မိသားစုမှထွက်ခြင်း
Vol. 3 Ch. 55
“အပြစ်ပေးမယ်.. ကွပ်မျက်မယ်ဟုတ်လား ဟားဟားဟား” ပေထင်းဟွမ် သည် ကောင်းကင်ကိုမော့ကြည့်ကာ ရယ်မောလေသည် “ခင်ဗျားတို့မှာ ဘာ လုပ်ပိုင်ခွင့်ရှိလို့လဲ.. လော့ပေမြို့က လူတွေအကုန် ဒီကိုလာပြီး အစမ်းသပ်ခံကြ တာပဲ.. ဒီနေ့ကစပြီး ကျုပ်ပေထင်းဟွမ်က ပေထင်းမိသားစုကနေ ထွက်မယ်.. ပေထင်းမိသားစုဝင်မဟုတ်တော့ဘူး”
“မင်း ဘာပြောလိုက်တာလဲ” ပေထင်းကျွင်းသည် ဒေါသထွက်လွန်းသဖြင့် ဆံပင်များပင်ထောင်သွားတော့သည်။ ဒီသောက်ရူးတော့… သူမ မိသားစုကနေ ထွက်ပြီးသွားရင် ဒီတိုက်မှာ တစ်လက်မတောင် လှုပ်လို့ရမယ်ထင်နေလား။
“ကျုပ် ပေထင်းဟွမ်က ပေထင်းမိသားစုရဲ့ မျိုးဆက် ၃ ဆက်မြောက် တိုက်ရိုက်ဆက်ခံသူပဲ.. ကျုပ်က ဝိညာဉ်ချီမစုစည်းနိုင်တာနဲ့ပဲ ခင်ဗျားတို့က ဒီကိုပြည်နှင်ဒဏ်ပေးခဲ့တယ်.. ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ကျုပ် ဒီမှာ အနိုင်ကျင့်ခံ ခဲ့ရတယ်.. တခြားဟာမပြောနဲ့ဦး အခုအဖွဲ့လိုက်တိုက်ခိုက်တာကိုကြည့်လိုက် ပေထင်းဟောက်က သူ့လူတွေနဲ့အတူ ကျုပ်ကိုသတ်ချင်နေတာမလား.. မိသားစုရဲ့ ဥပဒေအရာရှိတစ်ယောက်အနေနဲ့ ကျုပ်လိုတိုက်ရိုက်အမွေဆက်ခံ သူကို အနိုင်ကျင့်တာကိုခွင့်ပြုခဲ့တယ် ပြီးတော့ ကျုပ် တစ်ခါတရံ အကျိုးအမြတ်ယူချင်တဲ့အခွင့်အရေးတောင် မပေးချင်ဘူး.. အဲတော့ ဒီလို မိသားစုမှာ ဘာလို့ဆက်နေနေဦးမှာလဲ.. ကိုယ့်သေတွင်းကိုယ်တူးရမှာလား”
ပေထင်းဟွမ် ပြောပြီးနောက် လူအုပ်သည် သက်ပြင်းချလေသည်။ ဤတိုက်သည် ကိုယ်ခံပညာကို တန်ဖိုးထားသည်။ အားလုံးသည် သန်မာမှုကို လေးစားသည်။ သို့သော် အားနည်းသူကို လူအများဖြင့် အနိုင်မကျင့်ပေ။ ထိုအရာသည် စက်ဆုပ်ဖွယ်ကောင်းသည်။
“မိုးနတ်မင်းရေ သခင်လေး ၉ က တကယ်ပဲ အဲလိုနေခဲ့ရတာပဲ”
“ဟုတ်တယ် သခင်လေးဟောက်က သခင်လေး ၉ ကိုရိုက်နေတာကို ငါ ကိုယ်တိုင် မျက်လုံးနဲ့မြင်ခဲ့တယ်”
“ဘုရားရေ အဲဒီမိသားစုက ဘယ်လောက်ပဲ သန်မာပါစေ ငါတော့ မနေရဲ ပါဘူး”
“သခင်လေး ၉ ကျုပ်တို့ မင်းကို ထောက်ပံ့ပေးမယ်”
အားလုံးသည် ပေထင်းဟွမ်ဘက်မှနေပေးသည်ကိုမြင်သောအခါ ပေထင်းကျွင်းသည် မိသားစု၏ဂုဏ်သိက္ခာကို အပြင်းအထန်စိန်ခေါ်ခံရသည်ဟု ခံစားလိုက်ရသည်။ ဤအရာအားလုံးသည် ပေထင်းဟွမ်ကြောင့်ဖြစ်သည်။ သူသည် အံကြိတ်ကာ ပြင်းပြင်းထန်ထန်ပြောလေသည် “ပေထင်းဟွမ် မင်း သေချာစဉ်းစားနော်.. မိသားစုက ထွက်သွားချင်တာသေချာလား”
“ဟုတ်တယ်” ပေထင်းဟွမ် နှာမှုတ်လိုက်သည် “ကျုပ်ထွက်မသွားဘူး ဆိုရင် ခင်ဗျားတို့က အလွတ်ပေးမှာလား.. ခင်ဗျားက ကျုပ်အစ်ကိုကြီးကို အသုံးချပြီး ကျုပ်ကိုထိန်းချုပ်ဖို့လုပ်တယ်.. ပြီးတော့ ဒီမှာနေပြီး ပေထင်းသယ့် တို့သားအဖ အနိုင်ကျင့်တာကိုခံခိုင်းတယ်.. ပြီးတော့ ကျုပ်ကိုအသုံးချပြီး အစ်ကိုကြီးကို ထိန်းချုပ်ပြီး သူ့ကျင့်စဉ်ကို သွားသက်ရောက်စေတယ်… ပေထင်းကျွင်း ကျုပ်က ခင်ဗျားရဲ့ ကောက်ကျစ်တဲ့ရည်ရွယ်ချက်ကို မသိဘူးလို့ မထင်နဲ့.. ခင်ဗျားက ကျုပ်အစ်ကိုကို အနိုင်ကျင့်ချင်တာပဲ အိပ်မက်မက်နေ လိုက်”
“အိပ်မက်မက်နေလိုက်” ထိုစကားလုံးများသည် နွေဦးတွင် ပစ်ချလိုက် သည့် မိုးကြိုးကဲ့သို့ ကျယ်လောင်ပြီးရှင်းလင်းသည်။ ထိုစကားများသည် ပေထင်းကျွင်း၏နားထဲတွင် မြည်ဟိန်းသွားသည်။ ပေထင်းကျွင်းသည် ဒေါသ ထွက်လွန်းသဖြင့် မျက်နှာမှာ အစိမ်းရောင်ပြောင်းသွားလေသည်။ သူသည် ပေထင်းဟွမ်ကို လက်ညှိုးထိုးပြီးပြောလေသည် “ကောင်းတယ် ကောင်းတယ် ကောင်းတယ် နောက်ကို မင်းနောင်တမရရင်ပိုကောင်းတယ်”
“နောင်တဟုတ်လား” ပေထင်းဟွမ်သည် ဝတ်ရုံကိုခါလိုက်သည် “ကျုပ် ပေထင်းဟွမ်က အဲဒီစကားလုံးရဲ့အဓိပ္ပာယ်ကို ဘယ်တုန်းကမှမသိခဲ့ဘူး”
“ပေထင်းဟွမ် မင်းက မိသားစုကထွက်သွားပြီဆိုတော့ ငါ့သားလက်စား ချေဖို့ပိုလွယ်သွား…”
ပေထင်းသယ့်သည် စားပွဲနောက်မှထွက်ပြီး ပေထင်းဟွမ်ကို ဖမ်းရန် လက်မြှောက်လိုက်ချိန်တွင် ပေထင်းဟွမ်သည် ရုတ်တရက်လှည့်ထွက်လိုက် သည်။ သူ့မျက်လုံးများသည် မိုးကြိုးများကဲ့သို့ စူးရှလှသည်။ ပေထင်းသယ့်၏ လက်သည် လေထဲတွင်မြောက်နေသည် “ဘာလဲ ခင်ဗျားရဲ့အားနဲ့ အားနည်းတဲ့ သူကိုအနိုင်ကျင့်ချင်တာလား ဒါမှမဟုတ်ဘူး သားအဖနှစ်ယောက်လုံးက အားနည်းတဲ့သူကို အနိုင်ကျင့်တာလား”
ပေထင်းဟွမ်၏ စူးရှသောအကြည့်သည် စင်မြင့်အထက်မှ ပေထင်းကျွင်း၊ ပေထင်းသယ့်၊ ပေထင်းဟန်နှင့် တပ်သားများအပါအဝင် ပေထင်းမိသားစုဝင် အားလုံးကို ဝေ့ဝဲကြည့်လိုက်သည်။ နောက်ဆုံးတွင် ပေထင်းကျွင်းဆီ၌ အကြည့် ရပ်သွားသည်။ သူမမျက်လုံးထဲမှ အထင်သေးမှုများသည် ပေထင်းကျွင်းအား ရန်စနေသလိုပင်။ ပေထင်းကျွင်းနှင့် တခြားသူများသည် ဒေါသထွက်လာသဖြင့် သွေးများဆူပွက်လာသည်။ သူတို့သည် ပေထင်းဟွမ်ကို ဖမ်းပြီး အပိုင်းပိုင်း လှီးဖြတ်ချင်နေသည်။
ပေထင်းမိသားစုကို ဤမျှလောက် မည်သူမှ အရှက်မခွဲခဲ့ဖူးပေ။
“မဟုတ်တာတွေ ငါတို့ပေထင်းမိသားစုက ဘယ်တုန်းကမှ အဲလိုမလုပ်ဖူး ဘူး” ပေထင်းကျွင်းသည် ရင်ပြင်ထဲမှလူများကိုလှည့်ပတ်ကြည့်ရာ သူ့ကို မည်သူမှမယုံကြသည်ကိုမြင်လိုက်ရသည်။ သူတို့မှာ ပေထင်းဟွမ်၏ စကားများ ၏လွှမ်းမိုးခြင်းကိုခံရပြီး မိသားစု၏ဂုဏ်အား အဆိုးမြင်နေကြသည်မှာ သေချာ သည်။ သူမသည် ဂရုမစိုက်တော့ဘဲ ပေထင်းဟန်အား လက်ညှိုးထိုးလိုက်သည် “ခင်ဗျား ပေထင်းဟန်ကို ရိုက်ရင် မိသားစုမှာ မကောင်းတဲ့အကျင့်တွေရှိနေ တယ်ဆိုတာနဲ့ ကျုပ်အစ်ကိုတွေကို ဘယ်လိုထိခိုက်အောင်လုပ်ထားလဲဆိုတာ ကို အလိုလိုမေ့သွားစေမယ်”