← Chapters

အသေအကြေတိုက်ခြင်း

Vol. 3 Ch. 56

အသေအကြေတိုက်ခြင်း

Vol. 3 Ch. 56

ပေထင်းဟန်သည် အဆင့် ၁ ဝိညာဉ်ကျင့်ကြံသူဖြစ်ကာ အဆင့် ၉ မှော်သားရဲရှိသည်။ သူသည် လော့ပေမြို့တွင် ရှားပါးသည့် လူငယ်ကျွမ်းကျင်သူ ဖြစ်သည်။ ပေထင်းဟွမ်လို ကြယ် ၇ ပွင့်ဓားသမားသည် သူ့လက်ထဲတွင် သေသွားနိုင်သည်။

ပေထင်းဟွမ်သည် နှာမှုတ်လိုက်သည် “သူ့လိုအမှိုက်က ငါ့ပြိုင်ဘက်ဖြစ် ဖို့ ဘာအရည်အချင်းရှိလို့လဲ”

“ဘယ်သူ့ကို အမှိုက်လို့ခေါ်လိုက်တာလဲ.. တခြားစကားမပြောတတ် တော့ဘူးလား” ပေထင်းဟန်သည် ဒေါသထွက်နေရာ သူ့မျက်နှာမှာ ဖြူဖျော့ပြီး ကြမ်းတမ်းနေပုံပေါက်နေသည် “ပေထင်းဟွမ် ငါ မင်းနဲ့ တစ်ယောက်ချင်း အသေအကြေတိုက်ခိုက်မယ်… ဒီနေ့ မင်း လော့ပေမြို့ကနေ ထွက်မသွားစေရ ဘူး”

တစ်ယောက်ချင်း အသေအကြေတိုက်ခိုက်မယ်ဟုတ်လား။ ပေထင်းသယ့်ပင် မှင်တက်သွားသည်။ သူသည် ထူးခြားသည့်ခွန်အားရှိသည့် သားဖြစ်သူကိုကြည့်လိုက်သည်။ ပေထင်းဟွမ်သည် ကြယ် ၇ ပွင့်ဓားသမား အဆင့်သာရှိကာ သူ့ဘေးတွင် မထင်မရှားကြောင်တစ်ကောင်ရှိနေသည်။ ၎င်း သည် နေရောင်အောက်တွင် မျက်စိမှိတ်ထားသည်။ ဘာမှထူးခြားလှသည် မဟုတ်ပေ။

အရေးအကြီးဆုံးမှာ မှော်သားရဲသည် ဓားသမားအတွက် အသုံးမဝင်ပေ။

ပေထင်းသယ့်သည် ခေါင်းအသာညိတ်လိုက်သည်။ သူ၏သားအကြီးဆုံး သည် သူ့ကိုဘယ်သောအခါမှ စိတ်မပျက်စေပေ။ သူသည် ဤကဲ့သို့ အကြံကောင်းကိုပင် ကြံနိုင်သည်။ ပေထင်းဟွမ်သည် သူ့ကိုအထင်သေးသဖြင့် အသေအကြေတိုက်ခိုက်ရန် ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။ ပေထင်းဟွမ်ကို သူ သတ်လိုက်လျှင်တောင် ပေထင်းဟွမ်၏ အဘိုးဖြစ်သူသည် ဘာမှပြောနိုင်မည် မဟုတ်ပေ။

အသေအကြေတိုက်မယ်ဟုတ်လား။ ရင်ပြင်ထဲမှလူအားလုံး မှင်တက် ကုန်ကြသည်။ ဂုဏ်ကြီးသောမိသားစုသည် ဤကဲ့သို့ကိစ္စကြီးကိုလုပ်လာလိမ့် မည်ဟု သူတို့ထင်မထားကြပေ။ အသေအကြေတိုက်ခိုက်ခြင်းသည် တိုက်ကြီး အတွင်း ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများအောက်ရှိ စာချုပ်ဖြစ်သည်။ စာချုပ်တည်ထောင်လိုက်သည်နှင့် နှစ်ဦးနှစ်ဖက်သည် သေသည်အထိ တိုက်ခိုက်ရမည်။ တစ်ဖက်မှမသေလျှင် စာချုပ်သည် သက်ရောက်မှုရှိလာလိမ့် မည်။ မည်သူမှ ကြားဝင်၍မရပေ။

တစ်နည်းပြောရလှင် ကြယ်ဝိညာဉ်သခင်ဖြစ်သည့် ပေထင်းကျွင်းပင် ကြားဝင်မရနိုင်ပေ။

ဒါ ကောင်းတဲ့ကိစ္စပဲ။

ပေထင်းဟွမ်သည် သူမ၏ ပြောင်ရှင်းနေသောမေးစေ့ကို ပွတ်သပ်ပြီး အပြုံးခပ်ဖျော့ဖျော့ဖြင့် ပြောလိုက်သည် “မင်းက ငါနဲ့ အသေအကြေတိုက်ခိုက် ချင်တာ သေချာရဲ့လား”

“ဟုတ်တယ် ဘာလို့လဲ အမှိုက် မင်းကမတိုက်ခိုက်ရဲဘူးလား” ပေထင်းဟန်သည် သူ့အနောက်ရှိလူဆီမှ ဓားတစ်ချောင်းဆွဲနှုတ်လိုက်သည်။ ပေထင်းဟွမ် စကားပြန်ရုတ်သိမ်းသွားမည်ကို ကြောက်သဖြင့် သူသည် ဓားကို ရင်ပြင်အလယ်ရှိ မြေပြင်ဆီသို့ ပစ်လိုက်သည်။ သူသည် အားကြီးသည်။ ကျောက်စိမ်းဖြူမြေကြီးသည် ဓားစိုက်ဝင်မှုကြောင့် ကွဲပြီးလှုပ်ခါသွားသည်။

“သခင်လေးဟန်က အရည်အချင်းရှိတာပဲ.. သခင်လေး ၉ ကနိုင်နိုင်ခြေ ရှိရဲ့လားမသိဘူး” လူတစ်ယောက်သည် စိုးရိမ်တကြီးမေးလေသည်။

ပေထင်းဟွမ်သည် အသုံးမကျသည့်လူမဟုတ်တော့သော်လည်း သူမ၏ အင်အားသည် ကြယ် ၇ ပွင့်ဓားသခင်အဆင့်သာရှိသေးသည်ကို အားလုံးသိကြ သည်။ တစ်ဖက်တွင် ပေထင်းဟန်သည် အဆင့် ၁ ဝိညာဉ်ကျင့်ကြံသူဖြစ်ကာ အဆင့် ၉ မှော်သားရဲပိုင်ဆိုင်ထားသူဖြစ်သည်။ ပေထင်းဟွမ် သူ့လက်ထဲတွင် သေတော့မည်ဟု စဉ်းစားလိုက်သည်နှင့် ပေထင်းဟန်သည် ဤကဲ့သို့ ပျော်ရွှင် မှုကို တစ်ခါမှမခံစားဖူးပေ။

ပေထင်းဟွမ်သည် ဓားမြှောင်ထုတ်လိုက်သည်။ ထိုဓားမြှောင်သည် ၃၀ စင်တီမီတာထက်မရှည်ပေ။ အသေအကြေတိုက်ခိုက်ခြင်းသည် စာချုပ်တည် ထောင်ရန်အတွက် လက်နက်လိုအပ်သည်။ ထိုဓားမြှောင်သည် သူမထုတ်လိုက် သည့် တစ်ခုတည်းသောလက်နက်ဖြစ်သည်။ ပေထင်းဟန်သည် ရယ်မောလေ သည် “ဟားဟား ဓားသမားဟုတ်လား ကြယ် ၇ ပွင့်ဓားသမားလား.. မင်းမှာ ဓားတောင်မရှိဘူး.. ဘယ်လိုလုပ် ဓားသမားဖြစ်ဖို့ အရည်အချင်းရှိမှာလဲ”

“သောက်ရူး” ပေထင်းဟွမ်သည် သူ့ကိုအထင်သေးစွာကြည့်လိုက်သည်။ သူမသည် ဓားမြှောင်ဖြင့်လှုပ်ရှားပြီး ပေထင်းဟန်၏ ဓားရှည်ကို တိုက်ခိုက်လေ သည်။ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းကျလာကာ ကြယ်ပုံစံအဖွဲ့အစည်းပေါ် လာပြီး သူတို့နှစ်ယောက်ကို အဖြူရောင်အလင်းတန်းဖြင့် လွှမ်းအုပ်လိုက် သည်။ အဖြူရောင်အလင်းတန်းသည် နံရံကိုဖုံးအုပ်ပြီး ကာကွယ်ရေးအတား အဆီးဖန်တီးလိုက်ကာ ပေထင်းဟွမ်၏ခြေရင်းမှ ပျင်းရိနေသည့်ကျားသစ်ကိုပါ ဖုံးအုပ်လိုက်သည်။

ပေထင်းဟန်သည် တစ်စုံတစ်ရာမှားယွင်းနေသည်ကို ခံစားမိလိုက်သည်။ သို့သော် သူ များများစားစားမတွေးတော့ပေ။ ကျားသစ်သည် ပေထင်းဟွမ်၏ ခြေရင်း၌ပိတ်မိသွားသည်ဟုသာ တွေးလိုက်သည်။ ထိုကျားသစ်သည် မထင်မရှားသတ္တဝါတစ်ကောင်သာဖြစ်သည်။  သူ့ကိုယ်ပိုင်တောတွင်းကျားသစ် နက်ထွက်လာသောအခါ ကျားသစ်ကိုမကြောက်သည်မှာ အံ့ဩစရာမရှိတော့ ပေ။

သို့သော် ကောင်းကင်နှင့်မြေကြီးစည်းမျဉ်းများကို ယုံကြည်၍မရနိုင်ဟု ပေထင်းကျွင်း မထင်ပေ။ ဤကျားသစ်မှာ တစ်မျိုးတစ်ဖုံလွဲမှားနေသည်ဟု သူ၏မသိစိတ်မှပြောနေသည်။ သူ သေချာမစဉ်းစားခင်မှာပင် အခြေအနေသည် လျင်မြန်စွာတိုးတက်ကာ သူပင် ထိန်းချုပ်ရန်အချိန်မမှီလိုက်ပေ။ ထိုအခိုက်အတန့်တွင် ငွေရောင်ကြယ်ပုံစံအဖွဲ့အစည်းအတွင်းတွင် ပေထင်းဟွမ် ၏ရောင်ဝါမှာ ရုတ်တရက်ပြောင်းလဲသွားသည်။ ထိုရောင်ဝါသည် ပင်လယ်ထဲမှ ကြမ်းတမ်းသည့်မုန်တိုင်းကဲ့သို့ ပြင်းထန်ကာ မရပ်မနားပင်။

All Chapters