ပြောင်းလဲခြင်း၊ ပြန်လည်မွေးဖွားလာခြင်း
Vol. 3 Ch. 48
ဝေဝါးနေသော သူမ၏ ဝိညာဉ်ပင်လယ်ထဲတွင် အသိစိတ်အလင်းတန်း တစ်ခုသည် ရှင်းလင်းနေကာ ခန္ဓာကိုယ်ထဲမှ ထိုပြောင်းလဲမှုအားလုံးမှာ ပိုရှင်းလင်းလာသည်။ ထိုအခိုက်တွင် သူမ၏စိတ်ထဲသို့ အသံတစ်သံပေါ်လာ သည် “မင်းရဲ့သွေးရှိရင် ငါတို့ရဲ့ကံကြမ္မာကပါလာပြီးသား ငါတို့တွေ သေအတူ ရှင်အတူပဲ.. အခုကစပြီး မင်းကငါ့ရဲ့ ကံပါတဲ့စာချုပ်အရှင်ပဲ”
သူမရှေ့မှ အနီရောင်မီးသည် ပိုပိုတောက်လာပြီး ကြီးမားသောပုံရိပ်သည် သူမ၏မျက်လုံးအား ဖြတ်သွားလေသည်။ သူမ၏ပတ်ပတ်လည်မှ စွမ်းအားမှာ အရှိန်အဟုန်ပြင်းပြီး မီးတောက်များထဲမှ အလင်းတန်းတစ်ခုထွက်လာသည်ကို ခံစားလိုက်ရသည်။ ကျယ်လောင်သောအသံထွက်လာရာ ထိုအသံသည် မည်မျှ မြင့်မားသည်ကိုတော့ သူမ မသိပေ။ တောင်ထိပ်များမှာ လှုပ်ယမ်းနေပြီး မြေကြီးများလည်း လှုပ်ခါနေသည်။
၉ ရောင်နိဗ္ဗာန်မီးက မီးထဲကနေ ပြန်မွေးဖွားလာပြီပဲ။
သူမ၏ခန္ဓာကိုယ်အတွင်း၌ အေးမြသောခံစားမှုပျံ့နှံ့သွားချိန်တွင် စိတ်ပိုင်း ဆိုင်ရာ သက်ရောက်မှုကို ခံစားလိက်ရသည်။ သူမ၏စိတ်ထဲတွင် ဂါထာများ ရွတ်မိသည်။ ခေါင်းထဲမှ အချက်အလက်များသည် သူမ ပြန်လည်မွေးဖွားစဉ်က အရင်ပိုင်ရှင်၏ မှတ်ဉာဏ်များထက် ပိုများပြားသည်။ ပေထင်းဟွမ်သည် သူမ၏ ခေါင်းပေါက်ကွဲတော့မတတ်ခံစားမိသည်။ သို့သော် သူမအား စောင့်ကြပ်နေသည့် နတ်အာရုံသည် သူမကို ပြိုလဲခွင့်မပေးပေ။ ၎င်းသည် ရှုပ်ထွေးပြီး၊ လေးနက်သော ကစဥ့်ကလျားဂါထာ ပုံသေနည်းများကို အမှတ်ရ ရန် ဖိအားပေးနေသည်။
ပေထင်းဟွမ်သည် မငြင်းသာတော့ဘဲ ကူကယ်ရာမဲ့စွာဖြင့် အလွတ် ကျက်မှတ်မိသည်။ ထိုလုပ်ငန်းစဉ်သည် အလွန်နာကျင်သည်။ အချိန်မည်မျှ ကြာသွားသည်ကိုမသိ.. တိတ်တိတ်လေး ကြိုးစားပြီး ရွတ်ဆိုချိန်တွင် မသန့်ရှင်း သော အစိမ်းရောင်နှင့် ရောယှက်နေသောအဖြူရောင်အလုံးသည် သူမ၏ သွေးကြောအတွင်း၌ စတင်လည်နေသည်။ ၎င်းသည် အမှုန်အမွှားများကို ထုတ်လွှတ်ကာ ပေထင်းဟွမ်၏ သွေးကြောအတွင်း လည်ပတ်ကာ အဆုံးမရှိ သော ကွင်းပိတ်စနစ်တစ်ခုအဖြစ် သူမ၏ သွေးကြောအတွင်းသို့ ပြန်သွားခဲ့၏။
ပေထင်းဟွမ်သည် ပျော်မိသည်။ အဖြူရောင်လေလုံးရှိနေခြင်းသည် သူမ သည် ဝိညာဉ်သခင်ဖြစ်ရန် အရည်အချင်းပြည့်မှီသည်ကို ရည်ညွှန်းသည်။ ထို့အပြင် ထိုအဖြူရောင်သည် ဖြူစင်ပြီး ထူထဲသည်။ သူမသည် သာမန် ဝိညာဉ် ကျင့်ကြံသူမဟုတ်ဘဲ အနည်းဆုံး ဝိညာဉ်သခင်ဖြစ်နိုင်သည်။
သို့သော် ပေထင်းဟွမ်၏အာရုံမှာ သွေးကြောထဲမှ ကျောက်တုံးနှင့်တူ သည့် အစိမ်းရောင်ပြင်ပပစ္စည်းဆီသို့ ရောက်နေသည်။ ထိုအခိုက်တွင် သူမခန္ဓာ ကိုယ်ထဲတွင် ရုတ်တရက် အစိုင်အခဲအရာဝတ္ထုတစ်ခုသည် သံလိုက်ကဲ့သို့ပင် ကောင်းကင်နှင့်မြေကြီးကြားမှ ဝိညာဉ်စွမ်းအားကို စုပ်ယူလေသည်။ အစိမ်း ရောင်ကျောက်တုံးဆီမှ ဝိညာဉ်စွမ်းအင်နှင့်ရောနှောပြီးနောက် သူမ၏ သွေးကြောများဆီသို့ ကူးပြောင်းပေးလေသည်။ သူမ၏သွေးကြောများကို ဖြတ်သန်းပြီးနောက် ပင်မအကြောဆီသို့ ပြန်သွားလေသည်။
ဒါက သူမခန္ဓာကိုယ်ထဲက ကျင့်ကြံခြင်းစနစ်က ဝိညာဉ်စွမ်းအင်တွေ စုပ်ယူပြီး သူ့အလိုလိုသန့်စင်သွားတာလား။
သည်တစ်ခေါက် သူမ၏ခန္ဓာကိုယ်မှာ မီးတောက်ဖြင့် လောင်ကျွမ်းထား ရာ သူမ၏အကြောအခန်းများသည် အရင်ကထက်အဆပေါင်းများစွာ ကျယ် သွားသည်မှာတော့ ပြောရန်ပင်မလိုတော့ပေ။ သူမသည် ပို၍ပျော့ပျောင်းလာ သည်။ သူမ ပြန်လည်မွေးဖွားလာသည်ဟုပြောလျှင် လွန်မည်မဟုတ်ပေ။
“ဟးဟားဟား” ပေထင်းဟွမ်သည် ရယ်မောမိသည်။ သူမသာ ဤ ဘေးဒုက္ခကို ကျော်ဖြတ်နိုင်လျှင် အနာဂတ်တွင် ကံကောင်းသွားမည်။ အရင်လို သူမကို အနိုင်ကျင့်ကြတော့မည်မဟုတ်ပေ။
မီးတောက်များသည် သူမကို လွှမ်းခြုံထားသည်။ ထိုအခိုက်တွင် ထို မီးတောက်များသည် သူမ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလိုဖြစ်သွားကာ မည်သည့်နာကျင်မှုမှမဖြစ်စေတော့ပေ။ သူမ၏ခန္ဓာကိုယ်မှအဝတ်အစားများ သည် ပြာကျသွားလေပြီ။ သူမ၏လည်တိုင်မှ နီလာလည်ဆွဲနှင့် လက်ကောက် ဝတ်မှ နီလာလက်ပတ်သာကျန်ခဲ့လေသည်။ သူမသည် မီးတောက်များကြား တွင် ရပ်လိုက်သည်။ အလင်းရောင်များ သူမ၏ဦးခေါင်းပေါ်သို့ကျရောက်လာ သောအခါ သူမ၏အသားအရေသည် မွေးကင်းစကလေးကဲ့သို့ ပြန်မွေးဖွားလာ သည်။ ကျောက်စိမ်းကဲ့သို့ တလက်လက်တောက်ပြီး ချောမွေ့နေသည်။
“ဒီတစ်ခေါက် ကောင်းကင်မီးတောက်ကို ဆင့်ခေါ်နိုင်တဲ့ အထွတ်အမြတ် သားရဲကိုတွေ့ရလိမ့်မယ်လို့ ထင်မထားဘူး.. စီရင်ချက်ဗိမာန်က ကစဥ့်ကလျား နတ်အရင်းအမြင်ကိုရှာနေတာ နှစ်တွေအများကြီးကြာနေပြီ.. နတ်ဘုရား အလင်း ကျေးဇူးကြောင့် ငါတို့ကံကအရမ်းကောင်းနေတယ်”
“ဟုတ်တယ်… ငါတို့သာ သူ့ကို သတ်နိုင်ရင် ကစဥ့်ကလျားနတ် အရင်းအမြစ်ကို အလွယ်တကူရနိုင်တယ်.. ဒီအထွတ်အမြတ်သားရဲက သားပေါက်အရွယ်ပဲရှိသေးတာကို ဒီလောက်ကြီးတဲ့ကောင်းကင်မီးကို ဆင့်ခေါ် ပြီးတော့ အသက်တွေအများကြီးစားသုံးသွားတာ.. သူအိပ်ပျော်သွားရင်တော့ အချိန်တစ်ခုကြာတဲ့အထိ နိုးလာတော့မှာမဟုတ်ဘူး”