လုံးဝမလွှတ်ဘူး
Vol. 3 Ch. 47
“ယဲ့ ကျွန်တော့်ကိုချပေးတော့ ဆက်သွားနေရင် နှစ်ယောက်လုံး သေလိမ့် မယ်”
စစ်ဆေးရေးနှစ်ယောကသည် ထောင့်ကိုချိုးကွေ့ပြီး ပျောက်ကွယ်သွား လေသည်။ ယန်ယဲ့၏ ခွန်အားသည် ထိုနှစ်ယောက်ထက်မလျော့သော်လည်း သူမကို သယ်နေရဖြင့် နောက်တွင်ကျန်ခဲ့ခြင်းဖြစ်သည်။ မီးသည် ပိုပိုတောက် လာရာ ပေထင်းဟွမ်သည် ယန်ယဲ့၏ရင်ခွင်ထဲမှ ရုန်းကန်လေသည်။
“မလှုပ်နဲ့”
ပေထင်းဟွမ် ပိုရုန်းကန်နေရာ ယန်ယဲ့သည်လည်း ဝန်ထုပ်ဝန်ပိုး ပိုများ လာသည်။ သူသည် ပေထင်းဟွမ်ကို တင်းကြပ်စွာဖက်ထားပြီး လက်ကို ပိုအားထည့်လိုက်သည်။
မီးတောက်များသည် နောက်မှလိုက်မှီလာပြီဖြစ်ကာ ရှေ့လမ်းများမှာ မီးတောက်များဖြင့် ဖုံးအုပ်ထားလေသည်။ သူတို့သည် အဝိုင်းခံထားရကာ မီးညွန့်များသည် သူတို့နှစ်ယောက်အား ပတ်လည်ဝိုင်းထားသည်။ လမ်းမရှိ တော့ပေ။ ယန်ယဲ့သည် ရပတ်လိုက်သည်။ သူပြုံးပြီး ခေါင်းကို ကူကယ်ရာမဲ့စွာ ဖြင့် ယမ်းမိသည် “မင်း ငါနဲ့သေရမှာကိုမကြောက်ဘူးလား”
“မကြောက်ဘူး” ပေထင်းဟွမ်သည် သူနှင့် မျက်နှာချင်းဆိုင်ပြီး ရပ်လိုက် သည်။ မီးတောက်များ ပိုတောက်လာသည်ကို သူမ၏မျက်လုံးထောင့်မှ မြင်နေ ရသည်။ မီးနံရံသည် ဂူအဝင်ပေါက်တစ်ခုလုံးကို ပိတ်ထားသည်။ ထိုမီးနံရံမှာ လည်း မြေကြီးမှကူးစက်လာသော မီးတောက်များကြောင့် ဖြစ်လာသည်မှာ သေချာသည်။ “ခင်ဗျား ကျွန်တော့်ဘေးမှာရှိရင် ဒီတစ်ခေါက်ခရီးစဉ်က အလကားမဖြစ်ဘူး”
“ဟားဟားဟား” ယန်ယဲ့သည် ကျယ်လောင်စွာ ရယ်မောလေသည် “ကောင်းတယ် ကောင်းကင်နဲ့ မရဏလောကကို အတူချိုးဖျက်လိုက်ကြတာ ပေါ့…”
သူ စကားမဆုံးခင်မှာပင် အင်အားကြီးတစ်ခုသည် သူ့ရင်ဘတ်ကို တွန်းထုတ်ရာ ရှေ့သို့ရောက်သွားလေသည်။ ကြီးမားပြီးပြင်းထန်သည့် မီးတောက်သည် သူ့ရှေ့တွင် တောက်လောင်နေသည်။ ကြီးမားသောမီးလှိုင်း၏ ရိုက်ခတ်မှုကြောင့် သူ့တစ်ကိုယ်လုံးသည် ဂူနံရံအား ပစ်မှန်သွားလေသည်။ သူသည် မီးပင်လယ်ထဲမှထွက်လာသည်။
“ပေထင်းဟွမ် အတင့်ရဲလိုက်တာ” ယန်ယဲ့ဒေသထွက်သွားသည်။ သို့သော် ထိုအခိုက်တွင် မီးမှာပျံ့နေရာ သူ့ဆီသို့လာဟပ်နေသည်။ ပေထင်းဟွမ် ၏ အသံထွက်လာသည် “ယန်ယဲ့ ခင်ဗျားဒီကိုမလာနဲ့”
နာကျင်မှုသည် သူမ၏တစ်ကိုယ်လုံးဆီသို့ ကျရောက်လာကာ သူမအရေ ပြား၏ နေရာတိုင်းသို့ စိမ့်ဝင်ကာ ဝိညာဉ်ကိုပင် ညှဉ်းပန်းနေသလိုပင်။ ပေထင်း ဟွမ်သည် အံကိုကြိတ်ထားကာ ဂူဝင်ပေါက်ဘက်ဆီသို့ စိုက်ကြည့်လိုက်သည်။ ထိုအခိုက်တွင် သူမစိတ်ထဲ၌ အတွေးတစ်ခုသာရှိသည်။ သူမသာ ဤနေရာမှ အသက်ရှင်လျက်ထွက်သွားနိုင်လျှင် အခုချိန်ကစပြီး ဤယောက်ျားအတွက် သူမ၏ အသက်ကိုပင်ပေးရပါစေ အရာရာလုပ်ပေးသွားမည်ဖြစ်သည်။
သူသည် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ပထမဦးစွာ သူမ၏ အရေပြား၊ သွေးကြောများနှင့်နောက်ဆုံး သူမ၏အသက်သွေးကြောများ ပါ ပြိုကွဲသွားသည်။ ခန္ဓာကိုယ်အတွင်းတွင် ပြောမပြတတ်လောက်အောင်ပင် နာကျင်လာသည်။ နာကျင်မှုသည် အရှေ့နှင့်အနောက် ပြေးနေသလိုပင်။
“အား…”
သူမ တောင့်မခံနိုင်တော့သဖြင့် မြည်တမ်းနေမိသည်။ မီးတောက်သည် အရာအားလုံးကို ပိတ်ပင်ထားသလိုပင်။ သူမသည် သူမ၏ညည်းညူမှုကို ကြား လိုက်ရသည်။ သူမ၏ အသက်သွေးကြောများအားလုံး လောင်ကျွမ်းသွားကာ သူမ၏ ခန္ဓာကိုယ်မှာ ပြာကျသွားပြီး ဝိညာဉ်တစ်ခြမ်းသာကျန်တော့သလို ခံစား လိုက်ရသည်။
သူမသည် ခေါင်းကိုဖက်ကာထားကာ မီးထဲတွင် လူးလိမ့်နေသည်။ သူမ ၏အသက်ကို မြန်မြန်အဆုံးသတ်ချင်မိသည်။ ထိုအချိန်တွင် သူမ၏အကြောထဲ မှ အေးစိမ့်မှုသည် မီးတောက်၏လောင်ကျွမ်းမှုကို ဖုံးအုပ်ထားလိုက်သည်။ သူမ သည် မျက်လုံးမှိတ်ပြီး ခန္ဓာကိုယ်၏အစိတ်အပိုင်းတိုင်းကို မြင်အောင်ကြည့် သည်။ သူမ၏အကြောတစ်ခုလုံမှာ အစိမ်းရောင်အလုံးဖြင့်ပြည့်နေသည်။ အစိမ်းရောင်စွမ်းအင်သည် လျှံထွက်လာပြီး သူမ၏အကြောတစ်လျှောက် စီးဆင်းသွာသည်။ ၎င်းဖြတ်သွားတိုင်း သူမ၏အကြောများမှာ တစ်လက်မစီ ကြီးလာသည်။ ၎င်းဖြတ်သွားတိုင်း အေးစိမ့်ပြီး သက်တောင့်သက်သာဖြစ်စေ သည့် ခံစားချက်သည် သူမကို အိပ်စက်ချင်လာစေသည်။ ကောင်းကင်နှင့် ငရဲ တွင်ရှိနေသည့် ခံစားချက်သည် တစ်ချိန်တည်းမှာပင် သူမ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသည်။ ထိုအစွန်းရောက်နှစ်ခုကြားမှ ယှဉ်ပြိုင်မှုသည် အရင်ကထက်ပင် အဆပေါင်းရာချီ နာကျင်သွားစေသည်။
ပေထင်းဟွမ်သည် ညည်းမတွားရဲပေ။ သူမ၏ခန္ဓာကိုယ်မျာ မည်သို့ဖြစ် နေသည်ကို မသိပေ။ သူမ အသက်ရှင်နေသလား သေသွားသလားဆိုသည်ကို ပင် မသိရတော့ပေ။ သူမ၏နာကျင်စွာ မြည်တမ်းမှုကြောင့် အကျိုးဆက်အနေ နှင့် ယန်ယဲ့ကို ဆွဲခေါ်သလိုဖြစ်မည်ကို ကြောက်သည်။ သူမကို အကြိမ်ပေါင်း များစွာကယ်ခဲ့သော ထိုလူကို သူမကိုကာကွယ်ခြင်းကြောင့်ပင် မသေစေချင် ပေ။
သူမသည် ဤမျှလောက် ဖြူစင်သူဖြစ်သည်။ တခြားသူများသာ သူမကို ကောင်းစွာဆက်ဆံလျှင် သူမသည် ဆယ်ဆ အဆတစ်ရာပြန်ကောင်းပေးမည်။ တစ်ဖက်တွင် သူမကို ထိခိုက်အောင်လုပ်သူများ သူမကို အဆပေါင်းထောင်ချီ သေစေချင်သူကိုတော့ ပြန်ပေးဆပ်မည်။