← Chapters

Chapter(25)

Vol. 2 Ch. 25

Chapter(25)

Vol. 2 Ch. 25

အသန့်စင်ဆုံးစနစ် အခန်း(25)

အားလုံးအခန်းအပြင်ရောက်တဲ့အခါ သူတို့ရဲ့ခေါင်းပေါ်တွင်ကြီးမားသောအကာအကွယ်အစီအရင်ကြီးကို ဝတ်ရုံနီများဝတ်ထားသော လူများက တိုက်ခိုက်နေတာကို တွေ့လိုက်ရသည်။ထိုလူများကတော့ ဝတ်ရုံနီဂိုဏ်းသားများဖြစ်ကြသည်။

ဝတ်ရုံနီဂိုဏ်းသည် ရှေးဟောင်းနာမည်ကြီးဂိုဏ်းတစ်ခုဖြစ်ပြီး မိစ္ဆာအတက်ပညာကို ကျင့်ကြံသောဂိုဏ်းဖြစ်သည်။ဝတ်ရုံနီဂိုဏ်းရဲ့ ကျင့်စဥ်သည် ကျင့်ကြံသူတစ်ယောက်ရဲ့စွမ်းအားကို စုပ်ယူပြီး သူတို့ရဲ့ကျင့်စဥ်ကို အလွယ်တကူတိုးမြှင့်နိုင်လေသည်။

အကြီးအကဲအားလုံးလည်း ထွက်လာပြီး သူတို့ရဲ့အစီအရင်ကို မပျက်စီးအောင် အစီအရင်ပြုလုပ်ထားသည့်နေရာတွင် တစ်ယောက်တစ်နေရာစီနေရာယူလိုက်ပြီး လက်ချောင်းများလှုပ်ရှားကာ ဧရာမအကာအကွယ်အစီအရင်ကြီးကို ပိုသန်မာအောင်လုပ်နေကြလေသည်။

ထိုချိန်မှာ အပြင်ဘက်မှ လူတစ်ယောက်၏ အသံသည်ထွက်လာခဲ့လေသည်။

"ဟားဟားဟား......မင်းတို့ယန်အစီအရင်ဂိုဏ်းမှာ ဒီထက်ကောင်းတဲ့အစီအရင်မရှိတော့ဘူးလား"

ဝတ်ရုံနီဂိုဏ်းမှ လူသည် ပြောပြီးတာနဲ့ အကာအကွယ်အစီအရင်ကို ဝိုင်းပြီး တိုက်ခိုက်ကြလေသည်။ထိုလူတွေထဲတွင် အများစုသည် ဧကရာဇ်နယ်ပယ်ရောက်ရှိနေကြတဲ့အတွက် အချိန်ခဏအတွင်းမှာအစီအရင်သည် အက်ကွဲကြောင်းရာများ ဖြစ်လာလေသည်။

အကြီးအကဲဟုန်သည်စိတ်ပျက်စွာပင်ပြောလိုက်သည်။

"ငါတို့ယန်အစီအရင်ဂိုဏ်းကတော့ သွေးချောင်းစီးတော့မယ်ထင်တယ် ၊ လုဝမ်အားလုံးကို အဆင်သင့်ပြင်ခိုင်းထားပါ"

ထိုအခါ လုဝမ်သည် အားလုံးကို တိုက်ခိုက်ဖို့ အဆင်သင့်ပြင်ထားရန် အချက်ပြလိုက်တဲ့အခါ ဂိုဏ်းသားအားလုံးသည် ရုတ်ရုတ်သဲသဲဖြစ်နေကြလေသည်။

ချောင်ဖုန်းကတော့ သက်ပြင်းတစ်ချက်ချကာ စိတ်ထဲကနေ သူ့ကိုယ်သူပြောလိုက်သည်။

"ကြည့်ရတာ ငါယန်အစီအရင်ရတနာကို ဒီနေရာမှာ အရင်ဆုံး စမ်းသပ်ကြည့်ရမယ်ထင်တယ်"

ချောင်ဖုန်းသည် သူ့ကိုဘယ်သူမှ မမြင်ရအောင် အစီအရင်စာရွက်ကို အသက်သွင်းလိုက်သည်။

ထို့နောက် ယန်အစီအရင်ရတနာကို ဘယ်လက်ဖဝါးပေါ်မှာ ဝဲနေစေခဲ့ပြီး ညာလက်တစ်ဖက်ထဲဖြင့် လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ ယန်အစီအရင်ထဲမှ အလှံလေးခု ထွက်လာပြီး ဂိုဏ်းရဲ့ပတ်လည်ကို ရောက်ရှိသွားကြသည်။

ထိုချိန်မှာ ဝတ်ရုံနီဂိုဏ်း၏ တိုက်ခိုက်မှုကြောင့် မူလရှိသော ဂိုဏ်းရဲ့အကာအကွယ်အစီအရင်သည် ကွဲကြေပျက်စီးသွားပြီး အစီအရင်ကို ထိန်းနေသော အကြီးအကဲတချို့လဲ ပါးစပ်ကသွေးများပင်ထွက်ကာ ဒဏ်ရာရရှိသွားသည်။

အကြီးအကဲဟုန်သည် သူရဲ့ဓားကို ထုတ်ကာပြောလိုက်သည်။

"ခဏနေရင် ဆရာတူအကိုတို့အဖွဲ့ရောက်လာလိမ့်မယ် ၊ ငါတို့တွေ ဂိုဏ်းသားတွေကို အတက်နိုင်ဆုံးကာကွယ်ထားရမယ်"

အစီအရင်ပျက်စီးသွားတဲ့အခါ ဝတ်ရုံနီဂိုဏ်းမှလူသည် ရယ်ကာမောကာပြောလိုက်သည်။

"ငါပြောပါတယ်........မင်းတို့ရှိမှာ အဘိုးကြီးဇူလောင်မရှိတော့ကတည်းက ယန်အစီအရင်ဂိုဏ်းက ဘာမှမဟုတ်တော့ဘူး"

ထိုလူသည် ပြောနေရင်း ရုတ်တရက်အံ့အားသင့်သွားသည်။အဲ့တာကတော့ နောက်ထပ်အစီအရင်တစ်ခုကို တွေ့လိုက်ရပြီး ထိုအစီအရင်သည် သူမြင်ဖူးသော အစီအရင်နဲ့တစ်ထပ်ထဲတူနေသောကြောင့်ဖြစ်သည်။

"မဖြစ်နိုင်ဘူး...... ဒါတူတာပဲ ဖြစ်ရမယ်"

ဂိုဏ်းသားတွေကတော့ ရုတ်တရက် အကာအကွယ်အစီအရင်ကြီး ဖြစ်ပေါ်လာတဲ့အတွက် ပျော်ရွင်နေကြပြီး အကြီးအကဲအားလုံးကတော့ မယုံကြည်နိုင်ဖြစ်နေကြလေသည်။ယီရှင်းထျန်ကတော့ ထိုလိုသန်မာအားကောင်းသည့် အစီအရင်ကို ချောင်ဖုန်း ဖန်တီးလိုက်တာလားဆိုပြီး ထင်နေခဲ့လေသည်။အကြီးအကဲဟုန်သည် အနားက အကြီးအကဲအားလုံးကို ပြောလိုက်သည်။

"အဲ့ဒါဘိုးဘေးရဲ့အကာအကွယ်အစီအရင်ပဲ ၊ ငါအသက်ငယ်ငယ်တုန်းက နှစ်ခါမြင်ဖူးတယ် ၊ ဒီအသက်အရွယ်မှာ နောက်ထပ်တစ်ခေါက်ပြန်မြင်ရလိမ့်မယ်လို့ မထင်ထားမိဘူး"

ဝတ်ရုံနီဂိုဏ်းသားအားလုံးသည် အကာအကွယ်အစီအရင်ကို ထပ်မံတိုက်ခိုက်သော်လည်းအခုတစ်ခေါက်တွင် ဘာမှသိပ်မထူးခြားတာကို တွေ့လိုက်ရသည်။ချောင်ဖုန်းသည် တန်ပြန်တိုက်ခိုက်သည့်အစီအရင်ကို လှည့်ပြောင်းဖို့ လုပ်ချိန်မှာ ယန်အစီအရင်ဂိုဏ်းမှ သူမမြင်ဖူးသောအကြီးအကဲသုံးယောက်သည် ရောက်ရှိလာတဲ့အတွက် ရပ်လိုက်လေသည်။

အကြီးအကဲအားလုံးသည် ထိုလူသုံးယောက်ကိုမြင်တာနဲ့ အရိုအသေပြုကြလေသည်။ထိုထဲမှ အလယ်ကလူသည် လက်တစ်ဖက်ကိုနောက်မှာထားပြီး ဝတ်ရုံနီဂိုဏ်းက လူကိုပြောလိုက်သည်။

"ကျောက်ကျန့်......မင်းက ငါတို့ယန်အစီအရင်ဂိုဏ်းကို အထင်သေးနေတာပဲ"

ကျောက်ကျန့်ဆိုသော လူသည် ဝတ်ရုံနီဂိုဏ်း၏ အရေးပါသောလူတစ်ယောက်ဖြစ်ပြီး သူ့နာမည်ခေါ်သောလူကိုကြည့်တဲ့အခါ ဒေါသထွက်ပြီး ပြန်ပြောလိုက်သည်။

"မိုစီ.......မင်းကသိုင်းအဆင့် ငါထက်သာသွားတာနဲ့ ဝတ်ရုံနီတစ်ဂိုဏ်းလုံးကို ယှဥ်လို့ရပြီထင်နေတာလား......ဒီတစ်ခေါက်တော့ မင်းတို့သက်သာသွားတယ်မှတ်ပါ ၊ နောက်တစ်ခေါက်ကြ မင်းတို့တစ်ဂိုဏ်းလုံး အမြစ်ဖြတ်ရှင်းလင်းပစ်မယ် ဟား..ဟား"

ကျောက်ကျန့်ပြောပြီးသည့်နောက်မှာ ဝတ်ရုံနီတစ်ဂိုဏ်းလုံးသည် လေထဲတွင်ပဲ ပျောက်ကွယ်သွားကြကုန်သည်။

ထိုအခါ ချောင်ဖုန်းသည်လည်း သူရဲ့ယန်အစီအရင်ရတနာကို ပြန်သိမ်းလိုက်ပြီး လူကြားထဲတိုးကာ မသိသလိုနေလိုက်သည်။အကြီးအကဲတန်ချီကတော့ ဂိုဏ်းသားတွေကို မစိုးရိမ်ဖို့ပြောလိုက်ပြီး လုပ်စရာရှိတာ ပြန်လုပ်ခိုင်းကြလိုက်သည်။

ထို့နောက် အခန်းတစ်ခန်းထဲတွင် အကြီးအကဲများစွာသည် ကိုယ်စီထိုင်ခုံများမှာ ထိုင်နေကြသည်။မိုစီသည် လက်ဖက်စိမ်းရေနွေးခွက်ထဲကို ရေနွေးနဲ့မွေးကြိုင်သော လက်ဖက်စိမ်းကို ရောနှောထည့်လိုက်ပြီး အားလုံးကို မေးမြန်းလိုက်သည်။ထိုအခါ အကြီးအကဲဟုန်သည် ကိစ္စတချို့ကို မိုစီပြောပြလိုက်သည်။

"ယန်အစီအရင်ရတနာက အဲ့တာဆိုသူ့လက်ထဲမှာပေါ့"

"ဟုတ်ပါတယ်........ဆရာတူအကို"

မိုစီသည် သူဖျော်ထားသော လက်ဖက်စိမ်းရေနွေးကြမ်းကို အားလုံးကို ခွဲဝေပေးလိုက်ပြီး အေးဆေးပင်ပြောလိုက်သည်။

"ကောင်းပြီ......ဘာပဲဖြစ်ဖြစ်မနက်ဖြန်သွားမယ့်လမ်းမှာ မင်းတို့ပိုဂရုစိုက်သင့်တယ်"

ထို့နောက်အကြီးအကဲအားလုံးသည် မနက်ဖြန် ဂိုဏ်းသုံးဂိုဏ်းတွေ့ဆုံပွဲအတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြလေသည်။ချောင်ဖုန်းကတော့ ဝိညဥ်စွမ်းအင်အသက်သွင်းခြင်း အစီအရင်စာအုပ်ကို တစ်ယောက်ထဲ အေးဆေးဖတ်ရှု့နေပြီး ယီရှင်းထျန်ကတော့ သိုင်းကျင့်စဥ်တစ်ခုကို လေ့ကျင့်နေလေသည်။

ဝိညဥ်စွမ်းအင်များသည် အမျိူးမျိုးရှိကြသည်။သဘာဝအလျောက်ထူးဆန်းစွာဖြစ်ပေါ်တဲ့ ဝိညဥ်စွမ်းအင်များနှင့် အဆင့်ငါးနဲ့အထက်ရှိနတ်ဆိုးသားရဲတွေကနေလဲ ဝိညဥ်စွမ်းအင်ကိုရရှိနိုင်သည်။တချို့သော သာမာန်သားရဲကောင်များမှာလဲ ဝိညဥ်စွမ်းအင်ပါတက်သေးသည်။

ချောင်ဖုန်းသည် သူ့သိုလှောင်ကွင်းထဲမှ အဆင့်ငါးသားရဲကောင်ရဲ့

ဝိညဥ်စွမ်းအင်မှော်အမြူတေကို ထုတ်ကြည့်လိုက်သည်။ထို့နောက် တစ်စုံတစ်ရာကို စဥ်းစားမိပြီး စိတ်ထဲက ​​တွေးလိုက်သည်။

"ငါကမ္ဘာအနှံပတ်ပြီး ပညာအစုံကို လေ့လာသင်ယူပြီး အားလုံးထက်သာလွန်အောင်ကြိုးစားရမယ်"

ထို့နောက် ချောင်ဖုန်းသည် ရိုးရိုးဓားကို ထုတ်လိုက်ပြီး စုတ်တံတစ်ချောင်းဖြင့် အစီအရင်စက်ဝိုင်းအသေးလေးကို ရေးဆွဲလိုက်ပြီး လက်ချောင်းလေးများကို လှုပ်ရှားလိုက်ပြီး အစီအရင်အကွက်ကို ဓားအသွင်းထဲသို့ သားရဲကောင်ရဲ့ဝိညဥ်စွမ်းအင်နဲ့ အတူထည့်လိုက်သည်။

ထိုအခါ အခန်းထဲတွင် ဟိန်းဟောက်သံတစ်ခု ထွက်ခွာလာပြီး ဓားတစ်ချောင်းလုံးသည် မဲနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုအခါ ယီရှင်းထျန်သည် လန့်ဖြန့်သွားပြီး ချောင်ဖုန်းနားကို ရောက်ရှိလာလေသည်။

မဲနက်ရောင် ဓားတစ်ချောင်းသည် ချောင်ဖုန်းရှေ့တွင် မရပ်မနားလည်နေတာကို တွေ့ရှိလိုက်ရသည်။ယီရှင်းထျန်သည် အံသြစွာဖြင့် ချောင်ဖုန်းကို ပြောလိုက်သည်။

"ချောင်ဖုန်း.....မင်းငါ့ကို ခြောက်လှန့်နေတာပဲ ၊ ဒီနေ့ပဲ ဒုတိယအဆင့်အဆောင်ကို တက်ပြီး မင်းက ဝိညဥ်စွမ်းအင်ရှိတဲ့ဓားကို ဖန်တီးနိုင်သွားပြီလား "

ချောင်ဖုန်းသည် သူမှာ အစီအရင်ဘိုးဘေးတစ်ယောက်ရှိဖူးတယ်လို့မုသားဆိုကာပြောပြလိုက်သည်။ထိုအခါမှသာ ယီရှင်းထျန်သည် ချောင်ဖုန်းပေါ်မှရှိတဲ့ သံသယစိတ်တွေပျောက်သွားခဲ့သည်။

"အော်......အဲ့တာမို့လို့ မင်းကဒါတွေကို အလွယ်တကူတက်​မြှောက်နေတာပဲ ၊ ငါမနက်ဖြန်အတွက် သိုင်းပြန်လေ့ကျင့်လိုက်အုံးမယ်"

ထို့နောက် ချောင်ဖုန်းသည် ဝိညဥ်စွမ်းအင်အသက်သွင်းခြင်းအစီအရင်ကို သန့်စင်လိုက်သည်။

"ဂုဏ်ယူပါတယ် စနစ်ရှင်သည် ဝိညဥ်စွမ်းအင်အသက်သွင်းခြင်းအစီအရင်ကို ပါမောက္ခအဆင့်ကျွမ်းကျင်သူအဖြစ်ရောက်ရှိသွားပါပြီ"

ချောင်ဖုန်းသည် သူ့ဖန်တီးထားတဲ့ဓားသည် လောင်းဂန်ရှိက ရထားတဲ့ဓားနဲ့ထပ်တူကျလိမ့်မယ်လို့ ယုံကြည်ထားသည်။ထို့နောက်ဓားအပါအဝင်ပစ္စည်းအားလုံးကို ပြန်သိမ်းလိုက်ပြီး လေ့ကျင့်ဆောင်သို့ ထွက်ခွာလာခဲ့သည်။

လေ့ကျင့်ဆောင်ရောက်သော်အခါ သူပထမဆုံးတွေ့ဖူးခဲ့သော အဖိုးကြီးကို ပြန်တွေ့လိုက်ရလိုက်လေသည်။

All Chapters