chapter(30)
Vol. 2 Ch. 30
အသန့်စင်ဆုံးစနစ် အခန်း(30)
ထိုအခါ မိန်းမလှလေးသည် သူလက်ထဲတွင် ရှိသောပုလင်း လေးကို လှည့်ကာ ပြောလိုက်သည်။
"ကျွန်မတို့စံအိမ်ကနေ ဒီရှားပါးမိုးကြိုးဝိညဥ်လေးကို ရွှေဒင်္ဂါး ငါးဆယ်ကနေစပြီး လေလံစျေးသတ်မှတ်ထားပါတယ်"
ထိုအခါ လုဝမ်သည် ပထမဆုံးစပြီး လက်ထောင်ကာစျေးပေးလိုက်သည်။
"ရွှေဒင်္ဂါးခြောက်ဆယ် "
ထိုအခါ ပထမထပ်က လူတွေကပြောလိုက်သည်။
"အဲ့တာယန်အစီအရင်ဂိုဏ်းက အစီအရင်ပါမောက္ခလုဝမ်ပဲ ၊ ကြည့်ရတာ ငါတို့ပထမအထပ်က ပွဲကြည့်ပရိတ်သတ်ပဲ ဖြစ်မယ်ထင်တယ်"
ထိုချိန်မှာ ဓားဘုရင်ဂိုဏ်းက အဖိုးအိုသည် လုဝမ်ထက်ပိုစျေးပြောလိုက်သည်။
"ငါတို့ဓားဘုရင်ဂိုဏ်းက ရွှေဒင်္ဂါး ခုနှစ်ဆယ်ပေးမယ်"
လုဝမ်သည် စျေးထပ်ပေးမယ့်ချိန်မှာ တန်ချီသည် လုဝမ်ကို တားလိုက်သည်။
"လုဝမ်......ငါတို့ရွှေဒင်္ဂါးကို မဖြုန်းသင့်သေးဘူးထင်တယ် ၊ နောက်ထပ်တန်ဖိုးကြီးတဲ့ရတနာတွေ ထွက်ပေါ်လာနိုင်သေးတယ်"
ထိုအခါ လုဝမ်သည် သူထိုင်နေတဲ့ခုရဲ့ လက်တင်စောင်းကို ရိုက်ချလိုက်ပြီး သူ့စိတ်ကို လျော့ချလိုက်သည်။ထိုချိန်မှာ ဓားဘုရင်ဂိုဏ်းမှ အဖိုးအိုသည် လုဝမ်ကို လှမ်းစလိုက်သည်။
"ဘယ်လိုလဲလုဝမ်......မင်းတို့ယန်အစီအရင်ဂိုဏ်းမှာ ဒီလောက်ရွှေဒင်္ဂါးလေးတောင်မလိုက်နိုင်တော့ဘူးလား.......ဟားဟား"
ထိုချိန်မှာ ချောင်ဖုန်းသည် သူ့မေးစေ့ကို လက်မဖြင့် ပွတ်လိုက်ကာထိုအဖိုးအိုကို ကြည့်ကာပြောလိုက်သည်။
"ရွှေဒင်္ဂါးတစ်ရာ......."
ထိုအခါ ဓားဘုရင်ဂိုဏ်းမှ အဖိုးအိုသည် ချောင်ဖုန်းကို ကြည့်ကာ မှတ်မိသွားသည်။
"မင်း....မင်းမသေသေးဘူးလား ၊ နောက်ပြီးမင်းက ယန်အစီအရင်ဂိုဏ်းကို ဘယ်လိုရောက်လာတာလဲ "
ချောင်ဖုန်းသည် ထိုအဖိုးအိုကို ဂရုပင်မစိုက်ပဲ မိုးကြိုးဝိညည်စွမ်းအင်ကိုသာ စိုက်ကြည့်နေခဲ့သည်။ချောင်ဖုန်းအနားမှာရှိသော လုဝမ်သည် ဝမ်းသာသွားကာ ချောင်ဖုန်းအားမေးလိုက်သည်။
"ကောင်လေး......ဆရာတူအကိုမိုစီက မင်းကို ရွှေဒင်္ဂါးတွေထည့်ပေးလိုက်မလား"
ချောင်ဖုန်းသည်အကြီးအကဲလုဝမ်ကို ခေါင်းငြိမ့်ပြလိုက်သည်။လုဝမ်နဲ့အနားမှာရှိတဲ့လူတွေလဲ တဖက်လူကို အနိုင်ယူတဲ့အတွက်ဝမ်းသာသွားသည်။အောက်ကလူတွေကို ချောင်ဖုန်းကို ကြည့်ကာ ဝေဖန်နေကြသည်။
"အဲ့သခင်လေးကရောဘယ်သူလဲ.......နောက်ပြီးဓားဘုရင်ဂိုဏ်းက အကြီးအကဲတစ်ယောက်ကိုတောင်ဂရုမစိုက်တဲ့ပုံပဲ၊ ယန်အစီအရင်ဂိုဏ်းက သန်မာတယ်ဆိုပေမယ့် ဓားဘုရင်လိုဂိုဏ်းကို မယှဥ်နိုင်သေးပါဘူး"
တင်ဆက်သူမိန်းမလှလေးသည် ချောင်ဖုန်းထက်စျေးပိုပေးတဲ့သူမရှိတဲ့အတွက် ချောင်ဖုန်းကို မိုးကြိုးဝိညဥ်စွမ်းအင်ပါရှိသည့် ပုလင်းကို လေထဲကနေပဲစွမ်းအားနဲ့ ပစ်ပေးလိုက်သည်။ချောင်ဖုန်းသည် သူ့သိုလှောင်းကွင်းလက်စွပ်ထဲက ထုတ်ပေးမည့်ချိန်မှာ ယီရှင်းထျန်သည် ထုတ်ပေးလိုက်သည်။
ဓားဘုရင်ဂိုဏ်းမှ အဖိုးသည် ချောင်ဖုန်းကိုသတ်ချင်စိတ်များ ဖြစ်ပေါ်နေခဲ့သည်။ထိုနေ့က သူတပည့်နှစ်ယောက်ကို သတ်ခဲ့တာ ယန်အစီအရင်ဂိုဏ်းဆိုတာ သေချာသွားပြီဖြစ်တဲ့အတွက် အနှေးအမြန်ယန်အစီအရင်ဂိုဏ်းကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
ထို့နောက် မိန်းမလှလေးသည် သိုလှောင်ကွင်းထဲမှ နောက်ထပ်ရတနာတစ်ခုကို ထုတ်ပြလိုက်သည်။ထိုရတနာကတော့ သိုင်းကျင့်စဥ်တစ်ခုပင်ဖြင်သည်။မိန်းမလှလေးသည် ရယ်မောကာ သူလက်ထဲက စာအုပ်လေးကို ကိုင်ကာ ပြောလိုက်သည်။
"ဟီး......အားလုံးပဲဒီကျင့်စဥ်အကြောင်းကို ကြားဖူးကြမယ်ထင်ပါတယ် ၊ ဒီကျင့်စဥ်က လွန်ခဲ့သောနှစ်ပေါင်းများစွာက အရှင်လျူဖုန်းရဲ့ နာမည်ကြီးကျင့်စဥ်ဆိုလဲ မမှားဘူး"
ထိုအခါ လူတော်တော်များများသည် မယုံကြည်နိုင်ဖြစ်ကာ မတ်တပ်များပင်ရပ်ကာ အံသြသွားလေသည်။ထိုထဲမှ အိမ်ရှေ့စံမင်းသားရဲ့ ဘေးကလူသည် အိမ်ရှေစံမင်းသားမသိသေးတဲ့အကြောင်းကို ရှင်းပြလိုက်သည်။
"အရှင်လျူဖုန်းဆိုတာ အနိူင်းမဲ့နယ်ပယ်အဆင့်ကိုရောက်ရှိသွားပြီး အထက်နယ်မြေကို ကူးပြောင်းသွားတဲ့ ထာဝရရှင်သန်သူတစ်ယောက်ပါ အရှင်မင်းသား "
ထိုအခါ အိမ်ရှေ့စံမင်းသားသည် ထိုသိုင်းကျင့်စဥ်ကို မရရအောင်လေလံတင်ဖို့ ဆုံးဖြတ်လိုက်သည်။မိန်းမလှလေးသည် ထိုသိုင်းကျင့်စဥ်ရဲ့စျေးနှုန်းကိုပြောလိုက်တဲ့အခါ အားလုံးသည် လန့်ဖြန့်သွားလေသည်။
"ဘာရွှေဒင်္ဂါးငါးရာဟုတ်လား....အဲ့တာဓားပြတိုက်နေတာနဲ့မတူဘူးလား"
ထိုချိန်မှာ အိမ်ရှေ့စံမင်းသားယွင်ချီသည် "ငါရွှေဒင်္ဂါးခြောက်ရာပေးမယ် " ဟု ပြောလိုက်သည်။
ထိုအခါ အားလုံးသည် ထိုကျင့်စဥ်ကို မရမက လေလံဆွဲရင် ရွေဒင်္ဂါး တစ်ထောင့်နှစ်ရာထိဖြစ်လာလေသည်။
အိမ်ရှေ့စံမင်းသားယွင်ချီသည် ဝိုင်တစ်ခွက်ကို မော့ရင်း ပြောလိုက်သည်။
"ငါ မှော်ဝိညဥ်ကျောက်တုံး သုံးတုံးပေးမယ်......"
ထိုအခါဓားဘုရင်ဂိုဏ်းမှ အဖိုးအိုသည် ယွင်ချီကို ထေ့ဂေါ့ပြီးပြောလိုက်သည်။
"အိမ်ရှေ့စံမင်းသား.....မှော်ဝိညဥ်ကျောက်တုံးသုံးတုံးက မနည်းဘူးလား "
ထို့နောက် အဖိုးအိုသည် မှော်ဝိညဥ်ကျောက်တုံး ငါးတုံးအထိစျေးတင်ပစ်လိုက်သည်။ထိုအခါ ဘယ်သူရှိကမှ အသံမထွက်တော့ပေ။
ထိုအခါ မိန်းမလှသည် ဓားဘုရင်ဂိုဏ်းမှ အဖိုးအိုထံ သိုင်းစာလိပ်ကို ပေးလိုက်သည်။နာရီပိုင်းအနည်းငယ်ကြာတဲ့အခါ ကောင်းကင်ဘုံလေလံခန်းမရဲ့ လေလံပွဲကြီးသည် ပြီးဆုံးသွားခဲ့သည်။
လုဝမ်သည် ရတနာများစွာ ရရှိလာတာကြောင့်ပျော်ရွင်နေခဲ့သည်။
"ဒီတစ်ခေါက်ငါတို့ယန်အစီအရင်ဂိုဏ်းက ဟိုးအရင်ကတွေလို မျက်နှာမငယ်ရတော့ဘူးပဲ......ဟားဟား"
ထို့နောက် ချောင်ဖုန်းသည် မိုစီခိုင်းသည့် နောက်ထပ်တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သောကြောင့် အကြီးအကဲလုဝမ်ကို အကျိူးအကြောင်းရှင်းပြလိုက်သည်။
"ဆရာတူအကိုက ငါတို့လုပ်ရမယ့်တာဝန်တွေကို မင်းတို့ကိုအတွေ့အကြုံရအောင် တမင်ခိုင်းတာထင်တယ် ၊ ဘာပဲဖြစ်ဖြစ် မင်းတို့နှစ်ယောက် ဂရုစိုက်ပါ"
ချောင်ဖုန်းသည် သူရဲ့ဝိညဥ်လှေကို ထုတ်လိုက်ပြီး အကြီးအကဲတွေကို နှုတ်ဆက်လိုက်ကာ ယီရှင်းထျန်နဲ့အတူ ထိုနေရာထွက်ခွာလာခဲ့သည်။ချောင်းဖုန်းသည် ဒိုင်ဗားရှင်းထဲက ထွက်ခွာလာပြီးနောက်
မှာ သူ့ရဲ့ဝိညဥ်လှေကို အမြန်နှုန်းဖြင့် ထွက်လာခဲ့သည်။
"ချောင်ဖုန်း.....မင်းဘာတွေလောနေတာလဲ ၊ ဖြည်းဖြည်းသွားပါကွ "
ချောင်ဖုန်းသည် သစ်ပင်အနည်းငယ်တွေ့တဲ့အခါ "ဒီနေရာပဲ " ဟု ပြောဆိုကာ ဆင်းသက်လိုက်သည်။ယီရှင်းထျန်သည် ချောင်ဖုန်းသည် ထူးဆန်းသလို ဖြစ်နေတဲ့အတွက်အံသြနေခဲ့သည်။
ချောင်ဖုန်းသည် မြေပြင်ပေါ်ကို ရောက်တာနဲ့ သိုလှောင်ကွင်းလက်စွပ်ထဲမှ ယန်အစီအရင် ရတနာကို ထုတ်လိုက်သည်။
ထို့နောက် ချောင်ဖုန်း၏ ညာဖက်လက်အပေါ်ယံလေးတွင် ဝဲနေခဲ့ပြီး နောက်တစ်ဖက်ဖြင့် လှုပ်ရှားလိုက်တဲ့အခါ အလံတိုင်ခြောက်ခုထွက်သွားပြီး သစ်ပင်များထဲသို့ ရောက်ရှိသွားသည်။ယီရှင်းထျန်သည် မနေနိုင်တော့ဘဲ ချောင်ဖုန်းအားမေးလိုက်သည်။
"ချောင်ဖုန်း......မင်းဘာတွေလုပ်နေတာလဲ ငါ့ကိုပြောပြလို့ရမလား"
ထိုချိန်မှာ လေထဲမှ ဓားပျံများစီးလာသော လူခုနှစ်ယောက်ရောက်ရှိလာသည်။ထိုသူများကတော့ ဓားဘုရင်ဂိုဏ်းမှ အဖိုးအိုနှင့် သူ့လူများပင်ဖြစ်သည်။
"ဟားဟား......ကောင်စုတ်လေး ၊ မင်းပြေးလွတ်မယ်ထင်နေတာလား မင်းရဲ့သိုလှောင်ကွင်းကို ပေးပြီးတော့ မင်းရဲ့တန်ဖိုးမရှိတဲ့အသက်ကို သတ်သေလိုက်တော့ "
ချောင်ဖုန်းသည် ယန်အစီအရင်ကို သိမ်းလိုက်ပြီး သူ့ရဲ့ဓားကို ထုတ်လိုက်သည်။ထိုအခါ ဓားဘုရင်ဂိုဏ်းမှ အဖိုးအိုသည် ချောင်ဖုန်းလက်ထဲတွင်ရှိသော လောင်းဂန်၏ဓားကို မြင်တဲ့အခါ ပေါက်ကွဲသွားပြီးပြောလိုက်သည်။
"ခွေးကောင်......မင်းကငါ့ရဲ့တပည့်နှစ်ယောက်ကို တကယ်သတ်လိုက်တာပဲ အဲ့ဒီအတွက်မင်းကောင်းကောင်းကြီး ပေးဆပ်ရမယ် ၊ လောင်းဂန်နဲ့လောင်းဖန်.....မင်းတိုရဲ့ဝိညဥ်တွေစိတ်ချမ်းသာအောင် ဒီကောင်ကို မသေမချင်းနှိပ်စက်ပေးမယ်"
ထိုချိန်မှာ ဘေးမှရှိနေသော ယီရှင်းထျန်သည် နားလည်သွားပြီဖြစ်ပြီး ချောင်ဖုန်း ပုခုံးကို ကိုင်ကာ ပြောလိုက်သည်။
"ချောင်ဖုန်း......ငါမင်းလိုလူတစ်ယောက်နဲ့ခင်မင်ခွင့်ရတယ့်အတွက် ငါဒီမှာ သေရမယ်ဆိုရင်တောင်နောင်တမရဘူး"
ထို့နောက် ဘုရင်နယ်ပယ်အစောပိုင်းအဆင့်တိုက်ခိုက်ရေးသမားများသည် ချောင်ဖုန်းတို့နှစ်ယောက်ကို ဝိုင်းတိုက်ကြလေသည်။
ချောင်ဖုန်းယီရှင်းထျန်သည်လည်း သူတို့ရှိပြေးဝင်လာသော လူများနှင့် ဓားချင်းယှဥ်တိုက်ခိုက်လိုက်သည်။
ချောင်ဖုန်းကို လူသုံးယောက်က ဝင်တိုက်ခိုက်ပြီး ယီရှင်းထျန်ကိုသာ ကျန်သောနှစ်ယောက်က ဝင်တိုက်ခိုက်လိုက်သည်။တိုက်ကွက်အနည်းငယ်အတွင်းမှာပဲ ယီရှင်းထျန်သည် ကျွမ်းပြန်သွားပြီ သွေးများစွာ ထွက်သွားကာ မြေကြီးပေါ်ကို ဓားထောက်၍ အားတင်းကာ ထလိုက်ရသည်။
ထိုချိန်မှာချောင်ဖုန်းသည် နတ်ဘုရားခြေလှမ်းဖြင့် ထိုလူတွေကို ကျော်ဖြတ်ပြီး လေပေါ်ကို တက်သွားခဲ့သည်။ဓားဘုရင်ဂိုဏ်းက အဖိုးအိုကတော့ သူ့လူတွေကို ချောင်ဖုန်းရဲ့အသက်အား ချန်ထားဖို့ပြောလိုက်ပြီး ဘေးမှ ထိုင်ကြည့်နေလေသည်။
ထိုလူငါးယောက်လုံးသည် ယီရှင်းထျန်ကို ဂရုမစိုက်တော့ဘဲ ချောင်ဖုန်းဘက်ကိုလှည့်ကာ ဦးတည်လိုက်သည်။ချောင်ဖုန်းသည် လေထဲရောက်သောအခါ အသွင်ကိုးမျိူးမရဏဓားကို ထုတ်လိုက်ပြီး နတ်ဆိုးဘုရင်သတ်ကျင့်စဥ်ကို အသုံးပြုလိုက်လေသည်။