မိုးကြိုးသွား အကုန်လုံးက မင်းအတွက်ပဲ
Vol. 3 Ch. 58
“တုံးလိုက်တာ” ပေထင်းဟွမ်၏ အေးစက်သောမျက်လုံးများတွင် လှောင်ပြောင်မှုနှင့် အထင်သေးမှုများပြည့်နေသည်။ သူမသည် မျက်လုံးပင့်ပြီး စက်ဝိုင်းအပြင်တွင်ရှိနေသည့် ပေထင်းကျွင်းကိုကြည့်လိုက်သည် “ဥပဒေအရာ ရှိ ခင်ဗျားရဲ့အားကောင်းတဲ့ ကာကွယ်မှုအောက်မှာ ကျုပ်ဆီကို အသက်လာပေး တဲ့လူရှိလိမ့်မယ်လို့ ခင်ဗျားထင်ထားမှာမဟုတ်ဘူးပဲ.. ဟား ဟား ဒါက ပေထင်း မိသားစုပဲ ခင်ဗျားတို့က တကယ်ကိုတုံးအတာပဲ”
သူမ၏မောက်မာသောအမူအကျင့်နှင့် စကားလုံးများသည် လှောင်ရယ်မှု နှင့် အထင်သေးမှုများပြည့်နေသည်။ အနက်ဝတ်ထားသောလူငယ်သည် ရှေ့သို့ ခြေနှစ်လှမ်းတိုးပြီး ပေထင်းဟန်အား တက်နင်းလိုက်သည်။ သူမသည် ခြေရင်း အားလက်ညှိုးထိုးပြကာ ပြောလိုက်သည် “သူနဲ့အသေအကြေမတိုက်ခိုက်ချင်ပါ ဘူး.. သူက ကျုပ်ကိုလာရှာတာလေ.. ဒီနေ့ကစပြီး ပေထင်းဟွမ်က ခင်ဗျားတို့ အနိုင်ကျင့်ခံမှာမဟုတ်တော့ဘူး”
“အတင့်ရဲလိုက်တာ” ပေထင်းကျွင်းသည် မိုးပေါ်သို့ရောက်သွားသည်။ ဝိညာဉ်သားရဲမှအသွင်ပြောင်းထားသည့် သံချပ်ကာအင်္ကျီသည် သူ့ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်သည်။ ဝိညာဉ်သားရဲသည် ချပ်ဝတ်တန်ဆာအဖြစ် အသွင်ပြောင်း ပြီးသည့်တိုင် တုန်ယင်နေသည်ကို သူ ခံစားမိသည်။ မွန်မြတ်သောသားရဲသည် အဆင့်နိမ့်သည်ဆိုသော်ငြား သူ့ပြိုင်ဘက်မဖြစ်နိုင်ပေ။ သူသ် လူနှင့်သားရဲကို ဘာမှမလုပ်နိုင်ပေ။ သူ့ရှေ့တွင် ပေထင်းဟန်သေသွားမည်ကို ကူကယ်ရာမဲ့စွာ ကြည့်ရုံသာတတ်နိုင်တော့မည်။
ပေထင်းကျွင်းကူကယ်ရာမဲ့နေသည်ကို ကြည့်ပြီး ပေထင်းဟန်သည် ပေထင်းဟွမ်ဘက်လှည့်ပြီး တောင်းပန်လေသည် “ဝမ်းကွဲ ငါတို့က ညီအစ်ကို တွေပဲ ကျေးဇူးပြုပြီး သက်ညှာပေးပါ… မင်း ငါ့ကိုသက်ညှာပေးရင် အခုကစပြီး မင်းကို ဘာမှမလုပ်တော့ဘူး.. ငါ့အသက်ကို မင်းကိုပေးပါမယ်” ပေထင်းဟန် ဆီသို့ သေဆုံးမည့်အရိပ်လိုက်လာရာ ဆင်ခြင်တုံတရားပင်ပျောက်ကွယ်သွား လေသည်။ သူသာ အသက်ရှင်နိုင်လျှင် သူ့ဝိညာဉ်ကိုပါ ပေးဆပ်နိုင်သည်။
ထိုအခိုက်တွင် ရင်ပြင်မှလူများသည် အံ့အားသင့်ကုန်ကြသည်။ ပေထင်းဟန်က တကယ်ကိုငကြောက်ပဲ။ ဒီလိုလူ အသက်ရှင်နေရင်တောင် စွမ်းအားကြီးသူဖြစ်လာဖို့ အရည်အချင်းမမှီဘူး။
“ဟား ဟား ဒါက ပေထင်းမိသားစုရဲ့ ဆက်ခံသူတဲ့လား” ပေထင်းဟွမ် သည် ကျယ်လောင်စွာအော်ရယ်ပြီး ခြေထောက်အောက်မှ ငွေရောင်ပုံစံ အဖွဲ့အစည်းကို ညွှန်ပြလိုက်သည် “ကောင်းကင်နဲ့မြေကြီးစည်းမျဉ်းတွေက နောက်စရာလို့ထင်နေလား.. မင်းအသက်ကို သက်ညှာပေးရမယ်ဟုတ်လား မင်းက သေဖို့တောင်းဆိုနေတာမဟုတ်ဘူးလား”
လှပသောဖွဲ့စည်းမှုနှင့် အေးစက်သောငွေရောင်များအကြားတွင် ပေထင်းဟန်၏စိတ်ထဲမှ နောက်ဆုံးကြိုးတစ်ချောင်း ပြတ်တောက်သွားသည်။ စိတ်ပျက်အားငယ်မှုများ သူ့ဆီသို့ ရောက်လာသည်။ သူသည် မြေပေါ်တွင် လဲလျောင်းပြီး မျက်လုံးများမှာ မျှော်လင့်ချက်မဲ့နေသည်။
“ပေထင်းဟန် မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်ပါ.. အသေအကြေတိုက်ဖို့ မင်းပဲအရင်ကမ်းလှမ်းတာလေ… ငါ့ကို ဒီလောက်ဆိုးဆိုးမသေစေချင်ရင် မင်း လည်းသေမှာမဟုတ်ဘူး” လူငယ်၏ ထူးခြားသော အနက်ရောင်ဝတ်ရုံသည် လေထဲတွင် လွင့်နေသည်။ သူမ ညင်သာစွာဖြင့် ခြေထောက်အောက်မှ ပေထင်းဟန်ကို ကန်လိုက်ရာ ရုတ်တရက် လွင့်သွားလေသည် “မိုးကြိုးသွား အကုန် မင်း အတွက်ပဲ”
ဘာအဓိပ္ပာယ်လဲ.. သူမရဲ့စာချုပ်သားရဲကို ပေထင်းဟန်ကိုစားခိုင်းနေတာ လား။ ရလဒ်ကိုခန့်မှန်းနေသူများသည် မှင်တက်ကုန်ကြသည်။ ထိတ်လန့်နေ သူများသည် ကြောက်ရွံ့မှုများအဖြစ် ပြောင်းသွားကြသည်။ ဘယ်လိုလုပ် ဒီလို လူရှိနေရတာလဲ။ သူက ဘာလို့ ဒီလောက်အေးစက်ပြီး နှလုံးသားမဲ့ရတာလဲ။
မိုးကြိုးသွားသည် သွေးဆာနေသော ပါးစပ်ဟလိုက်ပြီး ပေထင်းဟန်အား ပါးစပ်ဖြင့် ဖမ်းလိုက်ချိန်တွင် သူ၏ချွန်ထက်နေသော အစွယ်များသည် အေးစက်စွာဖြင့် ရောင်ပြန်ဟပ်နေ၏။ ပေထင်းဟွမ်၏ ခန္ဓာကိုယ်တစ်ပိုင်းမှာ ဝါးမျိုခံလိုက်ရပြီး အကူအညီတောင်းရင်း ရုန်းကန်နေသည့် ခြေထောက်များကို သာမြင်နေရသည်။ သို့သော် ထိုအခိုက်အတန့်တွင် နတ်ဘုရားများပင် သူ့ကို ကယ်နိုင်မည်မဟုတ်ပေ။ မိုးကြိုးသွားသည် သူ့ကို အလျင်အမြန်ပင်ဝါးမျိုလိုက် ရာ အရိုးများပင်မကျန်ခဲ့ပေ။
ရင်ပြင်မှာ တိတ်ဆိတ်သွားသည်။ တစ်ယောက်ချင်းပြိုင်ပွဲရလဒ်မှာ ထွက်လာသည်။ သို့သော် မည်သူမှ မယုံရဲကြပေ။ သန်မာနေသည်မှာ ကြောက် ဖို့မကောင်းပေ။ သို့သော် သူမ၏ထိန်းချုပ်မှုအောက်တွင် ချောမွေ့နေသည်မှာ ကြောက်မက်ဖွယ်ကောင်းသည်။ ထိုအခိုက်အတန့်တွင် သူမသည် ရလဒ်ကို တွက်ချက်ပြီးသားဖြစ်လိမ့်မည်ဟု အားလုံးသိလိုက်သည်။ ဤစီမံချက်များ သည် အမှန်တကယ်ပင် ကြောက်ဖို့ကောင်းသည်။
ပေထင်းဟန် သေဆုံးမှုနှင့်အတူ မြေပေါ်မှ ငွေရောင်အစီအရင်ပုံစံများ သည် တဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။ ပေင်းဟွမ်သည် သူမ၏ အသိစိတ်ပင်လယ်ထဲမှ မိုးကြိုးသွားကို အမိန့်ပေးလိုက်သည်။ “ငါတို့တွေ ချက်ချင်းထွက်သွားမယ် မြန်လေကောင်းလေပဲ.. အဲဒီအဘိုးကြီးကို သွား မပတ်သက်နဲ့တော့ တစ်နေ့ကျ ငါ လက်စားချေမယ်”
ပေထင်းဟန်နှင့် ညီအစ်ကိုများသည် သူမ၏အသက်ကိုလိုချင်ခဲ့သည်။ ယခုအခါ တစ်ယောက်မှာသေသွားပြီး တစ်ယောက်မှာ မသန်စွမ်းဖြစ်သွားရာ ရန်ငြိုးမှာပြီးသွားလေပြီ။ သို့သော် သူမ ပေထင်းကျွင်းကိုတော့ မှတ်မိနေဦးမည် ဖြစ်သည်။ တစ်နေ့တွင် သူမ သူ့ကိုသတ်ပစ်မည်။