← Chapters

ကစဥ့်ကလျားနတ်အရင်းအမြစ်

Vol. 3 Ch. 49

ကစဥ့်ကလျားနတ်အရင်းအမြစ်

Vol. 3 Ch. 49

သူမသည် သက်မဲ့အရာတစ်ခုအလား ပေထင်းဟွမ်၏ ခေါင်းအထက်တွင် အသံနှစ်သံ ပဲ့တင်ထပ်လသည်။ ပေထင်းဟွမ် ခေါင်းမော့ပြီးကြည့်လိုက်သည်။ စီရင်ချက်ဗိမာန်မှ စစ်ဆေးရေးနှစ်ယောက်သည် ဖြူစွတ်နေသည့် အဖြူရောင် ဝတ်ရုံကိုဝတ်ဆင်ထားပြီး သူမအား သက်မဲ့အရာတစ်ခုကဲ့သို့ကြည့်နေသည်။ သူတို့၏ မောက်မာပြီး ဂုဏ်မောက်သည့်အမူအရာကိုကြည့်ပြီး ပေထင်းဟွမ် သည် ၉ ရောင်နိဗ္ဗာန်မီးကို ဆင့်ခေါ်ပြီး သူတို့နှစ်ယောက်ကို မီးရှို့သတ်ချင်မိ သည်။

“ခင်ဗျားတို့က ကျုပ်ကိုသေစေချင်လို့လား” ပေထင်းဟွမ် နှာမှုတ်လိုက် သည်။ “ခင်ဗျားတို့ အရည်အချင်းမမှီမှာကြောက်တယ်”

သူမသည် အရင်ကအမှိုက်ဖြစ်ခဲ့ပြီး ယခုအခါ သေဆုံးခြင်းမှ ပြန်လည် လွတ်မြောက်လာသဖြင့် တခြားသူများထက် သူမ၏အသက်ကို ပိုတန်ဖိုးထား တတ်လာသည်။ သူမမှာ လွတ်မြောက်ရန် အားကိုးစရာများများစားစား မရှိ လျှင်တောင် ဤလူဆိုးနှစ်ယောက်ကို သတ်နိုင်လောက်သည့်လူတော့ မဟုတ်ပေ။

“ပေထင်းဟွမ် စီရင်ချက်ဗိမာန်က ဒီကစဥ့်ကလျားနတ်အရင်းအမြစ်ကို ပိုင်တယ်.. နတ်အလင်းတောက်ပပြီးတော့ စီရင်ချက်ဗိမာန်က အဲဒါကိုရှာနေ တာ.. အဲဒါကမင်းနဲ့အတူရှိနေတာကိုး.. အဲဒါကြောင့် မင်းကအမှိုက်ဖြစ်နေတာ ဟားဟား အခု ပိုင်ရှင်အမှန်ကို ပြန်ပေးချိန်ရောက်ပြီ”

မုတ်ဆိတ်တစ်ခြမ်းမီးလောင်ထားသော စစ်ဆေးရေးတစ်ယောက်သည် လက်ထဲတွင် ဝိညာဉ်သခင်သန့်စင်အလင်းကို ကိုင်ပြီးနောက် ပေထင်းဟွမ် ဆီသို့ ချည်းကပ်လာသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် တောင်ပံပါသစ်တတ် ကျားသည် ဘေးမှခုန်ထွက်လာပြီး စစ်ဆေးရေးပေါ်သို့ ခုန်အုပ်လိုက်သည်။

“အာ.. သားရဲ”

အတောင်ပံပါသစ်တတ်ကျားသည် ဥ၏အစောင့်အကြပ်ဖြစ်ကာ ဤနေရာမှလူတိုင်းကို ဦးဆောင်နေသူဖြစ်သည်။ ထိုအခိုက်တွင် ၎င်းသည် ချောင်းမြောင်းတိုက်ခိုက်ရာတွင် အောင်မြင်သွားကာ စစ်ဆေးရေး၏ အသား များပဲ့ပါသွားလေသည်။ စစ်ဆေးရေးသည် အဆုံးမရှိတော့ နာကျင်မှုကိုခံစား လိုက်ရကာ ကောင်းမွန်သောအရသာတော့မဟုတ်ပေ။ ပေထင်းဟွမ်အား တိုက်ခိုက်ရန် ပြင်ဆင်ထားသော သန့်စင်အလင်းစွမ်းအင်လုံးသည် တောင်ပံပါ သစ်တတ်ကျားကို တိုက်ခိုက်လေသည်။ တောင်ပံပါသစ်တတ်ကျားသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားကာ ဂူထဲမှကျောက်နံရံလည်း ကွဲကြေသွား သည်။ အားကောင်းသောလေသည် မီးတောက်များကို ပိုလှုပ်ခါစေသည်။

၎င်း၏စိတ်ထဲတွင် ဒေါသထွက်လာသည်။ သူ့အူအသည်းထဲမှ ဆိုးယုတ် သောစိတ်များထိုးတက်လာသည်။

ပေထင်းဟွမ်အား အလွတ်ပေးရန်စိတ်ကူးမရှိသည့် စစ်ဆေးရေးနှစ်ဦး သည် ထိုအခိုက်တွင် ဒေါသထွက်လာသည်။ သူတို့နှစ်ယောက်လုံးသည် ပေထင်းဟွမ်ဆီသို့ ပျံသွားကြသည်။

ပေထင်းဟွမ်တွင် ကြောက်ရွံ့မှုများပြည့်နှက်နေခဲ့သည်။ သူမသည် အဆင့် ၃ ပင်မရောက်သေးသည့် ဓားသခင်ဖြစ်သည်။ အဆင့် ၄ ဝိညာဉ်သခင် ကို တိုက်ခိုက်နိုင်စွမ်း သူမတွင်မရှိပေ။ သို့သော် ၉ ရောင်နိဗ္ဗာန်မီးနှင့် စာချုပ် တည်ထောင်ပြီးနောက် သူမ၏ဝိညာဉ်သည် မင်၏ဝိညာဉ်နှင့် အနည်းငယ် ဆက်သွယ်ချက်ရှိလာသည်။ သူမသည် သူ့အခြေအနေကို ရှင်းရှင်းလင်းလင်း သိနေသည်။ သူသည် အိပ်မောကျသွားလေပြီ။ ထို့အပြင် ဤအခိုက်အတန့်တွင် သူအပြင်းအထန်ဒဏ်ရာရထားသည့်အလား သူ၏ရောင်ဝါသည် အလွန် အားနည်းနေသည်။ အခြေအနေမှာ အကောင်းဘက်တွင်မရှိခဲ့ပေ။

ပေထင်းဟွမ်သည် အနည်းငယ်စိုးရိမ်လာသည်။ သူမ တိတ်တဆိတ် လှည့်ပတ်ကြည့်မိသည်။ သူမကို ၉ ရောင်မီးတောက်မှ လွှမ်းခြုံထားသည်။ စစ်ဆေးရေးနှစ်ယောက် သူမအနားသို့ ကပ်လာသည်နှင့် မီးတောက်များသည် သူတို့ဆီသို့ ခုန်အုပ်သည်။ သူတို့နှစ်ယောက်သည် မတော်တဆ မီးတောက်ဖြင့် လောင်ကျွမ်းသွားကာ အော်ဟစ်မိသည်။ မီးတောက်ကို ကြောက်သဖြင့် သူတို့ သည် ပေထင်းဟွမ်နှင့် ဝေးဝေးနေမိသည်။

မီးတောက်သည် သူတို့နှစ်ယောက်ကို အနားကပ်မရအောင် လုပ်ထား သည်။ မီးတောက်များသည် ပေထင်းဟွမ်၏ ပတ်ပတ်လည်တွင် ဝန်းရံထား သည်။

“ဟားဟား ဒါက အထွတ်အမြတ်သားရဲလုပ်နိုင်တာ ဒါအကုန်ပဲ လှုပ်ရှား လိုက်ကြတာပေါ့”

စစ်ဆေးရေးတစ်ယောက်သည် မြူးလာသည်။ သူသည် ပေထင်းဟွမ်အား တိုက်ခိုက်ရန် တခြားစစ်ဆေးရေးကိုခေါ်သည်။ သူတို့နှစ်ယောက် လက်မြှောက် လိုက်ချိန်တွင် ပုံရိပ်တစ်ခုသည် ပေထင်းဟွမ်ရှေ့သို့ တစ္ဆေကဲ့သို့ ရုတ်တရက် ပေါ်လာလေသည်။ သူ့အသံသည် နူးညံ့၊ ကျက်သရေရှိပြီး အဆုံးမရှိသည့် အေးစက်မှုများဖြင့် ပြည့်နေသည်။ ထိုအရာကြောင့်ပင် မီးတောက်များဝိုင်းနေ သည့်ကြားမှ ပေထင်းဟွမ်သည် တုန်ယင်မိသည် “မင်းတို့ အသက်မရှင်ချင်ကြ တော့ဘူးလား.. ငါ့လူကိုတိုက်ခိုက်ရင် စောစောသေဖို့ ပြင်ဆင်ထားကြတော့”

ယန်ယဲ့ အမြန်ပြေးလာသည်။ ပေထင်းဟွမ်သည် သတိမပေးဘဲ သူ့ကို မီးတောက်အပြင်သို့ ပစ်ထုတ်ခဲ့သည်။ ထို့နောက် မီးတောက်များကို သတိထား စောင့်ကြည့်ခဲ့သည်။ သူအမြန်ပြေးလာချိန်တွင် စစ်ဆေးရေးနှစ်ယောက်သည် ပေထင်းဟွမ်အား တိုက်ခိုက်နေသည်ကိုမြင်လိုက်ရသည်။ ထိုအခိုက်အတန့် တွင် သူ၏နှလုံးမှာ ဆက်တိုက်ခုန်နေခဲ့သည်။

သူအနည်းငယ်စောင်းလှည့်ပြီး မီးတောက်ထဲမှ ပေထင်းဟွမ်ကိုကြည့် လိုက်သည်။ သူ ပြင်ဆင်ထားသော်လည်း သူမ၏လည်တိုင်မှ နီလာလည်ဆွဲကို မြင်သောအခါ သူ့ရင်ဘတ်မှ နှလုံးမှာ ပြင်းထန်စွာတုန်လှုပ်နေသကဲ့သို့ ခံစား လိုက်ရသည်။ အသက်ရှူရန်ပင်ကြပ်လာသည်။

All Chapters