Chapter(31)
Vol. 3 Ch. 31
အသန့်စင်ဆုံးစနစ် စာစဥ်(3) အခန်း(31)
ချောင်ဖုန်းသည် နဂါးဝိညဥ်စွမ်းအင်ကို အသက်သွင်းလိုက်တဲ့အခါ ဧရာမဓားကြီးပေါ်တွင် ရှည်လျားသော နဂါးကြီးသည် ရစ်ခွေလျက်ရှိနေသည်။
ဓားဘုရင်ဂိုဏ်းက အဖိုးအိုသည် လေပေါ်ကနေတဆင့်ချောင်ဖုန်းလက်ထဲက စွမ်းအားအငွေ့အသက်တွေကို ခံစားနေရပြီး သူ့စိတ်ထဲတွင် အသွင်ကိုးမျိူးမရဏငရဲဓားဟုထင်နေခဲ့သည်။
"ငါစိတ်ထင်နေတာပဲဖြစ်မှာပါ...... ဒီကောင်စုတ်က ဘယ်လိုလုပ်ပြီး အဲ့ဒဏ္ဍာရီဆန်ဆန်ဓားကို ရနိုင်မှာလဲ"
ဓားဘုရင်ဂိုဏ်းမှ ဘုရင်နယ်ပယ်အစောပိုင်းအဆင့်ရှိသောလူများကလဲ သူတို့ဓားကို ဝိညဥ်စွမ်းအင်အသက်သွင်းကာ ဓားဘုရင်ဂိုဏ်းရဲ့ အသူရာအရှင်ကျင့်စဥ်ဆိုသည့် ကျင့်စဥ်ဖြင့် ပြန်တိုက်ခိုက်လိုက်သည်။
ချောင်ဖုန်းသည် သူရဲ့အသွင်ကိုးမျိူးမရဏငရဲဓားကို ထိုလူတွေကို ခုတ်ချလိုက်တဲ့အခါ ဧရာမဓားဝိညဥ်ကြီးနှင့်အတူနဂါးကြီးသည် ထိုလူတွေအပေါ်ကျရောက်သွားသည်။ဓားဘုရင်ဂိုဏ်းကလူများသည် အသူရာအရှင်ကျင့်စဥ်ကို ယုံကြည်ချက်အပြည့်ဖြင့် ချောင်ဖုန်းတိုက်ခိုက်လိုက်သော ဧရာမဓားဝိညဥ်ကြီးကို သေးငယ်သောဓားပေါင်းများစွာဖြင့် ပြန်တိုက်ခိုက်လိုက်သည်။
ထိုအခါ ချောင်ဖုန်းရဲ့ဧရာမဓားဝိညဥ်ကြီးနှင့်နဂါးကြီးသည် ထိုဓားချောင်းလေးများကို အလွယ်တကူဖျက်ဆီးလိုက်ပြီး ဓားဘုရင်ဂိုဏ်းမှလူငါးယောက်လုံးထံကို လျင်မြန်စွာဖြင့် ကျရောက်သွားရောက်လေသည်။ထိုအခါ ငါးယောက်လုံးသည် ဧရာမဓားဝိညဥ်ကြီးကြောင့် သူတို့ရဲ့ဓားများနဲ့တကွဲတပြားဖြစ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး
ဒဏ်ရာအပြည့်ဖြင့် အသက်ကို မနည်းပင်ရှုနေကြရလေသည်။
ချောင်ဖုန်းသည် သူရဲ့ဓားကို ပြန်သိမ်းလိုက်ပြီး ထိုနေရာမှာ ပျောက်ကွယ်သွားတဲ့အခါ ဓားဘုရင်ဂိုဏ်းမှ အဖိုးအိုသည် သူ့လူတွေကို သတ်ပစ်မည် စိုးရိမ်၍ ချောက်ဖုန်းကို ခြိမ်းခြောက်စွာအော်ဟစ်လိုက်သည်။
"ခွေးကောင်စုတ်.......မင်းလုပ်ရဲလား"
ချောင်ဖုန်းသည် ဓားဘုရင်ဂိုဏ်းမှ လူတွေအနားရောက်တဲ့အခါ အဖိုးအိုသည် လေပေါ်မှအမြန်မြေပြင်ကို ခုန်ဆင်းလာလေသည်။
ယီရှင်းထျန်သည် ချောင်ဖုန်းကို အဖိုးအိုသတ်မည် စိုးရိမ်၍ ဘေးကဝင်တိုက်ခိုက်လိုက်သည်။အဖိုးအိုသည် "သေချင်နေတာလား" ဟု ပြောဆိုကာ သူဘေးမှဝင်လာသော ယီရှင်းထျန်ကို လေလက်ဝါးစွမ်းအင်ဖြင့် တချက်ထဲတိုက်ခိုက်လိုက်သည်။
ထိုအခါ ယီရှင်းထျန်သည် မထနိုင်တော့ဘဲ အနားရှိသစ်ပင်ကိုသာမှီလိုက်ရသည်။ချောင်ဖုန်းသည် ဘုရင်နယ်ပယ်အဆင့်ရောက်ရှိတဲ့သူတစ်ယောက်ကို သတ်ပြီးတဲ့နောက်မှာ အဖိုးအိုသည် သူ့ရဲ့ဓားကို ဝိညဥ်စွမ်းအင်အသက်သွင်းကာ ချောင်ဖုန်းရဲ့အနားကို ရောက်ရှိလာကာပြောလိုက်သည်။
"ခွေးကောင်စုတ်.....မင်းကို ငါဒီနေ့မှမသတ်နိုင်ရင် ၊ ငါ့မာဘိုင်ဟူးကိုယ့်ကိုယ်ကို သတ်သေပစ်လိုက်မယ်"
ထို့နောက် မာဘိုင်ဟူးခေါ်သည့် ဓားဘုရင်ဂိုဏ်းမှ အဖိုးအိုသည် ချောင်ဖုန်းကို ဓားဖြင့် ခုတ်မည့်ချိန်တွင် ချောင်ဖုန်းသည် ပြုံးလိုက်ကာ "ဒီအချိန်ပဲ....." ဟု ပြောလိုက်သည်။
ချောင်ဖုန်းသည် ပုံရိပ်ယောင်ဝင်္ကပါအစီအရင်တစ်ခု ဖန်တီးခဲ့ပြီး မာဘိုင်ဟူးကို သူ့အနားလာအောင်တမင်မြားခေါ်ခြင်းဖြစ်သည်။
ချောင်ဖုန်းသည် ညာဘက်လက်တွင် ယန်အစီအရင်ရတနာကို ဖွက်ထားပြီး လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါး သစ်ပင်များအတွင်းရှိ အလံတိုင်များအတွင်း အနက်ရောင်အလင်းတန်းများသည် မိုးပေါ်သို့ ထောင်တက်သွားပြီး စုစည်းသွားကာ အသက်ဝင်သွားလေသည်။
မာဘိုင်ဟူးသည် သူ့ဓားမည့်ခုတ်မည့်ချိန်တွင် ချောင်ဖုန်းသည် လုံးဝပျောက်ကွဲသွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးသည် မှောင်မဲသွားခဲ့သည်။မာဘိုင်ဟူးသည် ရှေ့ကို ဆက်သွားသော်လည်း အမှောင်ယံထဲမှာ ရှိနေ၍ ကြောက်ရွံသလို ခံစားလိုက်ရသည်။သို့သော် သူသည် အစီအရင်တစ်ခုဆိုတာ ရိပ်မိသွားခဲ့သည်။
"ဖြစ်နိုင်တာ.......ဒါအစီအရင်တစ်ခုလား"
ထိုအခါ မာဘိုင်ဟူးသည် သူရဲ့ဓားဖြင့် ရမ်းခုတ်ပါတော့သည်။သစ်ပင်ကို မှီကာ ကြည့်နေသော ယီရှင်းထျန်သည် မာဘိုင်ဟူးသည် အရူးတစ်ယောက်လိုပြုမှုကာ ဘာမှမရှိတာကို လျှောက်တိုက်ခိုက်နေတဲ့အတွက် အံ့အားသင့်နေလေသည်။
"ဒါဘယ်လိုအစီအရင်မျိုးလဲ ဧကရာဇ်နယ်ပယ်အဆင့်ကလူတောင်အရူးလုပ်ခံရတာလား"
ထို့နောက်မာဘိုင်ဟူးသည် အမှောင်ထုထဲမှ ထွက်လာသောလောင်းဂန်နဲ့လောင်းဖန်သည် သူ့ကို အကူညီတောင်းနေသဖြင့် တဖြည်းဖြည်း ကြောက်လန့်လာလေသည်။
"ဆရာကျွန်တော်တို့ကိုကယ်ပါ.......ဆရာကျွန်တော်တို့ကိုကယ်ပါ"
"ထွက်သွားကြစမ်းမင်းတို့က သေပြီးသွားပြီလေ ငါဆီမလာကြနဲ့ထွက်သွားကြ"
ထိုချိန်မှာ ချောင်ဖုန်းသည် နတ်ဘုရားခြေလှမ်းကို အသုံးပြုကာ ကိုယ်ပိုင်လက်သီးစွမ်းအင်ဖြင့် မာဘိုင်ဟူးကိုတိုက်ခိုက်လိုက်သည်။
မာဘိုင်ဟူးသည် ချောင်ဖုန်းရဲ့ကိုယ်ပိုင်လက်သီးစွမ်းအင်ကြောင့် နှုတ်ခမ်းမှ သွေးများပင်ထွက်သွားသည်။မာဘိုင်ဟူးသည် သူ့အသိစိတ်ကို ပြန်ထိန်းလိုက်တဲ့အခါ အရာအားလုံးသည် ပုံမှန်ဖြစ်သွားပြီး ချောင်ဖုန်းသည် သူ့ရှေ့မှာ ရပ်နေတာကို တွေ့လိုက်သည်။
"ဟားဟားကောင်စုတ်လေး......မင်းကဒီအစီအရင်ဖွဲ့စည်းပုံလောက်နဲ့ ငါ့လိုဧကရာဇ်နယ်ပယ်အဆင့်က လူကိုအရူးလုပ်ချင်တာလား"
ထို့နောက် မာဘိုင်ဟူးသည် ကျောကုန်းနောက်တွင် ညာဘက်လက်ဖြင့် ဓားကိုကိုင်ကာ ယုံကြည်ချက်အပြည့်နဲ့ ချောင်ဖုန်းကိုပြောလိုက်သည်။
"ငါရဲ့ စွမ်းအားအမြင့်ဆုံး မိုးကြိုးသေချင်းတရားဓားကျင့်စဥ်နဲ့သေရတဲ့အတွက် မင်းဂုဏ်ယူသင့်တယ်"
မာဘိုင်ဟူးသည် သူရဲ့ဓားကို လေပေါ်သို့ မြှောင်တင်လိုက်တဲ့အခါ ချက်ချင်းပြန်ကျလာလေသည်။မာဘိုင်ဟူးသည် မြေပေါ်တွင် ရှိနေသော သူ့ဓားကို ကြည့်ကာ ကြောင်သွာလေသည် ။ထို့နောက်မာဘိုင်ဟူးသည် သူ့ရဲ့ဓားနဲ့ ဆက်နွယ်မှု ပြတ်တောက်သွားတာကို ခံစားလိုက်ရတဲ့အခါ ချောင်ဖုန်းအားအော်ဟစ်လိုက်သည်။
"ကောင်စုတ်လေး......မင်းဘာလုပ်လိုက်တာလဲမှန်မှန်ပြောစမ်း"
ချောင်ဖုန်းသည် အသွင်ကိုးမျိူးမရဏဓားကို ကင်းမြှီးကောက်ဝိညဥ်စွမ်းအင်အသက်သွင်းလိုက်ပြီး သူရဲ့မျက်နှာမှာ တည်သွားပြီး လူသတ်ဖြတ်မည့် ရုပ်အသွင်သို့ ပြောင်းလဲသွားလေသည်။
မာဘိုင်ဟူးနှင့် ယီရှင်းထျန်သည် ဓားတစ်လက်ထဲမှ ဝိညဥ်စွမ်းအင်နှစ်ခုအသုံးပြုလို့ရတဲ့အတွင် မယုံကြည်နိုင်ဖြစ်နေလေသည်။
ယီရှင်းထျန်ကတော့ အံ့အားသင့်နေယုံသာ ဖြစ်နေပြီး မာဘိုင်ဟူးကတော့ ချောင်ဖုန်းကိုင်ထားတာ အသွင်ကိုးမျိူးမရဏငရဲဓားမှန်းသိရှိသွားလေသည်။
"ကောင်စုတ်လေး ......ငါ့ကို အဲ့ဓားပေးပြီး မင်းငါ့ကိုဆရာတင်မယ်ဆိုရင် မင်းရဲ့အသက်ကို..........."
ချောင်ဖုန်းသည် လျင်မြန်စွာဖြင့် မာဘိုင်ဟူးပြောနေစဥ်မှာ သူ့လက်တစ်ဖက်ကို ဓားဖြင့် တိုက်ခိုက်လိုက်ပြီး "သေမယ့်လူတစ်ယောက်က ငါ့ဆရာဖြစ်ချင်နေတာလား " ဟု ပြောလိုက်သည်။
မာဘိုင်ဟူးသည် ကာချိန်တောင်မရရှိလိုက်ဘဲ ဓားရာထိသွားသော သူ့လက်ကို ကြည့်လိုက်တဲ့အခါ အဆိပ်သည် သူ့သွေးကြောများကိုစီးဆင်းသွားတာကို သိလိုက်ရသည်။မာဘိုင်ဟူးသည် နောက်လက်တစ်ဖက်ဖြင့် ကုသဖို့လုပ်စဥ်မှာ သူ့ရဲ့စွမ်းအင်တွေသည် အသုံးပြုလို့မရတော့တဲ့အတွက် ကြောက်လန့်သွားခဲ့သည်။
ချောင်ဖုန်းသည် သူ့ရဲ့ဓားကို ပြန်သိမ်းထားလိုက်ပြီး မာဘိုင်ဟူးကို လှောင်ကာပြောလိုက်သည်။
"စိတ်မကောင်းပါဘူး.......ငါရဲ့ ပုံရိပ်ယောင်ဝင်္ကပါအစီအရင်က သူရဲ့စက်ဝန်းအတွင်းကို ရောက်ရှိနေတဲ့အချိန်အတွင်းသားကောင်ရဲ့စွမ်းအင်ကို တဖြည်းဖြည်းစုပ်ယူနေတာကို ပြောဖို့မေ့သွားတယ်"
"မင်း......."
မာဘိုင်ဟူးသည် နောက်ဆုံးကြံရာမရှိတော့ဘဲ ချောင်ဖုန်းကို တောင်းပန်ပါတော့သည်။
"တောင်းပန်ပါတယ်......ငါကိုခွင့်လွှတ်ပေးပါ"
ချောင်ဖုန်းသည် အပျင်းဆန့်လိုက်ပြီး ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်သည်။
"နောက်ကျသွားပြီ......"
မာဘိုင်ဟူးရဲ့ ခန္ဓာကိုယ်ထဲမှ အဆိပ်သည် အတွင်းကလိစာအားလုံးကို ဖျက်စီးပစ်လိုက်တဲ့အခါ မာဘိုင်ဟူးသည် မြေပြင်ပေါ်သို့ မတ်တပ်ကြီး လဲကျသွားလေသည်။ထိုချိန်မှာ တခြားငါးယောက်သည်လည်း ကုသမှုမရရှိလိုက်တာကြောင့် သေဆုံးသွားလေသည်။
"ဂုဏ်ယူပါတယ်.....စနစ်ရှင်သည် သန့်စင်ခွင့်ငါးကြိမ်ကို ရရှိသွားပါပြီ"
ချောင်ဖုန်းသည် ဓားများနဲ့သိုလှောင်ကွင်းများကို ယူလိုက်ကာ သူ့သိုလှောင်ကွင်းလက်စွပ်ထဲသို့ ထည့်သိမ်းလိုက်သည်။ထို့နောက် ယန်အစီအရင်ရတနာကို ထုတ်လိုက်ပြီး သစ်ပင်ထဲများတွင်ရှိနေသော အလံတိုင်ခြောက်ခုပြန်သိမ်းလိုက်သည်။ယီရှင်းထျန်သည်သူရဲ့ဓားကို ထောက်ကာ အတင်းထနေတာကို တွေ့တဲ့အခါ ချောင်ဖုန်းသည် တွဲကူပေးလိုက်သည်။
"ချောင်ဖုန်း.......မင်းကအဲ့လောက်စွမ်းအားကြီးမယ်လို့ မထင်ထားမိဘူး"
ထို့နောက်ယီရှင်းထျန်သည် စိတ်အေးလက်အေးဖြစ်သွားပြီး သူသိမ်းထားတဲ့ဆေးလုံးကို ထုတ်သောက်လိုက်သည်။ခဏအကြာမှာတော့ ချောင်ဖုန်းနှင့်ယီရှင်းထျန်သည် ဝိညဥ်လှေစီးကာ ထိုနေရာမှ ဆက်၍ စိမ်းရေပြင်စံအိမ်ကို ထွက်ခွာလာပါတော့သည်။