ကိုယ့်ဘာသာအပြစ်ပေးမှာလား ဒါမှမဟုတ် အပြစ်ပေးခံမှာလား
Vol. 3 Ch. 54
“အမှိုက် မင်းလည်း ဝိညာဉ်သခင်အဆင့်အကဲဖြတ်ခိုင်းဖို့ ရောက်လာတာ လား” ပေထင်းဟွမ် လူအုပ်ထဲမှထွက်လာသည်ကိုမြင်သောအခါ ပေထင်းဟန် သည် အမြီးကိုတက်နင်းခံရသည့် ကြောင်ကဲ့သို့ ခုန်ဆွခုန်ဆွဖြစ်သည်။ သူသည် ပေထင်းဟွမ်အား လက်ညှိုးထိုးပြီး မယုံကြည်နိုင်စွာဖြင့် မေးလေသည်။
“ဘာလဲ.. မင်းလိုအမှိုက်ကျ အကဲဖြတ်ခံခွင့်ရပြီးတော့ ငါကျမရဘူးလား” ပေထင်းဟွမ်သည် လက်ပိုက်ကာ မေးစေ့ကို အသာပင့်လိုက်သည်။ သူမသည် ပေထင်းဟန်အား သေလူလိုကြည့်နေသည်။
“မင်း ဘာပြောလိုက်တာလဲ ငါ့ကို အမှိုက်လို့ခေါ်ရဲတယ်ပေါ့” ပေထင်းဟန်သည် နားကြားမှားသွားသည်ဟု ထင်လိုက်သည်။ သူ ပေထင်းဟန် သည် ပါရမီရှင်ဖြစ်သည်ကို လော့ပေမြို့မှလူတိုင်းသိကြသည်။ သူသည် အသက် ၁၆ နှစ်နှင့်ပင် အဆင့်မြင့်ဝိညာဉ်ကျင့်ကြံသူဖြစ်ကာ အဆင့် ၉ မှော်သားရဲ တောသစ်နက်ကိုပိုင်ဆိုင်ထားသူဖြစ်သည်။ ပေထင်းဟွမ်လို အမှိုက် က သူ့ကို အမှိုက်လို့ ဘယ်လိုခေါ်ရဲရတာလဲ “မင်းကိုပြောမယ် ပေထင်းဟွမ် မင်းက ဝိညာဉ်သခင်ဖြစ်ရင်တောင် ဝိညာဉ်ချီမစုစည်းနိုင်တဲ့အမှိုက်ကောင်က လော့ပေမြို့ရဲ့ ဂိုဏ်းခွဲမှာ အကဲဖြတ်ခံရဖို့ တွေးတောင်မတွေးနဲ့”
“အဲလိုလား မြို့တော်ဌာနချုပ်ကလွှတ်လိုက်တဲ့ ဥပဒေအရာရှိက မင်းမို့ လို့လား ပေထင်းဟန်” ပေထင်းဟွမ်သည် မည်းနက်နေသည့် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူမ၏ ရှည်လျားသောဆံပင်ကို ခရမ်းရောင်ဖဲပြားဖြင့် စုချည်ထားပြီး ခါးအထိဝေ့ဝဲကျနေသည်။ ကျားသစ်နက်သည် သူမ၏ခြေရင်း တွင် ပျင်းရိစွာလှဲလျောင်းနေသည်။ လူငယ်သည် ကျောက်စိမ်းနှင့်တူလေသည်။ ပေထင်းဟန်နှင့်တခြားသူများအမြင်တွင် ဤအမှိုက်သည် မျက်စိဆံပင်မွေးစူး စရာဖြစ်နေသည်။
“ငါပါလို့ ဘယ်တုန်းကပြောမိလို့လဲ” ပေထင်းဟန်သည် ထိုအခိုက်အတန့် တွင် ဒေါသထွက်သွားသည်။ သည်တစ်ခေါက် လော့ပေမြို့သို့ အကဲဖြတ်ရန် ရောက်လာသူမှာ ပေထင်းကျွင်းဖြစ်သည်။ အရင်တစ်ခေါက်က သူသည် ပေထင်းမိသားစုကို ဦးဆောင်ကာ ညအရှင်ဆီမှ ၉ ရောင်ဇာမဏီနဂါးဥကို လုရန် ချောက်နက်ဆီသို့သွားခဲ့သည်။ ချန်မု ဝင်နှောင့်ယှက်ပြီးနောက် သူသည် အသုံးမကျသည့်ပေထင်းဟွမ်ကို ဘာမှမလုပ်ခဲ့ရပေ။ သူသည် ပေထင်းဟွမ်ကို အရိုးထဲမှမုန်းမိသည်။
“ပေထင်းဟွမ်” ပေထင်းကျွင်းသည် မတ်တတ်ရပ်လိုက်သည်။ ဒီလို အမှိုက်က ပေထင်းမိသားစုကို အားလုံးရဲ့ရှေ့မှာ အရှက်ကွဲစေချင်တာလား။
ရှေးဟောင်းခေါင်းလောင်းကဲ့သို့အသံသည် သူမ၏နားရွက်အတွင်းတွင် မြည်ဟိန်းသွားသည်။ အသံမှာနူးညံ့သော်လည်း ကြမ်းတမ်းသံပါသည်။ သူမ နားအတွင်းဝင်လာသောအခါ သူမ၏စိတ်ကို အပ်ပေါင်းထောင်ချီနှင့် ထိုးစိုက် လိုက်သလိုပင်။ ကောင်းကင်အဆင့်ဝိညာဉ်သခင်၏ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက် မှုသည် အလွန်ပင်အားကောင်းလှသည်။
ပေထင်းဟွမ်သည် ရုတ်တရက်ကြည့်လိုက်သည်။ အေးစက်သောလူငယ် ၏ဝတ်ရုံသည် စင်မြင့်အထက်တွင် လှုပ်ခါနေသည်။ သူ၏လင်းလက်သော မျက်လုံးများမှ အေးစက်မှုများ ထွက်နေသည်။ သူမသည် ထိုလူ၏စိတ်ပိုင်းဆိုင် ရာတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိနေသည်။ ဒီအမှိုက်ကောင်ရဲ့ စိတ်ခွန်အားက ကောင်းကင်အဆင့်ဝိညာဉ်သခင်နဲ့ ယှဉ်ပြိုင်ဖို့တောင် တကယ်အစွမ်းထက်နေ တာလား။
“ပေထင်းဟန်ပြောတာ မှန်တယ်.. ပေထင်းမိသားစုမှာ ဓားသခင် မရှိခဲ့ဖူး ဘူး.. ပေထင်းမိသားစုရဲ့ တိုက်ရိုက်ဆက်ခံသူအနေနဲ့ ဝိညာဉ်စွမ်းအင်တောင် မစုစည်းနိုင်တာက မိသားစုကိုနာမည်ပျက်စေနေပြီ.. ဓားသခင်နဲ့ ဘယ်လိုဖြစ် လို့ တိုက်ပွဲစွမ်းအင်လေ့ကျင့်ရဲတာလဲ.. ကြယ် ၇ ပွင့်ဓားသခင်တောင်မှ ပေထင်းမိသားစုဌာနချုပ်ကိုပြန်ဖို့ အရည်အချင်းမမှီဘူး” ပေထင်းကျွင်းသည် ပေထင်းဟွမ်အား မှုန်ရီသောမျက်လုံးများဖြင့် ကြည့်လေသည်။
သူတို့သည် ဝိညာဉ်သခင်မျိုးနွယ်ကြီးလေးခု၏ တိုက်ရိုက်ဆက်ခံသူများ အနေနှင့် ဤလမ်းတွင်နေရာမရှိပေ။ သူတို့ကို ဖိအားပေးပြီး မည်သူမှ ခန့်အပ်၍ မရနိုင်ပေ။ ပေထင်းဟွမ်သည် ကျန်ဘဝတစ်လျှောက်လုံး လော့ပေမြို့တွင် ကုန်ဆုံးရမည်မှာ သေချာနေသည်။ ထို့အပြင် သူမသည် လော့ပေမြို့၏ မိသားစု အခွဲခေါင်းဆောင်၏ အငယ်ဆုံးသားကို မသန်စွမ်းဖြစ်အောင်လုပ်ခဲ့သည်။
“ဟင်း” ပေထင်းကျွင်းသည် ထိုလူကိုတွေးနေမိသည်။ အရင်ကဆိုလျှင် သူသည် အလွန်ပါရမီပါပြီး ကျင့်ကြံနှုန်းမှာလည်း ပြိုင်ဘက်များထက် သာလွန် သည်။ ကံကောင်းစွာပင် ထိုလူသည် ကံမကောင်းရှာပေ။ အဲတော့ဘာဖြစ်လဲ။ အဲလူက တိုက်မှာရှားပါးတဲ့ပါရမီရှင်ဆိုရင်ရော ဘာလုပ်ရမှာလဲ။ သူ့သားက သူ့လက်ထဲရောက်လာပြီပဲ။
ပေထင်းဖန်း ငါ မင်းရဲ့သားတွေကို တစ်ယောက်ချင်းစီသတ်တာကို စောင့်နေလိုက်သည်။
“ဥပဒေအရာရှိ သူက ကျုပ်သားကိုမသန်စွမ်းဖြစ်အောင်လုပ်သွားတာ ကျုပ်သားကလည်း သူ့အစ်ကိုပဲလေ.. ဒီလိုစက်ဆုပ်စရာကောင်းတဲ့ကောင်ကို တရားစွာနဲ့အပြစ်ပေးပါ” ပေထင်းကျွင်းသည် ပေထင်းဟွမ်ကို ကြည့်မရဖြစ်နေ သည်ကို ပေထင်းသယ့်လည်းသိသည်။ အစက ပေထင်းကျွင်းသည် မိသားစု ခေါင်းဆောင်အစား ပေထင်းဟွမ်ကို ကာကွယ်ပေးမည်ကို သူ အစကစိုးရိမ်ခဲ့ သေးသည်။ သို့သော် ယခုအခါ စိတ်ပူရန်မလိုတော့ပေ။
“ပေထင်းဟွမ် မင်းကိုယ်မင်း အပြစ်ပေးမှာလား မဟုတ်ရင် မိသားစုက မင်းကိုအပြစ်ပေးတာကိုစောင့်မှာလား… မင်းက အစကတည်းက အသုံးမကျ နေတာ မင်းအစ်ကိုတွေကို ဝင်မပတ်သက်စေတာကောင်းလိမ့်မယ်.. မင်း အစ်ကိုက မိသားစုထဲမှာ ရှားပါးတဲ့ပါရမီရှင်ပဲ” ပေထင်းကျွင်းသည် ယုတ်ညံ့စွာ ဖြင့် ပြောလေသည်။