← Chapters

အဆင့် ၂ ဝိညာဉ်သခင်နဲ့ မွန်မြတ်သောသားရဲ

Vol. 3 Ch. 57

အဆင့် ၂ ဝိညာဉ်သခင်နဲ့ မွန်မြတ်သောသားရဲ

Vol. 3 Ch. 57

အဖြူရောင်အလင်းတန်းသည် သူမ၏ခန္ဓာကိုယ်မှထွက်လာပြီး သူမ၏ အကြောထဲမှထွက်လာသည့် ဝိညာဉ်စွမ်းအားသည် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ကို သွန်းလောင်းနေသည်။ သူမ၏ ဖန်ကဲ့သို့ကြည်လင်သောမျက်လုံးများသည် ကြယ်အလားတောက်ပကာ သူမ၏အနက်ရောင်ဝတ်ရုံသည် လေထဲတွင် လှုပ်ခါနေသည်။ သူမ၏ အနက်ရောင်ဆံပင်များသည် လေမတိုက်ဘဲ လွင့်နေ ကာ သူမ၏ခြေထောက်အောက်တွင် နောက်ထပ်ကြယ်ပုံစံအဖွဲ့အစည်း ထွက် ပေါ်လာသည်။ တြိဂံကြယ်အဖွဲ့အစည်းအတွင်းတွင် မွန်မြတ်သောဓား ၇ ချောင်းသည် ဘေးချင်းယှဉ်လျက်တောက်ပနေကာ သူမ၏လက်ရှိအဆင့်၊ အဆင့် ၂ ကြယ် ၇ ပွင့်ဝိညာဉ်သခင်ဖြစ်သည်ကို ညွှန်ပြနေသည်။

“ထွက်ခဲ့လိုက်တော့ ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်လေး”

သူမ၏ ဝိညာဉ်စွမ်းအားထုတ်ပြီး ဆင့်ခေါ်လိုက်သည်နှင့် သူမဘေးမှ ပျင်းရိပြီး မထင်မရှားဖြစ်နေသည့် ကျားသစ်သည် ထရပ်လိုက်သည်။ ခမ်းနား သည့်ရောင်ဝါသည် သူ၏ရွှေရောင်မျက်လုံးမှထွက်လာပြီး ခေါင်းမော့ကာ မာန်ဟိန်းလိုက်သည်။ ရောင်ဝါထွက်လာသည်နှင့် သူ၏အနက်ရောင်ဖောက် ထားသော အမွေးများသည် လှိုင်းများသဖွယ် လူးလှိမ့်လာသည်။ ရွှေရောင် အစက်အပျောက်များသည် နေရောင်အား ရောင်ပြန်ဟပ်ကာ အဘက်ဘက် တွင် တောက်ပနေသည်။

မွန်မြတ်သောသားရဲ၏စွမ်းအားကို ထိန်းချုပ်၍မရနိုင်တော့ပေ။ ထိုစွမ်းအားသည် လှိုင်းဂယက်များကဲ့သို့ ပျံ့နှံ့သွားပြီး ရင်ပြင်ထဲမှ မှော်သားရဲ များသည် ပြားပြားဝပ်ကုန်ကြသည်။ သူတို့သည် ဘုရင်အား အရိုအသေ ပေးနေသည့်အလား ခေါင်းညိတ်ကာ ညည်းညူနေသည်။ ပေထင်းဟန်၏ဘေး ခြေရင်းမှ တောရိုင်းကျားနက်သည် မြေပေါ်တွင် ဝပ်သွားသည်။ ပေထင်းဟန် ဝိညာဉ်စွမ်းအင်ဖြင့် မည်မျှပင်ဆင့်ခေါ်စေကာမူ ၎င်းသည် တုပ်တုပ်မှမလှုပ်ပေ။

ပေထင်းကျွင်းပင်လျှင် စိတ်စွမ်းအင်ဆက်သွယ်ချက်မှ ဝိညာဉ်သားရဲများ ၏ စိတ်ထဲရှိ အကြောက်တရားကိုခံစားမိသည်။

ငွေရောင်ကြယ်အဖွဲ့အစည်းအလင်းတန်း မှေးမှိန်သွားကာ တောင်ငယ် အရွယ်အစားရှိသည့် မှော်သားရဲတစ်ကောင်ထွက်လာသည်။ ၎င်းတွင် ဘုရင် တစ်ပါး၏ရောင်ဝါရှိသည်။ ခန္ဓာကိုယ်ကြီးမားကာ သူ၏ရွှေရောင်မျက်လုံးထဲမှ အထင်သေးသည့်အမူအရာသည် စိတ်ထဲကိုတုန်ယင်သွားစေကာ အာမေဍိတ် များတ,မိစေသည်။

“မိုးနတ်မင်းရေ ဒါဘယ်လိုမှော်သားရဲမျိုးလဲ.. ဘာလို့ ဒီလောက် အားကောင်းနေတာလဲ”

“သခင်လေး ၉ ကကြယ် ၇ ပွင့်ဝိညာဉ်သခင်ပဲ.. ဘုရားရေ ဘယ်တုန်းက ဒီလိုဖြစ်သွားတာလဲ”

“ဒီလောက်ကြီးတဲ့ မှော်သားရဲဆိုရင် အနည်းဆုံးတော့ ဝိညာဉ်သားရဲပဲ ဖြစ်မှာ ဟုတ်တယ်မလား”

၎င်းသည် ဝိညာဉ်သားရဲဆိုပါက ဤကဲ့သို့ ဖိအားကြီးရှိမည်မဟုတ်ပေ။ ၎င်းတွင် မွန်မြတ်သောသားရဲတစ်ကောင်၏ ဖိအားရှိနေသည်။ သူ၏ စာချုပ် သားရဲသည် အဆင့်မြင့်ကြယ် မှော်သားရဲဖြစ်နေသည်ကို ပေထင်းကျွင်းသိ၏။ မွန်မြတ်တဲ့သားရဲအပြင် ဘာဖြစ်နိုင်ဦးမှာလဲ။

“အဲဒါကတကယ်… မွန်မြတ်တဲ့သားရဲပဲ.. ကြယ် ၇ ပွင့်ဝိညာဉ်သခင်လား ဘယ်တုန်းက ဒီလိုဖြစ်သွားတာလဲ.. သူက ဘယ်တုန်းက မွန်မြတ်တဲ့သားရဲ ရ သွားတာလဲ”

ကြယ် ၇ ပွင့်ဝိညာဉ်သခင်က ငယ်ငယ်လေးပဲ။ သူမက ၁၄ နှစ်ပဲရှိသေး တယ်။

ထိုအခိုက်အတန့်တွင် ပေထင်းကျွင်းသည် အမှန်တကယ်ပင် မွှန်နေပြီဖြစ် သည်။ အသက် ၁၄ နှစ်အရွယ်၊ မွန်မြတ်သောသားရဲရှိသည့် ကြယ် ၇ ပွင့်ဝိညာဉ်သခင်ကို သူ နှင်ထုတ်လိုက်သည်ကိုသာ မိသားစုဌာနချုပ်မှသိလျှင် သူ အသက်ရှင်နိုင်ပါဦးမည်လား။ ဒီကောင်လေးတော့… တမင်လုပ်တာပဲဖြစ်ရ မယ်။

သူမသာ ပေထင်းဟန်ကို အနိုင်ရလျှင် သူမကိုအလွတ်ပေးမည်ဟု ပေထင်းကျွင်းပြောထားသော်လည်း ပေထင်းဟွမ်မနေနိုင်သည်ကို သူ သိသည်။

အားလုံးမှာ ထိတ်လန့်သွားကြသည်။ အားလုံးသည် စာချုပ်အဖွဲ့အစည်း ထဲမှ လူနှစ်ယောက်ကို ပါးစပ်အဟောင်းသားဖြင့်ကြည့်နေကြသည်။ သူတို့၏ အတွေးများသည် ထိုအခိုက်အတန့်တွင် အေးခဲနေကြသည်။

ကိုယ့်အကြောင်းကိုယ်သိသွားသူမှာ ပေထင်းဟန်သာဖြစ်သည်။ ဤကိစ္စ သည် သေရေးရှင်ရေးကိစ္စဖြစ်သည်။ ထိုအခိုက်တွင် သူသည် အရှေ့မှ လူငယ် နှင့် သားရဲကို ငေးငိုင်စွာကြည့်ပြီး ကျောရိုးထဲမှ အေးစိမ့်မှုကိုခံစားလိုက်ရသည်။ တိုက်ခိုက်ဖို့လိုဦးမှာလား။ အဆင့် ၁ ဝိညာဉ်ကျင့်ကြံသူသည် အဆင့် ၁ ဝိညာဉ် သခင်နှင့်တိုက်ခိုက်ရပြီး၊ သာမန် အဆင့် ၉ မှော်သားရဲမှ မွန်မြတ်သောသားရဲ ကိုရင်ဆိုင်ရမည်။ ပြိုင်ပွဲ၏ရလဒ်မှာ အလွန်ထင်ရှားသည်။

“မဟုတ်ဘူး မဟုတ်ဘူး ဒါမဟုတ်သေးဘူး ပေထင်းဟွမ် မင်း ငါ့ကိုလိမ် တယ်.. ဟေ့ကောင် မင်း ငါ့ကိုလိမ်ရဲတယ်ပေါ့” ပေထင်းဟန်သည် လှည့်ပြီး နောက် အပြင်သို့ပြေးထွက်သည်။ သို့သော် အလင်းနံရံနှင့်တိုက်ကာ ပြန်ကန် ထွက်သည်။ ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းအောက်ရှိ စာချုပ် အဖွဲ့အစည်းကို မည်သူမှ ဖျက်ဆီးရန်မဖြစ်နိုင်သည်ကိုသိသဖြင့် ပေထင်းဟန် သည် အော်ဟစ်အကူအညီတောင်းတော့သည် “အဖေ ဥပဒေအရာရှိ ကျွန်တော့် ကိုကယ်ပါဦး ကျွန်တော်သေချင်ဘူး ကျွန်တော်မသေချင်ဘူး”

ကူကယ်ရာမဲ့နေသည်ကို သိသဖြင့် ပေထင်းသယ့်သည် ငွေရောင်နံရံ အလင်းတန်းကို ဖျက်ပြီး သားဖြစ်သူကိုကယ်ရန်ကြိုးစားသည်။ သို့သော် နံရံ အလင်း၏ တွန်းကန်ခြင်းကိုသာ ခံရလလေသည်။

ကောင်းကင်နှင့်မြေကြီး စည်းမျဉ်းသည် တခြားလူဝင်မနှောင့်ယှက်နိုင် လောက်အောင်ပင် လွှမ်းမိုးနိုင်သည်။ သို့သော် ထိုကာကွယ်မှုသည် ပေထင်းဟွမ်ကို သက်ပြင်းချနေသည်။ သူမသည် ဘဝနှစ်ခုတွင်နေလာရာ မိဘ၏ ချစ်ခင်မှုကိုမခံရသည့် မိဘမဲ့တစ်ယောက်သာဖြစ်ခဲ့သည်။

All Chapters