← Chapters

အလှလေးနဲ့မွန်မြတ်သောသားရဲ

Vol. 3 Ch. 52

အလှလေးနဲ့မွန်မြတ်သောသားရဲ

Vol. 3 Ch. 52

ပေထင်းဟွမ်သည် သစ်တတ်ကျားကျောပေါ်တွင် ရပ်လိုက်သည်။ သူမ သည် လေပေါ်တွင်ပေါလောပေါ်နေရာ အလွန်ပင်ခံ့ညားထည်ဝါနေသည်။ စာချုပ်တည်ထောင်ပြီးနောက် သစ်တတ်ကျား၏အင်အားသည် ကြယ် ၃ ပွင့် မွန်မြတ်သောသားရဲအဆင့်သို့ ရောက်နေပြီဖြစ်သည်။ ဤတိုးတက်မှုသည် တဟုန်ထိုးထိုးတက်ခြင်းဖြစ်ရာ သစ်တတ်ကျားသည် ပေထင်းဟွမ်ကို စိတ် အတွင်းထဲမှ လေးစားမိသည်။ ပေထင်းဟွမ်အတွက်ကတော့ မှော်သားရဲပျံ၏ အကျိုးကျေးဇူးကိုခံစားနေရသည်။ တိမ်များကိုစီးရသည့် ခံစားချက်သည် အမှန်တကယ်ပင် ကောင်းလှသည်။

ဤခံစားချက်သည် ယန်ယဲ့၏ရင်ခွင်ထဲတွင်နေ၍ ပျံနေခြင်းနှင့် လုံးဝ ကွာခြားသည်။ ၎င်းသည် အတောင်ပံများကို ဖြန့်ကျက်ပြီး သူမသည် သစ်တတ် ကျား၏ကျောပေါ်ရပ်ပြီး အောက်ဘက်တစ်ခုလုံးကို ငုံ့ကြည့်မိသည်။ ထူထပ် သောစိမ့်တော၊ နဂါးကြီးကဲ့သို့ ခမ်းနားသောနှင်းတောင်ကြီးနှင့် အနက်ရောင် မြူများဖြင့်ပြည့်နက်နေပြီး ရက်စက်ကြမ်းကြုတ်သည့် သားရဲနှင့်တူသော ချောက်နက်ကြီး… ထိုအရာများအားလုံးသည် သူမ၏ခြေထောက်အောက်တွင် ရှိနေသည်။ ဤကဲ့သို့ အုပ်စိုးရသည့်ခံစားချက်သည် အလွန်ပင် စိတ်လှုပ်ရှား ဖွယ် ကောင်းလှသည်။

သူမ၏ အလွန်တရာလှပသော မျက်ခုံးနှင့်မျက်လုံးများသည် ခက်ထန် သည့် ရောင်ဝါကို ခပ်ဝါးဝါးထုတ်ပေးနေသည်။ သူ၏ အနက်ရောင်မျက်အိမ်မှ အလင်းရောင်တောက်လာသည်။ သစ်တတ်ကျား၏ကျောပေါ်တွင် ရပ်နေသည့် အနက်ရောင်ဝတ်ထားသောယောက်ျားငယ်ကို ယန်ယဲ့ကြည့်နေသည်။ သူ၏ ခရမ်းရောင်မျက်လုံးများတွင် မေတ္တာများပြည့်နှက်နေသည် “ငါနဲ့အတူ မြို့တော်ကိုလိုက်ခဲ့”

“ကျွန်တော် မြို့တော်ကိုသွားမှာပါ ဒါပေမဲ့ အခုတော့မဟုတ်ဘူး ခင်ဗျားနဲ့ လည်းမဟုတ်ဘူး” ပေထင်းဟွမ်သည် ခေါင်းမာမာဖြင့် ပြောလေသည် “ကျွန်တော့်ရဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့ မြို့တော်ကို တစ်ယောက်တည်းသွားချင် တယ်”

နှုတ်ဆိတ်သွားသော ယန်ယဲ့၏မျက်နှာတွင် ခံစားချက်မဲ့နေသည်။ သို့သော် သူ မျက်မှောင်ကြုတ်နေသည်မှာ ခံစားချက်ကောင်းနေပုံမပေါ်ပေ။ ချုံချီနှင့်တခြားသူများသည် သူ့အနောက်တွင် ခေါင်းငုံ့ကာ သူတို့တည်ရှိနေမှုကို ဖုံးကွယ်ရန်ကြိုးစားနေကြသည်။

“ကိစ္စတိုင်းမှာ ခင်ဗျားကိုပဲ မှီခိုပြီး ဘာအင်အားမှမရှိဘဲ ခင်ဗျားတောင်ပံ အောက်မှာ ခပ်ကုပ်ကုပ်နေရင် ခင်ဗျားကာကွယ်ပေးထားလို့ ကျွန်တော့် လုပ်ပိုင်ခွင့်တွေ ဆုံးရှုံးရနိုင်တယ်” ပေထင်းဟွမ် ပြောလိုက်သည် “ခင်ဗျား ကျွန်တော့်ကိုမသိဘဲနဲ့ ပထမဆုံးတွေ့ကတည်းက ဘာလို့ဆေးပေးတာလဲ ပြီးတော့ ဘာလို့ ကူညီပြီးရင်းကူညီပေးခဲ့တာလဲ”

ဤအရာသည် သူမ၏သန်မာသောအမူအကျင့်၊ အကာကွယ်မလိုသည့် စိတ်ဓာတ်နှင့် ခေါင်းမာသောပုံစံများဖြစ်သည်။ သူမ၏ ကိုယ်ရည်ကိုယ်သွေးမှာ ထိုလူနှင့် အလွန်ဆင်တူသည်ဟု သူ့ကိုယ်သူပြောနေမိသည်။ ယန်ယဲ့သည် ခါးသီးစွာ ပြုံးလိုက်သည်။ သူ၏ခရမ်းရောင်မျက်လုံးသည် ကောင်းကင်မှ တိုက်ခတ်လာသည့် နူးညံ့သောလေအလား နူးညံ့လာသည်။ သူမ ပျံတက်ချင် လျှင် သူသည် သူမအတွက် ကောင်းကင်ကိုဖွင့်ပေးမည်ဖြစ်သည်။

ယန်ယဲ့သည် သူမရှေ့သို့လျှောက်လာသည်။ သူ့လက်ထဲတွင် ပစ္စည်း တစ်ခုပေါ်လာသည်။ ရွှေရောင်ကဒ်တစ်ကဒ်ဖြစ်ကာ ထိုကဒ်မှ ခပ်ဖျော့ဖျော့ ရောင်ခြည်စွမ်းအင်ပေါ်လာပြီး တစ်စုံတစ်ယောက်သည် ထိုကဒ်ကို ဝိညာဉ် အမှတ်အသား ထပ်ထည့်ထားသည်။ ထိုပစ္စည်းသည် ၂၁ ရာစုမှ ဘဏ်ကဒ်ထက် ပင် ပိုအားကောင်းသည်။ “ဒါက အင်ပါယာကျောင်းက ဝင်ခွင့်စာပဲ.. အကြောင်းအရာကိုတော့ အလွတ်ထားထားတယ်.. မင်းဘာသာမင်း ဖြည့်လိုက် ဒီခွင့်ပြုစာကို အင်ပါယာကျောင်းကိုယူသွားလိုက်.. မင်းအတွက် ဓားဂိုဏ်းက ဆရာရှာဖို့ ကူညီပေးလိမ့်မယ်”

“ဟုတ်ပါပြီ” ပေထင်းဟွမ်သည် ဝင်ခွင့်စာကိုယူပြီးနောက် သူမ၏ လက်စွပ်အတွင်းထည့်လိုက်သည် “ကျွန်တော် အင်ပါယာကျောင်းကိုသွားမယ် ပြီးတော့ မြို့တော်မှာ ခင်ဗျားကိုလာရှာမယ်”

ယန်ယဲ့သည် လေပေါ်ရပ်ပြီး လော့ပေမြို့ဘက်ဆီသို့ သစ်တတ်ကျားကို စီးသွားသည့်လူကို ကြည့်နေခဲ့သည်။ သူသည် သူမကြီးထွားလာမည့်ပုံစံနှင့် အနာဂတ်၌ ဤတိုက်ကြီးတွင် သူမ မည်သို့ဖြစ်လာမည်ကို မျှော်လင့်လျက်ရှိ သည်။ သူမသည် ထူးခြားပြီး ဆွဲဆောင်မှုရှိသလို ငေးမောစရာဖြစ်လာလိမ့်မည်။

သူမနှင့် သစ်တတ်ကျားတို့ မြင်ကွင်းတွင် အစက်အပျောက်လေးဖြစ်ရာမှ နောက်ဆုံး၌ မိုးပေါ်မှ ပျောက်ကွယ်သွားလေသည်။ ထို့နောက် သူသည် သူတို့ လေးယောက်ကို ဦးဆောင်ကာ တူညီသောဦးတည်ဘက်သို့ ထွက်ခဲ့လိုက်သည်။

လော့ပေမြို့၏ ကွင်းပြင်ကြီးတွင် လူများဖြင့် စည်ကားလျက်ရှိသည်။ ကျယ်ပြန့်သောလမ်းမကြီးမှာ ကွင်းပြင်ဆီသို့သွားသောလူများဖြင့် ပြည့်ကြပ် နေသည်။ လူတစ်ယောက်နှင့် သစ်တတ်ကျားတစ်ကောင်သည် လမ်းအလယ် တွင် ဖြည်းဖြည်းချင်းလျှောက်လာသည်။ ထိုချောမောသည့်လူငယ်သည် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားပြီး အနက်ရောင်ဆံပင်၊ စူးရှသောမျက်ခုံးနှင့် တောက်ပသောမျက်လုံးများရှိသည်။ သူ၏အေးစက်မှုနှင့် မောက်မာသော ရောင်ဝါကြောင့် အားလုံး၏ အာရုံကိုဖမ်းစားလျက်ရှိသည်။

သူ့ဘေးရှိ ကြောင်ကြီးမှာ လူတစ်ယောက်အရပ်၏ တစ်ဝက်စာမျှရှိသည်။ ၎င်းသည် မှော်သားရဲ၏ မူလခန္ဓာကိုယ်မဟုတ်ပေ။ ဝိညာဉ်သားရဲအဆင့်ထက် မြင့်သည့် မှော်သားရဲအသေးစားဖြစ်သည်မှာ ထင်ရှားသည်။ ၎င်းတွင် အနက် ရောင်အမွေးနှင့် ရွှေရောင်မျက်လုံးများရှိသည်။ မွန်မြတ်သောသားရဲ၏ ရောင်ဝါ မှာ အနည်းငယ်ထွက်ပေါ်လျက်ရှိသည်။ ကြယ်အမြင့်အဆင့်ရှိသည့် မှော်သားရဲ ဖြစ်သည်မှာ ထင်ရှား၏။ ၎င်းသည် ကြီးကျယ်ခမ်းနားပြီး အားကြီးသည်။

အေးစက်ပြီးချောမောသည့်လူငယ်တစ်ယောက်နှင့် ကြီးကျယ်ခမ်းနားပြီး အားကြီးသော မှော်သားရဲတို့၏ ပေါင်းစပ်မှုသည် လူတစ်စုကို ထုံကျဉ်ပြီး သေသွားစေလောက်သည်။

“ဒါက ပေထင်းမိသားစုက သခင်လေး ၉ မဟုတ်လား” မကြာမီတွင် လူတချို့သည် သူမကို မှတ်မိလေသည်။ လောဘတက်သောမျက်လုံးများဖြင့် သူမကိုကြည့်နေပုံကို ကြည့်ရလျှင် ထိုလူများသည် သူမ၏အလှတရား သို့မဟုတ် သူမ၏မှော်သားရဲကို မက်မောနေခြင်းဖြစ်သည်။ ယောက်ျားများ သည် အားကျပြီး မနာလိုကြသည်။

“ဘာအမှိုက်လဲ သခင်လေး ၉ ကအမှိုက်မဟုတ်ဘူး.. သူက ကြယ် ၉ ပွင့် ဓားသခင်အင်အားရှိတယ်” ပေထင်းဟွမ်၏ လှည့်ဖြားခြင်းကိုခံရသည့် မိန်းကလေးသည် ပေထင်းဟွမ်၏ အမည်ကို လျင်မြန်စွာရှင်းလင်းပေးခဲ့သည်။ သူမသည် ပေထင်းဟွမ်ဆီမှ အကြည့်မလွှဲနိုင်ပေ။

ပေထင်းဟွမ်သည် ထိုလူများ၏ လေးစားသောအကြည့်များကို လျစ်လျူ ရှုလိုက်သည်။ သူမ၏ အရင်ဘဝတွင် သူမသည် အမှောင်ကြေးစားလောက၏ ဘုရင်တစ်ဆူဖြစ်သည်။ သူမသည် အစကတည်းကပင် အားကောင်းသည့်လူ ဖြစ်သည်။ သူမသည် မြက်ပင်များကိုဖြတ်လျှောက်သကဲ့သို့ ထောင်ချီသော လူများကိုဖြတ်လျှောက်လာသည်။ သူမသည် အေးဆေးတည်ငြိမ်နေသည်။

All Chapters