← Chapters

နတ်ဆိုးလောကမှ ဧည့်သည်များ 

Vol. 162 Ch. 2310

နတ်ဆိုးလောကမှ ဧည့်သည်များ 

Vol. 162 Ch. 2310

ရီဖူရှင်းက ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ရောက်လာသောအခါ ကောင်းကင်ဒေသမှ အင်အားစုအချို့က သူ့ထံ လာရောက်လည်ပတ်ကြသည်။ သို့သော် သူက ယခု ဧည့်ဝတ်ကျေပွန်ချင်နေသည့် ခံစားချက်ရှိမနေဘဲ အဘိုးမာကိုသာ သူ့အစား ကြိုဆိုခိုင်းလိုက်သည်။

အမှန်မှာ ရီဖူရှင်းသည် ထိုကျင့်ကြံသူများကို ထပ်မံဂရုစိုက်ရန် မလိုအပ်တော့ဘဲ ထိုသာမန် အင်အားစုများ၏ ထိပ်ဆုံး၌ ရှိနေခဲ့ပြီ ဖြစ်သည်။ ကျောင်းတော်၏ လက်အောက်တွင် လက်ရှိရှိနေသော အင်အားစုများအပြင် ယနေ့ သူ၏ ကိုယ်ပိုင်အဆင့်နှင့်ဆိုလျှင် ပြီးပြည့်စုံသော မဟာလမ်းစဥ်နှင့် အထွတ်အထိပ်အဆင့်မှ ရန်ဟောင်သည်ပင် သူ့ရှေ့၌ ဝင့်ကြွားရဲလိမ့်မည် မဟုတ်ပေ။

သို့သော် ထိုအချိန်တွင် ရီဖူရှင်းက ရင်းနှီးသော မိတ်ဆွေဟောင်းတစ်စု ရောက်လာသည်ကို ကိုယ်တိုင်ကိုယ်ကျ လက်ခံလိုက်သည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က ကောင်းကင်ဒေသ၏ စုန့်အင်ပါယာမြို့မှ ထိုကျင့်ကြံသူများက ရီဖူရှင်းကို တွေ့ဆုံရန် ရောက်လာခဲ့သည်။ ထိုအချိန်တွင် သူတို့သည် မူလဘုံ၌ စုန့်အင်ပါယာမြို့၏ ကိုယ်စားပြုဖြစ်လာစေရန် ကောင်းကင်အာဏာစက်ကျောင်းတော်ကို သိမ်းပိုက်ကာ ရီဖူရှင်းအား သူတို့နှင့် ပူးပေါင်းရန် ဖိအားပေးချင်ခဲ့ကြသည်။ သို့သော် သူတို့၏ အကြံအစည်က ရီဖူရှင်း၏ ငြင်းဆန်ခြင်းကို ခံခဲ့ရပေသည်။

ထို့ပြင် ယခုတွင် ရီဖူရှင်း၏ အဆင့်အတန်းသည် လွန်ခဲ့သော နှစ်နှစ်ဆယ်ကနှင့်မတူတော့ဘဲ ကောင်းကင်အာဏာစက်ကျောင်းတော်သည်လည်း အလားတူပင် ဖြစ်သည်။ စုန့်အင်ပါယာမြို့မှ ကျင့်ကြံသူများသည် ယခင်ကကဲ့သို့ ရည်ရွယ်ချက်များ မရှိတော့ဘဲ မဟာမိတ်ဖွဲ့ရန် စစ်မှန်သော ရည်ရွယ်ချက်ဖြင့် ရောက်လာကြခြင်း ဖြစ်သည်။

ယနေ့၏ ရီဖူရှင်းသည် ကောင်းကင်ဒေသမှ ကျင့်ကြံသူများအားလုံး မိတ်ဆွေဖွဲ့လိုသည့် တစ်စုံတစ်ယောက် ဖြစ်​ပေသည်။

တစ်ချိန်တည်းတွင် အခြားနေရာအချို့၌ လေဟာနယ်အတွင်း ကျင့်ကြံသူများ ထွက်ပေါ်လာခဲ့သည်။ ထိုလူစုတွင် ထူးချွန်ထက်မြက်လှသော အရှိန်အဝါတို့ ရှိပြီး အားလုံးက အနက်ရောင်ဝတ်ဆင်ထားကာ လေးနက်ကာ တည်ငြိမ်သည့် အသွင်အပြင်ရှိသည်။ ထိုလူစုကို ဦးဆောင်လာသည့် လူက အကြီးအကဲတစ်ယောက် ဖြစ်ဟန်မတူပေ။ သူသည် အသက်သုံးဆယ်ခန့်မျှသာ ရှိပုံရသော်လည်း သူ၏ ကျင့်ကြံခြင်း၌ အစစ်အမှန် သက်တမ်းက ထိုမျှသာ ဖြစ်ပုံမရပါချေ။

သူ၏ နက်မှောင်သော မျက်လုံးများတွင် လွှမ်းမိုးသော ခံစားချက်တစ်ရပ် ရှိနေပြီး အားကောင်းလှသည့် ချုပ်ကိုင်လွှမ်းမိုးမှုတို့ကို ထုတ်လွှတ်နေသည်။ သူ့အနီးရှိ အားလုံးသော ကျင့်ကြံသူများ၏ အရှိန်အဝါတို့က အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး လူတိုင်းက ထိပ်သီးပုဂ္ဂိုလ်များ ဖြစ်ကြသည်။

မည်သည့် လောက၌ဖြစ်စေ ထိုမျှ အစွမ်းထက်သည့် စွမ်းအားကို ဖော်ထုတ်ပြသနိုင်သော အဓိကအင်အားစု အနည်းငယ်သာ ရှိသည်။

"အခု မူလဘုံမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်နေပြီး မဟာလမ်းစဥ်ဘုံသုံးထောင် အပြင်ဘက် လေဟာနယ်အတွင်းမှာ ရှေးဟောင်းအမွေအနှစ်တွေ အများကြီး ပေါ်ထွက်လာတယ်လို့ ကောလာဟလတွေ ရှိတယ်။ ကျုပ်တို့ ဘာတွေနဲ့ တွေ့ကြုံရမလဲ သိချင်မိတယ်။" အနက်ရောင်ဝတ်စုံနှင့် ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။ သူ၏ အသံက အနည်းငယ် ရိုကျိုးဟန်ရှိသည်။

"နှစ်ပေါင်းတော်တော်ကြာပြီးတော့ ကျုပ် မူလဘုံမှာ ဒီလောက် ကြီးကျယ်တဲ့ အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ ထင်မထားမိဘူး။ ကောင်းကင်နဲ့ မြေကြီးကြား အပြောင်းအလဲတွေက မူလဘုံမှာ ထွက်ပေါ်လာတယ်။ မူလဘုံက ကောင်းကင်နဲ့ မြေကြီးကြားက ဒီအပြောင်းအလဲတွေကို ဘယ်လို စိုးမိုးခြယ်လှယ်လိမ့်မလဲ သိချင်မိတယ်။" ခေါင်းဆောင်လာသည့် လူငယ်ကို ကြည့်ရင်း အခြားတစ်ယောက်က ပြောလိုက်သည်။ သို့သော် ထိုလူငယ်က အောက်ဘက်ရှိ အဆုံးမဲ့ လေဟာနယ်ကို ကြည့်ကာ ပြောလိုက်၏။ "ကောင်းကင်အာဏာစက်ဘုံကို အရင်သွားရအောင်။"

"ကောင်းကင်အာဏာစက်ဘုံကိုလား။" သူ့နောက်မှ ကျင့်ကြံသူများက ဇဝေဇဝါ ဖြစ်နေခဲ့သော်လည်း ထိုလူငယ်က ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။ "ကောင်းကင်အာဏာစက်ဘုံက ကောင်းကင်အာဏာစက်ကျောင်းတော်မှာ တစ်ယောက်ယောက်ကို တွေ့ဖို့ သွားမယ်။"

သူ့အနီးမှ လူများက သူ၏ ရည်ရွယ်ချက်ကို နားမလည်ခဲ့ပေ။ ကောင်းကင်အာဏာစက်ကျောင်းတော်၌ တစ်စုံတစ်ယောက်ကို သွားရောက်တွေ့ဆုံရမည့် လူငယ်လေး၏ နောက်ကွယ်မှ ရည်ရွယ်ချက်ကို လူအနည်းငယ်သာလျှင် သိရှိထားသည်။ ၎င်းသည် ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်ကာ သတင်းအချက်အလက်ကို လူအနည်းငယ်မျှသာ သိထားရန်လိုပေသည်။

"မေ့ထန် သူ ဘယ်မှာလဲ။" တစ်စုံတစ်ယောက်က နတ်ဆိုးလောကမှ စစ်သူကြီး မေ့ထန်ကို ရည်ညွှန်းရင်း ​မေးလိုက်သည်။

"သူ ကောင်းကင်အာဏာစက်ဘုံမှာ ရှိလိမ့်မယ်။" လူငယ်လေးက ပြန်ဖြေလိုက်၏။ "သွားကြစို့။"

သူက စကားပြောပြီးသွားသည့်အခါ သူ၏ ပုံရိပ်က ရှေ့သို့ ခြေလှမ်းလိုက်ပြီး အနက်ရောင်အလင်းအဖြစ် ပြောင်းလဲသွားကာ အလွန် လျင်မြန်လှသည့်အရှိန်နှင့် ရွေ့လျားသွားသည်။ ကျန်သည့် ကျင့်ကြံသူများကလည်း သူနှင့်အတူ အမီလိုက်လာခဲ့ကြသည်။

ကောင်းကင်အာဏာစက်ဘုံတွင် မေ့ထန်သည် ထိုရှေးဟောင်းအမွေအနှစ်များ ရှာဖွေရန်အတွက် တိုက်ခိုက်ခြင်းမပြုခဲ့ပေ။ သူသည် ကောင်းကင်အာဏာစက်မြို့၏ နယ်နိမိတ်အတွင်း၌ မျှော်လင့်ချက်မဲ့နေသော ယစ်ထုပ်ကြီးအလား အရက်သာ သောက်နေခဲ့သည်။ သို့ပေမယ့် အရက်က ကောင်းသော်လည်း အမှန်တကယ် အရသာခံရန် သောက်နေခြင်း မဟုတ်ကြောင်း သူကိုယ်တိုင်သာ သိရှိပေသည်။

သူသည် ကောင်းကင်အာဏာစက်မြို့အတွင်း သူကိုယ်တိုင်အတွက် နေထိုင်နေခြင်း ဖြစ်သည်။ သူသည် ယခုထိ သဲလွန်စမရှိသေးသော ထိုကိစ္စများကို သေချာသိရှိချင်သေးပေသည်။

ဖြစ်နိုင်သည်မှာ အချိန်က သူ ရှာဖွေနေသော အရာများကို အဖြေပေးသွားပေလိမ့်မည်။

ရုတ်တရက် မေ့ထန်က ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီး သူ့မျက်နှာတွင် အံ့အားသင့်သည့် အကြည့်တို့ ထွက်ပေါ်လာ၍ သူ့မျက်လုံးများက သူ့ခံစားချက်ကို သစ္စာဖောက်နေခဲ့သည်။ သူသည် အနက်ရောင်ဝတ်ထားသည့် လူတစ်စုက ကောင်းကင်ထက်မှနေ၍ တည်းခိုဆောင်သို့ ဆင်းသက်လာပြီး သူ့ထံ တိုက်ရိုက်ရောက်လာခဲ့သည်။

တည်းခိုဆောင်တစ်ခုလုံးက ဖိနှိပ်လွှမ်းမိုးခြင်းကို ခံစားမိပေသည်။ အထဲရှိ လူတိုင်းက သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားခဲ့လေသည်။ မေ့ထန်၏ အကြည့်များက ကျင့်ကြံသူများစွာကို ဦးဆောင်လာသည့် လူငယ်ထံသို့ ကြည့်လိုက်သည်။ သူက ပြောလိုက်၏။ "မင်းလည်း ရောက်လာပြီပဲ။"

မူလဘုံ၏ အပြောင်းအလဲများက နတ်ဆိုးလောကမှ လူများကိုပင် ဆွဲဆောင်နိုင်ပေသည်။

"မေ့ထန် အချိန်ကောင်းတွေ ရခဲ့ရဲ့လား။" နတ်ဆိုးကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။ ထိုကျင့်ကြံသူများသည် နတ်ဆိုးလောကမှ ဖြစ်ကြပြီး မေ့ထန်ကဲ့သို့ပင် နတ်ဆိုးအင်ပါယာနန်းတော်မှ ဖြစ်ကြသည်။ သူတို့အားလုံးမှာ နတ်ဆိုးလောကမှ ထိပ်သီးကျင့်ကြံသူများ ဖြစ်သည်။

"မင်းတို့ ဒီကို မူလဘုံရဲ့ အမွေအနှစ်တွေအတွက် လာခဲ့တာလား။" မေ့ထန်က မေးလိုက်သည်။

"အင်း" လူတိုင်းက ခေါင်းညိတ်လိုက်၏။ ဦးဆောင်လာသော ငယ်ရွယ်သည့် နတ်ဆိုးကျင့်ကြံသူက မေ့ထန်ကို အဓိပ္ပါယ်ပြည့်ဝသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် သူ့အကြည့်များကို အဝေးရှိ ခမ်းနားထည်ဝါစွာ တည်ရှိနေသော အဆောက်အအုံများထံ ရွှေ့လိုက်သည်။

"အဲဒါက ကောင်းကင်အာဏာစက်ကျောင်းတော် ဖြစ်ရမယ် ဟုတ်တယ်မလား။" လူငယ်က မေးလိုက်သည်။

မေ့ထန်က သူ့ကို ကြည့်လိုက်ပြီးနောက် ကောင်းကင်အာဏာစက်ကျောင်းတော် ရှိရာဘက်သို့ ကြည့်လိုက်သည်။ သူသည် တစ်ဖက်လူ မည်သည့်အရာကို တွေးနေကြောင်း သိရှိပေသည်။ သူက တုန့်ပြန်ပြောဆိုလိုက်၏။ "အဟုတ်ပဲ။"

"ဆရာမေ့က တကယ့်ကို စိတ်အေးလက်အေးရှိနေတာပဲ။" လူငယ်က ပြုံးကာ ပြောလိုက်သည်။ "နေရာအသီးသီးက ကျင့်ကြံသူတွေ အားလုံး အမွေအနှစ်တွေ ရှာဖွေဖို့ အလုပ်များနေကြတယ်။ ဒါပေမယ့် ခင်ဗျားကတော့ ဒီနေရာမှာ အရက်ထိုင်သောက်နေပြီး ကောင်းကင်အာဏာစက်ကျောင်းတော်ကို ပျော်ပျော်ရွှင်ရွှင် ကြည့်ရှုနေတယ်။ ဒီနေရာနဲ့ ပတ်သတ်ပြီး ခင်ဗျားကို ဆွဲဆောင်ထားတာ ဘာလဲဆိုတာ ကျုပ်တို့ကို အလင်းပြပေးနိုင်မလား။"

"ဆွဲဆောင်ထားတဲ့အရာရယ်လို့ မရှိပါဘူး။ ကျုပ် ဒီအတိုင်း ပျင်းနေရုံပါ။" မေ့ထန်က ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။ ဤလူငယ်က အတော်လေး ထူးခြားလှသည်။ သူက နတ်ဆိုးလောကတွင် နတ်ဆိုးအင်ပါယာတစ်ပါး၏ တိုက်ရိုက်တပည့်များထဲမှ တစ်ယောက်​ဖြစ်သည့်အတွက် မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ သို့သော် နတ်ဆိုးစစ်သူကြီးတစ်ပါးအနေနှင့် မေ့ထန်၏ အဆင့်အတန်းက ထိုလူငယ်ထက် မည်သည့်နိမ့်ကျခြင်းမှ မရှိသော်လည်း သူသည် ယဥ်ကျေးသမှုနှင့် တစ်ဖက်လူကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်လိမ့်မည် မဟုတ်ပေ။

ထို့ပြင် နတ်ဆိုးလောကမှ ကျင့်ကြံသူများက မတူကွဲပြားပေသည်။ စည်းမျဥ်းများအရ အားကောင်းသည့် လူများသာ အုပ်စိုးသော သူတို့လောကတွင် အားနည်းသူများက သားကောင်မျှသာ ​ဖြစ်သည်။ ထိုနေရာ၌ မည်သည့် ဥပဒေမှ မရှိဘဲ ခွန်အားသည်သာ အရာအားလုံး၏ အမှန်တရား ဖြစ်ပေသည်။ တစ်စုံတစ်ယောက်က လုံလောက်အောင် သန်မာနေသရွေ့ မည်သူ့ကိုမဆို စိုးရိမ်စရာမရှိဘဲ ဆန့်ကျင်နိုင်ပေသည်။

နတ်ဆိုးလောကတွင် အတူတူ ကျင့်ကြံကြသော ကျင့်ကြံသူများကြား ပဋိပက္ခများ ဖြစ်ပွားတတ်သည်မှာ သာမန်သာ ဖြစ်သည်။

"ပျင်းနေတာလား။" လူငယ်နတ်ဆိုးကျင့်ကြံသူက ပြုံးကာ ဆက်ပြောလိုက်သည်။ "ဖြစ်နိုင်တာတော့ ဆရာမေ့က အဲဒီကျောင်းတော်ကို ပိုစိတ်ဝင်စားနေလို့ ဖြစ်မယ်။ ကျုပ်လည်း နတ်ဆိုးလောကမှာတုန်းက တချို့ အကြောင်းတွေကို ကြားမိပါတယ်။ အခု ကျုပ် မူလဘုံမှာ ရောက်နေပြီဆိုတော့ သူတို့ရဲ့ လူငယ်ဘုရင်ဆီ သွားလည်ဖို့ စီစဥ်ထားတယ်။"

သူက စကားပြောပြီးသွားသောအခါ လေထဲသို့ တက်သွားပြီး ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ဦးတည်လိုက်သည်။ နတ်ဆိုးလောကမှ အားလုံးသော ကျင့်ကြံသူများကလည်း သူ့ ဦးဆောင်မှုနောက်မှ လိုက်ပါသွားကြ၏။

မေ့ထန်သည် ထိုအဖြစ်အား မြင်သည့်အခါ သူတို့ကို ရပ်တန့်ရန် မကြိုးစားခဲ့ဘဲ အခြားလူများကို စိတ်ကျေနပ်သလို လုပ်ခွင့်ပေးထားလိုက်သည်။ သူသည် လက်ရှိတွင် ကောင်းကင်အာဏာစက်ကျောင်းတော်က ဆုပ်ကိုင်ထားသည့် ခွန်အားအစစ်အမှန်ကို သိထားသောကြောင့် စိုးရိမ်ပူပန်ခြင်း မရှိပေ။ အမှန်တွင် သူသည် ပဋိပက္ခဖြစ်ပွားမည်ကို ပိုဖြစ်စေချင်ပြီး ထိုသို့ဖြစ်လျှင် ကိစ္စများက ပိုမို စိတ်ဝင်စားဖွယ် ကောင်းလာမည် ဖြစ်သည်။

အရက်ခွက်ကို ကောက်ကိုင်လိုက်ပြီး မေ့ထန်က နောက်ထပ် အရက်တစ်ခွက် လောင်းထည့်လိုက်သော်လည်း သူ့မျက်လုံးများက ရှေ့တည့်တည့်သို့ အာရုံစိုက်နေဆဲ ဖြစ်သည်။ ထိုလူငယ်လေး ဤနေရာသို့ ရောက်လာသည့် ရည်ရွယ်ချက်အစစ်အမှန်မှာ မူလဘုံ၏ လူငယ်ဘုရင် ရီဖူရှင်းကို တွေ့ရန်အတွက် မဟုတ်ဘဲ ယူချင်းကြောင့် ဖြစ်မည်ဟု တွေးမိလိုက်ပေသည်။

ကောင်းကင်အာဏာစက်ကျောင်းတော်အတွင်း ရီဖူရှင်းသည် စုန့်အင်ပါယာမြို့မှ ကျင့်ကြံသူများကို လက်ခံတွေ့ဆုံခဲ့သည်။ ထိုအချိန်တွင် သူတို့က တစ်ခုခုကို အာရုံခံမိခဲ့ပြီး ခေါင်းအား မော့ကာ လေဟာနယ်ထဲသို့ ကြည့်လိုက်သည်။ သူတို့သည် ကျောင်းတော်မှ ထိပ်သီးကျင့်ကြံသူများက မည်းမှောင်နေသော မျက်နှာထားနှင့် ကောင်းကင်သို့ တက်သွားခဲ့သည်ကို မြင်လိုက်ရသည်။ သူတို့က ကောင်းကင်ထက်၌ ပေါ်ပေါက်လာသော အနက်ရောင်ဝတ်စုံနှင့် ကျင့်ကြံသူအဖွဲ့ကို အာရုံစိုက်နေခဲ့သည်။

သူတို့သည် ဖိနှိပ်မှုစွမ်းအားတို့ကို ခံစားမိလိုက်ပြီး ထိုလာရောက်သူများက သာမန်မဟုတ်သော အစွမ်းထက်သူများ ဖြစ်ကြောင်း ညွှန်ပြနေသည်။

စုန့်အင်ပါယာမြို့မှ ကျင့်ကြံသူများသည်လည်း ထိုလူစုအား မြင်သည့်အခါ အလိုအလျောက် သတိအနေအထား ဖြစ်သွားကြသည်။ ခေါင်းဆောင်လာသည့် အဘိုးအိုက အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ နတ်ဆိုးလောကမှ ကျင့်ကြံသူများလည်း ရောက်ရှိလာကြပြီး သူတို့က ကောင်းကင်အာဏာစက်ကျောင်းတော်သို့ အရင် လာရောကြ​ခြင်း ဖြစ်သည်။

ရီဖူရှင်းသည် သူ၏ အာရုံစိုက်မှုကို ထိုနေရာသို့ ပို့ဆောင်လိုက်ပြီး ထိုဦးဆောင်လာသည့် လူငယ်လေးကို ကြည့်လိုက်သည်။ သူတို့နှစ်ဦး၏ အကြည့်များက အချိန်အတော်ကြာ ထိပ်တိုက်တွေ့ဆုံနေခဲ့ပြီး ရီဖူရှင်းသည် တစ်ဖက်လူထံမှ ရန်လိုမှုတို့ကို ခံစားမိလိုက်ပေသည်။

ရီဖူရှင်းက အနည်းငယ် သံသယဖြစ်သွားခဲ့သည်။ ထိုလူက မည်သူဖြစ်သနည်း။

All Chapters