chapter(29)
Vol. 2 Ch. 29
အသန့်စင်ဆုံးစနစ် အခန်း(29)
ချောင်ဖုန်းသည် အခန်းထဲပြန်ရောက်သည့်အခါ ဆေးပုလင်းကို ဖွင့်ကာ ဆေးလုံးအားလုံးကို သန့်စင်လိုက်သည်။
"ဒီဆေးလုံးတွေကို သန့်စင်မယ်"
ချောင်ဖုန်းသည် ဆေးလုံးအားလုံးကို သန့်စင်ပြီးနောက်မှာ ဆေးလုံးရဲ့အရည်အသွေးများသည် နဂိုကထက် ပိုမိုကောင်းလာခဲ့သည်။ချောင်ဖုန်းသည် ပထမဆုံးတစ်လုံးသောက်လိုက်ပြီး ချီစွမ်းအင်များကို စုပ်ယူကာ သိုင်းအဆင့်တက်ဖို့ လေ့ကျင့်နေခဲ့သည်။
ဒီလိုနဲ့ နောက်ဆုံးတစ်လုံးသာ ကျန်ရှိတဲ့အခါ ချောင်ဖုန်းသည် သောက်လိုက်ရင်းပြောလိုက်သည်။
"ဒီတစ်လုံးကုန်ရင်တော့ ငါဘုရင်နယ်ပယ်အဆင့်ရဲ့အလယ်အလတ်ကို ထိုးဖောက်နိုင်မယ်ထင်တယ်"
ယီရှင်းထျန်ကတော့ သူ့လေ့ကျင့်နေသည့် သိုင်းကျင့်စဥ်ကိုသာ လေ့ကျင့်နေ၏။ခဏအကြာမှာတော့ ချောင်ဖုန်းရဲ့ကိုယ်ခန္ဓာသည် တစ်ကိုယ်လုံး လျှပ်စီးလို မိုးပြာရောင်တောက်ပသွားပြီးနောက်
ချောင်ဖုန်းသည် လေ့ကျင့်နေရာမှ ရပ်လိုက်ပြီး သူခန္ဓာကိုယ်တစ်ခုလုံးမှာ အလွန်သန်မာတဲ့စွမ်းအားတွေ စီးဆင်းနေတာကို ခံစားလိုက်ရသည်။
"နောက်ဆုံးတော့ ငါဘုရင်နယ်ပယ်ရဲ့အလယ်အလတ်အဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်သွားပြီပဲ "
ထိုချိန်မှာ ယီရှင်းထျန်သည် ချောင်ဖုန်းနားရောက်လာကာ ပြောလိုက်သည်။
"ချောင်ဖုန်း......မင်းအဆင့်တက်သွားတာလား ၊ ဘာလို့ ငါမင်းဆီကနေကြောက်ရွံစရာကောင်းတဲ့အရှိန်အဝါတွေ ခံစားနေရတာလဲ"
ချောင်ဖုန်းသည် ယီရှင်းထျန်ကို ရယ်ကာပြန်ပြောလိုက်သည်။
"ရှင်းထျန်.....မင်းငါ့ကို လာစမနေနဲ့ ၊ မနက်ဖြန်အတွက် ငါတို့ ဒီည အိပ်စက်သင့်ပြီထင်တယ်"
ယီရှင်းထျန်သည် ချောင်ဖုန်းရဲ့ ပြောဆိုမှုကို ငြင်းလိုက်ကာ သူဓားကို ကိုင်၍ ပြောလိုက်သည်။
"မဖြစ်သေးဘူး.......မနက်ဖြန်အပြင်သွားရမှာဆိုတော့ ငါအရင်ကထက်ပိုတော်နေမှ ဖြစ်မယ် ၊ အဲ့အတွက် ငါဒီကျင့်စဥ်ကို ကျွမ်းကျင်မှုအဆင့်ရောက်အောင်လေ့ကျင့်ရမယ် "
ယီရှင်းသည် သူ့ဓားကို ကိုင်ကာ ပြန်လေ့ကျင့်နေလေသည်။
ထိုအခါ ချောင်ဖုန်းလဲ အိပ်ဖို့ မစဥ်းစားပဲ တစ်စုံတစ်ရာကို လေ့လာဖို့ဆုံးဖြတ်လိုက်သည်။ချောင်ဖုန်းသည် ယန်အစီအရင်ဂိုဏ်းရဲ့ ဘိုးဘေးရဲ့ ရတနာအခန်းမှ ရရှိထားတဲ့ သစ်သားချောင်းများဖြင့် ဖန်တီးထားသည့် သိုင်းစာလိပ်တစ်ခုကို ဖွင့်ကြည့်လိုက်သည်။
"သေခြင်းစေတမန်ဓားအစီအရင်ကျင့်စဥ် "
ချောင်ဖုန်းသည် ထိုသိုင်းစာလိပ်ကို ဖတ်ကြည့်လိုက်သည့်အခါ ထိုအစီအရင်ကျင့်စဥ်သည် မတူညီသည့်ဝိညဥ်စွမ်းအင်ပါရှိသောဓားငါးချောင်းလိုအပ်သည်ကို သိလိုက်ရသည်။
"ဒါဆို ငါဒီကျင့်စဥ်ကို ခုတော့လေ့ကျင့်လို့မရသေးဘူးပဲ ........ရေ ၊ မြေ ၊ လေ ၊ မီး ၊ မိုးကြိုး ဝိညဥ်စွမ်းအင်ပါတဲ့ ဓားငါးမျိုးကို ငါအရင်ရအောင်ကြိုးစားရအုံးမယ်"
ချောင်ဖုန်းသည် သေခြင်းစေတမန်ဓားအစီအရင်ကျင့်စဥ်ကို ဖန်တီးဖို့ လှုပ်ရှားမှုများကို သိရှိနေသော်လည်း ဓားများမရှိသေးသည့်အတွက် ဘာမှလုပ်မရပေ။
"ဝိညဥ်စွမ်းအင်နဲ့ ပက်သက်တာတွေကို အကြီးအကဲတန်ချီနဲ့ စကားပြောကြည့်ရမယ်"
ချောင်ဖုန်းသည် သိုင်းစာလိပ်ကို အာရုံစိုက်နေချိန်မှာ ယီရှင်းထျန်ကို သတိမထားမိဘဲ ပြန်ကြည့်လိုက်တဲ့အခါမှာတော့ ယီရှင်းထျန်သည် "ခလော.....ခလော" နဲ့ဟောက်တောင် အိပ်နေပြီဖြစ်သည်။
ထိုအခါ ချောင်ဖုန်းလဲ သူ့သိုင်းစာလိပ်ကို ပြန်သိမ်းလိုက်ပြီး အနားယူလိုက်ပါတော့သည်။
မနက်မိုးလင်းသည့်အချိန်တွင် ချောင်ဖုန်းနဲ့ယီရှင်းထျန်သည် စီမံခန့်ခွဲရေးဌာနကို အတူသွားခဲ့ကြသည်။စီမံခန့်ခွဲရေးဌာနတွင် အကြီးအကဲဟုန်ကလွဲရင် ကျန်တဲ့အကြီးအကဲတွေသည် အဝတ်အစားအသစ်များသန့်ပြန့်စွာ ဝတ်ထားတာကို တွေ့လိုက်ရသည်။လုဝမ်သည် ချောင်ဖုန်းတို့ကို တွေ့လိုက်တဲ့အခါ သံသယဖြစ်သွားပြီး မေးမြန်းလိုက်သည်။
"မင်းတို့နှစ်ယောက်က ဒီကိုအစောကြီး ဘာလာလုပ်ကြတာလဲ"
ထိုအခါယီရှင်းထျန်သည် ရိုရိုသေသေရှင်းပြလိုက်သည်။အကြီးအကဲမိုစီသည် သူတို့နှစ်ယောက်ကို တာဝန်ပေးသွားကြောင်းပြောပြလိုက်သည်။လုဝမ်နဲ့တခြားအကြီးအကဲတွေသည်ထိုကိစ္စကို သူတို့အစောထဲက ထင်ပြီးသားဖြစ်သည်။
"ကောင်းပြီလေ.....ဆရာတူအကိုကိုယ်တိုင်ကအမိန့်ပေးထားမှတော့ ၊ ဒါပေမယ့် မင်းတို့နှစ်ယောက် ဒီအဝတ်အစားနဲ့ လိုက်လို့မရဘူး"
ထို့နောက်လုဝမ်သည် အဝတ်အစားနှစ်စုံကိုထုတ်ကာ ချောင်ဖုန်းတို့အား ဝတ်ခိုင်းလိုက်သည်။ထိုအခါ ချောင်ဖုန်းနဲ့ယီရှင်းထျန်သည် အဝတ်စားလဲဝတ်ပြီးတဲ့နောက်မှာ ဂိုဏ်းသားပုံစံနဲ့မတူတော့ပေ။
ထို့နောက် အကြီးအကဲငါးယောက်နဲ့အတူ ချောင်ဖုန်းတို့နှစ်ယောက်သည် ဝိညဥ်လှေစီးကာ ယန်အစီအရင်ဂိုဏ်းက ထွက်ခွာလာပါတော့သည်။
ချောင်ဖုန်းတို့သွားသည့်လမ်းတွင် ဓားပျံများစီးကာ ပျံသန်းသွားသောသူများနှင့် ဧရာမဌက်ကြီးများစီးကာ ပျံသန်းသူများကိုလဲ တွေ့ရသည်။
လုဝမ်သည် ချောင်ဖုန်းအနားကို ရောက်လာကာ ပြောလိုက်သည်။
"ကောင်လေး......ကောင်းကင်ဘုံလေလံခန်းမအကြောင်း မင်းဘာမှမသိသေးဘူးထင်တယ်"
ချောင်ဖုန်းသည် ခေါင်းငြိမ်ပြလိုက်ပြီး ပြောလိုက်သည်။
"ဟုတ်တယ်ကျွန်တော်ဘာမှမသိဘူး......အကြီးအကဲမိုစီကဘာရည်ရွယ်ချက်ရှိလို့ ကျွန်တော်တို့နှစ်ယောက်ကို ဒီလိုအရေးကြီးတဲ့တာဝန်ကို ထမ်းဆောင်ခိုင်းတာလဲမသိဘူး"
လုဝမ်သည် ဝိညဥ်လှေပေါ်ကနေ တိမ်တွေကို ကြည့်နေရင်း ပြန်ပြောလိုက်သည်။
"ဆရာတူအကိုမိုစီရဲ့ဆုံးဖြတ်ချက်တိုင်းက အမြဲမှန်ကန်တဲ့အတွက်
မင်းတို့နှစ်ယောက်ကိုထမ်းဆောင်ခိုင်းတာက သူ့မှာခိုင်လုံတဲ့အကြောင်းပြချက်ရှိလို့ဖြစ်မယ်"
ထိုချိန်မှာ ချောင်ဖုန်းသည် ကြီးမားသော ဒိုင်ဗားရှင်းကြီးကို တွေ့လိုက်ရပြီး သူတို့ဝိညဥ်လှေကြီးသည် ဒိုင်ဗားရှင်းထဲကို ဝင်သွားတဲ့အခါ တခြားတစ်ဖက်တွင်အလွန်စိမ်းလန်းသာယာသော လွင်ပြင်ကြီးထဲတွင် ကြီးမားသော စံအိမ်ကြီးတစ်ခုကိုတွေ့လိုက်ရသည်။
ထိုအခါ အားလုံးသည် လေထဲက ဆင်းသက်လာကြပြီး ထိုစံအိမ်ကြီးအတွင်းကို ဝင်လာကြလေသည်။ချောင်ဖုန်းသည် အထဲဝင်တဲ့အခါ အထပ်သုံးထပ်ရှိတာကို သိရှိလိုက်ပြီး ပထမထပ်မှာတော့ထိုင်ခုံများပေါ်တွင် လူပေါင်းများစွာသည်ပူးကပ်စွာထိုင်နေတာကို တွေ့လိုက်ရသည်။
"ဒီလေလံပွဲက တကယ်နာမည်ကြီးတာပဲ "
ချောင်ဖုန်းတို့သည် ယန်အစီအရင်ဂိုဏ်းကလူများဖြစ်သည့်အတွက်
ကောင်းကင်ဘုံလေလံစံအိမ်မှ တာဝန်ရှိသူများသည် ဒုတိယထပ်ကို ခေါ်သွားခဲ့သည်။ချောင်ဖုန်းတို့သည် အထွပ်အမြတ်ရတနာဂိုဏ်းနှင့်ကြယ်တာယာနတ်ဘုရားဂိုဏ်းတို့ကို တွေ့သည့်အခါ အချင်းချင်းနှုတ်ဆက်လိုက်ကြသည်။
ထို့နောက် ချောင်ဖုန်းတို့လဲ ဒုတိယထပ်မှ ထိုင်ခုံများပေါ်တွင်ထိုင်လိုက်ရသည်။ထို့နောက် တော်ဝင်နန်းတော်အဝတ်အစားဖြင့် လူတစ်ဖွဲ့ရောက်ရှိလာပြီး သူတို့သည် တတိယအထပ်ကို တက်သွားကြသည်။ထို့နောက်အဖိုးအိုနှင့်လူငယ်တချို့ကလဲ တတိယအထပ်ကို တက်သွားကြသည်။
ထိုအဖိုးအိုကို ချောင်ဖုန်းမြင်တဲ့အခါ စနစ်မှ အသံထွက်ပေါ်လာလေသည်။
"စနစ်ရှင်အတွက် တာဝန်ထွက်ပေါ်လာပါပြီ......စနစ်ရှင်ဓားဘုရင်ဂိုဏ်းမှ အဖိုးအိုအားသတ်နိုင်ပါက သန့်စင်ခွင့်ငါးကြိမ်ရရှိပါမည်"
ချောင်ဖုန်းသည် သူရဲ့စွမ်းအင်နဲ့ ဧကရာဇ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားကို သတ်နိုင်ဖို့ မဖြစ်နိုင်သေးပေ။ဒါပေမယ့် ချောင်ဖုန်းသည် အစီအရင်ဆရာတစ်ယောက်ဖြစ်လာသည့်အတွက် ထိုအဖိုးအိုကို သတ်နိုင်ဖို့ ငါးဆယ်ရာခိုင်နှုန်းယုံကြည်ချက်ရှိနေသည်။
ပထမအထပ်မှ ထိုင်နေသောလူများသည် အပေါ်ထပ်ကို တက်သွားတဲ့လူတွေကို ကြည့်ပြီး အံ့အားသင့်စွာဖြင့် ပြောနေကြသည်။
"တတိယထပ်မှာ ရှိတဲ့ တော်ဝင်နန်းတော်အဝတ်အစား ဝတ်ဆင်ထားတဲ့လူက အဲ့တာ အိမ်ရှေ့စံမင်းသားယွင်ချီမလား"
ထိုပြောတဲ့လူသည် ဓားဘုရင်ဂိုဏ်းမှ အဖိုအိုနဲ့ မျက်လုံးချင်းဆုံသွားတဲ့အခါ ကြောက်လန့်သွားသည်။ထိုလူသည် လက်ဖျားအေးစက်သွားကာ တုန်တုန်ရီရီနှင့် သူ့ဘေးက လူကို မေးလိုက်သည်။
"အဲ့အဖိုးကြီးကဘယ်သူလဲ.....မင်းတို့သိကြလား"
ထိုလူဘေးက လူသည် အပေါ်ထပ်ကို မကြည့်ဘဲ ပြန်ဖြေလိုက်သည်။
"မင်းအဲ့အဖိုးအိုကို သွားမကြည့်နဲ့......အဲ့တာဓားဘုရင်ဂိုဏ်းက မကောင်းဆုံးဝါးကြီးပဲ"
ထိုအခါ လက်တုန်နေသောသူသည် အပေါ်ထပ်ကို ထပ်မကြည့်ရဲတော့ပေ။
ထိုချိန်မှာ အနီရောင်ရောင်ပန်းရောင်ဝတ်ဆင်ထားသော မိန်းမလှလေးတစ်ယောက်သည် ကနေရင်းထွက်လာခဲ့ပြီး သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။
"ကြွရောက်လာတဲ့မိတ်ဆွေများအားလုံးပဲ မင်္ဂလာပါ.....ကျွန်မကတော့ ကောင်းကင်ဘုံလေလံခန်းမရဲ့အစီအစဥ်ကို တင်ဆက်ပေးမယ့်သူဖြစ်ပါတယ် ၊ အချိန်ဆွဲမနေပဲ ပထမဆုံးရတနာကို အတူစကြည့်လိုက်ရအောင်"
ထိုမိန်းမလှလေးသည် သူ့ရဲ့သိုလှောင်ကွင်းလက်စွပ်ထဲမှ ပုလင်းတစ်ခုကို ထုတ်ပြလိုက်ပြီး ပြောလိုက်သည်။
"အားလုံးပဲရှင့်...... ဒါကတော့ ကျွန်မတို့နယ်မြေမှာ ရှားပါးလှတဲ့မိုးကြိုးဝိညဥ်စွမ်းအင်ဖြစ်ပါတယ် ၊ ဒီမိုးကြိုးဝိညဥ်စွမ်းအင်ကို ကြီးမြတ်သောအရှင်သခင်ကိုယ်တိုင် ငရဲကျွန်းကနေ ရယူလာတဲ့အတွက် သာမာန်မိုးကြိုးဝိညဥ်စွမ်းအင်ထက် ပိုအစွမ်းထက်ပါတယ်ရှင့် "
ထိုအခါ အားလုံးသည် စျေးနှုန်းများအော်ဟစ်မေးကြလေသည်။
"မိန်းမလှလေး စျေးနှုန်းဘယ်လောက်ပေးရမလဲ မြန်မြန်ပြောစမ်းပါ"