← Chapters

chapter(23)

Vol. 2 Ch. 23

chapter(23)

Vol. 2 Ch. 23

အသန့်စင်ဆုံးစနစ် အခန်း(23)

ချောင်ဖုန်းသည် ဧရာမဓားအကြီးကြီးဖြင့် နတ်ဆိုးသားရဲအား လေပေါ်မှ ခုတ်ချလိုက်သည်။ထိုအခါ နတ်ဆိုးသားရဲကြီးသည် ဒဏ်ရာများရရှိနေတာကြောင့် သူ့ရဲ့လက်သည်းများဖြင့်ကာလိုက်ပင်မယ့် လဲကျသွားခဲ့သည်။ဒါပေမယ့်လဲ နတ်ဆိုးသားရဲသည် မရမက ပြန်ထလာလေသည်။

ချောင်ဖုန်းသည် နတ်ဆိုးသားရဲကြီးကို စိတ်ထဲကနေပဲဝေဖန်လိုက်သည်။

"တော်တော်အသက်ပြင်းတဲ့ အသက်ပဲ ၊ အဆင့်ငါးနတ်ဆိုးသားရဲဖြစ်ဖို့ ထိုက်တန်ပါတယ် ဒါပေမယ့် မင်းငါ့လက်ကနေ လွတ်မှာမဟုတ်တော့ဘူး"

ချောင်ဖုန်းသည် တချက်ပြုံး၍ ပြောလိုက်သည်။

"နတ်ဆိုးဘုရင်သတ်ကျင့်စဥ်ကို သန့်စင်မယ် ၊ ထပ်သန့်စင်မယ် "

"ဂုဏ်ယူပါတယ် စနစ်ရှင်သည် နတ်ဆိုးဘုရင်သတ်ကျင့်စဥ်၏ အနိူင်းမဲ့အဆင့်ကို တက်မြောက်သွားပါပြီ"

ထိုအခါ ချောင်ဖုန်းသည် သူရဲ့ဓားကို လေပေါ်သို့ မြှောက်ကာလက်နှစ်ဖြင့် ခုတ်ချလိုက်တဲ့ ဧရာမဓားဝိညဥ်စွမ်းအင် အကြီးကြီးသည် နတ်ဆိုးသားရဲရဲ့ခေါင်းပေါ်သို့ကျရောက်သွားသည်။ နတ်ဆိုးသားရဲကြီးသည်လည်း ​မြေကိုဆောင့်ချလိုက်တဲ့အခါ စွမ်းအင်အရှိန်အဝါများသည် ချောင်ဖုန်းကို အဝေးသို့လွင့်ထွက်သွားစေခဲ့သည်။သို့သော် ချောင်ဖုန်းရဲ့ဧရာမဓားဝိညည်စွမ်းအင်ကတော့ နတ်ဆိုးသားရဲရဲ့ခန္ဓာကိုယ်အား နှစ်ပိုင်းပင်ပြတ်သွားကာ သွေးမဲများပင်ပန်းထွက်သွာလေသည်။

ထိုချိန်စနစ်က အသံထွက်လာလေသည်။

"စနစ်ရှင်သည် အဆင့်ငါးနတ်ဆိုးသားရဲကို သတ်နိုင်တဲ့အတွက် သန့်စင်ခွင့် ဆယ်ကြိမ်ရရှိသွားပါပြီ"

ကြည့်နေသော အကြီးအကဲများသည် ချောင်ဖုန်းကိုကြည့်၍ တံတွေးများပင်တီးသွားပြီး မယုံကြည်နိုင်ဖြစ်သွားသည်။ချောင်ဖုန်းသည် မြေပြင်ပေါ်က မနည်းပင်ကုန်းထလိုက်ရပြီး ထွက်နေသောသွေးများကို သုတ်လိုက်သည်။ထိုချိန်မှာ အကြီးအကဲငါးယောက်သည် လေထဲကပင်ရောက်အစရှိလာလေသည်။

"ငါတို့ယန်အစီအရင်ဂိုဏ်းမှာ မင်းလိုမွန်းစတားတစ်ကောင်ရှိနေမယ်လို့မထင်ထားမိဘူး "

ထိုလူသည် အကြီးအကဲတန်ချီကို ယီရှင်းထျန်အားကုသဖို့ခေါ်ခိုင်းသွားလိုက်သည်။ထို့နောက် လုဝမ်ဆီမှ ယန်အစီအရင်ရတနာကို ချောင်ဖုန်းအားပေးခိုင်းလိုက်သည်။

"လုဝမ်.....သူကိုဆုချလိုက်ပါ ၊ နောက်ပြီး နတ်ဆိုးသားရဲရဲ့ဝိညဥ်စွမ်းအင်အမြူတေကိုလဲ ယူပေးလိုက်ပါ"

"ဟုတ်......အကြီးအကဲဟုန်"

လုဝမ်သည် ယန်အစီအရင်နဲ့စာအုပ်တစ်အုပ်ကို ချောင်ဖုန်းကိုပေးပြီးနောက် နတ်ဆိုးသားရဲရဲ့ ဝိညဥ်စွမ်းအင်အမြူတေကို ထုတ်ပေးလိုက်သည်။ထို့နောက် အကြီးအကဲဟုန်သည် ချောင်ဖုန်းအား ပြန်ပြောလိုက်သည်။

"ယန်အစီအရင်ရတနာက ဂိုဏ်းရဲ့ရတနာဖြစ်တဲ့အတွက် မင်းတန်ဖိုးထားဖို့ ငါမျှော်လင့်ပါတယ် ၊ နောက်ပြီးမင်းသူငယ်ချင်းကိုစိတ်မပူပါနဲ့ သူပြန်သက်သာနဲ့ ငါတို့ပြန်လွှတ်မှာပါ"

ထို့နောက်အကြီးအကဲဟုန်သည် ဆေးလုံး တစ်လုံးအား ချောင်ဖုန်းအားပေးလိုက်ပြီး မိစ္ဆာသားရဲတောကနေ ဂိုဏ်းကို အမြန်ပြန်ခိုင်းလေသည်။ချောင်ဖုန်းလဲ ယန်အစီအရင်ရတနာနဲ့ စာအုပ်ကို သိုလှောင်ကွင်းထဲထည့်ပြီး အကြီးအကဲတွေကို အရိုအသေပြုကာ ထိုနေရာမှ ထွက်ခွာလာလေသည်။

အကြီးအကဲဟုန်သည် သက်ပြင်းချကာ ကျန်တဲ့အကြီးအကဲတွေကိုပြောလိုက်သည်။

"အခုဆို နတ်ဆိုးသားရဲတွေအပြင် ဝတ်ရုံနီဂိုဏ်းပါ ပြန်ပေါ်ထွက်လာတဲ့အတွက် အရင်ကထက်ပိုပြီး သတိရှိရှိနေကြပါ"

လှဝမ်သည် ဝတ်ရုံနီဂိုဏ်းဟု ကြားတဲ့အခါ အံ့အားသင့်သွားပြီး ချက်ချင်းပြန်မေးလိုက်သည်။

"ဝတ်ရုံနီဂိုဏ်းပြန်ထွက်လာပြီဟုတ်လား.....အကြီးအကဲဟုန်"

အကြီးအကဲဟုန်သည် ခေါင်းငြိမ့်ပြလိုက်ပြီး အားလုံးသည် ထိုနေရာမှ ဂိုဏ်းရှိရာကို ပျံသန်းသွားကြလေသည်။ချောင်ဖုန်းသည် ယန်အစီအရင်ဂိုဏ်းကို ရောက်တဲ့အခါ သူရဲ့သားရေမျက်နှာဖုံးကို ပြန်သိမ်းထားလိုက်ပြီး စီမံခန့်ခွဲရေးဌာနကို ပြန်သွားခဲ့သည်။

စီမံခန့်ခွဲရေးဌာနတွင် အကြီးအကဲလုဝမ်သည် ပြန်လည်ရောက်ရှိနေတာကို ချောင်ဖုန်းတွေ့လိုက်ရသည်။ချောင်ဖုန်းအခန်းအတွင်းသို့ ဝင်လာတဲ့ လုဝမ်ကမေးလိုက်သည်။

"မင်းက ဟိုတခါကဖုန်းယွီနဲ့အတူရောက်လာတဲ့တစ်ယောက်မလား ၊ ဘာကိစ္စရှိလို့လဲ"

စီမံခန့်ခွဲရေး ဌာနတွင် လူများသည် အဆက်မပြတ်ရှိနေတက်ကြသည်။အများစုကတော့ ဂိုဏ်းမှ အထောက်အပံတွေ လာထုတ်သူများဖြစ်ကြသည်။ထိုလူများသည် ရွီးယန်းနဲ့ရန်စရှိနေတဲ့ ချောင်ဖုန်းကို သိရှိနေကြသည်။

ချောင်ဖုန်းသည် အကြီးအကဲလုဝမ်ကို လက်နှစ်ဖက်ဆုပ်ကိုင်ကာ

ရိုသေစွာပြောလိုက်သည်။

"အကြီးအကဲလုဝမ်......ကျွန်တော်ဒုတိယအဆင့်အဆောင်ကိုတက်ရောက်ချင်လို့ပါ"

ထိုအခါ ဘေးကလူတွေသည် ချောင်ဖုန်းအား ခွက်ထိုးခွက်လန်ရယ်လိုက်ကြသည်။

"မင်းတို့ကြားလိုက်လား ဒီကောင်က ဂိုဏ်းရောက်တာဖြင့် မကြာသေးဘူး ဒုတိယအဆင့်အဆောင့်ကို တက်ချင်နေတာတဲ့ ဟား...ဟား"

"ငါကအစကတော့ ဆရာတူအကိုရွီးယန်းကိုတောင် ရန်စရဲတယ်ဆိုတော့ အစွမ်းအစရှိတယ်ထင်တာ ၊ တကယ်တော့ ဒီကောင်က ရူးနေတာပဲ"

အကြီးအကဲလှဝမ်သည် အားလုံးကို တိတ်ခိုင်းလိုက်ပြီး အစီအရင်အကာအကွယ်တစ်ခု ဖန်တီးလိုက်သည်။ထိုအခါ အပြင်ကလူများသည် ချောင်ဖုန်းနဲ့အကြီးအကဲလုဝမ်ကို မမြင်ရမကြားရဖြစ်သွားသည်။

အကြီးအကဲလုဝမ်သည် အစီအရင်စာရွက်နဲ့သွေးဘူးလေးထုတ်ပေးလိုက်၍ ချောင်ဖုန်းအားပြောလိုက်သည်။

" မင်းကိုငါ စာရွက်အလွတ်ဆယ်ခုပေးထားတယ် မင်းငါ့ကို မတူညီတဲ့ အစီအရင်သုံးခုပဲ ဖန်တီးပြရမယ်၊ အဲ့တာက မင်းဒုတိယအဆင့်အဆောင်ကို တက်ရမတက်ရအပေါ်မူတည်လိမ့်မယ်"

ချောင်ဖုန်းသည် တစ်မိနစ်အတွင်းမှာပဲ အစီအရင်သုံးခုကို စာရွက်သုံးခုသာသုံး၍ ဖန်တီးပြလိုက်တဲ့အခါ လုဝမ်သည် ရူးခါသွားလေသည်။

"မင်း.....ဘယ်လိုလုပ်လိုက်တာလဲ"

ထို့နောက်အကြီးအကဲဝမ်သည် ခေါင်းစိုက်ကာခါ၍ သူဖန်တီးထားသော အစီအရင်ဖျက်သိမ်းတဲ့အခါ အားလုံးသည် ချောင်ဖုန်းတို့

ပြန်မြင်သွား၍ ပြောလိုက်ကြသည်။

"ဟာဟား........ငါပြောတယ်မလား....ဘယ်လောက်မှတောင် မကြာသေးဘူး ဒီကောင်အရှုံးပေးသွားပြီပဲ"

လုဝမ်သည် ထိုပြောနေတဲ့တစ်ယောက်ကို အော်ဟစ်လိုက်သည်။

"တိတ်စမ်..... သူများကိုဝေဖန်ပြီးလှောင်နေရအောင် မင်းကဘာဆောက်သုံးကျလို့လဲ"

"ကျွန်တော်........."

ထိုလူနဲ့အတူအားလုံးသည် လုဝမ်ရဲ့ ပြောဆိုကြိမ်မောင်းမှုကြောင့်

ကြောက်ရွံပြီး တိတ်သွားကြသည်။

ထိုအခါ လုဝမ်သည် သိုလှောင်ကွင်းလက်စွပ်အတွင်းမှ စာအုပ်တစ်အုပ်ကို ထုတ်ပေးလိုက်၍ အားလုံးကြားအောင်ပြောလိုက်သည်။

"ခုကစပြီး မင်းဒုတိယအဆင့်အဆောင်မှာ တက်ရောက်နိုင်ပြီ"

"ကျေးဇူးတင်ပါတယ်......အကြီးအကဲလုဝမ်"

"မလိုပါဘူး ဒါငါရဲ့တာဝန်ပဲ"

ထိုအခါ အားလုံးသည် တီးတိုးတီးတိုးနဲ့ စီမံခန့်ခွဲရေးဌာနထဲမှာပြောဆိုနေကြလေသည်။

"ကြည့်ရတာ အဲ့ကောင်က အကြီးအကဲလုဝမ်ကို တစ်ခုခု လာဘ်ထိုးလိုက်တာထင်တယ်"

"ဟုတ်လောက်မယ် ၊ ငါလဲအဲ့လိုပဲထင်တယ်.....ဂိုဏ်းရောက်တာတောင်မကြာသေးဘူး အစီအရင်တစ်ခုလုပ်တက်ရင်တောင် ပါရမီပါလို့ပဲ ဖြစ်နိုင်မယ်"

ချောင်ဖုန်းကတော့ ထိုလူတွေကို ဂရုမစိုက်ဘဲ စီမံခန့်ခွဲရေးဌာနကနေ ထွက်ခွာလာခဲ့သည်။ထို့နောက်ချောင်ဖုန်းသည် အခန်းကို ပြန်ရောက်တဲ့အခါ ကုတင်ပေါ်တွင် ခန္ဓာကိုယ်အပေါ်ပိုင်းကို ပတ်တီးများစည်းထားသော ယီရှင်းထျန်ကို တွေ့လိုက်ရသည်။

"ရှင်းထျန်......မင်းပြန်ရောက်နေပြီလား ၊ ဘယ်လိုလဲသက်သာရဲ့လား"

ယီရှင်းထျန်သည် ရယ်ကာမောကာ၍ ပြောလိုက်သည်။

"မင်းကငါ့ကို သေစေချင်နေတာလား.....အဲ့အသက်အဲ့လောက်မပျော့ဘူးကွ.... ဟားဟား ၊ ဒါနဲ့မင်းနတ်ဆိုးသားရဲကောင်ကို သတ်နိုင်ခဲ့တယ်ဆို"

ချောင်ဖုန်းသည် ယန်အစီအရင် ရတနာကို ထုတ်ပြလိုက်သည်။

ထိုအခါ ယီရှင်းထျန်သည် ပက်တီးမစည်းထားသောလက်ဖြင့် ချောင်ဖုန်း ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။

"ချောင်ဖုန်း.....ငါမင်းကို တကယ်လေးစားသွားပြီ ၊ မင်းကငါထင်ထားတာထက်ပိုတော်တာပဲ"

ချောင်ဖုန်းလဲ သူကုတင်ပေါ်မှာ လက်တစ်ဖက်ကို ခေါင်းခုကာ ပြောလိုက်သည်။

"ငါတစ်ယောက်ထဲကြောင့်မှ မဟုတ်တာ ၊ မင်းသာမရှိလဲ ငါလဲ အဲ့နတ်ဆိုးသားရဲကို သတ်နိုင်မှာမဟုတ်ဘူး"

All Chapters