← Chapters

ပေထင်းဟွမ်က ငါ့အပိုင်ပဲ

Vol. 3 Ch. 60

ပေထင်းဟွမ်က ငါ့အပိုင်ပဲ

Vol. 3 Ch. 60

ကြယ်ဝိညာဉ်သိုင်းနှင့်သာ တိုက်မိပါက စွမ်းအင်ပမာဏအများအပြား ထွက်လာမည်မှာသေချာသည်။ သို့သော် သူ၏ဦးချိုအဆိပ်သင့်ကြံ့အရိပ်မှာ လုံးဝပျောက်ကွယ်သွားလေ၏။

“အရှင် ကျုပ်… ကျုပ်..” ပေထင်းကျွင်း၏တစ်ကိုယ်လုံးတွင် ချွေးအေး များပြန်လာတော့သည်။ သူ့ခန္ဓာကိုယ်မှာ အေးစက်ပြီးတုန်ယင်လာကာ စကား တစ်ခွန်းမှမပြောနိုင်တော့ပေ။ မင်းသားက လော့ပေမြို့ကနေထွက်မသွားသေး ဘူးဆိုတာ သူ ဘယ်လိုလုပ်သိမှာလဲ။ မဟုတ်ရင် သူလုပ်ရဲပါ့မလား။

အဲဒါကြောင့် အဲဒီအမှိုက်ကောင်က ဒီအဆင့်ထိရောက်နေတာ။ သူ့ နောက်ကွယ်မှာ ဘယ်အင်အားမှမရှိဘူးဆိုတာ အဓိပ္ပာယ်မှမရှိတာ။ ဒါပေမဲ့ ညအရှင်က ပေထင်းဟွမ်ကို ဘယ်လိုမြင်နေတာလဲ။

အန္တရာယ်ကိုမြင်လိုက်သည်နှင့် သူအဆုံးသတ်ပြီဟု ပေထင်းကျွင်းတွေး လိုက်သည်။ သို့သော် ညအရှင်သခင်၏ တိုးညင်းစွာပြောလိုက်သောအသံကို ကြားလိုက်ရသည် “ဒီကိစ္စကဒီမှာတင်ပြီးပြီ.. ပေထင်းဟွမ်က ငါ့အပိုင်ဆိုတာကို မှတ်ထားလိုက်.. မြို့တော်ကိုပြန်ပြီးရင် သူအကြောင်းကို ဘယ်တော့မှမပြောနဲ့ ငါပြောတာနားလည်လား”

ဤမိသားစုနှင့် သူမပြတ်တောက်လိုက်သည်ကို တွေးမိသည်နှင့် ညအရှင် ခံစားချက်ကောင်းသွားသည်။ သူ့နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ချက်ပေါ်လာ သည်။ သူမက ပေထင်းမိသားစုရဲ့ အဖွဲ့ဝင်မဟုတ်တော့မှတော့ နောက်ဆိုရင် ညအရှင်အိမ်တော်ရဲ့ အဖွဲ့ဝင်ဖြစ်သွားလို့ရတာပဲ။

ယန်ယဲ့သည် အချိန်တစ်ခုကြာသည်အထိ သူ့ရှေ့တွင် ဤအမှိုက်ကို မထိ ချင်ပေ။ ဤကောင်မလေးသည် အလွန်ခေါင်းမာသည်။ ပေထင်းကျွင်း သူမကို တိုက်ခိုက်သဖြင့် သူမသည် သူ့ကိုရန်ငြိုးရှင်းလိမ့်မည်။ သူမသည် သူမ၏ရန်သူ ကို ကိုယ်တိုင်အပြတ်ရှင်းရမှ ပျော်လိမ့်မည်။ သူသည် သူမကို ကူညီပေးမည်။

“ဟုတ်ကဲ့ ဟုတ်ကဲ့” ပေထင်းကျွင်းသည်နားမလည်သော်ငြား ရင်တထိတ်ထိတ်ဖြင့် နားလည်သလိုပြန်ဖြေရသည်။ သူသည် မိသားစု ခေါင်းဆောင်ရှေ့တွင် ဘာကိုမှထုတ်ဖော်မပြရဲပေ။ မဟုတ်လျှင် အသက်ရှင် နိုင်တော့မည်မဟုတ်ပေ။ သူသာ သတင်းအနည်းငယ်ဖော်ထုတ်လိုက်လျှင် မိသားစုခေါင်းဆောင်နှင့် အကြီးအကဲတို့ ပျံလာပြီး ပေထင်းဟွမ်အား ပြန်ပေး မဆွဲမှသာ ထူးဆန်းနေမည်။ ထိုအချိန်ကျလျှင် ပေထင်းကျွင်းမည်သို့ အသက် ရှင်နိုင်တော့မည်နည်း။

ပေထင်းဟွမ် အပြင်တွင်သေသွားပြီး အင်ပါယာမြို့တော်ကို ရောက်မလာ သည်က အကောင်းဆုံးပင်။ မဟုတ်လျှင် သူမ၏အားနှင့်ဆိုလျှင် သူ့ကိုဖိနှိပ်ရန် သိပ်မကြာတော့ပေ။ ထိုအချိန်ကျလျှင် သူ ထွက်ပေါက်ရှိပါဦးမည်လား။

ပင်မတိုက်ကြီးရှိ နေရာတိုင်းတွင် အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။ နေဝင်တောသည် မှော်သားရဲခံတပ်၏ အစိတ်အပိုင်းတစ်ခုလေးသာဖြစ်သည်။ မှော်သားရဲခံတပ်သည် နေဝင်တောထက်ပင် အဆပေါင်းရာချီ ကြောက်စရာ ကောင်းသည်။ လော့ပေမြို့နှင့် အင်ပါယာမြို့တော်တို့ကြားကို ပိုင်းခြားထား သည့် လျှိုတစ်ခုရှိသည်။ ကြယ်ဝိညာဉ်သခင်ပင်လျှင် ဖြတ်ရန်ခက်ခဲသည်။ အဆင့် ၂ ပေထင်းဟွမ်က မှော်သားရဲခံတပ်ကို ဖြတ်ချင်တယ်ဟုတ်လား။ အိပ်မက်မက်နေလိုက်။

ပေထင်းဟွမ် အပြင်တွင် သေသွားနိုင်ခြေမြင့်နေသည်ကို တွေးမိသည်နှင့် ပေထင်းကျွင်းသည် သက်ပြင်းချမိသည်။

“သခင် အခုဘယ်သွားကြမှာလဲ” လော့ပေမြို့မှထွက်လာပြီးနောက် လိုက်လာသည့်အန္တရာယ်မရှိတော့သဖြင့် မိုးကြိုးသွားသည် ပိုစိတ်အေးသွား သည်။ ပြာလဲ့သောကောင်းကင်ထက်တွင် မြင့်မြင့်ပျံရသဖြင့် ခံစားချက်ကောင်း နေပုံရသည်။

မိုးကြိုးသွား၏ကျောပေါ်တွင် တင်ပျဉ်ခွေထိုင်နေကာ တိမ်တိုက်ဖြူများ သည် သူမဘေးမှဖြတ်သွားလေသည်။ လေတိုက်ခတ်ရာ သူမ၏ဝတ်ရုံနှင့် အဝတ်အစားများမှာ လွင့်နေသည်။ ပေထင်းဟွမ်သည် ပြောမပြနိုင်လောက် အောင်ပင် လွတ်လပ်မှုကို ခံစားနေမိသည်။ စိမ်းလဲ့နေသောသစ်ပင်များသည် သူမ၏မျက်လုံးများမှ ဖြတ်ပြေးသွားသည်။ သူမ၏အနောက်တွင် ၁၀ နှစ်ကျော် နေလာသော လော့ပေမြို့သည် တဖြည်းဖြည်းဝေးကွာသွားသည်။ သူမကို မမြင်ရတော့ပေ။

ယခုအချိန်ကစပြီး ဤတိုက်ကြီးတွင် တစ်ယောက်တည်း လျှောက်ရတော့မည်ကို ပေထင်းဟွမ်လည်း ကောင်းကောင်းကြီးသိသည်။ သူမ သည် အမှန်တကယ် တစ်ကောင်ကြွက်ပင်။ မိသားစုအပေါ်မှီခိုခြင်းမရှိသလို သူမ၏လွတ်လပ်မှုကို မည်သူမှ ချုပ်တည်း၍မရနိုင်ပေ။ သူမ၏အရင်ဘဝကလို ပင် သူမသည် ခြေဦးတည့်ရာလွတ်လွတ်လပ်လပ်သွားရတော့မည်။ သွားရမည့် လမ်းမှာ ဝေးကွာလွန်းသည်။ ပေထင်းဟွမ်သည် အနည်းငယ်စိတ်လှုပ်ရှားမိ သည်။ သို့သော် အနာဂတ်ကိုတွေးပြီး ပိုပျော်မိသည်။

အနာဂတ်အတွက် အစီအစဉ်တချို့ချထားပြီးနောက် ပေထင်းဟွမ်သည် နောက်ပန်းတိုင်ကို သတ်မှတ်လိုက်သည်။ သူမသည် အေးစက်သောမျက်နှာ ပေါ်တွင် ပြတ်သားသောအကြည့်ဖြင့်ကြည့်ပြီး မတ်တတ်ထကာ အရှေ့သို့ လက်ညှိုးထိုးလိုက်သည် “မှော်သားရဲခံတပ်ကိုသွားကြမယ်”

All Chapters