖြစ် လက်ခံချင်လို့လား”

“သခင်လေး ၉ က ဝိညာဉ်သခင်မဖြစ်နိုင်ရင်တောင် ထူးချွန်တဲ့ ဓားသခင် ဖြစ်လာနိုင်ပါတယ်.. ပေထင်းကျွင်းရဲ့မျက်လုံးထဲမှာ သူက အသုံးမကျဘူးမလား ကျွန်တော့်ရဲ့လမ်းညွှန်မှုနဲ့ဆိုရင် အနာဂတ်မှာ သခင်လေး ၉ က ကျွန်တော့်ကို ဖိနှိပ်ဖို့မခက်လောက်ဘူး” ချန်မုပြောလသည်။

“မလိုဘူး သူ့အတွက် ဓားဂိုဏ်းကဆရာကို ငါကိုယ်တိုင်ရှာပေးမှာ”

ယန်ယဲ့ စကားဖြတ်ပြောလိုက်သောအကြောင့် အားလုံး ထိတ်လန့်သွား ကြသည်။ ဓားဂိုဏ်းဟုတ်လား။ သခင်လေး ၉ ရဲ့ဆရာဖြစ်ဖို့ ဓားဂိုဏ်းမှာပဲ အရည်အချင်းရှိတာလး။ သို့သော် သူ့ရောင်ဝါမှာတောက်လာသဖြင့် မည်သူမှ သူ့စကားများကို သံသယမဝင်ရဲကြပေ။ သူ၏အထက်တန်းဆန်သော ဂုဏ်နှင့် ကောင်းကင်၊မြေကြီးတို့ တွဲဖက်လိုက်သောအခါ အားလုံးကို ထိတ်လန့် မှင်တက်သွားစေသည်။

All Chapters