chapter(32)
Vol. 3 Ch. 32
အသန့်စင်ဆုံးစနစ် အခန်း(32)
'စိမ်းရေပြင်စံအိမ်တော်'
ချောင်ဖုန်းနဲ့ယီရှင်းထျန်သည် နာရီပိုင်းအတွင်းမှာ ဝိညဥ်လှေဖြင့်
စိမ်းရေပြင်စံအိမ်တော်ကို ရောက်ရှိလာခဲ့သည်။စိမ်းရေပြင်စံအိမ်တော်သည် ယန်အစီအရင်ဂိုဏ်း၏ ဂိုဏ်းခွဲတစ်ခုဆိုပင်မယ့် သေးငယ်သောစံအိမ်တစ်ခုနဲ့မတူဘဲ ယန်အစီအရင်ဂိုဏ်းကဲသို့ အဖွဲ့အစည်းတောင့်သောနေရာတစ်ခုပင်ဖြစ်သည်။
ချောင်ဖုန်းသည် လူမရှိတာကြောင့် ပိတ်ထားသော တံခါးကို သုံးလေးကြိမ် ခေါက်လိုက်ရသည်။ထိုအခါ မိန်းကလေးတစ်ယောက်သည် တံခါးကိုဖွင့်လိုက်ကာ ချောင်ဖုန်းတို့ကို မေးလိုက်သည်။
"နင်တို့က ဘယ်သူတွေလဲ........ဘာကိစ္စရှိလို့ စိမ်းရေပြင်စံအိမ်တော်ကို ရောက်ရှိလာတာလဲ"
ထိုအခါ ချောင်ဖုန်းသည် ဒီကိုထွက်ခွာလာနီး အကြီးအကဲလုဝမ်ပေးလိုက်သော စာအိတ်လေးတစ်ခုကို ထုတ်ပေးလိုက်သည်။ထိုမိန်းကလေးသည် စာအိတ်ထဲက စာကို ဖတ်ပြီးတဲ့အခါ ချောင်ဖုန်းတို့ကို စာရွက်ကို ပြန်ပေးလိုက်ပြီးရိုရိုသေသေဆက်ဆံလိုက်သည်။
"ဖူးယွန်.......စီနီယာအကိုတွေမှန်းမသိလို့ ရိုင်းပြမိတာကို ခွင့်လွှတ်ပေးပါ ၊ စီနီယာအကိုတို့ အထဲဝင်ပြီး အေးဆေးအနားယူကြပါအုံး"
ချောင်ဖုန်းနှင့်ယီရှင်းထျန်သည် ဧည့်ခန်းတစ်ခုထဲတွင် ရေနွေးကြမ်းသောက်ကာ အတူထိုင်နေခဲ့သည်။ ခဏအကြာမှာတော့ တာဝန်ရှိသူအကြီးအကဲတစ်ယောက်သည် ဧည့်ခန်းထဲကို ဝင်လာခဲ့လေသည်။
"ငါ့နာမည်က လျန်ယွီပါ ၊ စိမ်းရေပြင်စံအိမ်ရဲ့ အကြီးအကဲတစ်ယောက်ပဲ......"
ချောင်ဖုန်းနဲ့ယီရှင်းထျန်သည် မတ်တပ်ရပ်လိုက်ပြီး နှုတ်ဆက်စကားပြန်ပြောလိုက်သည်။
"မင်္ဂလာပါ......အကြီးအကဲလျန်ယွီ ၊ ဒါကအကြီးအကဲလုဝမ်ပေးလိုက်တဲ့စာပါ"
"မင်းတို့နှစ်ယောက်အဆင်ပြေသလိုနေပါ"
လျန်ယွီသည် ချောင်ဖုန်းလက်ထဲက စာကို ဖတ်လိုက်ပြီး သက်ပြင်းတစ်ချက်ချကာ ပြန်ပြောလိုက်သည်။
"မင်းတို့နှစ်ယောက်ကို ငါဘယ်လိုခေါ်ရမလဲ"
ချောင်ဖုန်းတို့သည် သူတို့နာမည်များကို ပြောပြလိုက်သည်။
ထိုအခါ လျန်ယီသည် စာရွက်ကို ပြန်ခေါက်လိုက်ပြီး သူ့သိုလှောင်ကွင်းလက်စွပ်ထဲသို့ ထည့်လိုက်၍ စိတ်ညစ်သည့်ပုံဖြင့် ပြောလိုက်သည်။
"စီနီယာအကိုလုဝမ်မှာလိုက်တဲ့ဆေးလုံးတွေကို တန်းထုတ်ပေးဖို့ ငါ့တို့ အဆင့်သင့်မဖြစ်သေးဘူး ၊ မင်းတို့နှစ်ယောက်ဒီမှာရက်အနည်းငယ်လောက်နေမှ ရမယ်ထင်တယ် ၊ အဲ့ဒီအတွက် မင်းတို့စိတ်ပူစရာမလိုဘူး ၊ ငါဂိုဏ်းကို အကြောင်းကြားထားလိုက်မယ် မင်းတို့ဒီကြားထဲ အဆင်ပြေအောင်နေကြပေါ့"
ချောင်ဖုန်းနဲ့ယီရှင်းထျန်သည် အချင်းချင်းမျက်နှာကြည့်လိုက်ပြီး လျန်ယွီစကားကို သဘောတူလိုက်သည်။
"အကြီးအကဲလျန်ယွီ....... အဆင်ပြေသလိုလုပ်ပါ"
ထိုအခါ လျန်ယွီသည် တပည့်တစ်ယောက်ကို ခေါ်ပြီး ချောင်ဖုန်းတို့နေဖို့အခန်းကို ပြခိုင်းလိုက်သည်။
ထိုအခါ ယန်အစီအရင်ဂိုဏ်းသားဝတ်စုံကို ဝတ်ဆင်ထားတဲ့လူတစ်ယောက်ရောက်ရှိလာပြီး ချောင်းဖုန်းတို့ကို နေစရာလိုက်ပြပေးခဲ့သည်။
"စီနီယာအကိုတို့........ဒီအခန်းပဲ ၊ တစ်ခုခုလိုအပ်ရင် ကျွန်တော်ကို ခေါ်ခိုင်းလို့ရပါတယ်"
ယီရှင်းထျန်သည် ထိုလူသည် သူ့တို့ကို ရိုသေလွန်းနေတာကြောင့် ပြောလိုက်သည်။
"ဂျူနီယာညီလေး.....ငါတို့ကတစ်ဂိုဏ်းထဲလေ မင်းအဲ့လောက်ရိုသေစရာမလိုပါဘူး"
"စီနီယာအကိုတို့ ကျွန်တော်အဂ္ဂိရတ်ပညာရပ်ပထမဆုံးသင်ယူဖို့အချိန်ရောက်ပြီမလို့ ကျွန်တော်ကို ခွင့်ပြုပါအုံး"
ချောင်ဖုန်းသည် အဂ္ဂိရတ်ပညာရပ်လို့ ပြောသံကြားတဲ့စိတ်ဝင်စားသွားကာ ထိုလူကို ချက်ချင်းပြန်မေးလိုက်သည်။
"ငါမင်းနဲ့အတူ လိုက်လာလို့ရလား"
"စီနိယာအကို ဆေးဖော်စပ်တာကို စိတ်ဝင်စားတယ်ဆိုရင်တော့ ကျွန်တော်နဲ့လိုက်ခဲ့လို့ ရပါတယ် ၊ ဒါပေမယ့် အဲ့ဒီမှာ ဆူညံလို့မရဘူးနော်စီနီယာအကို"
"ငါနားလည်ပြီ......"
ယီရှင်းထျန်ကတော့ အခန်းထဲမှာပဲ ကျန်ခဲ့ပြီး ချောင်ဖုန်းတို့သည် လူများအုံနေသော အခန်းတစ်ခန်းကို ရောက်ရှိလာခဲ့သည်။
ထိုအခန်းထဲတွင် အသက်လေးဆယ်ခန့်ရှိသောသူသည် ရင်ဘတ်ပေါ်တွင် အဂ္ဂိရတ်ပညာရှင်တွေ၏ တံဆိပ်ကို တပ်ဆင်ထားပြီး ဆေးမီဖိုအိုးတစ်လုံးရှေ့မှ ရပ်နေတာကိုတွေ့လိုက်ရသည်။
"အားလုံးပဲ ငါပြောတာကို သေချာနားထောင်ကြပါ ၊ အဂ္ဂိရတ်ဆေးပညာရှင်တစ်ယောက်ဖြစ်ဖို့ဆိုတာ သိုင်းပညာရှင်တစ်ယောက်ဖြစ်ဖို့ထက်အဆပေါင်းများစွာ ပိုခက်တယ် ၊ အဲ့ဒီအတွက် မင်းတို့တွေက အဂ္ဂိရတ်ပညာရှင်ဖြစ်ချင်တယ်ဆိုရင် ငါပြောတာတွေကို တစ်ခုမကျန်နားထောင်ရမယ်"
ထိုလူသည် လက်ကို နောက်ပစ်လိုက်ပြီး မီးဖိုရှေ့မှာ ဆရာကြီးပုံစံဖြင့် ပြောပြလေသည်။
"မင်းတို့က ဘုရင်နယ်ပယ်အဆင့်ကို မရောက်ရှိသေးရင်တော့ ထင်းကို အသုံးပြုပြီး ထင်းမီးနဲ့ ဆေးလုံးကို ကြိုချက်ရမယ် ၊ ဘုရင်မာနယ်ပယ်ကို ရောက်ရှိရင်တော့ ကိုယ်ပိုင်စွမ်းအားကို ထိန်းချုပ်ပြီးထင်းမီးအစားအသုံးပြုနိုင်တယ်"
ထိုထဲတွင် လူသုံးလောက်ကသာ ဘုရင်နယ်ပယ်အဆင့်ကို ရောက်ရှိသွား၍ မပျော်မရွှင်ဖြစ်သွားကြသည်။ထိုလူသည် ကိုယ်ပိုင်စွမ်းအားဖြင့် သူ့ရှေ့က မီးဖိုကို အပူပေးပြလိုက်သည်။အားလုံးသည် စိတ်ဝင်တစားဖြင် ကြည့်နေကြလေသည်။
"ပထမအဆင့်ပြီးပြီဆိုတော့ ဒုတိယတဆင့်ကို ငါပြောပြမယ် ၊ မင်းတို့သေချာနားထောင်ကြနော် ၊ ဒုတိယတဆင့်က ကိုဖော်စပ်မယ့် ဆေးလုံး ဒါမှမဟုတ် ဆေးရည်မှာ ပါဝင်မယ့်ပစ္စည်းတွေကို သေသေချာချာ ချိန်ရတယ်"
ထို့နောက် ထိုလူသည် သူချိန်ပြီးထားဿာ ဆေးပင်များထည့်ထားသောခွက်လေးများစွာကို ယူလိုက်ပြီး တစ်ခုကို အရင်ထည့်လိုက်သည်။
"နောက်တစ်ဆင့် အဂ္ဂိရတ်ပညာရှင်တိုင်းမှာအဓိက လိုအပ်ချက်ဖြစ်တဲ့ စိတ်ဝိညဥ်စွမ်းအားပဲ ၊ စိတ်ဝိညဥ်စွမ်းအားမြင့်လေ ဆေးဖော်စပ်ရာမှာ အောင်မြင်ဖို့ရာခိုင်နှုန်းပိုများလေပဲ"
ထိုအခါ ကြည့်နေတဲ့အထဲက မိန်းကလေးတစ်ယောက်က ထမေးလိုက်သည်။
"အကြီးအကဲခန်းရှီး.....အဲ့စိတ်ဝိညဥ်စွမ်းအားကို ဘယ်လိုအသုံးပြုရတာလဲ"
"စိတ်ဝိညဥ်စွမ်းအားကိုအသုံးပြုချင်တယ်ဆိုရင် မင်းရဲ့ချွမ်သွေးကြောနိုးထလာဖို့ လိုတယ်"
ချွမ်သွေးကြောသည် စိတ်ဝိညဥ်စွမ်းအားကို အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးပြီး ဒန်တျန်ရဲ့ ညာဘက်အပေါ်ဘက်တွင် ရှိသောသွေးကြောဖြစ်ကြောင်း ကျင့်ကြံသူအားလုံးသိရှိထားကြသည်။
ခန်းရှီးသည် သူပထမဆုံးထည့်ထားသော ဆေးပင်များကို တစ်ခုပြီးတစ်ခု သန့်စင်လိုက်သည်။ဆေးမီးဖိုထဲတွင် ရှိနေသော ဆေးပင်များကို စိတ်ဝိညဥ်စွမ်းအင်ဖြင့် တစ်ခုစီဂရုတစိုက်သန့်စင်ရပြီး ကိုယ်ပိုင်ဝိညဥ်စွမ်းအင်ဖြင့် အပူဓာတ်ကိုလဲ ညီမျှစွာ ထားရကြောင်း အသေးစိတ်ပြောပြလေသည်။
ထို့နောက် ခန်းရှီးသည် ဆေးမီးဖိုထဲရှိ ကျိုချက်သန့်စင်ထားသောအရည်များကို စုစည်းလိုက်တဲ့အခါ မွှေးကြိုင်သောအနံတစ်ခုသည် ထွက်ပေါ်လာလေသည်။
ထိုအခါ ခန်းရှီးသည် သူဖော်စပ်ထားတဲ့ ဆေးရည်များကို မျှတစွာ
ဖန်ခွက်အသေးလေးများစွာထဲသို့ ထည့်လိုက်ပြီး အားလုံးကို တစ်ခွက်စီသောက်ခိုင်းလိုက်သည်။
ချောင်ဖုန်းသည် သူပေးတဲ့ဖန်ခွက်ကို ယူသောက်လိုက်တဲ့အခါ ခန်းရှီးဥှုဓူသည် မမြင်ဖူးတာကြောင့် အံသြနေသော်လည်း ဘာမှမပြောဘဲ အားလုံးကိုသာ ပြောလိုက်သည်။
"ခုငါဖော်စပ်တဲ့ဆေးရည်က အနိမ့်စားဆေးရည်ဆိုပင်မယ့် မင်းတို့ရဲ့ ချွမ်သွေးကြောကို နိုးထလာနိုင်အောင်လုပ်ပေးတဲ့ဆေးရည်ပဲ "
အားလုံးသည် ချွမ်သွေးကြောကို နိုးထစေနိုင်တယ်လို့ကြားတဲ့အခါ
ထိုင်လိုက်ကြပြီး ချွမ်သွေးကြောနိုးထသွားအောင် ကျင့်ကြံကြလိုက်လေသည်။
ထိုအခါ လူအနည်းငယ်သည် သူတို့ရဲ့ခန္ဓာကိုယ်အပြင်ဘက်မှာ အဖြူရောင်အလင်းရောင်ဖြစ်ပေါ်လာပြီး ချွမ်သွေးကြောပွင့်သွားကြလေသည်။ထိုထဲတွင် ချောင်ဖုန်းလဲ အပါအဝင်ဖြစ်သည်။
တချို့သော လူတွေကတော့ စိတ်ပျက်လက်ပျက်ဖြစ်သွားကြပြီး ခေါင်းစိုက်သွားတဲ့အခါ ခန်းရှီးသည် သူတို့ကို အားပေးလိုက်သည်။
"မပွင့်သေးတဲ့လူတွေက စိတ်ဓာတ်ကျစရာမလိုပါဘူး ၊ အားတဲ့အချိန်ကြ ငါနေတဲ့ခြံကို မင်းတို့လာခဲ့ပါ"
ထို့နောက် ခန်းရှီးသည် ဆေးရည်တစ်မျိုးကို ဖော်စပ်ရန်လိုအပ်သည့် ပစ္စည်းအမယ်များကို ရေးထားသော စာရွက်လေးတစ်ရွက်ကို အားလုံးပေးလိုက်သည်။
"ဆေးမီးဖိုတစ်လုံးနဲ့ဒီဆေးအမယ်တွေကို အဂ္ဂိရတ်မျှော်စင်မှာ မင်းတို့က တပည့်သားအသစ်တံဆိပ်ပြားနဲ့အတူ ထုတ်ယူထားပါ မနက်ဖြန်ကြရင် အချိန်မှန်မှန်လာဖို့ငါမျှော်လင့်တယ် "
ထိုအခါ အားလုံးသည် ပြိုင်တူပြောလိုက်ကြသည်။
"ဟုတ်ကဲ့ပါ....အကြီးအကဲခန်းရှီး"