chapter(27)
Vol. 2 Ch. 27
အသန့်စင်ဆုံးစနစ် အခန်း(27)
နာရီအနည်းငယ်ကြာတဲ့အခါမှာ ချောင်ဖုန်းတို့စီးလာသော ဧရာမ ဝိညဉ်လှေကြီးများသည် လူများစွာ ရှိနေသော တောင်ထိပ်တစ်ခုကို ဆင်းသက်သွားခဲ့သည်။
ချောင်ဖုန်းသည် ဝိညဉ်လှေအပေါ်က ဆင်းခန်းနီး အချိန်မှာ သူတို့ကို ကြိုဆိုနေသောလူတွေကို မြင်တဲ့အခါ ဒေါသထွက်သွားလေသည်။
ထိုလူတွေကတော့ အထွပ်အမြတ်ရတနာဂိုဏ်းမှ အကြီးအကဲများပင်ဖြစ်လေသည်။ချောင်ဖုန်းသည် မသိမသာနဲ့ပဲ ထိုလူတွေအားလုံးကို ကျော်သွားခဲ့သည်။ခဏအကြာမှာတော့ နောက်ထပ် ဧရာမဝိညဉ်လှေကြီးများဖြင့် နောက်ထပ်ဂိုဏ်းတစ်ခုသည် ရောက်ရှိလာခဲ့သည်။
ထိုဂိုဏ်းနာမည်ကတော့ ကြယ်တာရာနတ်ဘုရားဂိုဏ်းလို့ ခေါ်ပြီး
သာမာန်ပြည်သူများကို လိုက်လံစောင့်ရှောက်သော ဂိုဏ်းပင်ဖြစ်သည်။
ဂိုဏ်းသုံးဂိုဏ်းရဲ့ဂိုဏ်းသားများကတော့ ထောင့်တစ်ခုစီမှာ ရှိနေကြပြီးတော့ ဂိုဏ်းရဲ့အရေးပါတဲ့အကြီးအကဲတွေကတော့ စားသောက်စရာများဖြင့်ထိုင်ကာ ဆွေးနွေးနေကြသည်။ထိုချိန်မှာ ဖုန်းယွီသည် ချောင်ဖုန်းကို လှမ်းကြည့်နေတဲ့အတွက် ရွီးယန်းသည်ဒေါသထွက်နေခဲ့သည်။
ထိုင်ခုံများတွင် ထိုင်နေသောအကြီးအကဲများသည် ကျယ်လောင်စွာ ရယ်မောလိုက်ကြပြီးနောက် တိုက်ပွဲစင် နေရာကို ဂိုဏ်းသားများကို ခေါ်ကာ ချီတက်သွားကြသည်။
ချောင်ဖုန်းတို့သည် ကျောက်များဖြင့် ပြုလုပ်ထားသော တိုက်ပွဲစင်အဝိုင်း သုံးခုကို တွေ့လိုက်ရသည်။
ထို့နောက် အထွပ်အမြတ်ရတနာဂိုဏ်းမှ အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။
"ဂိုဏ်းသုံးဂိုဏ်းရဲ့ တပည့်အားလုံးလဲသိမယ်ထင်တယ် ၊ ဒီနေ့ငါတို့ဂိုဏ်းသုံးဂိုဏ်းရဲ့ တွေ့ဆုံပွဲရဲ့ ရည်ရွယ်ချက်က မင်းတို့တွေရဲ့အရည်အချင်းကို စစ်ဆေးချင်လို့ပဲ၊ ဒါကြောင့်မို့လို့ ငါနာမည်ခေါ်တဲ့သူတွေက စင်ပေါ်သို့ တက်လာပေးပါ"
ထို့နောက် နာမည်ခေါ်တဲ့ဂိုဏ်းသားများသည် စင်ပေါ်သို့တက်ကာ တိုက်ခိုက်ကြလေသည်။တိုက်ပွဲစင်သည် သုံးခုရှိတဲ့အတွက် ခဏအတွင်းမှာ လူတော်တော်များများရဲ့ အရည်အချင်းများကို သိလိုက်ရသည်။အားလုံးရဲ့အရည်အချင်းတွေက ညီတူညီမျြှဖစ်နေခဲ့ပါတယ်။
ထိုချိန်မှာ အထွပ်အမြတ်ရတနာဂိုဏ်းသားများနဲ့အကြီးအကဲများသည် အံ့အားသင့်စေသော နာမည်တစ်ခုကို ကြားလိုက်ရသည်။
"နောက်ထပ်ယှဉ်ပြိုင်ရမယ့် နှစ်ယောက်ကတော့ အထွပ်အမြတ်ရတနာဂိုဏ်းမှ မူဟူချင်နဲ့ ယန်အစီအရင်ဂိုဏ်းမှ ရီချောင်ဖုန်း"
မူဟူချင်သည် သားရဲမိစ္ဆာတောထဲမှာ အဆင့်နှစ်နတ်ဆိုးသားရဲမနိုင်လို့ ထွက်ပြေးသော ဆရာတူအကိုဟူချင်ဆိုသောလူပင်ဖြစ်သည်။
အားလုံးသည် ချောင်ဖုန်းအား နာမည်တူနေတဲ့အခါဟု ပြောဆိုပြီး လှောင်ပြောင်နေလေသည်။
"ရီချောင်ဖုန်းတဲ့ ငါတို့ဂိုဏ်းက စွန့်ပစ်ခံလိုက်ရတဲ့အမှိုက်ကောင်နာမည်မလား ဟားဟား....."
"ယန်အစီအရင်ဂိုဏ်းမှာ အမှိုက်ကောင်နဲ့နာမည်တူတဲ့လူရှိနေတာပဲ
ဘာပဲဖြစ်ဖြစ်ဆရာတူအကိုဟူချင်က အဲ့လူကို နိုင်မှာပဲ"
ထိုချိန်မှာ အဲ့နှစ်ယောက်ကို လူတစ်ယောက်သည် ဒေါသထွက်ထွက်နဲ့အော်ဟစ်လိုက်ကြသည်။သူကတော့ ချောင်ဖုန်းသူငယ်ချင်း လီဟောက်ရန်ပင်ဖြစ်လေသည်။
"တိတ်ကြစမ်း.....မင်းတို့က ဘာအရည်အချင်းရှိလို့ ငါ့သူငယ်ချင်းကိုစော်ကားနေတာလဲ ၊ နောက်တစ်ခွန်းထပ်ဟရဲရင် မင်းတို့ပါးစပ်ကို ထာဝရပိတ်သွားအောင်ငါလုပ်ရလိမ့်မယ်"
ထိုလူတွေသည် လီဟောက်ရန်ကြောင့် ဘာအသံမှ ထွက်မလာရဲတော့ပေ။ထိုချိန်မှာ အကြီးအကဲစွန်းသည် လီဟောက်ရန်ကို ဘာမှဆက်မပြောဖို့ အမူအယာပြလိုက်သည်။
မူဟူချင်ကတော့ စင်ပေါ်ကို တက်ပြီး သူရဲ့ပြိုင်ဘက် ချောင်ဖုန်းအားစောင့်နေလေသည်။ထိုချိန်မှာ ချောင်ဖုန်းသည် ယန်အစီအရင်ဂိုဏ်းရဲ့ ဂိုဏ်းသားတွေကြားကနေ စင်ပေါ်သို့ ခုန်တက်လိုက်လေသည်။
ထိုအခါ အားလုံးသည် မျက်လုံးပြူးမျက်ဆံပြူးဖြစ်နေကြလေသည်။ကျူးခွမ်နဲ့လုံအာသာ ဒီနေရာရှိနေမယ်ဆို့ နှစ်ယောက်လုံး သေမတက်ဒေါသထွက်နေလောက်မည်။သို့သော်လည်း နှစ်ယောက်လုံး ထိုနေရာတွင် မရှိပေ။
ထို့နောက် အထွပ်အမြတ်ရတနာဂိုဏ်းမှ ချောင်ဖုန်းနဲ့အတူ သားရဲမိစ္ဆာတောမှာ တိုက်ခိုက်ခဲ့တဲ့ဂိုဏ်းသားများသည် ချောင်ဖုန်းကို ကြည့်နေရင်းပြောလိုက်သည်။
"အဲ့တာတကယ်ပဲ ဆရာတူအကိုချောင်ဖုန်း ပဲ ၊ ငါအိပ်မက်မက်နေတာများလား"
"ဟုတ်တယ် ငါရောပဲ"
လီဟောက်ရန်သည် ချောင်ဖုန်းကို ကြည့်ကာ တုန်လှုပ်သွားပြီး အံ့အားသင့်သွားပြီး ပြောလိုက်သည်။
"အကြီးအကဲစွန်း......အဲ့တာ ချောင်ဖုန်းမလား ဟုတ်တယ်မလား"
အကြီးအကဲစွန်းသည် သူမုတ်ဆိတ်မွှေးအဖြူရောင်အရှည်ကြီးကို ကိုင်၍ တည်ငြိမ်စွာပြောလိုက်သည်။
"ဟုတ်တယ် အဲ့တာချောင်းဖုန်းပဲ ၊ နောက်ပြီး သူကကျင့်ကြံမှုလမ်းကြောင်းကို ပြန်လျှောက်လာနိုင်တာပဲ "
လီဟောက်ရန်ကတော့ ချောင်ဖုန်းအတွက် ဝမ်းသာနေလေသည်။
"ကောင်းတယ် ချောင်ဖုန်း......မင်းဘယ်တော့မှ အမှိုက်ဖြစ်သွားမှာမဟုတ်ဘူးဆိုတာငါယုံကြည်တယ်"
စင်ပေါ်မှာ ရှိနေသော မူဟူချင်သည် အောက်ကပြောသံများကို ကြားပြီး မကျေနပ်သောအကြည့်ဖြင့် ချောင်ဖုန်းအားမေးလိုက်သည်။
"မင်းက သူတို့ပြောနေတဲ့ ငါတို့ဂိုဏ်းက စွန့်ပစ်ခံလိုက်ရတဲ့ အမှိုက်ကောင်ရီချောင်ဖုန်းဆိုတာ တကယ်ပဲလား"
ချောင်ဖုန်းသည် ဂရုမစိုက်သည့်ပုံဖြင့် ဟူချင်ကို ပြန်ပြောလိုက်သည်။
"ငါဘယ်သူဖြစ်ဖြစ် မင်းနဲ့ဆိုင်လို့လား"
ထိုအခါ ဟူချင်သည် ချောင်ဖုန်းကို ရယ်ကာ အားလုံးကြားအောင်ပြောလိုက်သည်။
"ဟား.... မင်းလိုအမှိုက်ကောင်နဲ့ တိုက်ခိုက်ရလိမ့်မယ်လို့မထင်ထားမိဘူး "
ချောင်ဖုန်းသည် ဟူချင်မျက်နှာကို ကြည့်ကာ ပြန်ပြောလိုက်သည်။
"ငါလဲ မင်းလိုမျိူး သရဲဘောကြောင်ပြီး ထွက်ပြေးတဲ့လူနဲ့ တိုက်ခိုက်ရမယ်လို့ မထင်ထားမိဘူး"
"မင်း......"
မူဟူချင်သည် သူသားရဲမိစ္ဆာတောမှာ ထွက်ပြေးတဲ့အကြောင်းချောင်ဖုန်းသိမယ်လို့မထင်ထားပဲ ခုလိုပြောဆိုလိုက်တဲ့ အနာပေါ်တုတ်ကျသလိုဖြစ်ပြီး ဒေါသထွက်သွားသည်။
ထိုအခါ ဟူချင်သည် သူရဲ့ဝိညဉ်စွမ်းအင်ပါတဲ့ ဓားကိုထုတ်ကာ ချောင်ဖုန်းကို ရွယ်ကာ ပြောလိုက်သည်။
"ငါ့ကို ရန်စရဲတဲ့အတွက် မင်းကို မှတ်လောက်အောင်ပညာပေးရမယ်"
ချောင်ဖုန်းလည်း သူရဲ့ဓားကို ထုတ်၍ ပြုံးကာ မူဟူချင်ကို ပြန်ပြောလိုက်သည်။
"မင်းမှာအဲ့လိုအရည်အချင်းမျိုးရှိဖို့ ငါမျှော်လင့်တယ်"
ထိုချိန်မှာ စနစ်ရဲ့အသံသည် ချောင်ဖုန်း ခေါင်းထဲကို ဝင်လာခဲ့သည်။
"စနစ်ရှင်သည် မူဟူချင်ကို တန်းအနိုင်မယူပဲ အချိန်တစ်ခုထိဆော့ကစားလျှင် သန့်စင်ခွင်တစ်ကြိမ်ရရှိပါမယ်"
မူဟူချင်သည် အထွပ်အမြတ်ရတနာဂိုဏ်း၏ ပင်မတပည့်တွေသာ သင်ခွင့်ရှိသည့် လေဗွေဓားသိုင်းကျင့်စဉ်ကို ပုံဖော်လိုက်သည်။မူဟူချင်သည် လေဗွေဓားသိုင်းကို ကျွမ်းကျင်မှုအဆင့်ကိုသာ ရောက်သေး၍ ချောင်ဖုန်းလိုမျိူး လေဗွေလှိုင်းကြီးကို မထုတ်နိုင်သေးပေ။
မူဟူချင်သည် ရေဝိညဉ်စွမ်းအင်ပါရှိသောဓားဖြင့် လေပွေလှိုင်းအသေးလေးဖြင့် ချောင်ဖုန်းကို တိုက်ခိုက်လိုက်သည်။ချောင်ဖုန်းကတော့ ဘာသိုင်းကျင့်စဉ်မှ မသုံးပဲ သူရဲ့နဂါးစိမ်းဝိညဉ်စွမ်းအင်ပါသောဓားဖြင့် သာမာန်ခုတ်ချလိုက်သည်။ထို့နောက်သူ့ရဲ့ဓားကို ပြန်သိမ်းထားလိုက်သည်။
ထိုအခါ နဂါးစိမ်းဝိညဉ်ကြီးသည် ဟူချင်ရဲ့ ရေဗွေလှိုင်းအသေးလေးကို အလွယ်တကူပင် ဖျက်စီးလိုက်သည်။မူဟူချင်သည် သူရဲ့ရေဗွေလှိုင်း ဖျက်စီးခံလိုက်ရတဲ့အခါ မနာလိုစွာပြောလိုက်သည်။
"မဖြစ်နိုင်တာ......မင်းမှာဘာလို့ ဒီလောက်ကောင်းတဲ့ဝိညဉ်စွမ်းအင်ရှိတဲ့ဓားရှိနေရတာလဲ"
ချောင်ဖုန်းကတော့ မူဟူချင်ကို ဘာမြှပန်မဖြေဘဲ သူရဲ့ဓားကို ဂရုစိုက်သဖွယ်လက်ဖြင့် ပွတ်တိုက်ပြလိုက်သည်။ဖုန်းယွီကတော့ ချောင်ဖုန်းရဲ့ ဧရာမလေဗွေဓားသိုင်းကို မြင်ဖူးတဲ့အတွက် ထုတ်မသုံးတာကို အံသြနေခဲ့သည်။အကြီးအကဲဟုန်ကလဲ ဘေးမှ အကြီးအကဲလုဝမ်ကို ပြောလိုက်သည်။
"ဘာလို့ ဒီကောင်လေးကတန်းအနိုင်မယူတာလဲ မသိဘူး ၊ သူရဲ့နတ်ဆိုးဘုရင်သတ်ကျင့်စဉ်နဲ့ဆို တစ်ဖက်က သူပြိုင်ဖက်ဘယ်လိုမှမဖြစ်နိုင်ဘူး"
ထိုချိန်မှာ မူဟူချင်သည် လေပေါ်သို့ တက်သွားကာ ဓားကို လေပေါ်သို့ မြှောက်ကာပြောလိုက်သည်။
"အစကတော့ ငါဒီသိုင်းကျင့်စဉ်ကို သုံးဖို့ အစီအစဉ်မရှိဘူး ၊ ဒါပေမယ့် ဒီကျင့်စဉ်ကို သုံးဖို့ မင်းကဖိအားပေးလာတဲ့ မင်းကိုယ်မင်းပဲအပြစ်တင်လိုက်တော့"
ထို့နောက် မူဟူချင်သည် ဓားနဲ့အတူ အားလုံးရှေ့တွင်ပျောက်ကွယ်သွားလေသည်။အားလုံးသည် မူဟူချင်ပျောက်ကွယ်သွားတဲ့အတွက်ထူးဆန်းစွာ ကြည့်နေကြလေသည်။
ထိုချိန်မှာ မူဟူချင်သည် ချောင်ဖုန်းနောက်မှ ရုတ်တရက်ပေါ်လာခဲ့ပြီး သူ့ရဲ့ဓားဖြင့် ချောင်ဖုန်းကို ထိုးကာ "သွားသေလိုက်တော့" ဟု ပြောလိုက်သည်။ယန်အစီအရင်ဂိုဏ်းသားများသည် ချောင်ဖုန်းနောက်တွင် ဓားဖြင့် ဝင်ထိုးသောမူဟူချင်ကို တွေ့လိုက်ရတဲ့အခါ
အားလုံးသည် ချောင်ဖုန်းရှုံးသွားလိမ့်မယ်လို့ ထင်သွားလေသည်။
ချောင်ဖုန်းကတော့ သူ့ကိုသွားသေလိုက်တော့လို့ပြောတဲ့အချိန်မှာ အနည်းငယ်ပြုံးလိုက်၍ မူဟူချင်ရဲ့အနောက်ကို ရုတ်တရက်ရောက်သွားပြီးခြေထောက်ကို ကိုင်ကာ လေပေါ်သို့မြှောက်တင်လိုက်ပြီး ကိုယ်ပိုင်လက်သီးစွမ်းအားဖြင့် တစ်ချက်ထဲ ရင်ဘတ်ကို ထိုးချလိုက်သည်။
တကယ်တော့ မူဟူချင်သည် လုံးဝပျောက်ကွယ်သွားခြင် လျင်မြန်သောခြေလှမ်းကျင့်စဉ်ကို အသုံးပြုလိုက်ခြင်းဖြစ်သည်။ချောင်ဖုန်းရဲ့နတ်ဘုရားခြေလှမ်းကျင့်စဉ်ရှေ့မှာတော့ ထိုခြေလှမ်းကျင့်စဉ်သည် ရယ်စရာဖြစ်နေလေသည်။