← Chapters

chapter(26)

Vol. 2 Ch. 26

chapter(26)

Vol. 2 Ch. 26

အသန့်စင်ဆုံးစနစ် အခန်း(26)

အဖိုးအိုသည် ချောင်ဖုန်းကို တွေ့တွေ့ချင်းမေးလိုက်သည်။

"ကောင်လေး.......မင်းက နတ်ဆိုးသားရဲတွေကို သတ်ဖြတ်ရလွယ်နေတာလား"

ချောင်ဖုန်းသည် ပြုံး၍ ရိုသေစွာ ပြန်ဖြေလိုက်သည်။

"မဟုတ်ပါဘူးအကြီးအကဲ ကျွန်တော်အခွင့်အရေးလေးကြုံသွားလို့ပါ"

ထို့နောက်ချောင်ဖုန်းသည် သိုလှောင်ကွင်းလက်စွပ်ထဲမှ အဆင့်နှစ်နတ်ဆိုးသားရဲကောင်ရဲ့ခေါင်းကို ထုတ်ပေးလိုက်သည်။

"ဒါအဆင့်နှစ်နတ်ဆိုးသားရဲခေါင်းပဲ.....ကောင်လေး..... မင်းအခန်းခြောက်မှာလေ့ကျင့်ဖို့ ငါအကြံပေးချင်တယ် ၊ ဒါပေမယ့် အခန်းခြောက်မှာဆို နေ့တစ်ဝက်ကျော်ပဲ လေ့ကျင့်ခွင့်ရှိတယ်"

ချောင်ဖုန်းသည် ထိုအဖိုးအို အကြံပေး​တာကို သဘောတူလိုက်ပြီး

အခန်းသော့ကို ယူကာ အခန်းနံပါတ်ခြောက်သို့ဝင်သွားခဲ့သည်။ချေင်ဖုန်းသည် အခန်းခြောက်သို့ဝင်ဝင်ချင်းမှာ အလွန်ပြင်းထန်သန်မာတဲ့ဖိအားကို ခံစားလိုက်ရသည်။ချီစွမ်းအင်များမှာလဲ သန့်စင်စွမ်းအားကြီးတာကို သိရှိလိုက်ရသည်။

"ဒီအခန်းရဲ့အရှိန်အဝါစွမ်းအားက အခန်းနံပါတ်တစ်ဆယ်နဲ့ တော်တော်ကွာတာပဲ ၊ ငါဒီမှာသာ အမြဲလေ့ကျင့်နိုင်ရင် သိပ်ကောင်းမှာပဲ"

ထို့နောက် ချောင်ဖုန်းသည် ချီစွမ်းအင်များကို ဒန်တျန်အတွင်းသို့ စုပ်ယူပါတော့သည်။ ဘုရင်နယ်ပယ်အစောပိုင်းအဆင့်သည် နဂိုကထက်ပိုလေ့ကျင့်ရခက်လာသောကြောင့် ချောင်ဖုန်းသည် အချိန်ပြည့်သွားတဲ့အချိန်သည် နောက်တစ်ဆင့်ကို မထိုးဖောက်နိုင်ခဲ့ပေ။

ချောင်ဖုန်းသည် ညအမှောင်ယံချိန်မှာ ထိုနေရာက ထွက်ခွာလာခဲ့ပြီး အခန်းထဲပြန်ဝင်ကာ အိပ်ဖို့ကုတင်ပေါ်သို့လှဲချလိုက်တဲ့ချိန်မှာ ယီရှင်းထျန်ရဲ့ အသံတိုးတိုးလေးစကားပြောသံကို ကြားလိုက်ရသည်။

"ချောင်ဖုန်း.......ငါမင်းကိုဂိုဏ်းမှာ ခေါ်သွားစရာနေရာတစ်ခုကျန်သေးတယ် မင်းငါနဲ့လိုက်ရဲလား"

ချောင်ဖုန်းသည် ညအမှောင်ယံ လူမသိချိန်ဖြစ်တဲ့အတွက် ဂိုဏ်းရဲ့လို့ဝှက်နေရာတစ်ခုခုကို ခေါ်သွားမယ်ထင်ကာ စိတ်ဝင်စားပြီး ယီရှင်းထျန်နှင့်အတူ အခန်းအပြင်ကို ပြန်ထွက်လာခဲ့သည်။

"ရှင်းထျန်......မင်းငါ့ကို ဘယ်ခေါ်သွားမလို့လဲ"

ယီရှင်းထျန်သည် ချောင်ဖုန်းအားအသံတိုးတိုးဖြင့်ပြောခိုင်းလိုက်သည်။

"ချောင်ဖုန်း.......အသံတိုးတိုးပြောစမ်းပါကွ ၊ တစ်ယောက်ယောက်သိသွားရင် မင်းရောငါရော ဂိုဏ်းကနေနှင်ထုတ်ခံနေရမယ်"

ဂိုဏ်းကနေနှင်ထုတ်ခံရနိုင်တယ်ဆိုတော့ ချောင်ဖုန်းသည် ပို၍ အံ့အားသင့်သွားသည်။ထို့နောက် ယီရှင်းထျန်ခေါ်ဆောင်ရာနောက်သို့လိုက်သွားခဲ့သည်။ယီရှင်းထျန်သည် ပညာသင်ဆောင်နဲ့ ဝေးသော တစ်နေရာရောက်တဲ့အခါ ချောင်ဖုန်းအားမေးလိုက်သည်။

"ချောင်ဖုန်း....ဒီမှာ တစ်ခုခုထူးဆန်းတယ်လို့ မင်းမခံစားရဘူးလား"

ချောင်ဖုန်းသည် ဘာမှမထူဆန်းတာမို့ ခေါင်းခါပြလိုက်သည်။ထိုအခါ ယီရှင်းထျန်သည် ကျောက်ခဲအသေးလေးတစ်ခုကို သူတို့သွားမယ့် ရှေ့တည့်တည့်ကို ပစ်လိုက်တဲ့အခါ ကျောက်ခဲလေးသည်တစ်စုံတစ်ရာကို ထိလိုက်သလိုဖြစ်သွားပြီး အမှုန်ကျေသွားကာ ပျောက်ကွယ်သွားလေသည်။

ချောင်ဖုန်းသည် ထိုအခါနားလည်သွားပြီ ယီရှင်းထျန်ကို ပြန်ပြောလိုက်သည်။

"အစီအရင်တစ်ခုလား"

ထိုအခါ ယီရှင်းထျန်သည် ချောင်ဖုန်းနားလည်အောင်ရှင်းပြလိုက်သည်။ထိုအစီအရင်သည် ယန်အစီအရင်ဂိုဏ်းရဲ့တည်ထောင်သူဘိုးဘေးကိုယ်တိုင်ဖန်တီးပြုလုပ်ထားတဲ့အစီအရင်ဖြစ်ပြီး ဘိုးဘေးပျောက်ဆုံးသွားတဲ့အခါ ထိုအထဲကို ဘယ်သူမှဝင်မရခဲ့ပေ။

အစီအရင်ရဲ့တစ်ဖက်မှာ ဘိုးဘေးရဲ့တန်ဖိုးကြီးရတနာတွေရှိလိမ့်မယ်လို့ အားလုံးယုံကြည်ထားကြပြီး ခွင့်ပြုချက်မရှိပဲ ထိုနေရာကိုမည်သူမျှသွားလို့မရချေ။ယီရှင်းထျန်သည် ချောင်ဖုန်းကို အားလုံးရှင်းပြပြီးနောက် ပြောလိုက်သည်။

"မင်းက အစီအရင်တွေကို ကျွမ်းကျင်တယ်ဆိုတော့ ဒီအစီအရင်ကို ဖျက်စီးနိုင်မလားလို့ ငါခေါ်လာတာ"

ချောင်ဖုန်းသည် အစီအရင်ကို ဖျက်ဆီးဖို့အတွက် အနားရှိထူးခြားမှူများကို ရှာလိုက်သည်။ထိုအခါ အနီးအနားမှာ ရှိနေတဲ့ ထူးခြားတဲ့ ကျောက်တုံးနှစ်ခုကိုတွေ့တဲ့ အခါ ချောင်ဖုန်းသည် ဓားထုတ်၍ ထိုကျောက်တုံး နှစ်တုံးလုံးကို တိုက်ခိုက်လိုက်သည်။

ထိုအခါ ကျောက်တုံးများတွင်တွင် အလှံတိုင်တစ်ခုချင်းစီပေါ်လာပြီး ချောင်ဖုန်းသို့ ရှေ့တည့်တည့်ရှိ လေဟာနယ်ထဲမှာအစီအရင်အကွက်ကြီးပေါ်လာလေသည်။

ထိုအခါ ယီရှင်းထျန်သည် စိတ်ပျက်စွာနဲ့ပြောလိုက်သည်။

"အကြီးအကဲတွေလဲ အဲ့ကျောက်တုံးနှစ်ခုကို တိုက်ခိုက်ပြီး အစီအရင်အကွက်ပေါ်လာတာကို ငါမြင်ဖူးတယ် ၊ ဒါပေမယ့် သူတို့​နည်းလမ်းအစုံသုံးတာတောင် အဲ့အစီအရင်ကို ဖျက်ဆီးလို့မရခဲ့ဘူး"

ချောင်ဖုန်းသည် ထိုအစီအရင်ကို ရင်နှီးနေသလို ခံစားနေရသည်။

ထို့နောက်ချောင်ဖုန်းသည် ယန်အစီအရင်ရတနာကို ထုတ်ကာ ကြည့်လိုက်သည်။ထိုအခါ ယန်အစီအရင်ရတနာလေးပေါ်မှာ ရှိနေသောအစီအရင်အကွက်လေးသည် ထိုအစီအရင်အကွက်နဲ့ ထပ်တူကြနေတာကို တွေ့လိုက်ရသည်။

ထိုအခါ ချောင်ဖုန်းသည် ယန်အစီအရင်ကို လေပေါ်မှာ ဝဲစေပြီး သူလက်ချောင်းများကို လှုပ်ရှားလိုက်သည်။ထိုအခါ အထဲက အလံတိုင်လေးခုသည် ထွက်ခွာလာပြီး အပေါ်သို့ရောက်ရှိသွားသည်။ယီရှင်းထျန်ကတော့ ချောင်ဖုန်းသည် ယန်အစီအရင်ရတနာကို အလွယ်တကူအသုံးပြုနေ၍ အံ့အားသင့်စွာဖြင့် ဘေးကနေထိုင်ကြည့်နေလေသည်။

ချောင်ဖုန်းသည် လက်ချောင်းများကို ထပ်မံလှုပ်ရှားလိုက်တဲ့အခါ ကျောက်တုံးရှိအလံများသည် လေပေါ်ရှိ အလံတိုင်များကို နားကို ရောက်ရှိသွားပြီး ချောင်ဖုန်းရဲ့ ထိန်းချုပ်မှုအောက်ရောက်ရှိသွားလေသည်။

ထိုအခါ လေဟာနယ်တွင် ရှိနေသော အစီအရင်အကွက်သည် ပျောက်သွားပြီး ဒိုင်ဗားရှင်းပုံစံအဖြစ်သို့ ပြောင်းလဲသွားလေသည်။တကယ်တော့ ထိုအစီအရင်သည် ယန်အစီအရင်ရတနာနဲ့ ထိန်းချုပ်ထားခြင်းဖြစ်ပြီး တည်ထောင်သူဘိုးဘေးက ယန်အစီအရင်အားတမင်သဲလွန်စအဖြစ်ချန်ထားခြင်းဖြစ်သည်။

သို့သော် ယန်အစီအရင်သည် ပျက်စီးသွားတဲ့အတွက် ထိုအစီအရင်ကို ဘယ်သူကမှ ဖြေရှင်းလို့မရဖြစ်သွားခဲ့သည်။ချောင်ဖုန်းနဲ့ယီရှင်းထျန်သည် ဒိုင်ဗားရှင်းထဲသို့ အတူဝင်သွားခဲ့သည်။

ချောင်ဖုန်းနဲ့ ယီရှင်းထျန်သည် တစ်ခြားတစ်ဖက်ရောက်ရှိတဲ့အခါ အလွန်ကြီးကျယ်ခမ်းနားသော နန်းတော်ပုံစံ ရဲတိုက်ကြီးအတွင်းကို ရောက်ရှိသွားခဲ့သည်။ထိုနေရာတွင် ရွေဒင်္ဂါးငွေဒင်္ဂါးတွေထည့်ထားသောသေတ္တာကြီးများအပြင် စိန်ပတ္တမြားများစွာကိုလဲ တွေ့ရှိလိုက်သည်။

နောက်ပြီး သိုင်းစာလိပ်များနဲ့ အစီအရင်ရတနာတချို့

ကိုပါ တွေ့ရှိလိုက်ရတဲ့အတွက်နှစ်ယောက်သား အံ့အားသင့်သွားသည်။ယီရှင်းထျန်သည် ချောင်ဖုန်းကို ရယ်ကာပြောလိုက်သည်။

"ချောင်ဖုန်း.....ဒီနေရာကို မင်းကြောင့်ရောက်လာတာဆိုတော့ မင်းကြိုက်တာကို အရင်ယူ ကျန်တာငါယူမယ် ဟီး........ဟီး"

ချောင်ဖုန်းသည် ရတနာပစ္စည်းများကို ကြည့်ရင် ယီရှင်းထျန်ကိုပြန်ပြောမယ့်ချိန်မှာ ချောင်ဖုန်းသည် ဧကရာဇ်နယ်ပ

ယ်အဆင့်တိုက်ခိုက်ရေးသမားရဲ့စွမ်းအားအငွေ့အသက်တွေကို ခံစားလိုက်ရတဲ့အတွက် သူပြောချင်တာကို မပြောပဲ လိမ်ကာပြောလိုက်သည်။

"ရှင်းထျန်......ဒါတွေအားလုံးကဂိုဏ်းဘိုးဘေးပိုင်ဆိုင်တဲ့အရာတွေဖြစ်တဲ့အတွက် ငါတို့နဲ့မသက်ဆိုင်ဘူးထင်တယ်နော်"

ထိုချိန်မှာ လူတစ်ယောက်သည် ကျယ်လောင်စွာ ရယ်လိုက်ကာ ချောင်ဖုန်းနဲ့ ယီရှင်းထျန်ရှေ့ကို ထွက်လာလေသည်။ထိုလူကတော့ မိုစီဖြစ်လေသည်။

"ဟားဟား.......ကောင်လေးမင်းကတကယ်ပဲ ဂိုဏ်းကို ဦးစားပေးတာပဲ၊ အဲ့တာကြောင့်မလို့အကြီးအကဲဟုန်က မင်းကိုချီးကျူးနေတာပဲ"

ချောင်ဖုန်းသည် ထိုလူကို ဝတ်ရုံနီဂိုဏ်းမှ လာတိုက်တဲ့အချိန်တုန်းက ထွက်လာတဲ့လူမှန်း မှတ်မိသွားလေသည်။ချောင်ဖုန်းနဲ့ယီရှင်းထျန်သည် ရိုရိုသေသေလက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ......အကြီးအကဲ "

ထိုအခါ မိုစီသည် ချောင်ဖုန်းတို့ကို သက်သာသလို နေခိုင်းလိုက်ပြီး

အခန်းအတွင်းရှိ ရတနာများကို လိုက်ကြည့်ရှုလိုက်သည်။ထို့နောက် သူ့ရဲ့သိုလှောင်ကွင်းလက်စွပ်ထဲသို့ ရတနာပစ္စည်းတချို့ကို ထည့်ပြီးနောက်ပြောလိုက်သည်။

"ဒုက္ခပဲ ငါသို့လှောင်ကွင်းလက်စွပ်က ပြည့်သွားပြီထင်တယ် ၊ ကျန်တာ မင်းတို့ကြည့်ရှင်းလိုက်တော့ကွာ "

မိုစီသည် ပြောပြီးတာနဲ့ ထိုနေရာမှ ချက်ချင်းပြန်လည်ထွက်ခွာသွားလေသည်။ချောင်ဖုန်းနဲ့ယီရှင်းထျန်သည် မိုစီသည် သူတို့ကို တမင်ပေးသွားတာကိုနားလည်သွားပြီး သူတို့ရဲ့သိုလှောင်ကွင်းထဲသို့

ထည့်လိုက်ပြီး သူတို့နှစ်ယောက်လဲ ထိုနေရာမှ အမြန်ဆုံးထွက်ခွာလာခဲ့သည်။ချောင်ဖုန်းကတော့အကြီးအကဲတွေသည် ယီရှင်းထျန်ကနေတဆင့် သူရဲ့ရုပ်အမှန်ကို သိရှိသွားကြတယ်လို့ ရိပ်မိလိုက်သည်။

မနက်မိုးလင်းရောက်တဲ့အခါ ယန်အစီအရင်ဂိုဏ်းရဲ့အကြီးအကဲအားလုံးသည် ပြာယာခတ်နေကြလေသည်။အဲ့တာကတော့ ဘိုးဘေးထားခဲ့တဲ့အစီအရင်သည် ပျက်စီးသွားကာ ဒိုင်ဗားရှင်းထဲသို့ဝင်သွားသောအခါ ဘာမှ မရှိတော့တာကို သိလိုက်ရတဲ့အတွက်ဖြစ်သည်။

အကြီးအကဲဟုန်သည် မိုစီကို ကြောက်ရွံစွာဖြင့် ထိုကိစ္စတင်ပြတဲ့အခါ မိုစီသည် အေးဆေးပင်ပြန်ပြောလိုက်တာကြောင့် စိတ်သက်သာသွားခဲ့သည်။

ထို့ကြောင့် အားလုံးသည် မဟာမိတ်တွေ့ဆုံပွဲကို သွားရောက်ဖို့အတွက် ဧရာမဝိညဥ်လှေကြီးပေါ်ကို တက်ရောက်ကြလေသည်။ထိုဝိညဥ်လှေကြီးမှာတော့ ဌက်အတောင်ပံကဲ့သို့ အတောင်ပံနှစ်ခုပါရှိလေသည်။

ထို့နောက် ဝိညဥ်လှေကြီးငါးစင်းဖြင့် ယန်အစီအရင်ဂိုဏ်းအပြင်ဘက်ကို ပျံသန်းကာ ထွက်ခွာလာခဲ့သည်။

All Chapters