← Chapters

ပြင်းထန်သည့် အပြောင်းအလဲများ

Vol. 162 Ch. 2308

ပြင်းထန်သည့် အပြောင်းအလဲများ

Vol. 162 Ch. 2308

ရီဖူရှင်း ကောင်းကင်အာဏာစက်ဘုံသို့ ပြန်မရောက်ခင် တစ်လောကလုံးမှ ကျင့်ကြံသူများ စတင် ရောက်ရှိလာပြီး မူလဘုံက ​ပြောင်းလဲသွားခဲ့သည်။

ယခု မူလဘုံ၌ ပေါ်ထွက်လာသော အင်ပါယာအဆင့် အမွေအနှစ်ကြောင့် ထိပ်သီးပုဂ္ဂိုလ်များက စတင်၍ မူလဘုံအတွင်း တက်တကကြွကြွ ရှာဖွေလာကြသည်။

မူလဘုံမှ မဟာလမ်းစဥ် ဘုံသုံးထောင်သည် ယခု ရီဖူရှင်း၏ ထိန်းချုပ်မှုအောက် ရှိနေခဲ့သည်။ မှော်နက်လောကအတွင်း ငရဲကလန်၌ ဖြစ်ပျက်သွားခဲ့သော  အဖြစ်အပျက်များကို နေရာအနှံ့မှ ကျင့်ကြံသူများအား ထိတ်လန့်သွားစေသည်။ ယခုတွင် မဟာလမ်းစဥ်ဘုံသုံးထောင်အတွင်း ဆိုးဆိုးဝါးဝါး ပြုမူရဲသူ မည်သူမှ မရှိတော့ပေ။ ထို့ကြောင့် သူတို့သည် မဟာလမ်းစဥ်ဘုံသုံးထောင်၏ အပြင်ဘက် လေဟာနယ်အတွင်းမှ အခြားနေရာများ၌သာ လှုပ်ရှားသွားလာနိုင်ကြသည်။

ထို့ပြင် ယခုတွင် အခြားသော အမွေအနှစ်နယ်မြေများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာနေသည်။ ၎င်းတို့က တူးဖော်ခံနေရသည်လား။

ရီဖူရှင်းက အနည်းငယ် ဝမ်းနည်းသည့် စိတ်ခံစားချက်များ ဖြစ်နေခဲ့သည်။ ကောင်းကင်လမ်းစဥ် ပြိုမကျခင်၌ ဤလောကကြီးက မည်သို့သော လောကမျိုးဖြစ်ခဲ့မည်နည်း။

ထိုခေတ်ကို နတ်ဘုရားများ၏ ခေတ်ဟု ခေါ်ကြပြီး ယနေ့ထက်စာလျှင် ကျင့်ကြံရန် ပိုမို လွယ်ကူလိမ့်မည် ​ဖြစ်ကာ ယနေ့ခေတ်နှင့် နှိုင်းယှဥ်ပါက ပိုမိုအစွမ်းထက်သော ကျင့်ကြံသူများစွာ ရှိပေလိမ့်မည်။ သို့သော် ကပ်ဘေးတစ်ခုကြောင့် ကောင်းကင်လမ်းစဥ် ပြိုကျခဲ့ရပြီး နတ်ဘုရားများ သေကြေပျက်စီးခဲ့သည်။

မူလဘုံမတိုင်ခင် ဤနေရာသည် ကောင်းကင်လမ်းစဥ်၏ ကမ္ဘာတစ်ခုဖြစ်သည်။ များပြားလှစွာသော အမွေအနှစ်များ၏ တည်ရှိမှုက ကျိုးကြောင်းဆီလျော်သော်လည်း အားလုံးကို အပြည့်အဝ တူးဖော်နိုင်ရန်မှာ မလွယ်ကူလှပေ။ ရှည်လျားသော သမိုင်းကြောင်း၌ပင် ထွက်ပေါ်မလာသေးသည့် လျှို့ဝှက်ချက်များစွာ ရှိပေသည်။

"ကျောင်းတော်ကို ပြန်သွားကြရအောင်။" ရီ​ဖူရှင်းက ပြောလိုက်သည်။ သူက မဟာအင်ပါယာရှန့်ယင်၏ အမွေအနှစ်ကို အပြည့်အဝ နားမလည်သေးသော်လည်း ၎င်းက သူ့ စိတ်ထဲတွင် ထွင်းထုထားသလို ရှိနေခဲ့ပြီး ဖြစ်သည်။ သူသည် ကြယ်ကောင်းကင်ကမ္ဘာ၌ ဆက်လက်ကျင့်ကြံခြင်းက သူ့ကိုယ်သူ တိုးတက်စေနိုင်မည်ဟု တွေးလိုက်သည်။ အချိန်တိုအတွင်း ကျင့်ကြံခြင်းကပင် သူ၏ အဆင့်တိုးတက်လာပြီး အဆင့်ရှစ်ရန်ဟောင်အဖြစ် တိုးမြင့်လာစေရန် အကူအညီ ပေးနိုင်ပေသည်။

သို့သော် မူလဘုံအတွင်း ဖြစ်ပေါ်နေသော လက်ရှိ အပြောင်းအလဲများမှ သူသည် တစ်စုံတစ်ခုကို မျက်မြင်တွေ့ချင်နေခဲ့သည်။

ကောင်းကင်လမ်းစဥ် ပြောင်းလဲမှုများက မူလဘုံမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။

မူလဘုံ၏ အပြောင်းအလဲများက မည်သည့်ဘက်သို့ ဦးတည်နေပါသနည်း။

"အင်း။" အနီးရှိ လူများက ခေါင်းညိတ်လိုက်သည်။ ယနေ့ မူလဘုံအတွင်း အမှန်တကယ်ပင် မတူကွဲပြားမှုများ ရှိနေခဲ့သည်။ ရီဖူရှင်းသည် ယခု မူလဘုံမှ အင်အားစုများ၏ ခေါင်းဆောင်ဖြစ်နေခဲ့သည့်အတွက် အမှန်တကယ် ပြန်သွားပြီး ကြည့်ရှုသင့်ပေသည်။

ထို့ပြင် ရီဖူရှင်းနှင့်အတူ ကျင့်ကြံရန် ဆန္ဒရှိသည့် ထိုလူများက ဒဏ္ဍာရီတစ်ပုဒ်ကို မျက်မြင်တွေ့ရန် မျှော်လင့်နေကြသည်။ ကောင်းကင်နှင့် မြေကြီးအတွင်း အပြောင်းအလဲများသည် မူလဘုံမှ အခြေခံပေသည်။ ရီဖူရှင်းအတွက် သူက မူလဘုံ၏ ဘုရင် ဖြစ်လာပေလိမ့်မည်။

သို့ဆိုလျှင် သူက ဤကြိုတင်ဟောကိန်း နောက်ကွယ်မှ အဓိကလူ ဖြစ်နေနိုင်သည်လား။

ပုံမှန်အားဖြင့် ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများက ထိုသို့ မျှော်လင့်ချက်များ ထားရှိကြပေသည်။

ထို့ပြင် ရီဖူရှင်းသည် ထိုသို့သော ပါရမီမျိုးကိုလည်း ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်သည်။

ရီဖူရှင်းက ကျင့်ကြံသူများစွာနှင့် လျှောက်လာခဲ့သည်။ ယခုတွင် ရီဖူရှင်း၏  လှုပ်ရှားမှုတိုင်းက လူများစွာအပေါ် ကျိန်းသေ သက်ရောက်စေပြီး ထိပ်သီးပုဂ္ဂိုလ်များစွာသည်လည်း သူနှင့်အတူ လှုပ်ရှားကြပေသည်။

သူတို့ကြားရှိ အသိသာဆုံးသော သူများမှာ အဘိုးမာနှင့် မျက်မမြင်ထျယ်ပင် ဖြစ်သည်။ လေးမျက်နှာကျေးရွာမှ ထိုထိပ်သီးပုဂ္ဂိုလ် နှစ်ယောက်သည် ရီဖူရှင်း သွားသည့် နေရာတိုင်း လိုက်ပါပြီး သူ့ဘေး၌ စောင့်ရှောက်ပေးနေခဲ့သည်။ ကောင်းကင်အာဏာစက်ကျောင်းတော်မှ ထိပ်သီးပုဂ္ဂိုလ်များသည်ပင် ထိုနှစ်ယောက်ကဲ့သို့ အစဥ်အမြဲ အနီးကပ် ရှိနေပေးနိုင်မည် မဟုတ်ပေ။

၎င်းသည် သူတို့နှစ်ယောက်က ရီဖူရှင်းအား ပြန်ပေးဆပ်လို၍ ဖြစ်နိုင်သည်။ အဘိုးမာက ရှောင်လင်းအတွက် ဖြစ်ပြီး မျက်မမြင်ထျယ်ကမူ ရီဖူရှင်းက သူ့ကို ကြီးမားလှသော အခွင့်အရေး ပေးအပ်ခဲ့သည့်အတွက် ဖြစ်နိုင်သည်။ သူက ရန်ဟောင်အထွတ်အထိပ်အဆင့်ကို ခြေလှမ်းနိုင်ခဲ့ပြီးနောက် လက်စားချေနိုင်ခဲ့သဖြင့် ရီဖူရှင်းအတွက် အပြည့်အဝ တာဝန်ထမ်းဆောင်ပေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။

ဂူတုံးလျှို၊ ရီဝူချင်းနှင့် အခြားလူများကဲ့သို့ အားနည်းသော ကျင့်ကြံခြင်းနှင့် ထိုလူများအနေနှင့် ရီဖူရှင်းက သူတို့ကို သွားချင်ရာ လျှောက်မသွားစေချင်ဘဲ ကြယ်ကောင်းကင်ကမ္ဘာ၌ နေထိုင်ကာ သူတို့၏ ကျင့်ကြံခြင်းကို အာရုံစိုက်ကာ ကျင့်ကြံဆင့်များအား တိုးမြှင့်စေလိုသည်။ အဆုံးမှာတော့ ယခု မူလဘုံ၌ တိုက်ခိုက်နေသည့် သူများအားလုံးက ထိပ်သီးပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။ အနိမ့်ဆုံးလူသည်ပင် အဆင့်မြင့်အထွတ်အထိပ်မှ ရန်ဟောင်များ ဖြစ်သည်။ ထိုအဆင့်အောက်မှ ကျင့်ကြံသူများက ပါဝင်ရန် အဆင့်မမီကြပေ။

ရီဖူရှင်းနှင့် အခြားသူများသည် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ပြန်လာသည့် လမ်း၌ ရောက်နေပြီ ဖြစ်သည်။

သူက နတ်အာရုံကို ကျောင်းတော်တစ်ခွင်အား ဖြန့်ကျက်လိုက်ပြီး လေ့လာကြည့်လျှင် ကျောင်းတော်အတွင်းရှိ လူတိုင်းက ကျင့်ကြံခြင်း၌ အာရုံစိုက်နေသည်ကို သိလိုက်ရသည်။ ရီဖူရှင်းက ပြုံးလိုက်၏။ လက်ရှိတွင် ကောင်းကင်အာဏာစက်ကျောင်းတော်သည် မဟာလမ်းစဥ်ဘုံသုံးထောင်၏ ကျောရိုးမဏ္ဍိုင်ဖြစ်ပြီး အမြင်သစ်များနှင့် သန့်စင်မြင့်မြတ်နယ်မြေတစ်ခု ဖြစ်လာပြီ ဖြစ်သည်။ ကျောင်းတော်သို့ လာသော ကျင့်ကြံသူများက အလွန် ကြိုးစားနေကြပြီး သူတို့ ကြယ်ကောင်းကင်၌ ကျင့်ကြံရန် နေ့ကို စောင့်မျှော်နေကြသည်။

ရီ​ဖူရှင်း၏ ပုံရိပ်က ဖျတ်ခနဲ ထိုနေရာသို့ ရောက်ရှိလာသည်။

"ခဲအို။" ဟွာနန်းယွီက အပြုံးနှင့် ခေါ်လိုက်သည်။ အရှင်ထိုက်ရွှမ်က သူမဘေးတွင် ရှိနေခဲ့၏။

"အရှင်ထိုက်ရွှမ်ကို အနှောက်အယှက်ပေးနေပြန်ပြီလား။" ရီဖူရှင်းက နန်းယွီကို ကြည့်ကာ ပြုံးလိုက်သည်။

"မဟုတ်ပါဘူး။ ကျွန်မက အဘိုးရွှမ်ကို အဖော်ပြုပေးနေတာပါ။" ဟွာနန်းယွီက အပြုံးနှင့် ပြောလိုက်သည်။

"အဲဒါ ဟုတ်တယ်။ နန်းယွီက ငါ မပျင်းရအောင် မကြာခဏ လာပြီး စကားပြောပေးတတ်တယ်။" အရှင်ထိုက်ရွှမ်က ရီဖူရှင်းကို ချောင်းကြည့်ရင်း အပြုံးနှင့် ပြန်ဖြေလိုက်သည်။ "အဲဒီတော့ မင်း မဟာအင်ပါယာရှန့်ယင်ရဲ့ စွမ်းအားအမွေအနှစ်ကို ထိန်းချုပ်နိုင်စွမ်း ရှိပြီလား။"

"မဟာအင်ပါယာရှန့်ယင်ဆီက ဆက်ခံရတဲ့ နတ်တေးသွားက အရမ်းအံ့သြစရာကောင်းပြီး ကျွမ်းကျင်ဖို့ဆို အချိန်ယူရလိမ့်မယ်။" ရီဖူရှင်းက ဆက်ပြောလိုက်သည်။ "ကျွန်တော်ကြားတာတော့ မူလဘုံထဲမှာ အပြောင်းအလဲတချို့ ဖြစ်နေတယ်ဆို။ ဒါကြောင့် ကျွန်တော် ကျောင်းတော်ကို ပြန်လာခဲ့တာ။ အရှင်ထိုက်ရွှမ်ရော အပြင်ဘက်မှာ ဘာတွေ ဖြစ်နေလဲ သတိပြုမိလား။"

"တချို့တလေတော့ သိပါတယ်။" အရှင်ထိုက်ရွှမ်က ခေါင်းညိတ်လိုက်သည်။ "အစွမ်းထက် အင်အားစုတွေများစွာက အဆုံးမဲ့လေဟာနယ်ထဲမှာ အမွေအနှစ်တွေကို ရှာဖွေနေကြတယ်။ လေဟာနယ်အက်ကြောင်းထဲမှာ ပုန်းကွယ်နေတဲ့ တချို့ အမွေအနှစ်တွေက အခု ပေါ်ထွက်လာနေခဲ့ပြီ။ ရှေးဟောင်းကုန်းမြေတွေဖြစ်တဲ့ တချို့နေရာတွေတောင် ဖော်ထုတ်ခံရတယ်။ အပြင်ဘက်လောက အင်အားစုတွေကလည်း သူတို့ရဲ့ အာရုံစိုက်မှုတွေကို မဟာလမ်းစဥ်ဘုံသုံးထောင်ကနေ အဆုံးမဲ့ လေဟာနယ်မှာ တခြားအရာတွေကို ရှာဖွေဖို့အတွက် ပြောင်းလဲလိုက်ကြပြီ။"

"အဲဒီမှာ အရင်က ဒီနေရာကို လာရှာဖူးတဲ့ ကျင့်ကြံသူတွေလည်း ပါတယ်မလား။ ဘာလို့ အရာအားလုံးက ရုတ်တရက် ဖြစ်လာရတာလဲ။" ရီဖူရှင်းက အမှန်တကယ် စိတ်ရှုပ်ထွေးနေဟန်ဖြင့် အနည်းငယ် ဇဝေဇဝါဖြစ်သွားခဲ့သည်။

"အဲဒီလိုဖြစ်သွားတယ်။" အရှင်ထိုက်ရွှမ်က သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။ ထိုအခိုက်အတန့်တွင် တစ်စုံတစ်ယောက်က ရောက်ရှိလာပြီး ၎င်းက အင်ပါယာနန် ဖြစ်သည်။ သူက ပြောလိုက်သည်။ "အဲဒါက ကောင်းကင်နဲ့ မြေကြီးကြားက အပြောင်းအလဲတွေနဲ့ သက်ဆိုင်လိမ့်မယ်။ ဘာကြောင့်လဲတော့ မသိပေမယ့် မူလဘုံမှာ အပြောင်းအလဲတွေ စတင်လာတယ်။ တချို့အပြောင်းအလဲတွေက မင်း မူလဘုံကို ပြန်မလာခင်ကတည်းက စနေခဲ့ပြီ။"

"အရင်က လိပ်နဂါးကြီး မဟာအင်ပါယာရှန့်ယင်ကို သယ်ဆောင်လာတဲ့အခါ ဒီလိုအဖြစ်မျိုး မဖြစ်ခဲ့ဖူးဘူး။ ဒါပေမယ့် အဲဒါတွေ အားလုံးက ရုတ်တရက် သတိမပေးဘဲ ပေါ်ပေါက်လာခဲ့တယ်။ အဲဒါက ကံကြမ္မာပဲ ထင်ပါတယ်။"

"ဒီလိုအပြောင်းအလဲတွေကို ဘယ်အင်အားစုက ဦးဆောင်နေလဲ။" ရီဖူရှင်းက မေးလိုက်သည်။ သူက တကယ် နားမလည်ပေ။

မူလဘုံသည် တစ်ချိန်က ကောင်းကင်လမ်းစဥ်လောက၏ ကမ္ဘာဟောင်းတစ်ခု ဖြစ်လေသည်။ ၎င်းက ပြိုကျလာပြီးနောက် အရာအားလုံးက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားပေသည်။ ယခင်က မဟာလမ်းစဥ် ဘုံသုံးထောင်သည် ကျင့်ကြံရေးနယ်မြေတစ်ခုသာ ဖြစ်ခဲ့သည်။ သို့ဆိုလျှင် ထိုအမွေအနှစ်များက လေဟာနယ်အတွင်း မည်သည့်နေရာမှ ထွက်ပေါ်လာသနည်း။ ၎င်းတို့သည် ယခင်က မည်သည့်နေရာ၌ ပုန်းကွယ်နေခဲ့သနည်း။

၎င်းတို့က နှစ်ပေါင်းများစွာအတွင်း ပေါ်ထွက်လာဖူးခြင်း မရှိခဲ့ပေ။ သို့သော် ယခု မည်သည့်အတွက်ကြောင့် ရုတ်တရက်ကြီး ထွက်ပေါ်လာရပါသနည်း။

အင်ပါယာနန်က အတွေးနက်နေခဲ့သည်။ သူက တစ်ခုခု စဥ်းစားဆုံးဖြတ်နေပုံရ၏။ သို့သော် သူက ခေါင်းယမ်းလိုက်ပြီး ပြောလာသည်။ "မသိဘူး။"

သူ၏ ခန့်မှန်းချက်များက အနည်းငယ် အခြေအမြစ်မရှိသလို ထင်မှတ်ရသည်။ သို့ဆိုလျှင် မည်သည့်အကြောင်းရင်းကြောင့် ဖြစ်နိုင်သနည်း။

သူသည် သူ့ကိုယ်သူ နားမလည်နိုင်ဘဲ သူ၏ ခန့်မှန်းချက်များကလည်း ခိုင်မာမှုမရှိသဖြင့် သူက ရီဖူရှင်းအား မည်သည့်စကားမှ မဆိုတော့ပေ။

"အဲဒီလိုဆိုရင် မူလဘုံထဲမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေက အနာဂတ်မှာ ဆက်ပြီး ပြင်းထန်နေဦးမှာလား။" ရီဖူရှင်းက စုံစမ်းမေးမြန်းလိုက်သည်။

အင်ပါယာနန်က ခေါင်းညိတ်လိုက်၏။ "အဲဒီလို ဆက်ဖြစ်နေမယ်ဆိုရင်တော့ မူလဘုံရဲ့ အပြောင်းအလဲတွေက တကယ်ပဲ ဆက်ပြီး ပြင်းထန်လာနိုင်တယ်။"

ရီဖူရှင်းက အင်ပါယာနန်၏ စကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။ သူက အနည်းငယ် စိုးရိမ်ပူပန်နေခဲ့လေသည်။

"မူလဘုံက အခု တလောကလုံးက ထိပ်သီးပုဂ္ဂိုလ်တွေကို ဆွဲဆောင်ထားနိုင်တယ်။ ဒီအပြောင်းအလဲသာ ဆက်ဖြစ်နေရင် မူလဘုံက ရှေးခေတ်အချိန်တွေကလို တလောကလုံးရဲ့ ကျင့်ကြံသူတွေ ယှဥ်ပြိုင်ကြတဲ့ တိုက်ပွဲမြေပြင်တစ်ခု ဖြစ်လာမှာစိုးမိတယ်။ အဲဒီနောက် ဘာတွေဖြစ်လာမလဲဆိုတာ မသိတော့ဘူး။" ရီဖူရှင်းက ခပ်တိုးတိုး ပြောလိုက်သည်။ အင်ပါယာနန်က သဘောတူညီစွာနှင့် ခေါင်းညိတ်လိုက်၏။

All Chapters