ဝိညာဉ်သခင်အဆင့် အကဲဖြတ်ခြင်း
Vol. 3 Ch. 53
ရင်ပြင်တွင် လူများဖြင့် ပြည့်ကျပ်နေသည်။ အားလုံးသည် အထဲဝင်သွား ကြသော်လည်း လူငယ်တစ်ယောက်သည် အထဲကိုဝင်ရမည်ကိုကြောက်နေ၏။ သူသည် ပေထင်းဟွမ်ကိုမြင်သောအခါ မျက်လုံးများအရောင်တောက်သွားလေ သည်။ သူ အလောတကြီးသွားပြီး ပေထင်းဟွမ်၏လက်ကို ဆုပ်ကိုင်လိုက် သည်။ “ရှောင်ကျို့ ရှောင်ကျို့ နောက်ဆုံးတော့ မင်းပြန်လာပြီပဲ”
ထိုလူသည် ပေထင်းယောင်အပြင်မရှိနိုင်ပေ။
ဥရှာသည့်အဖွဲ့များသည် နေဝင်တောသို့မဝင်ခင် ညအရှင်အိမ်တော်၏ သတိပေးမှုကြောင့် နောက်ပြန်ဆုတ်ခဲ့ကြသည်။ ပေထင်းမိသားစုသည် ကြယ် ၁ ပွင့်ဝိညာဉ်သခင်၏ ဦးဆောင်မှုအောက်တွင် လိုက်လာခြင်းဖြစ်သော်လည်း ဤမိသားစုအခွဲ၏ ဝိုင်းကြဉ်ခံရသည့် ပေထင်းယောင်မပါဝင်ခဲ့ပေ။
“ဘာဖြစ်လို့လဲ ဘာဖြစ်တာလဲ” ရင်ပြင်တွင် လူများပြည့်ကျပ်နေသည်ကို မြင်သောအခါ ပေထင်းဟွမ်သည် သိချင်လာသည်။ လော့ပေမြို့တွင် လတ်တလော ကြီးကြီးမားမားဖြစ်သည်ကို သူမ မကြားခဲ့ရပေ။
“ဒီလိုလေ ရှောင်ကျို့ ၃ နှစ်တစ်ကြိမ် ဒီလိုအချိန်ဆို မိသားစုတွေက ဒီက လူတွေကို ခွန်အားလာစမ်းသပ်တယ်.. ငါတို့သာ အဆင့် ၁ ကြယ် ၇ ပွင့် ပညာရှင်ဖြစ်လာမယ်ဆိုရင် သူတို့က အင်ပါယာမြို့က ဌာနချုပ်ကို ပြန်ခေါ်သွား မှာ” ပေထင်းယောင် ပြောရင်းနှင့် အဆုံးမရှိသော တောင့်တမှုဖြင့် တောင်ဘက် သို့မျှော်ကြည့်လေ၏။
မြို့တော်ရှိ မိသားစုဌာနချုပ်ဆီသို့ ဝင်ရမည်မှာ မိသားစုခွဲများ၏ ပန်းတိုင် ပင်ဖြစ်သည်။
“အင်ပါယာမြို့တော်ရဲ့ ဌာနချုပ်ဟုတ်လား” ပေထင်းဟွမ်သည် သူမ၏ ချောမွတ်သော မေးစေ့ကိုပွတ်ပြီး မျက်လုံးများကို လှိမ့်လိုက်သည်။ သူမ၏ မြေခွေးကဲ့သို့ အမူအရာပေါ်လာပြီး နတ်ဆိုးကဲ့သို့ဆွဲဆောင်မှုကိုပါ ထပ်ပေါင်း လိုက်သောအခါ ပြောင်မြောက်သည့်နတ်မိစ္ဆာကဲ့သို့ဖြစ်သွားသည်။ သူမဘေးမှ အမျိုးသားငယ် အမျိုးသမီးငယ်များမှာ အားလုံးမှင်တက်ကုန်ကြသည်။
ဒီကောင်လေးက ဒီ့ထက်ပိုဆိုးရဲသေးတယ်ပေါ့။
အရင်ကလည်း အင်ပါယာမြို့တော်မှ အကဲဖြတ်သူများ ဤနေရာသို့လာခဲ့ ကြသည်။ သို့သော် ပေထင်းဟွမ်သည် အသုံးမဝင်သည်ဟု ကျော်ကြားသဖြင့် သူမ လာတိုင်းတွင် ပေထင်းယောင်သည် သူမကိုဖုံးဖိပေးထားပြီး မသိစေခဲ့ပေ။ သည်တစ်ကြိမ်တွင် သူမသည် ဓားသခင်အစည်းအရုံးမှ ကြယ် ၇ ပွင့် ဓားသမား အမှတ်တံဆိတ်ရထားသည်။ ဓားသခင်ဖြစ်စေ၊ ဝိညာဉ်သခင်ဖြစ်စေ ကြယ် ၇ ပွင့်သည် အထင်ကြီးစရာဖြစ်သည်။ ပထမအဆင့်တွင် ကြယ် ၇ ပွင့်သည် ထိပ်ပိုင်းအဆင့်ဟုပင် ပြောရသည်။
ထို့အပြင် အဆင့်တိုင်းတွင် ကြယ် ၇ပွင့်ကို ချိုးဖောက်ရန်မလွယ်ကူပေ။
ပေထင်းဟွမ်သည် ကြယ် ၇ ပွင့်ဓားသမားဖြစ်သည်။ အဆင့် ၁ ပညာရှင် များအကြားတွင် သူမသည် ကျွမ်းကျင်အဆင့်ဟုပင် သတ်မှတ်နိုင်သည်။
တစ်ဖက်တွင် ပေထင်းဟွမ်သည် သူမ၏ကိုယ်ပိုင်အစီအစဉ်ရှိသည်။ သူမသည် လော့ပေမြို့ မြောက်ပိုင်းမိသားစုအခွဲမှ လူဆယ်ယောက်ကျော်ကို သတ်ခဲ့သည်။ ထိုအထဲတွင် လော့ပေမြို့မြောက်ပိုင်းမိသားစုခွဲ၏ သားအငယ်ဆုံးလည်း ပါဝင်သည်။ သို့သော် သူမ နောင်တမရပေ။ ထိုလူများ သည် သူမ၏အသက်ကိုလိုချင်သူများဖြစ်သည်။ မြို့တော်ဌာနချုပ်မှလူများ၏ သဘောထားများကို သူမ ကြည့်ချင်ရုံသာဖြစ်သည်။
“သွားကြမယ် ငါမင်းနဲ့စမ်းကြည့်ချင်တယ်” ပေထင်းဟွမ်သည် လက်ကို ဝှေ့ယမ်းကာ ပေထင်းယောင်ကို ရင်ပြင်အလယ်သို့ ဆွဲသွားလေသည်။ သူမသည် လက်ကိုလှန်လိုက်သည်နှင့် ပေထင်းယောင်၏လက်ထဲတွင် လက်စွပ်တစ်ကွင်း ရောက်လာသည်။ ပြင်ပပစ္စည်းကိုကြည့်ပြီး ပေထင်းယောင် ကြောင်စီစီဖြစ်နေချိန်တွင် ပေထင်းဟွမ်သည် တိုးညင်းစွာပြောလိုက်သည် “အစ်ကိုယောင် ကျွန်တော်မကြာခင် ထွက်သွားရတော့မယ်.. ဒါက သိုလှောင် လက်စွပ်ပဲ ကောင်းကောင်းသိမ်းထား.. ဒီနှစ်တွေမှာ ကျွန်တော့်ကိုစောင့်ရှောက် ပေးတာ ကျေးဇူးတင်ပါတယ်”
ပေထင်းယောင် တစ်စုံတစ်ရာပြောတော့မည့်ဆဲဆဲတွင် ပေထင်းဟွမ် သည် သူ့လက်ကိုလွှတ်ပြီး တစ်ယောက်တည်းရှေ့သို့ လျှောက်သွားလေသည်။
ကိုယ့်ချမ်းသာမှုကို မပြသင့်ဘူး။ တခြားသူများမြင်သွားလျှင် သူ့အသက် အန္တရာယ်ဖြစ်သွားမည်ကို ပေထင်းဟွမ်ကြောက်သည်။ အဲဒါကို ပေထင်းယောင် နားမလည်ဘဲ ဘယ်နေမလဲ။ သူသည် လက်စွပ်ကို ကျစ်ကျစ်ပါ အောင်ဆုပ်ထားပြီး သူ့အရှေ့မှလူငယ်၏ ပိန်ပါးသောကျောပြင်ကိုကြည့်နေမိ သည်။ သူမသည် တခြားသူများထက် အရပ်ရှည်နေသလို သူ ခံစားရသည်။
လော့ပေမြို့၏ ရင်ပြင်အလယ်တွင် အဖြူရောင်ဝတ်စုံဝတ်ထားသော အမျိုးသားရုပ်ထုရှိသည်။ သူ၏ရှည်လျားသောဆံပင်သည် လေမတိုက်သည့် တိုင်အောင် ခါယမ်းနေသည်။ သူ့အနောက်မှ နေရောင်ခြည်သည် တောက်ပ လျက်ရှိသည်။ သူသည် လက်ထဲတွင် အာဏာကိုပြသသည့် ကြိမ်တစ်ချောင်းကို ကိုင်ဆောင်ထားကာ မြင့်မြတ်သောအာဏာစက်ကို ကိုယ်စားပြုအနေနှင့် မိုးပေါ်သို့ကိုင်မြှောက်ထားသည်။ နှစ်ပေါင်းသောင်းချီအတွင်းတွင် သူသည် ပင်မတိုက်၏ မရေမတွက်နိုင်သောလူများ၏ လေးစားခြင်းကိုခံရသည်။
ပေထင်းဟွမ်သည် လော့ပေမြို့၏လူများ၏ စိတ်ကိုလှုပ်ခတ်စေသည့် လူငယ်သူရဲကောင်းဖြစ်သည်မှာ သံသယဝင်ဖွယ်မရှိပေ။ ကြယ် ၇ ပွင့်ဓားသမား ၏ စွမ်းအားသည် လူများကိုမခြိမ်းခြောက်နိုင်ပေ။ သို့သော် နှစ်ပေါင်းများစွာ အသုံးမကျလာသည့်လူတစ်ယောက်က ရုတ်တရက် မှော်သားရဲများကိုသတ်ပြီး သူတို့၏သက်ရောက်မှုကိုလည်း ခုခံခဲ့သည်။ ထပ်ပေါင်းပြောရလျှင် ညအရှင် အိမ်တော်၏အဖွဲ့ဝင်များ၊ နှင်းဝံပုလွေကြေးစားတပ်ဖွဲ့သည် သူမကို အာရုံစိုက် လာသည်။ ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်ရောက်လာသည်ကိုမြင်သည်နှင့် လူတစ်ယောက်သည် ဦးဆောင်ပြီးအော်လေသည် “သခင်လေး ၉ ရောက်လာ ပြီ” ရင်ပြင်အလယ်သို့ လျှောက်လာသော သူမကို ကြိုဆိုသည့်အနေနှင့် သူတို့သည် အလိုလိုပင်လမ်းဖယ်ပေးကြသည်။