← Chapters

စာချုပ်

Vol. 3 Ch. 51

စာချုပ်

Vol. 3 Ch. 51

“ဒါက မွန်မြတ်သောသားရဲလေးတစ်ကောင်ဆိုပေမဲ့ အရှင်ထားလိုက်လို့ ပြဿနာမရှိပါဘူး အချိန်တစ်ခုလောက် မင်းနောက်ကိုလိုက်ခိုင်းလိုက်ပေါ့.. ထွက်လာခဲ့လိုက် ငါ မင်းကိုအပြင်မှာစောင့်နေမယ်” ယန်ယဲ့သည် ပြောပြီး နောက် ကောင်းကင်ပေါ်သို့ပျံသွားလေသည်။

ပေထင်းဟွမ်သည် မီးတောက်များဝန်းရံသည့်အကြားတွင် ကိုယ်လုံးတီး ဖြစ်နေသည်။ သို့သော် သူမ ဤကဲ့သို့တစ်သက်လုံးနေမရပေ။

ခေတ္တမျှနားပြီးနောက် ပေထင်းဟွမ်သည် ခန္ဓာကိုယ်မှမီးတောက်များကို ထိန်းချုပ်ရန်ကြိုးစားလေသည်။ မီးတောက်များကို လွတ်လပ်စွာ ထိန်းချုပ် ပြီးနောက် ခန္ဓာကိုယ်မှမီးတောက်များသည် ငြိမ်းသွားလေသည်။ အရင်ပိုင်ရှင် သည် ဝိညာဉ်သခင်မျိုးနွယ်၏ တိုက်ရိုက်မျိုးဆက်ဖြစ်သော်လည်း အမြဲတစေ အသုံးမဝင်သည့်ခန္ဓာကိုယ်ဖြစ်ခဲ့သည်။ အကြောင်းအရင်းမှာ သူမ၏ခန္ဓာကိုယ် မှ ကစဥ့်ကလျားနတ်အရင်းအမြစ်သည် ကျင့်ကြံ၍မရအောင် ချိတ်ပိတ်ထား ခြင်း ဖြစ်သည်။

ပေထင်းဟွမ်နှင့် မင်တို့သည် စာချုပ်တည်ထောင်ပြီးလေသည်။ မင်၏ ကောင်းကင်မီးတောက်သည် ချိတ်စည်းကိုချိုးဖောက်လိုက်ရာ ကစဥ့်ကလျား နတ်အရင်းအမြစ်သည် သူမ၏ခန္ဓာကိုယ်အတွင်းတွင် လည်ပတ်နေလေပြီ။ ဤ အရာသည် အနာဂတ်သူမ၏ကျင့်စဉ်အတွက် အလွန်ပင်အကျိုးရှိလှသည်။

သူမသည် မှော်ဝင်လက်ပတ်ထဲမှ အနက်ရောင်ဝတ်ရုံထုတ်ဝတ်ကာ သူမ၏ လိင်ကိုဖုံးကွယ်ရန် လက်ပတ်ကို ပြင်လိုက်သည်။ သူမသည် သစ်တတ် ကျားဘေးသို့လျှောက်သွားပြီး သူ့ခေါင်းပေါ်သို့ လက်တင်လိုက်သည် “မင်း ငါနဲ့ စာချုပ်တည်ထောင်ချင်လား”

၎င်း၏ဒဏ်ရာများသည် အရှင်းမပျောက်သေးသော်လည်း စိုးရိမ်ရန် မလို တော့ပေ။ သစ်တတ်ကျားသည် မတ်တတ်ထပြီး ပေထင်းဟွမ်ဆီသို့ နာခံစွာဖြင့် ချည်းကပ်လာသည်။ ၎င်းသည် ကျိုးနွံစွာခေါင်းညိတ်လေသည်။

ကစဥ့်ကလျားနတ်အရင်းအမြစ်သည် ကမ္ဘာမြေမိခင်၏ ပိုင်ဆိုင်မှုဖြစ် သည်။ ကမ္ဘာမြေမိခင်သည် အရာအားလုံးကို ဖန်တိးခဲ့သည်။ သူမသည် ကမ္ဘာ ကိုဖန်တီးရန်အတွက် နတ်စွမ်းအားကို ဆုံးရှုံးခဲ့သော်လည်း နတ်ပစ္စည်း၏ စွမ်းအားကို ရှေးခေတ်မှယခုအချိန်ထိ မည်သို့လက်ဆင့်ကမ်းနိုင်မည်နည်း။

သာမန်ဝိညာဉ်စွမ်းအားရှိသော ဝိညာဉ်သခင်သာလျှင် အဆင့် ၂ မှော် သားရဲနှင့်စာချုပ်တည်ထောင်ရန် အရည်အချင်းရှိကာ ကောင်းကင်အဆင့်သို့ တက်နိုင်မည်ဖြစ်သည်။ သို့သော် လက်ရှိတွင် သူမသည် အဆင့် ၂ ဝိညာဉ်သခင် အဆင့်သာရှိသေးသည်ကို ပေထင်းဟွမ်အမှတ်ရသွားသလို မှော်သားရဲစာချုပ် အတွက် အခြေခံစည်းမျဉ်းကိုပင်ရှာမရပေ။ သို့သော် သူမသည် စမ်းကြည့်ချင် မိသည်။

သူမသည် သစ်တတ်ကျား၏ခေါင်းပေါ်သို့လက်တင်ပြီးနောက် ကစဥ့် ကလျားဂါထာကို တိုးတိုးလေးရေရွတ်မိသည်။ အစိမ်းရောင်အလင်းတန်းသည် သစ်တတ်ကျားအား လွှမ်းခြုံလိုက်သည်။ ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်း များ၏ စာချုပ်ပုံစံသည် သူတို့၏ခြေထောက်အောက်မှပေါ်ထွက်လာပြီး သူတို့ ၏ ဝိညာဉ်စွမ်းအားကို ချည်တုပ်လိုက်သည်။

ထိုလုပ်ငန်းစဉ်မှာ အချိန်ကြာသည်။ ပေထင်းဟွမ်နှင့် မင်တို့စာချုပ် တည်ထောင်စဉ်က မင်သည် တာဝန်ယူသူဖြစ်သည်။ သည်တစ်ခေါက်တွင် သူမ ကတာဝန်ယူရသည်။ သူမသည် မည်သို့လုပ်ရမည်မသိပေ။ နောက်တစ်ဆင့်ကို မည်သို့လုပ်ရမည်ကို မသိတော့သည့်အချိန်တွင် သူမ၏အသိစိတ်ပင်လယ်ထဲမှ အသံတစ်သံထွက်လာသည် “မိုးကြိုးသွားက သခင်ကိုနှုတ်ဆက်ပါတယ်”

အနက်ရောင်အစက်အပျောက်နှင့် ရွှေရောင်အစင်းရှိသော ကျားသစ် သည် အစိမ်းရောင်အလင်းတန်းထဲမှထွက်လာသည်။ လေတိုက်လိုက်သည်နှင့် ခန္ဓာကိုယ်မှအမွေးများသည် လှိုင်းများသဖွယ်တွန့်နေပြီး ကြောက်စိတ်ဖြစ်စေ သည်။ စာချုပ်တည်ထောင်ပြီးနောက် ၎င်း၏ခန္ဓာကိုယ်မှ ဒဏ်ရာများပျောက် ကင်းသွားကာ ရောင်ဝါမှာလည်းအရင်ကထက် ပိုသန်မာလာသည်။ ပေထင်းဟွမ်သည် မမေးဘဲမနေနိုင်တော့ပေ “မိုးကြိုးသွား မင်းအားက ထပ် တိုးလာပြန်ပြီလား”

“ဟုတ်တယ် သခင်.. သခင့်ခန္ဓာကိုယ်က ကစဥ့်ကလျားနတ်အရင်းအမြစ် က ကောင်းတဲ့ပစ္စည်းပဲ.. သခင်နဲ့စာချုပ်တည်ထောင်ကာ သခင့်ရဲ့အားကို တိုးလာစေရုံတင်မကဘူး မှော်သားရဲ့သွေးသားကိုလည်း တိုးလာစေတယ်”

“သွေးသားတိုးလာတယ်ဟုတ်လား.. သွေးသားနဲ့ အဲဒါနဲ့ဘာဆိုင်လို့လဲ” ပေထင်းဟွမ်သည် ကြောင်စီစီဖြစ်နေသည်။ မှော်သားရဲများသည် လူသားများ နှင့်ကွာခြားသည်။ ထို့ကြောင့် သူမ ထိုအကြောင်းများကို ပိုမသိပေ။

“သခင် လူသားတွေကို အဆင့်အမျိုးမျိုးနဲ့ခွဲကြတယ်.. မှော်သားရဲတွေ လည်းအတူတူပါပဲ.. သွေးသားတွေက မှော်သားရဲတွေအတွက် သက်ရောက်မှု အားကြီးတယ်.. သာမန်မှော်သားရဲတွေက နတ်သားရဲတွေနဲ့ အဆင့်တူတယ်ဆို ရင်တောင် သွေးသားမတူရင် အငွေ့အသက်မတူကြဘူး.. သန့်စင်တဲ့သွေးသားရှိ တဲ့ မှော်သားရဲတွေက သာမန်မှော်သားရဲတွေထက် ပိုအားကောင်းတယ်”

အမှန်တကယ်ပင် ကမ္ဘာမြေမိခင်၏ ပစ္စည်းကို ပိုင်ဆိုင်ထားသည်နှင့် သက်ဆိုင်နေသည်။ သူမတွင် ဖန်တီးမှုနတ်စွမ်းအားကို မပိုင်ဆိုင်လျှင်တောင် မှော်သားရဲများ၏ သွေးသားကို အဆင့်မြင့်အောင်နှင့် စာချုပ်သားရဲများ၏ အားကိုတိုးအောင် လုပ်ပေးနိုင်သည်။ ထိုအချက်တစ်ခုတည်းနှင့်တင် တိုက်တွင် မုန်တိုင်းကြီးဖြင့် မွှေနိုင်သည်။ ထို့ကြောင့်ပင် သူမခန္ဓာကိုယ်ထဲမှအရာကို ချိတ်စည်းဖြင့် ပိတ်ထားခြင်းဖြစ်သည်။

ကစဥ့်ကလျားနတ်အရင်းအမြစ်သည်လည်း သူမ၏နောက်ခံနှင့် ပတ်သက်နေသည်။

သို့သော် လက်ရှိတွင် သူမသည် အလွန်အားနည်းနေသေးသည်။ သူမ သိချင်လျှင်တောင် မသိသင့်သည့်အရာကို မည်သူမှပြောပြမည်မဟုတ်ပေ။

သစ်တတ်ကျားသည် ပေထင်းဟွမ်ကိုကျောပေါ်တင်ကာ တောင်အောက် ခြေမှပျံတက်သားလိုက်သည်။ သူတို့အပြင်ရောက်သောအခါ အထွတ်အမြတ် သားရဲရှာသည့်အဖွဲ့များ ထွက်သွားပြီဖြစ်သည်။ ပေထင်းမိသားစုမှလူများပင် မရှိတော့ပေ။ ယန်ယဲ့နှင့် ကိုယ်ရံတော်လေးဦးသာ အပြင်တွင် စောင့်ကြပ်နေ သည်။

All Chapters