← Chapters

အရောင် ၉ ရောင် နိဗ္ဗာန်မီး

Vol. 3 Ch. 46

အရောင် ၉ ရောင် နိဗ္ဗာန်မီး

Vol. 3 Ch. 46

စီရင်ချန်ဗိမာန်မှ စစ်ဆေးရေးနှစ်ယောက်သည် ဘာတစ်ခွန်းမှမပြောပေ။ သို့သော် သူတို့၏အေးစက်ပြီး မုန်းတီးသောမျက်လုံးများသည် ယန်ယဲ့အား မျက်တောင်မခတ်ဘဲကြည့်နေသည်။ ထိုအကြည့်များသာ လူသတ်နိုင်ပါက ယန်ယဲ့သည် သေလိုက်ရှင်လိုက် အဖန်ဖန်အခါခါဖြစ်နေမည်။

ဥမှဆင်းခေါ်လိုက်သည့် နတ်သားရဲသည် စီရင်ချက်ဗိမာန်မှ ဘုန်းတော်ကြီးငါးဦးကို သတ်သွားသည်ဆိုသည့် ယန်ယဲ့၏စကားသည် အမှန် ဟုတ်ပါ့မလားဟု ပေထင်းဟွမ် တွေးမိသည်။

“အာ…”

သွေးပျက်စရာအော်သံ ထွက်လာသည်။ ထို့နောက် ဝိညာဉ်သခင်၏ သန့်စင်သောအလင်းရောင်သည် လိုဏ်ဂူအပေါက်ဝရှေ့ မြက်ခင်းပြင်ဆီသို့ ဖြာကျလာသည်။ ထိုအခါမှပင် လိုဏ်ဂူဆီသို့ လာရောက်သူများပြားသည်ကို ပေထင်းဟွမ် မြင်လိုက်ရသည်။ မိုးပေါ်မှလူများ ပေထင်းဟွမ်အား “အမှိုက်” ဟု ပြောနေချိန်တွင် တောင်ပံပါသစ်တတ်ကျားသည် အောက်မှလူများကို တိုက်ခိုက်လေသည်။ သူ၏ပစ်မှတ်မှာ သားဖြစ်သူပေထင်းဟန်နှင့် အတင်းတိုး ဝင်လာသော ပေထင်းသယ့်အပြင် တခြားမရှိပေ။

ထိုသားအဖနှစ်ယောက်လည်း လာကြသည်။ သူတို့သည် သေခြင်းတရား ကို မကြောက်ကြပေ။

ကြယ်ဓားသခင်၏ သန့်စင်သောအလင်းမျာ ခံနိုင်ရည်ရှိရန်မလွယ်ကူပေ။ တောင်ပံပါသစ်တတ်ကျားသည် စူးရှစွာအော်ဟစ်လိုက်ပြီး ပေထင်းဟွမ်အား ကြည့်ကာ ဂူထဲသို့ပြေးဝင်သွားလေသည်။

“လိုက်ကြ”

အားလုံးသည် အလျင်အမြန်ပင် လိုက်ကြသည်။ ယန်ဘဲ့သည်လည်း ပေထင်းဟွမ်ကို ခေါ်ကာအထဲသို့ ဝင်သွားသည်။ လိုဏ်ဂူသည် တောင်အလယ် တွင်တည်ရှိကာ လေပြေအေးသည် လမ်းတစ်လျှောက်တိုက်ခတ်နေရာ မည်သည့်နေရာတွင် အဆုံးသတ်သည်ကိုမည်သူမှ မသိနိုင်ပေ။

ပေထင်းဟွမ်သည် လျှောက်လေလေ စိတ်မအေးလေလေဖြစ်သည်။ သူမ သည် ဆင့်ခေါ်ခံရသလို ခံစားရသည်။ မသိစိတ်မှ သူမသည် ယန်ယဲ့အား တင်းကြပ်စွာဆုပ်ကိုင်မိသည်။

သူမ ကြောက်နေသည်ဟု ယန်ယဲ့ထင်သွားသဖြင့် သူမအား ညင်သာစွာ ပုတ်ပေးနေသည် “မကြောက်နဲ့ ငါရှိတယ်”

“အင်း” ပေထင်းဟွမ်သည် အခိုင်အမာပင် ပြောလိုက်သည် “ကျွန်တော် က အဲလောက်မသန်ပါနဲ့ စိတ်မပူပါနဲ့ ခင်ဗျားကိုလည်း ကာကွယ်ပေးမယ်”

ယန်ယဲ့သည် ခေတ္တမျှမှင်တက်သွားသည်။ သူသည် သူမအား စူးစိုက် ကြည့်ပြီး ပြုံးကာခေါင်းညိတ်လိုက်သည် “ဟုတ်ပြီလေ”

စစ်ဆေးရေးနှစ်ယောက်အပါအဝင် စီရင်ချက်ဗိမာန်မှလူများသည် ရှေ့မှ လျှောက်ကြသည်။ ထိုအခိုက်တွင် အရှေ့မှ အနီရောင်အလင်းတန်းထွက်လာ သည်။ အလင်းတန်းအပြင်တွင် အရောင် ၉ ရောင်အလင်းတန်းရှိသည်။ မူလက အုံ့မှိုင်းပြီး အေးစက်နေသောဂူ၏ အပူချိန်မှာ ရုတ်တရက်မြင့်တက်လာသည်။ လောင်ကျွမ်းသောအနံ့နောက်တွင် ညည်းညူသံပါလာသည်။

“ဘုရားရေ ကြီးလိုက်တဲ့မီးပဲ”

“၉ ရောင်နိဗ္ဗာန်မီးပဲ.. တကယ်ကြီးအထွတ်အမြတ်သားရဲပဲ.. အထွတ် အမြတ်သားရဲကပဲ ကောင်းကင်မီးကိုသုံးနိုင်တာ ဘုရား”

“အာ.. ကယ်ပါဦး..”

သူ စကားမဆုံးခင်မှာပင် ရှေ့မှနေရာသည် တိတ်ဆိတ်သွားသည်။ အန္တရာယ်ကို အာရုံခံမိသဖြင့် ယန်ယဲ့သည် ချက်ချင်းပင် ပေထင်းဟွမ်အား တင်းကြပ်စွာဖက်ပြီး ရပ်တန့်လိုက်သည်။ အစက အရှေ့မှသွားနေသော စစ်ဆေးရေးနှစ်ယောက်သည် ပြန်လှည့်လာသည်။ ကြီးမားသောမီးတောက် သည် အာရုံခံနိုင်သည့်အလား သူတို့နှစ်ယောက်နောက်သို့ လိုက်လာကြသည်။ မီးမြှိုက်သလိုဖြစ်နေသော အပူချိန်သည် ကမ္ဘာပေါ်ရှိအရာအားလုံးကို အရည် ပျော်အောင် လောင်ကျွမ်းနေသည်။ မီးတောက်မှာ လှုပ်လိုက်သည်နှင့် အနီ ရောင်ကို အရောင် ၉ ရောင်ဖြင့် အနားသတ်ထားရာ နတ်မိစ္ဆာနှင့်ပင်တူလေ သည်။ ထိုမြင်ကွင်းသည် လူအများကို အရိုးထဲမှကြောက်စိတ်ကို ဖြစ်စေသည်။

“သွားမယ် အဲဒါ ၉ ရောင်နိဗ္ဗာန်မီးတော်ပဲ သေစမ်း”

ထိုအခိုက်တွင် စီရင်ချက်ဗိမာန်နှင့် ညအရှင်အိမ်တော်တို့သည် မသင့်မြတ်သော်လည်း အန္တရာယ်များသည့်အခြေအနေအောက်တွင် ဖြေရှင်း ကြမည်မဟုတ်ပေ။ အရေးအကြီးဆုံးမှာ ယန်ယဲ့သည် ရင်ခွင်ထဲတွင် ပေထင်း ဟွမ်ကို သယ်လာခြင်းဖြစ်သည်။ သူသည် ပေထင်းဟွမ်၏ အသက်နှင့် စွန့်စား မည်မဟုတ်ပေ။

“အမိန့်ချလိုက် ညအရှင်အိမ်တော်ရဲ့လူတွေ ချက်ချင်းနောက်ဆုတ်မယ်” အမိန့်ပေးပြီးနောက် သူသည် ပေထင်းဟွမ်ကိုခေါ်ကာ ပျံထွက်လာလိုက်သည်။

သူတို့ လာတုန်းကအတိုင်းပင် ဂူ၏မျက်နှာကျက်မှာ နိမ့်နေသဖြင့် အသုံး ပြုရန်မလွယ်ကူပေ။ ထို့အပြင် ယန်ယဲ့၏လက်ထဲတွင် နောက်တစ်ယောက် လည်းရှိနေသည်။ စစ်ဆေးရေးနှစ်ယောက်သည် အရှေ့မှပြေးကြသည်။ သူတို့ အနောက်တွင် ၉ ရောင်နိဗ္ဗာန်မီးသည် ကမ္ဘာမြေကြီးအလယ်ဗဟိုရှိ ကျောက် ရည်ပူထက်ပင် ပူသည်။ ပေထင်းဟွမ်ကို ယန်ယဲ့သည် ပွေ့ဖက်ပြီး ခန္ဓာကိုယ် နှင့်ကာပေးထားသည်။ သူမသည် ပူလွန်းသဖြင့် တစ်ကိုယ်လုံးအရည်ပျော် မတတ်ခံစားရလေသည်။

ယန်ယဲ့၏ခန္ဓာကိုယ်မှာ တောင့်တင်းနေရာ ကြည့်လိုက်သည်နှင့် သူ ခံစား ရသည်မှာ မသက်သာလှသည်ကို တွေ့နိုင်သည်။

All Chapters