← Chapters

ကောင်းကင်အဆင့်ကျွမ်းကျင်သူရဲ့ခွန်အား

Vol. 3 Ch. 59

ကောင်းကင်အဆင့်ကျွမ်းကျင်သူရဲ့ခွန်အား

Vol. 3 Ch. 59

မိုးကြိုးသွားသည် အဆင့်နိမ့်ကြယ်မွန်မြတ်သောသားရဲသာဖြစ်ကာ ပေထင်းကျွင်းသည် အဆင့်မြင့်ကြယ်ဝိညာဉ်သခင်ဖြစ်သည်။ ထပ်ပေါင်းပြောရ လျှင် သူ့တွင် ပေထင်းဟွမ်အဆင့်ထက်ပင်မြင့်သည့် ဝိညာဉ်သားရဲတစ်ကောင် ရှိသည်။ အသေအကြေတိုက်ပွဲကို ပေထင်းဟန်မှ ကမ်းလှမ်းခဲ့သော်ငြား သေသွားသူမှာ ပေထင်းဟန်ပင်ဖြစ်သည်။ ပေထင်းကျွင်းသည် မိသားစုကို လျစ်လျူရှုပြီး သူမကို ထိုနေရာ၌ပင်သတ်ချင်မလားကို ပေထင်းဟွမ် မသေချာ ပေ။

မိုးကြိုးသွားသည် သခင်ဖြစ်သူ၏ သဘောထားကို နားလည်သည်။ သူ သည် ခေါင်းကိုမော့ကာ အတောင်ပံများကိုဖြန့်လိုက်သည်။ နူးညံ့စွာအတောင် ခတ်လိုက်သည်နှင့် လေပေါ်သို့ရောက်သွားကာ အစီအရင်ပုံစံသည်လည်း ပျောက်ကွယ်သွားပြီး မိုးပေါ်သို့ ပျံတက်သွားလေသည်။

“ဘယ်သွားမယ်လို့တွေးထားလဲ”

ပေထင်းကျွင်းသည် ပေထင်းဟွမ်ကို ဤနေရာတွင်သာ ထားချင်သည်မှာ ရှင်းလင်းနေသည်။ သူသည် အော်ဟစ်ပြီး ရှေ့သို့တစ်လှမ်းတိုးလိုက်သည်။ ကြီးမားသောငွေရောင်ကြယ်ပုံစံသည် သူ့ခြေထောက်အောက်တွင် ပေါ်လာ၏။ အဆိပ်ပြင်းသောကြံ့တစ်ကောင်သည် ပေထင်းဟွမ်ကို စိုက်ကြည့်နေပြီး မိုးကြိုးသွားနှင့် ကြမ်းကြုတ်စွာအကြည့်ချင်းဆုံသွားလေသည်။ ပေထင်းဟွမ် အား ခုန်အုပ်လိုက်ချိန်တွင် ထိုဦးချိုနှစ်ခုတွင် မျက်လုံးများသည့်အတိုင်းပင်။ ကြီးမားသောဖိအားကြောင့် ပေထင်းဟွမ် အသက်ပင်မရှူနိုင်တော့ပေ။

ထိုအရာမှာ ကောင်းကင်အဆင့်ကျွမ်းကျင်သူ၏ ခွန်အားဖြစ်ကာ လက်ရှိ ပေထင်းဟွမ်သည် ထိုအရာနှင့် မည်သို့မျှ ရင်ဆိုင်၍ရမည်မဟုတ်ပေ။ တစ်ကြိမ် တည်းဖြင့် ဖိအားသည် သူမအပေါ်လွှမ်းမိုးသွားပြီး ပေထင်းဟွမ်၏ တစ်ကိုယ် လုံးမှာ အေးစက်လာသည်။ သို့သော် တုံ့ပြန်ရန် သူမတွင် အင်အားမဲ့နေသည်ဟု မဆိုလိုပေ။ သူမသည် လက်ကောက်ဝတ်ကိုမြှောက်လိုက်သည်နှင့် အရာဝတ္ထု များအတွဲလိုက်ကျလာသည်။

“အဲဒါကဘာလဲ” သားဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးနောက် ပေထင်းသယ့်၏ မျက်လုံးများသည် နီရဲနေသည်။ သူသည် လေထဲတွင် ရင်းနှီးသောမျက်နှာများ ကို တစ်ယောက်ပြီးတစ်ယောက်မြင်လိုက်ရချိန်တွင် ထခုန်မိသည် “အာ.. ပေထင်းမင်.. သူတို့ပဲ သူတို့ကိုပေထင်းဟွမ်သတ်လိုက်ပြီ”

သူ၏သားဖြစ်သူသည် ပေထင်းဟွမ်ကိုသတ်ရန် ပေထင်းမင်တို့ကို အမိန့်ပေးခဲ့သည်။ သို့သော် သူတို့ကို ပေထင်းဟွမ် သတ်သွားလိမ့်မည်ဟု ထင်မထားမိပေ။

ပေထင်းဟွမ်သည် သိုလှောင်လက်ပတ်ထဲတွင် သိမ်းဆည်းထားသော အလောင်းများကို ကောင်းကင်အဆင့်ကြယ်သခင်မှ တားဆီးနိုင်သည်ဟု ထင်ရ လောက်အောင် နုံအခြင်းမရှိပေ။ ဦးချိုများမှာ ပိတ်ပင်ခံလိုက်ရသော်လည်း သူတို့၏စွမ်းအားမှာလျော့ကျမသွားပေ။ သူတို့သည် ပေထင်းဟွမ်ဆီသို့ ဆက်ပျံ သွားလေသည်။ ပေထင်းဟွမ်၏ ခန္ဓာကိုယ်သည် မိုးကြိုးသွားအား တင်းတင်း ကပ်ထားပြီး ထိုလှုပ်ရှားမှုကို တွန်းလှန်ရန် ပြင်ဆင်နေသည်။ အဝေးသို့ ပျံသွား ပြီးနောက် ဝိညာဉ်စွမ်းအား စုစည်းထားသော ကြယ်တာရာဝိညာဉ်နည်းပညာ သည် သူမဆီသို့ရောက်မလာတော့ပေ။

“ဟင်” ထိုအကွက်ကို နောက်ဆုတ်နိုင်လောက်အောင် ဤပစ္စည်းကောင်း သည် ကောင်းလှလိမ့်မည်ဟု ပေထင်းဟွမ်ထင်မထားပေ။ ထပ်ပေါင်းပြောရ လျှင် ထုတ်လွှတ်လိုက်သော ဝိညာဉ်သိုင်းကို ရုတ်သိမ်းရန်မဖြစ်နိုင်ပေ။ တစ်ခု တည်းသော ဖြေရှင်းချက်မှာ ထိုအကွက်ကို တစ်စုံတစ်ယောက်မှ ပိတ်ပင်လိုက် ခြင်းဖြစ်သည်။ ထိုအခိုက်အတန့်တွင် တွေဝေနေ၍မရပေ။ မိုးကြိုးသွားသည် အားကုန်လုနီးပါးဖြစ်နေသည်။ မကြာမီတွင် လော့ပေမြို့အထက်ရှိ ကောင်းကင်တွင် လူတစ်ယောက်နှင့် သစ်တတ်ကျားတစ်ကောင်သည် ပျောက်ကွယ်သွားလေသည်။

ဦးချိုအဆိပ်သင့်ကြံ့အရိပ်သည် ပေထင်းကျွင်း၏ နာမည်ကျော်ဝိညာဉ် သိုင်းဖြစ်သည်။ ထိုစွမ်းအင်သည် ပေထင်းဟွမ်၏ကျောပြင်ကိုထိလုဆဲဆဲတွင် အနက် ရောင်စွမ်းအင်လုံးတစ်ခုမှ ဝါးမျိုခံလိုက်ရသည်။

“ညအရှင်အိမ်တော်ကလူကို ဘယ်သူလာထိရဲလိုက်ဆိုတာ ကြည့်လိုက် ဦးမယ်” အသံမှာ နူးညံ့ပြီး ရေခဲ ၉ လွှာဖုံးအုပ်နေသကဲ့သို့ အလွန်အေးစက်နေ သည်။ ဆံပင်မွေးညှင်းများပင် ထောင်သွားစေသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ပင် ခရမ်းရောင်မျက်လုံး၊ ငွေရောင်ဆံပင်နှင့်လူသည် ပေထင်းကျွင်းရှေ့သို့ ရောက်လာပြီး သူ့ကိုသဲ့သဲ့ပြုံးကာ ငုံ့ကြည့်လေသည်။ “ညအရှင်အိမ်တော်ကလူ ကို သတ်ဖို့ကြိုးစားနေတာပဲ.. ဒီလူကိုသတ်ဖို့ သတ္တိတွေမင်းကိုဘယ်သူပေးထား တာလဲ ပေထင်းမိသားစုရဲ့ဥပဒေအရာရှိ”

အဲတော့ ဒါက ညအရှင်မင်းသားပေါ့။ ညအရှင်သာလျှင် ကြယ်ဝိညာဉ် သခင်၏ ဝိညာဉ်သိုင်းကို အားထုတ်မှုမရှိဘဲ ဖျက်ဆီးနိုင်မည်ဖြစ်သည်။ အားကောင်းလိုက်တာ။ ထိုစွမ်းအားအနက်လုံးမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို ညအရှင်နှင့် တိုက်ခိုက်ခဲ့သည့် ပေထင်းကျွင်းတစ်ယောက် သာ သိသည်။ ထိုအခိုက်အတန့်တွင် သူ့ရှေ့မှလူသည် မည်မျှအားကောင်း ကြောင်းကို ပေထင်းကျွင်း သိလိုက်ရသည်။

All Chapters