← Chapters

chapter(24)

Vol. 2 Ch. 24

chapter(24)

Vol. 2 Ch. 24

အသန့်စင်ဆုံးစနစ် အခန်း(24)

ညရောက်တဲ့အခါ ယီရှင်းထျန်သည် ဒဏ်ရာကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလေသည်။ချောင်ဖုန်းကတော့ နိုးလာပြီး အခန်းအပြင်သို့ထွက်လာခဲ့သည်။ညဘက်ဖြစ်သောကြောင့် ကောင်းကင်ယံမှာတော့ လမင်းအလင်းရောင်နဲ့ ကြယ်ကလေးများကတော့ တောက်ပနေလေသည်။

ချောင်ဖုန်းသည် သစ်ပင်တစ်ခုလေးအောက်မှာ ထိုင်လိုက်ပြီးယန်အစီအရင်ကို သိုလှောင်ကွင်းလက်စွပ်ထဲက ထုတ်လုပ်ပြီး သူလက်ပေါ်မှာ တင်ထားလိုက်သည်။ထို့နောက် တောက်ပသောအကြည့်ဖြင့် ပြောလိုက်သည်။

"ယန်အစီအရင်ရတနာကို သန့်စင်မယ်"

ထိုအခါ ပျက်စီးနေသောယန်အစီအရင်ရတနာသည် မူလအတိုင်း ပြန်လည်ကောင်းမွန်သွားလေသည်။ထိုအခါ ချောင်ဖုန်းသည် လုဝမ် ပေးထားတဲ့စာအုပ်ကိုပါ ထုတ်၍ ကြည့်လိုက်သည်။ချောင်ဖုန်းသည် သူထင်တဲ့အတိုင်းပင် ထိုစာအုပ်သည် ယန်အစီအရင်ရတနာကို ထိန်းချုပ်ဖို့စာအုပ်ပင်ဖြစ်သည်။

ချောင်ဖုန်းသည် စာအုပ်၏ နည်းလမ်းအလှည့်အပြောင်းများကိုဖတ်လိုက် လက်ချောင်းလေးများကို လှုပ်ရှားလိုက်နဲ့ တစ်ညလုံးမအိပ်ပဲ ယန်အစီအရင်ရတနာရဲ့အစွမ်းကို စမ်းသပ်နေလေသည်။ချောင်ဖုန်းသည် လုဝမ်ကဲ့သို့အကာအကွယ်အစီအရင်ကို ဖန်တီးလိုက်တဲ့အခါ အကာအကွယ်အစီအရင်သည် လုဝမ်ဖန်တီးတာထက် ပိုမိုသန်မာအားကောင်းနေခဲ့သည်။

ထို့နောက် ချောင်ဖုန်းသည် စာအုပ်ထဲတွင် ယန်အစီအရင်ရတနာကဲ့သို့ ရတနာတစ်ခုကို ဖန်တီးဖို့ နည်းလမ်းကို ရှာတွေ့သွားခဲ့သည်။သို့သော်လဲ ချောင်ဖုန်းသည် သာမာန်ဓားလက်နက်ပညာ ဖန်တီးခြင်းကိုပင် မသင်ယူရသေးပေ။

ထိုကိစ္စက ချောင်ဖုန်းရဲ့ခေါင်းထဲ၌သာ ရှိနေပြီး ယန်အစီအရင်ရတနာနဲ့စာအုပ်ကို သိုလှောင်ကွင်းထဲ ထည့်ပြီး ဒုတိယအဆင့်အဆောင့်မှာ ပညာသင်ယူဖို့ မနက်ခင်းပိုင်းမှာ တက်ကြွနေလေသည်။

ချောင်ဖုန်းအခန်းထဲ ပြန်ဝင်လာတဲ့အခါ ယီရှင်းထျန်က မေးလိုက်သည်။

"ချောင်ဖုန်း.....မင်းကြည့်ရတာ ပျော်နေသလိုပဲ ၊ ဘာကိစ္စရှိလို့လဲ"

ချောင်ဖုန်းသည် ယီရှင်းထျန်အား ပြောပြလိုက်သည်။

"ငါဒုတိယအဆင့်အဆောင်ကို ဒီနေ့တက်ရောက်ခွင့်ရပြီ"

ယီရှင်းထျန်သည် အစကတော့ ချောင်ဖုန်းပြောတာကို သတိမထားမိပဲ နောက်မှ အံသြသွားလေသည်။

"အော်............ ၊ ဟမ် မဟုတ်သေးဘူးလေ မင်းဒုတိယအဆင့်ဆောင်မှာတက်လို့ရပြီလို့ပြောလိုက်တာလား"

ချောင်ဖုန်းသည် ပညာသင်စာအုပ်ကို ထုတ်ပြလိုက်တဲ့အခါ ယီရှင်းထျန်သည် ချောင်ဖုန်းအားမကောင်းဆိုးဝါးတစ်ကောင်ဟုထင်သွားလေသည်။

"မင်းကမကောင်းဆိုးဝါးတစ်ကောင်ပဲ...... ၊ ဒါကြောင့်မို့ မင်းကဆရာတူအကိုရွီးယန်းလို လူကို မင်းမျက်လုံးထဲ မထည့်တာပဲ"

ချောင်ဖုန်းသည် ယီရှင်းထျန်ကို ပြုံးပြလိုက်ပြီး တစ်ယောက်ထဲအပြင်သို့ ပြန်လည်ထွက်ခွာလာခဲ့သည်။ယီရှင်းထျန်ကတော့ ဒဏ်ရာရရှိနေတဲ့အတွက် အခန်းထဲမှာပဲ ကျန်ခဲ့လေသည်။ဒီလိုနဲ့ချောင်ဖုန်းသည် ဒုတိယအဆင့်အဆောင်ကိုသွားတဲ့လမ်းမှာ ဖုန်းယွီနဲ့အတူ မိန်းကလေးတစ်ယောက် သူလာရာ လမ်းကို လာနေတာကိုတွေ့လိုက်ရသည်။

ချောင်ဖုန်းသည် ပြသာနာထပ်ဖြစ်မည်ဆိုး၍ မိန်းကလေးတွေနဲ့ ဝေးဝေးရှောင်ဖို့ စဥ်စားထားသည်။ထိုချိန်မှာ စနစ်၏ အသံသည်ထွက်ပေါ်လာလေသည်။

"စနစ်ရှင်သည် မိန်းကလ​ေးဖုန်းယွီအား နှုတ်ဆက်မယ်ဆိုရင် သန့်စင်ခွင့် နှစ်ကြိမ်ရရှိပါမည်"

ချောင်ဖုန်းသည် စနစ်ကို မကျေနပ်သလို ပြန်ပြောလိုက်သည်။

"တော်တော်ပြသာနာရှာတဲ့စနစ်ပဲ ငါဘာသာအေးဆေးလေးနေလို့မရဘူးလားကွာ"

ခ​ျောင်ဖုန်းသည် ဖုန်းယွီအနားသို့ရောက်တဲ့အခါ ဖုန်းယွီကအရင်ကောင်းကောင်းမွန်မွန်ပြုံးပြနှုတ်ဆက်လိုက်သည်။

"ရှင်အဆင်ပြေရဲ့လား မသိဘူး"

ချောင်ဖုန်းသည် ဖုန်းယွီကို စကားပြန်ပြောမည့်အချိန်မှာ ရွီးယန်းသည် လျင်မြန်စွာဖုန်းယွီရှေ့ကနေရောက်ရှိလာလေသည်။

ရွီးယန်းသည် ဒေါသထွက်သောမျက်လုံးဖြင့် ချောင်ဖုန်းအားပြောလိုက်သည်။

"ကြည့်ရတာမင်းကမြန်မြန်သေချင်နေပြီထင်တယ်၊ စိတ်ချမကြာခင်မင်းကိုငါသေချာ ဆုံးမပေးမယ်"

ဖုန်းယွီသည် ရွီးယန်းကို စိတ်ပျက်ကာ ခေါင်းခါပြီး ထိုနေရာမှ အတူပါလာသော မိန်းကလေးနှင့် ထွက်သွားလေသည်။ထိုအခါ ရွီးယန်းလဲ ဖုန်းယွီနောက်ကို လိုက်သွားပြီး ချောင်ဖုန်းတစ်ယောက်သာကျန်ခဲ့ပါတော့သည်။

ချောင်ဖုန်းလဲ ရယ်လိုက်ပြီး ဒုတိယအဆင့်အဆောင်သို့ ခြေလှမ်းလာခဲ့သည်။ချောင်ဖုန်းသည် ဒုတိယအဆင့်အဆောင်ရဲ့အခန်းတံခါးဝကို ဖွင့်လိုက်တဲ့အခါ အကြီးအကဲတန်ချီသည် ချောင်ဖုန်းအားအခန်းထဲဝင်ခိုင်းလိုက်သည်။

"ကောင်လေး.....အခန်းထဲသို့ အမြန်ဝင်ထိုင်ပါ"

ချောင်ဖုန်းသည် လူအနည်းငယ်သာ ရှိတဲ့အခန်းလေးကို ကြည့်ကာ ဝင်ထိုင်လိုက်သည်။ထိုအခါ အခန်းထဲက လူတစ်ချို့သည် ချောင်ဖုန်းအား အထင်သေးသော အကြည့်ဖြင့် အချင်းချင်း တီးတိုးပြောဆိုနေကြသည်။

"သူပဲသူပ​ဲ.....အကြီးအကဲလုဝမ်ကို လာဘ်ထိုးပြီး ဒုတိယအဆင့်အဆောင်ကို ရောက်လာတာ"

"အဲ့တာ တကယ်ပဲလား....."

ထို့နောက် အကြီးအကဲတန်ချီသည် သံပုံးလေးထဲထည့်ထားသော ဓားများကို အားလုံးကို တစ်ယောက်တစ်ချောင်းယူခိုင်းလိုက်သည်။

ထိုဓားများသည် ဝိညဥ်စွမ်းအင်များမရှိသော သာမာန်ဓားများသာ ဖြစ်သည်။

အကြီးအကဲတန်ချီသည် သူလက်ထဲကဓားကို လေပေါ်တွင် တည်ရှိစေလိုက်ပြီး စုတ်တံတစ်ခုကိုသုံးကာ အစီအရင်စက်ဝိုင်းအသေးလေးတစ်ခုကို ရေးဆွဲလိုက်သည်။ထို့နောက် လက်ချောင်းလေးများကို လှုပ်ရှားလိုက်ပြီး အစီအရင်အသေးလေးကို ဓားအတွင်းထဲသို့ ထည့်လိုက်သည်။

ထို့နောက် သူ့သိုလှောင်ကွင်းလက်စွပ်ထဲမှ မြေဝိညဥ်စွမ်းအင်အသေးလေးတစ်ခုကို အစီအရင်နဲ့အတူရောထည့်လိုက်သည်။

ထိုအခါ ဓားသွားတစ်ချောင်းလုံးသည် မြေအရောင်ကဲ့သို့ တောက်ပသွားပြီး မြေဝိညဥ်စွမ်းအင်ရှိသော ဓားအဖြစ်သို့ ပြောင်းလဲသွားလေသည်။

"အကြီးအကဲတန်ချီက အရမ်းတော်တာပဲ ၊ ငါလဲသူလို့ကျွမ်းသွားရင် ယန်အစီအရင်ဂိုဏ်းမှာအကြီးအကဲလုပ်ပြီး တပည့်တွေကို ပြန်တင်ပေးမယ် ဟီး ....ဟီး"

"မင်းအဆင့်နဲ့လား ဟား......"

အားလုံးသည် အချင်းချင်းနောက်ကာ ပြောဆိုနေကြလေသည်။ချောင်ဖုန်းကတော့ အကြီးအကဲတန်ချီလှုပ်ရှားမှုများကို ခေါင်းထဲမှာ နောက်ထပ်တစ်ကြိမ်ပြန်တွေးလိုက်သည်။အကြီးအကဲတန်ချီသည် အစီအရင်စင်ဝိုင်းအသေးလေးကို အစကနေ ပြန်ဆွဲပြပြီး အားလုံးကို လေ့ကျင့်ခိုင်းသည်။

အားလုံးသည် အကြီးအကဲတန်ချီသင်ပေးထားသည့်အတိုင်းအခန်းထဲတွင်လေ့ကျင့်နေကြလေသည်။ထိုချိန်မှာ အပြင်ဘက်က အကြီးအကဲသုံးယောက်သည် ရောက်ရှိလာခဲ့သည်။

"အားလုံးပဲ လေ့ကျင့်နေတာကို ရပ်လိုက်ပြီး ငါပြောတာကို သေချာအာရုံစိုက်နားထောင်ပေးပါ"

ထိုအခါ အားလုံးသည် လုပ်နေတာကို ရပ်လိုက်ပြီး နားထောင်နေကြသည်။

"မနက်ဖြန်ကြရင် ဂိုဏ်းသုံးခုရဲ့ မဟာမိတ်တွေ့ဆုံပွဲရှိတယ် ၊ အဲ့ဒီမှာ အချင်းချင်း ပညာစမ်းသပ်မှာ ဖြစ်တဲ့အတွက် မင်းတို့မနက်ဖြန်မနက်ကြရင် ငါတို့နဲ့အတူ လိုက်ခဲ့ရမယ်"

အားလုံးသည် မလိုက်ချင်၍ စိတ်များပျက်နေကြလေသည်။သို့သော် ဂိုဏ်းအမိန့်ဖြစ်တာကြောင့် မလွန်ဆန်ရဲကြပေ။ထိုအကြီးအကဲ ထွက်ခွာသွားပြီးနောက် အားလုံးသည် အစီအရင်ကို ပြန်လေ့လာနေကြသည်။

အချိန်အတော်ကြာပြီးနောက်မှာ တန်ချီသည် သူမထွက်မသွားခင် မှာ အားလုံးကို ဝိညဥ်စွမ်းအင်တစ်ခုစီ စမ်းသပ်ဖို့ ပေးခဲ့ကာ ထွက်သွားလေသည်။

အားလုံးသည် အစီအရင်ရှုပ်ထွေးမှုများကို လေ့လာခဲ့ပြီးနောက် ကိုယ်ပိုင်အခန်းများကို ပြန်သွားကြသည်။ချောင်ဖုန်းသည် အခန်းထဲရောက်တဲ့အခါ ယီရှင်းထျန်သည် သိုင်းကျင့်နေတာကို တွေ့လိုက်ရသည်။

"ရှင်းထျန်.....မနက်ဖြန်သွားရမှာကို မင်းသိပြီးပြီလား"

"ဒါပေါ့.....ဒီလိုပွဲမျိုးက ရှားတယ် ၊ လက်လွတ်ခံလို့မဖြစ်ဘူးလေ"

ထိုချိန်မှာ အသံအကျယ်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး ဂိုဏ်းမှာ ရှိတဲ့ ကြီးမားသော အကာအကွယ်အစီအရင်တံတိုင်းသည် ဖြစ်ပေါ်လာလေသည်။

"အဲ့ဒါဂိုဏ်းရဲ့ အရေးပေါ်အမိန့်ပေးသံပဲ ၊ ငါတို့ဂိုဏ်းကို တိုက်ခိုက်တဲ့သူတွေရှိနေပြီ"

ထိုအခါ အားလုံးသည် အပြင်သို့ ထွက်လာကြလေသည်။

All Chapters