Chapter(28)
Vol. 2 Ch. 28
အသန့်စင်ဆုံးစနစ် အခန်း(28)
မူဟူချင်သည် ချောင်ဖုန်းရဲ့ ကိုယ်ပိုင်လက်သီးစွမ်းအင်အောက်မှာ တစ်ချက်ထဲ မေ့မြောသွားလေသည်။ဂိုဏ်းသုံးဂိုဏ်းမှ အကြီးအကဲတွေအားလုံးသည် ချောင်ဖုန်းရဲ့ကိုယ်ပိုင်လက်သီးစွမ်းအင်သည် ထိုလောက်စွမ်းအားကြီးမယ်လို့ ထင်မထားခဲ့ချေ။
ကြယ်တာရာနတ်ဘုရားဂိုဏ်းမှ အကြီးအကဲတစ်ယောက်သည် အကြီးအကဲဟုန်ကို ချီးကျူးလိုက်သည်။
"အကြီးအကဲဟုန်တို့ဂိုဏ်းမှာ ခုလိုပါရမီရှင်အသစ်တစ်ယောက်ထပ်ရှိနေလိမ့်မယ်လို့မထင်ထားမိဘူး "
အကြီးအကဲဟုန်သည် ထိုလူကို ပြန်သာ ပြုံးပြလိုက်သည်။
ယန်အစီအရင်ဂိုဏ်းရဲ့ဂိုဏ်းသားတွေရဲ့ ထိပ်ဆုံးမှာ ရှိနေသော ရွီးယန်းသည် ချောင်ဖုန်းကို တဖြည်းဖြည်းပို၍ကြည့်မရဖြစ်နေခဲ့သည်။မူဟူချင်ကို ကုသဖို့ အထွပ်အမြတ်ရတနာဂိုဏ်းကလူများခေါ်သွားပြီးနောက်မှာ လီဟောက်ရန်သည် စင်ပေါ်သို့ တက်လာခဲ့ပြီး ချောင်ဖုန်းအားပြေးဖက်လိုက်သည်။
"ချောင်ဖုန်း.......တကယ်ပဲမင်းမလား"
ချောင်ဖုန်းသည် လီဟောက်ရန်ကို ပြန်တွန်းခွာကာပြောလိုက်သည်။
"ဟောက်ရန်......ငါအသက်ရှုကြပ်နေပြီ နောက်ဆုတ်ပါအုံးကွ၊ မင်းလုပ်မှ ငါသေတော့မယ်"
ထို့နောက် လီဟောက်ရန်နဲ့ချောင်ဖုန်းသည် စင်ပေါ်မှ အတူဆင်းလာပြီး လူရှင်းတဲ့နေရာမှာ စကားသွားပြောကြလေသည်။
"ချောင်ဖုန်း.....မင်းမရှိတဲ့နောက်ပိုင်းမှာ ဂိုဏ်းကတော်တော်ပြောင်းလဲသွားတယ်"
ချောင်ဖုန်းသည် သူနဲ့မသက်ဆိုင်တော့သည့်အတွက် ဘာမှမမေးမြန်းတော့ပေ။လီဟောက်ရန်ကတော့ ချောင်ဖုန်းမသိသေးတဲ့ ကိစ္စတချို့ကို ပြောပြလိုက်သည်။ချောင်ဖုန်းသည် လီဟောက်ရန်ပြောပြီးတဲ့နောက်မှာ အကြောင်းစုံကိုသိသွားသည်။
ထိုချိန်မှာအကြီးအကဲစွန်းလဲ ရောက်ရှိလာတဲ့အတွက် ချောင်ဖုန်းသည် အကြီးအကဲစွန်းကို အရိုအသေပြုလိုက်သည်။
"မင်္ဂလာပါ.....အကြီးအကဲစွန်း"
အကြီးအကဲစွန်းသည် ရယ်လိုက်ကာ ချောင်ဖုန်းပုခုံးကို ပုတ်၍ ပြောလိုက်သည်။
"ရပါတယ်ကွယ် မလိုပါဘူး......မင်းခုလိုအဆင်ပြေနေတာကိုပဲ ငါဝမ်းသာလှပြီ ၊ ကြည့်ရတာ ယန်အစီအရင်ဂိုဏ်းက မင်းကို တော်တော်အလေးထားပုံရတယ်"
ထိုချိန်မှာ လေပေါ်တွင် "အုန်း" ဆိုသည့် ပေါက်ကွဲသံကြီးနဲ့အတူ အနီရောင်စာတန်းတချို့ပေါ်လာလေသည်။
"ကောင်းကင်ဘုံလေလံခန်းမမှ ဖိတ်ကြားချက်"
ဂိုဏ်းသုံးဂိုဏ်းရဲ့အကြီးအကဲအားလုံးသည် ထိုစာတန်းကို မြင်တဲ့အခါ ပျော်ရွင်သွားပြီး အချင်းချင်းနှုတ်ဆက်ကာ ထွက်ခွာဖို့ အမြန်ပြင်ဆင်ပါတော့သည်။ချောင်ဖုန်းနောက်ကို ဂိုဏ်းသားတစ်ယောက်ရောက်လာပြီး ပြန်ဖို့အတွက် လာခေါ်တဲ့ ချောင်ဖုန်းပင် အံ့အားသင့်သွားပြီး အကြီးအကဲစွန်းနှင့်လီဟောက်ရန်ကို နှုတ်ဆက်ကာထွက်ခွာလာခဲ့သည်။
ထို့နောက် ဂိုဏ်းသုံးဂိုဏ်းလုံးသည် ကိုယ်ပိုင် ဝိညဥ်လှေကြီးများပေါ်သို့ တက်ကာ ကိုယ့်ဂိုဏ်းကို ပြန်သွားကြလေသည်။
ချောင်ဖုန်းတို့သည် ဂိုဏ်းပြန်ရောက်တဲ့ ဂိုဏ်းသားများကိုတော့ အခန်းများကို ပြန်လွှတ်လိုက်ပြီး အကြီးအကဲအားလုံးသည် ဆွေးနွေးသော အခန်းထဲမှာ အားလုံးရောက်ရှိနေသည်။
မိုစီသည် ထုံးစံအတိုင်း ရေနွေးဖျော်ကာ တည်တည်ငြိမ်ငြိမ်ပင်ဖြစ်သည်။အကြီးအကဲလုဝမ်သည် သူ့သိုလှောင်ကွင်းလက်စွပ်ကို လှည့်ကစားနေရင်း မိုစီကိုပြောလိုက်သည်။
"ဆရာတူအကို......ငါတို့ဒီလေလံပွဲကို လက်လွတ်ခံလို့မဖြစ်ဘူးပေါ့ ၊ အဲ့ဒီအတွက် မင်းတစ်ခုခုစီစဥ်သင့်တယ်လို့ ငါထင်တယ်"
မိုစီသည် ရေနွေးခွက်များကို ကမ်းလိုက်ကာ လုဝမ်ကို ပြောလိုက်သည်။
"အဲ့ဒီအတွက် မင်းတို့စိတ်မပူပါနဲ့......သွားမယ့်နေ့ကြရင် လူနှစ်ယောက်ကို မင်းတို့နဲ့အတူထည့်ပေးလိုက်မယ်"
အားလုံးသည် မိုစီပြောတဲ့စကားကြောင့် ကြောင်သွားလေသည်။
"လူနှစ်ယောက်လား.....သူတို့ကဘယ်သူတွေလဲ"
မိုစီသည် ဘာမှပြန်မပြောပဲ သူ့လက်ဖက်စိမ်းရေနွေးကို ဇိမ်ခံကာသောက်လိုက်သည်။ထိုအခါ အကြီးအကဲအားလုံးသည် ထပြန်၍ကိုယ်တာဝန်များပြန်ထမ်းဆောင်ကြလေသည်။
ချောင်ဖုန်းသည် သိုင်းလေ့ကျင့်နေသော ယီရှင်းထျန်ကို မေးလိုက်သည်။
"ရှင်းထျန်.....ငါတို့ဂိုဏ်းမှာ ဆေးလုံးတွေရောင်းတဲ့နေရာတွေမရှိဘူးလား"
ယီရှင်းထျန်သည် သိုင်းကျင့်တာကို ရပ်လိုက်ကာ ခေါင်းခါပြလိုက်ပြီး ပြန်ပြောလိုက်သည်။
"အဲ့လိုသီးသန့်မျိုးရောင်းတဲ့နေရာတော့ မရှိဘူး.... စီမံခန့်ခွဲရေးဌာနမှာတော့ မင်းအနည်းငယ်ထုတ်လို့ရမယ်ထင်တယ်"
ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး စီမံခန့်ခွဲရေးဌာနကို သွားဖို့ပြောလိုက်သည်။
"ကောင်းပြီလေ.......အဲ့တာဆို စီမံခန့်ခွဲရေးဌာနကို ထပ်သွားရအုံးမှာပေါ့"
ထိုချိန်မှာ ချောင်ဖုန်းသို့ အခန်းတံခါးသည် ပွင့်သွားပြီး လူတစ်ယောက်သည် အခန်းထဲသို့ အရိပ်သဖွယ်ရောက်ရှိလာလေသည်။
ချောင်ဖုန်းနဲ့ယီရှင်းထျန်သည် သူတို့ကို ကျောခိုင်းနေသောလူကို တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်သည်။ထိုချိန်မှာ မိုစီသည် ချောင်ဖုန်းတို့ဘက်လှည်လိုက်တဲ့အခါမှသာ ချောင်ဖုန်းနဲ့ယီရှင်းထျန်သည် အရိုအသေပေးလိုက်သည်။
"အကြီးအကဲလား.......ကျွန်တော်တို့ရိုင်းပြမှုအတွက် တောင်းပန်ပါတယ်"
ထိုအခါ မိုစီသည် ချောင်ဖုန်းတို့အား ရယ်မောကာ ပြန်ပြောလိုက်သည်။
"ဟားဟား.....မလိုပါဘူး ၊ မင်းတို့နှစ်ယောက်ကတကယ်ပဲ စကားအပြောကောင်းတာပဲ ၊ ငါဒီကို လာတာ မင်းတို့နှစ်ယောက်ကို တာဝန်ပေးစရာလို့ပဲ"
ယီရှင်းထျန်သည် ခေါင်းကုတ်၍ ပြန်ပြောလိုက်သည်။
"တာဝန်.... ကျွန်တော်တို့နှစ်ယောက်က ဘာတာဝန်ထမ်းဆောင်ရမှာလဲ အကြီးအကဲ"
မိုစီသည် အစိမ်းရောင်အမိန့်ပြားနှင့် ရွေဒင်္ဂါးသောင်းချီတို့ကို ချောင်ဖုန်းကို ထုတ်ပေးလိုက်၍ ပြောလိုက်သည်။
"မနက်ဖြန်ကြရင် ဂိုဏ်းကအကြီးအကဲတွေနဲ့အတူ မင်းတို့နှစ်ယောက်က လေလံပွံတစ်ခုကို လိုက်သွားရမယ် ၊ အဲ့လေလံပွဲက သာမာန်လေလံပွဲမဟုတ်တဲ့ ဂိုဏ်းအတွက် လိုအပ်မယ့်ရတနာဆို မင်းတို့မရရအောင်ယူလာခဲ့ပါ "
"ဟုတ်ကဲ့ပါ..... အကြီးအကဲ"
ထို့နောက် မိုစီသည် သွားခန်းနီးမှာ ပြန်လှည့်လာကာ ပြောလိုက်သည်။
"နောက်ပြီး......ငါတို့ဂိုဏ်းရဲ့ဂိုဏ်းခွဲလေး တစ်ခုဖြစ်တဲ့ စိမ်းရေပြင်စံအိမ်မှာ ဂိုဏ်းက လိုအပ်တဲ့ ဆေးလုံးတွေနဲ့ လက်နက်တချို့ကိုပါ အဲ့ဒီကနေ တစ်ခါထဲထုတ်ယူလာရမယ်"
မိုစီသည် သူခိုင်းချင်တာ ခိုင်းပြီး ထိုနေရာမှ ထွက်ခွာသွားလေသည်။ယီရှင်းထျန်သည် အပြင်ကို ထွက်ရမှာသိ၍ ပျော်ရွင်သွားလေသည်။ချောင်ဖုန်းကတော့ မိုစီက ဘာလို့ သူ့ကိုတာဝန်ပေးလဲ သိချင်နေခဲ့သည်။ထို့နောက် ချောင်ဖုန်းသည် စီမံခန့်ခွဲရေးဌာနကို ယီရှင်းထျန်နဲ့အတူသွားလိုက်သည်။
ဟိုရောက်သည့်အခါ အကြီးအကဲတန်ချီသည် စာအုပ်တစ်အုပ်ကို ဖတ်နေတာကို တွေ့လိုက်ရသည်။ထိုချိန်မှာ ဂိုဏ်းသားတစ်ယောက်သည် တန်ချီကို လက်နှစ်ဖက်ဆုပ်ကာမေးလိုက်သည်။
"အကြီးအကဲ.....ကျွန်တော်ဆေးလုံးလိုအပ်လို့ ထုတ်လို့ရမလား"
တန်ချီသည် ထိုလူကို တန်းငြင်းလိုက်သည်။
"မရသေးဘူး.......ငါတို့မှာ ဆေးလုံးအားလုံးကုန်နေတယ် ၊ မင်းလိုချင်ရင် ရက်အနည်းငယ်တော့ စောင့်ရမယ်"
ချောင်ဖုန်းသည် အခန်းထဲဝင်လာပြီး ဆေးလုံးမေးမယ့်ချိန်မှာ
အကြီးအကဲတန်ချီရဲ့စကားကြောင့် နောက်ပြန်လှည့်မည့်ချိန်မှာ တန်ချီက လှမ်းမေးလိုက်သည်။
"လူငယ်လေး......ဘာကိစ္စရှိလို့ဒီကိုလာပြီး လှည့်ပြန်ရတာလဲ"
ချောင်ဖုန်းသည် လက်နှစ်ဖက်ဆုပ်ကာ တန်ချီကို ရိုရိုသေသေပြန်ပြောလိုက်သည်။
"အကြီးအကဲ......ကျွန်တော်ဒီကိုဆေးလုံးလာထုတ်တာပါ ၊ အဲ့တာကြောင့်မလို့......"
တန်ချီသည် ချောင်ဖုန်းပြောနေတုန်းမှာ ဆေးပုလင်းတစ်လုံးကို ထုတ်ပေးလိုက်ပြီး ပြောလိုက်သည်။
"ဒါငါ့ကိုယ်ပိုင်ဆေးပုလင်းပဲ......မင်းအလျင်လိုမယ်ဆိုရင် ယူသုံးထားလိုက်လေ"
ချောင်ဖုန်းသည် ဝမ်းသာသွားပြီး တန်ချီကို ကျေးဇူးတင်လိုက်သည်။
"ကျေးဇူးတင်ပါတယ်.....အကြီးအကဲ"
"မလိုပါဘူး....."
ထိုအခါ ခုနကဆေးလုံးထုတ်၍ မရသောသူသည် ချောင်ဖုန်းကိုမနာလိုဖြစ်သွားပြီး စိတ်ထဲမှာ မှတ်ထားလိုက်လေသည်။