← Chapters

ကောင်းကင်နတ်ဆိုးနိဗ္ဗာန်

Vol. 3 Ch. 50

ကောင်းကင်နတ်ဆိုးနိဗ္ဗာန်

Vol. 3 Ch. 50

သူမဖြစ်လိမ့်မယ်လို့ သူထင်မထားဘူး။ တကယ်ပဲ သူမပဲ။

သူ၏ခရမ်းရောင်မျက်လုံးထဲမှ မျက်ရည်များ ကျလာသလိုပင်။ နှစ်ပေါင်း တစ်သောင်းကြာပြီးနောက် အံ့ဩမှု၊ ဝမ်းနည်းမှု၊ တပ်မက်မှုနှင့် ရှုပ်ထွေးသော ခံစားချက်များသည် သူ၏တည်ငြိမ်သောမျက်လုံးထဲတွင် ပေါ်လာသည်။ ပေထင်းဟွမ်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး တိတ်တဆိတ် စောင့်နေသည်။

“ဟားဟားဟား ငါ ယန်ယဲ့က ဒီလိုနေ့ကိုမြင်ရလိမ့်မယ်လို့ ထင်မထားဘူး ကောင်းကင်ကြီးက ငါ့ကိုလွှတ်မချဘူး ကောင်းကင်ကြီးကငါ့ကိုလွှတ်မချဘူးပဲ”

သူသည် ပေထင်းဟွမ်ကို အတန်ကြာသည်အထိ စိုက်ကြည့်မိသည်။ အနက်ရောင်အလင်းတန်းသည် သူ့ခန္ဓာကိုယ်မှ တဖြည်းဖြည်းဖြန့်ကျက်လာပြီး သူ၏တစ်ကိုယ်လုံးကို လွှမ်းခြုံလိုက်သည်။ အလင်းတန်းတစ်ခုသည် အလျား လိုက်ဖောက်ထွက်ပြီး စုံစမ်းရေးနှစ်ယောက်ကို စွမ်းအင်များဖြင့် တိုက်ခိုက်လေ သည်။

“ကောင်းကင်နတ်မိစ္ဆာနိဗ္ဗာန်.. ဒါကတကယ်ကြီး ကောင်းကင်နတ်မိစ္ဆာ နိဗ္ဗာန်ပဲ.. မင်း မင်းက…”

စူးရှသောအော်သံထွက်လာသည်။ အနက်ရောင်အလင်းတန်း ဖြတ်သွား သည့်နေရာတိုင်းမှာ အရာအားလုံးပျက်စီးသွားသည်။ ဒါတကယ်ကြီး စစ်မှန်တဲ့ ကျွမ်းကျင်သူမဟုတ်ဘူးလား။ ပေထင်းဟွမ်သည် စုံစမ်းရေးနှစ်ယောက်ရှိသည့် နေရာသို့ကြည့်လိုက်သည်။ ဘာမှမကျန်ခဲ့ပေ။

သူမသည် ခေါင်းမော့ပြီး ယန်ယဲ့၏မျက်လုံးများကို ကြည့်လိုက်သည်။ သူမ၏မျက်နှာသည် တည်ငြိမ်နေပြီး နောက်ဆုံးအခိုက်အတန့်ထိ စောင့်ပေး သည်။ ယန်ယဲ့၏မျက်နှာသည် အထိန်းအချုပ်မဲ့စွာပင် ဘဝင်စိုက်နေသည်။ သူ၏ မျက်လုံးများသည် သူမအပေါ်တွင်သာ ရောက်နေသည်။ သို့သော် သူ၏ အသံမှာ ထင်မထားလောက်အောင် တည်ငြိမ်ပြီး နူးညံ့နေသည်။ သူ၏ ခရမ်း ရောင်မျက်လုံးများသည် နွေးထွေးမှုများဖြင့် ပြည့်နေသည် “မင်းကို ဘယ်သူက မှ ထိခိုက်အောင်လုပ်လို့မရတော့ဘူး နတ်ဘုရားဆိုရင်တောင်မှပဲ..”

သူသည် ပေထင်းဟွမ်၏ဘေးသို့ ဝှီးခနဲရောက်သွားသည်။ သူတို့ နှစ်ယောက်အကြားကို မီးတောက်အလွှာများဖြင့် ပိုင်းခြားထားသည်။ သူ၏ တင့်တဘ်သောပုံရိပ်ပေါ်လာသည်။ သူမ၏အသားအရေမှာ ကျောက်စိမ်းကဲ့သို့ စိမ်းလဲ့နေသည်။ သူမသည် အမှန်တကယ်ပင် လှပသည်။ သူမသည် ထိတ်လန့် စရာကောင်းလောက်အောင်ကို လှပသည်။ ကမ္ဘာပေါ်တွင် သူမထက်လှသည့် သူမရှိနိုင်တော့ပေ။ နေ၊ လ၊ တောင်များနှင့် မြစ်များ.. သက်ရှိအရာများအားလုံး သည် ယှဉ်မရပေ။

“ကစဥ့်ကလျားနတ်အရင်းအမြစ်က ရှေးခေတ်တွေတုန်းက ဆင်းသက် လာတဲ့ နတ်ပစ္စည်းပဲ.. အဲဒါကို ကမ္ဘာမြေမိခင် ဖန်တီးရှင်နတ်ဘုရားက ပိုင်ခဲ့ တယ်.. ကမ္ဘာမြေမိခင် သေဆုံးဖို့ရွေးချယ်တုန်းက သူမရဲ့ဆက်ခံသူတွေအတွက် ထားခဲ့တယ်.. အဲဒါပြီးတော့ သူတို့တွေ တစ်နေရာမှာပျောက်ခဲ့တယ်.. အဲဒါက မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာပဲ ကပ်နေနိုင်တာ” သူ့ကို ရှုပ်ထွေးနေ သော မျက်လုံးများဖြင့် ကြည့်နေသော ပေထင်းဟွမ်ကို မြင်သောအခါ ယန်ယဲ့ ပြုံးလိုက်သည်။ သူပြုံးသောအခါ အလွန်နူးညံ့ပြီး နေဝင်တော ဆောင်းရာသီ၏ အေးစက်မှုများအရည်ပျော်ကျသွားစေသည့် လေပြေနွေးနှင့်တူညီလေသည်။

“စီရင်ချက်ဗိမာန်အပြင် မင်းကိုရှာနေတဲ့လူတွေလည်းရှိသေးတယ်.. အဲဒါ ကြောင့် မင်းအားမကောင်းခင် မိန်းကလေးဆိုတဲ့ သရုပ်မှန်ကိုမပေါ်ပါစေနဲ့” ယန်ယဲ့သည် သူမ၏လည်တိုင်မှ လည်ဆွဲနှင့် လက်ကောက်ဝတ်မှ လက်ပတ်ကို ကြည့်နေသည်။

လက်ပတ်မှာ အဆုံးမရှိသောသက်ရှိများ သိုလှောင်နိုင်သည့် သိုလှောင် ရေးရှေးပစ္စည်ဖြစ်သည်။ ထို့ကြောင့်ပင် ထိုလက်ပတ်သည် ပိုင်ရှင်၏လိင်ကို ဖုံးကွယ်ထားနိုင်ပြီး ပေထင်းဟွမ်၏လည်တိုင်မှ လည်ဆွဲကိုဖွင့်ရန် သော့ချက် လည်းဖြစ်နေသည်။

ဤကဲ့သို့ ထူးခြားသည့်ပုံစံကို သာမန်သန့်စင်သူများ သန့်စင်နိုင်မည် မဟုတ်ပေ။

သူသည် ပေထင်းဟွမ်အား တောက်လောင်သည့် အကြည့်များဖြင့် ကြည့် လေသည်။ မီးတောက်များအကြားတွင် ပေထင်းဟွမ်ရှေ့တစ်လှမ်းတိုးလာ၏။ သူမ မယုံပေ။ “ကစဥ့်ကလျားနတ်အရင်းအမြစ်” ဆိုသည့်နာမည်သည် အတော် မိမိုက်လှသည်။ ထိုအရာသည်သူမ၏ခန္ဓာကိုယ်တွင် တွယ်ကပ်နေသည်။ အကယ်၍ တခြားလူသာလိုချင်လျှင် သူမကိုသတ်မှရမည်။

သူ စိတ်လှုပ်ရှားနေသည်ကို ပေထင်းဟွမ်မြင်သောအခါ ကစဥ့်ကလျား နတ်အရင်းအမြစ်ကို လိုချင်၍ဖြစ်မည်ဟု တွေးလိုက်ပြီး အသင့်ပြင်ထားသည်။ ယန်ယဲ့သာ သူမ၏ခန္ဓာကိုယ်မှ ကစဥ့်ကလျားနတ်အရင်းအမြစ်ကို လိုချင်လျှင် သူမ၏အသက်ကို သူ့ကိုပေးနိုင်သည်။

“ယဲ့…”

ပေထင်းဟွမ် မေးချင်သည့်မေးခွန်းကိုသိနေသည့်အလား ယန်ယဲ့သည် လက်မြှောက်ပြီး တားလေသည်။ သူ့လက်များသည် ကျောက်စိမ်းကဲ့သို့ ဖြူစင်း ကာ သွယ်လျသည်။ ပေါ်သွားသည့် သူ၏လက်ကောက်ဝတ်တစ်ဝက်မှာလည်း လတစ်စင်းသဖွယ်ပင်။ ဤကဲ့သို့ နတ်ဆိုးသဖွယ်ပုံပန်းသဏ္ဍာန်ရှိသောလူသည် ကောင်းကင်၏ ကောင်းချီးပေးခံရခြင်းဖြစ်မည်။

“ဒီကိုလာခဲ့” ယန်ယဲ့သည် လဲကျနေသည့် အတောင်ပံပါသစ်တတ်ကျား အား လက်ကိုဝှေ့ယမ်းလိုက်သည်။ သစ်တတ်ကျားသည် ရုန်းကန်ထလာသည်။ ယန်ယဲ့သည် လက်ကောက်ဝတ်ကိုလှန်ပြီး ဆေးကို သစ်တတ်ကျားပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။

ဆေးစားပြီးနောက် သစ်တတ်ကျား၏ခန္ဓာကိုယ်သည် ပြောင်းလဲမှု ကြီးကြီးမားမားကြုံလိုက်ရသည်။ သွေးဆူပွက်ခြင်းများရပ်သွားပြီး အသက် သွေးကြောမှာလည်း တိုးတက်လာခဲ့သည်။ ပေထင်းဟွမ် ပြန်လည်မွေးဖွားလာ စဉ်က ယန်ယဲ့၏ ဆေးကိုသောက်လိုက်တုန်းကလိုပင် ၎င်း၏ခန္ဓာကိုယ်သည် မျက်စိရှေ့တွင် ကောင်းလာသည်။ သူမ၏ လက်ကောက်ဝတ်သည် လျင်မြန်စွာ သက်သာလာသည်။

All Chapters