← Chapters

chapter(33)

Vol. 3 Ch. 33

chapter(33)

Vol. 3 Ch. 33

အသန့်စင်ဆုံးစနစ် အခန်း(33)

ခန်းရှီးထွက်ခွာသွားပြီးတဲ့နောက်မှာ အားလုံးသည် အဂ္ဂိရတ်မျှော်စင်မှာ ခန်းရှီးပြောတာတွေ ထုတ်ယူဖို့ ရောက်ရှိလာခဲ့သည်။

ချောင်ဖုန်းသည် နေရာမသိတာကြောင့် သူနဲ့အတူလာခဲ့သည့် တစ်ယောက်နဲ့လိုက်သွားခဲ့သည်။

အဂ္ဂိရတ်မျှော်စင်သို့ ရောက်တဲ့အခါ ပတ်ဝန်းကျင်သည် အငွေ့ငွေ့တလိုင်းလိုင်းဖြစ်နေခဲ့သည်။ချောင်ဖုန်းသည် အထဲရောက်တဲ့အခါ တန်းစီ၍ ထုတ်ယူနေတာကို တွေ့လိုက်ရသည်။ချောင်ဖုန်းလဲ နောက်ဆုံးမှ ရောက်ရှိပြီး ထိုလူတွေနဲ့ အတူ တန်းစီ၍ နေလိုက်ပြီး ခဏအကြာမှာ ချောင်ဖုန်းရဲ့အလှည့်ကို ရောက်ရှိလာခဲ့သည်။

"မင်းနာမည်ဘယ်လိုခေါ်လဲ....."

"ရီချောင်ဖုန်းပါ........"

ထိုလူသည် ချောင်ဖုန်းရဲ့ နာမည်ကို စုတ်တံဖြင့် ရေးလိုက်ပြီး သူ့နောက်အပေါက်အသေးလေးပေါ်တင်ပေးလိုက်တဲ့အခါ လူတစ်ယောက်သည် အခန်းအတွင်းမှ ထိုစာရွက်လေးကို ယူသွားပြီး ခဏအတွင်းမှာပဲ သံပြားဖြင့်ပြုလုပ်ထားသော တံဆိပ်ပြားလေးကို ပြန်ထုတ်၍ ပေးလိုက်သည်။

ပစ္စည်းများကိုထုတ်ယူပေးသော သူသည် ထိုတံဆိပ်ပြားကို ယူလိုက်ပြီး မှော်ဆေးပင်များထုပ်ထားသော အထုပ်လေးကို ချောင်ဖုန်းကိုပေးလိုက်သည်။

"ဒါက သင်ယူခွင့်တံဆိပ်ပြားနဲ့ မှော်ဆေးအမယ်တွေပဲ ၊ ဆေးမီးဖိုကတော့ ဟိုအခန်းထဲမှာ မင်းကြိုက်တာကို ရွေးယူလို့ရတယ်"

ထိုအခါ ချောင်ဖုန်းသည် သူရှေ့က လူများဝင်သွားသော အခန်းတစ်ခန်းထဲကို လိုက်ဝင်သွားခဲ့သည်။အခန်းထဲရောက်သောအခါ သစ်သားစင်များပေါ်တွင် မတူညီသောဆေးမီးဖိုများစွာကို တွေ့လိုက်ရသည်။

ထိုတွင် လူသစ်များသည် ဆေးမီးဖိုများကို ရွှေးနေသည့်အခါ နားလည်သော လူတစ်ယောက်သည် ဆေးမီးဖိုများအကြောင်းကို လိုက်လံ၍ ရှင်းပြနေခဲ့သည်။ချောင်ဖုန်းလည်း ဆေးမီးဖိုများကို လိုက်လံ ကြည့်ရှုတဲ့အခါ ရှင်းပြနေသောသူသည် ချောင်ဖုန်းအနားကို ရောက်ရှိလာခဲ့သည်။

ချောင်ဖုန်းသည် ရှေးခေတ်လက်ရာများဖြင့်ပြုလုပ်ထားသော ဆေးမီးဖိုကို တွေ့တဲ့အခါ သဘောကျပြီး ကိုင်ကြည့်လိုက်သည်။

"ညီငယ်လေး.....မင်းကိုင်လိုက်တဲ့ဆေးအိုကို အသစ်ရောက်လာတဲ့လူတော်တော်များက ရွေးချယ်ဖို့ လုပ်ဖူးကြတယ်ကွ ၊ ငါလဲ အဲ့ထဲမှာ အပါအဝင်ပဲဆိုပါတော့ ၊ ဒါပေမယ့် အဲ့ဆေးမီးဖိုမှာ ချို့ယွင်းချက်ရှိနေတဲ့အတွက် အကြီးအကဲတစ်ယောက်ဆေးဖော်စပ်တုန်းက ပေါက်ကွဲမှုကို ဖြစ်ဖူးတဲ့အတွက် ဒီမှာ ရှေးခေတ်လက်ရာပုံစံအဖြစ်ပဲ ထားထားကြတာပဲ"

ချောင်ဖုန်းသည် ဆေးမီးဖိုသေချာကြည့်လိုက်ကာ ထိုလူအားပြောလိုက်သည်။

"စီနီယာအကို.....ငါဒီဆေးမီဖိုကို သဘောကျလို့ ဒါလေးပဲ ယူလိုက်တော့မယ်"

ထိုအခါ ရှင်းပြနေသော သူသည် ခေါင်းခါ၍ သူလက်ထဲက ယက်တောင်ကို ဖွင့်ပိတ်လုပ်ကာ ပြောလိုက်သည်။

"ညီငယ်လေး.......ငါမင်းကို ကြိုသတိပေးတယ်နော် ၊ တစ်စုံတစ်ရာဖြစ်ရင်တော့ အားလုံးသက်သေခံရှိတဲ့အတွက် မင်းငြင်းလို့ရမှာ မဟုတ်ဘူး"

ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး ထိုဆေးမီးဖိုကို ယူကာ သူရဲ့သိုလှောင်ကွင်းလက်စွပ်ထဲသို့ ထည့်သိမ်းလိုက်သည်။ထို့နောက်ထိုလူသည် ချောင်ဖုန်းနားကပ်ကာ ဘယ်သူမှမကြားအောင်ပြောလိုက်သည်။

"ညီငယ်လေး....ငါ့မှာစိတ်ဝိညဥ်စွမ်းအားကို တိုးတက်အောင်လေ့ကျင့်လို့ရတဲ့ကျင့်စဥ်တစ်ခုရှိတယ် ၊ မင်းစိတ်ဝင်စားရင် ငါ့မင်းကို ညီကိုလို သဘောထားပြီး ရွှေဒင်္ဂါးနည်းနည်းနဲ့ရောင်းလိုက်မယ်"

ချောင်ဖုန်းသည် ထိုလူသည် လူသစ်တွေကို ဆေးမီးဖိုတွေ လိုက်ရှင်းပြချင်ယောင်ဆောင်ပြီး ဝင်ငွေ ရှာနေတာကို နားလည်သွားခဲ့သည်။

"စီနီယာအကို......မင်းက ဘယ်လောက်နဲ့ရောင်းမလဲ"

ထိုလူသည် ချောင်ဖုန်းပဲ မြင်အောင်လက်ငါးချောင်းထောင်ပြလိုက်သည်။ချောင်ဖုန်းသည် သူရဲ့သိုလှောင်ကွင်းလက်စွပ်ထဲမှ ရွှေဒင်္ဂါးငါးပြားကို ထုတ်ပေးလိုက်တဲ့အခါ ထိုလူကလဲ စာအုပ်တစ်အုပ်ကို ထုတ်ပေးလိုက်သည်။ထို့နောက်နှစ်ယောက်သား ဘယ်သူမှမမြင်ခင် သိုလှောင်ကွင်းလက်စွပ်ထဲသို့ အမြန်သိမ်းလိုက်ကြသည်။

"ကဲ ညီငယ်လေး......ငါလဲတာဝန်ပြီးပြီဖြစ်တဲ့အတွက် ဒီနေရာကနေသွားတော့မယ် ၊ နောက်မှ ပြန်ဆုံကြတာပေါ့"

ချောင်ဖုန်းလဲ ပစ္စည်းတွေ ထုတ်ယူပြီးပြီဖြစ်တဲ့အတွက် ထိုနေရာမှ ထွက်ခွာလာခဲ့သည်။အခန်းထဲပြန်ရောက်တဲ့အခါ ယီရှင်းထျန်ကတော့ အစားအစာများကို စားသောက်နေတဲ့အတွက် ချောင်ဖုန်းလဲ ယီရှင်းထျန်အတူ ဝင်စားသောက်လိုက်သည်။ယီရှင်းထျန်သည် ပလုတ်ပလောင်းစားနေရင်း ချောင်ဖုန်းကို ပြောပြလိုက်သည်။

"ချောင်ဖုန်း....စိမ်းရေပြင်စံအိမ်မှာ အဂ္ဂိရတ်ပညာရှင်တွေက နှုတ်ထွက်တဲ့သူများသွားတဲ့အတွက် ငါတို့ဒီမှာ အချိန်တော်တော်နေရမယ်လို့ အကြီးအကဲလျန်ယွီက ခုနလေးတင်လာပြောသွားတယ်"

ချောင်ဖုန်းသည် စားနေရင်း ခေါင်းငြိမ့်ပြလိုက်ပြီး သူစားစရာရှိတာကိုဆက်စားနေခဲ့သည်။

နှစ်ယောက်သားစားသောက်ပြီးတဲ့အခါ ယီရှင်းထျန်သည် ကုတင်ပေါ်တွင်ထိုင်လိုက်ကာ ချောင်ဖုန်းအား ဆရာကြီးလုပ်ကာ ပြောလိုက်သည်။

"ငါတို့က ကျင့်ကြံရေးသမားတွေဖြစ်တဲ့အတွက် အချိန်ကို အကျိူးရှိရှိအသုံးချသင့်တယ်"

ထို့နောက် ယီရှင်းထျန်သည် ချီစွမ်းအင်များကို စုပ်ယူကာ လေ့ကျင့်နေလေသည်။ချောင်ဖုန်းကတော့ လောလောဆယ်မှာ မာဘိုင်ဟူးရဲ့သိုလှောင်ကွင်းထဲမှအရာများကို ကြည့်ရှုလိုက်သည်။မာဘိုင်ဟူးရဲ့သိုလှောင်လက်စွပ်ထဲတွင် ရွှေဒင်္ဂါးသောင်းချီရှိနေတဲ့အပြင် ဝိညဥ်ကျောက်တုံး အနည်းငယ်ပါ ဆက်ရှိနေတာ ချောင်ဖုန်းတွေ့လိုက်ရသည်။

ထို့နောက်ချောင်ဖုန်းသည် ကောင်းကင်ဘုံလေလံခန်းမမှာ ရရှိသွားတဲ့ ရတနာပစ္စည်းတွေအပါအဝင် ဝိညဥ်စွမ်းအင်ပါရှိတဲ့ ဓားတစ်ချို့ပါ တွေ့ရှိသွားခဲ့သည်။ချောင်ဖုန်းသည် ထိုဓားများတွင် ပါဝင်သော ဝိညဥ်စွမ်းအင်များမှာ သူလိုချင်တာနဲ့ အံကိုက်ဖြစ်သွားတဲ့အတွက် ပျော်ရွှင်သွားခဲ့သည်။

ထို့နောက် မာဘိုင်ဟူး ဝိညဥ်ကျောက်တုံး ငါးတုံးပေးကာ လေလံတင်ခဲ့သော အရှင်လျူဖုန်းရဲ့ ရှေးဟောင်းကျင့်စဥ်သည် ရွှေရောင်စာလုံးဖြင့် စာလိပ်ပေါ်တွင် ရေးသားထားတာကြောင့် ချောင်ဖုန်းကို ဆွဲဆောင်နေလေသည်။

ထိုကျင့်စဥ်သည် ဓားသိုင်းကျင့်စဥ်မဟုတ်ဘဲ လက်ညိုးကိုဓားကဲ့သို့

လေ့ကျင့်ရသော ကျင့်စဥ်ဖြစ်သည်။ထိုကျင့်စဥ်တွင် ပထမပိုင်း၊ ဒုတိယပိုင်းနှင့် တတိယပိုင်းဆိုပြီး ခွဲခြားထားသေးလေသည်။ချောင်ဖုန်းသည် ပထမပိုင်းကျင့်စဥ်ကို စတင်ပြီးလေ့ကျင့်ပါတော့သည်။ချောင်ဖုန်းသည် လေ့ကျင့်ရင်းရေရွတ်လိုက်သည်။

"ဒါပထမပိုင်းကျင့်စဥ်ဖြစ်တဲ့ ခံစားချက်မဲ့သေခြင်းတရားကျင့်စဥ်ပဲ

ကိုယ်ပိုင်စွမ်းအားကို လက်ညိုးမှာစုစည်းပြီး ဓားသဖွယ်တိုက်ခိုက်ရမယ် "

ချောင်ဖုန်းသည် လက်များကို စတင်၍ လှုပ်ရှားကာ လေ့ကျင့်နေခဲ့သည်။ယီရှင်းထျန်ကတော့ ထုံးစံအတိုင်း ဟောက်၍ အိပ်နေပြီဖြစ်သည်။မနက်မိုးလင်းတဲ့အချိန်မှာတော့ ချောင်ဖုန်းသည် လေ့ကျင့်နေတာကို ရပ်လိုက်ပြီး အပျင်းကြောဆန့်လိုက်သည်။

ထို့နောက် သိုလှောင်ကွင်းလက်စွပ်ထဲမှ ဆေးမီးဖိုကို ထုတ်လိုက်ကာ သေချာကြည့်လိုက်သည်။

ဆေးမီးဖိုရဲ့ အပေါ်အဖုံးနား၏ ဘယ်ဖက်နဲ့ညာဖက်တွင် ​နဂါးနှစ်ကောင်သည် တစ်ကောင်နဲ့တစ်ကောင်ကြည့်နေတဲ့ပုံဖြစ်နေပြီး အလယ်တွင် ပဲ့ထွက်နေသော သံကျောက်တုံးအစလေးများကို တွေ့လိုက်ရသည်။

ချောင်ဖုန်းသည် စိတ်ထဲကနေပဲ ဆေးမီးဖိုကို သန့်စင်ဖို့ပြောလိုက်သည်။

"ဒီဆေးမီးဖိုကို သန့်စင်မယ်"

ထိုအခါ ဆေးမီးဖိုတစ်ခုလုံးသည် ရွှေရောင်ကဲ့သို့ အလင်းဓာတ်များ ထွက်ပေါ်လာပြီး လှုပ်ခါ၍ သွားခဲ့သည်။ချောင်ဖုန်းသည် ဆေးမီးဖိုကို ကြည့်လိုက်တဲ့အခါ ခုနက ပုံစံဖြင့် အကုန်ကွဲပြားသွားတာကို သိလိုက်ရသည်။

ဆေးမီးဖိုတစ်ခုလုံးသည် အရောင်များထွက်ပေါ်လာခဲ့ပြီး ပဲ့ထွက်နေသော နေရာတွင် နဂါးနှစ်ကောင်သည် အချင်းချင်းမီးမှုတ်နေသော ပုံစံအဖြစ်သို့ပြောင်းလဲသွားသည်။

ချောင်ဖုန်းသည် ဆေးမီးဖိုကို သိုလှောင်ကွင်းလက်စွပ်ထဲသို့ ထည့်လိုက်ပြီး အဂ္ဂိရတ်ပညာရပ်ကိုသင်ယူဖို့ အကြီးအကဲခန်းရှီးသင်ကြားပေးသော အခန်းကို ပြန်လည်ထွက်ခွာလာခဲ့သည်။

ခန်းရှီးသည် အခန်းထဲတွင် ထိုင်ကာ အားလုံးကို စောင့်နေခဲ့သည်။

လူတွေစုံသွားတဲ့အခါ ခန်းရှီးသည် ကိုယ်ပိုင်စွမ်းအားနဲ့စိတ်ဝိညဥ်စွမ်းအားအသုံးမပြုနိုင်သေးတဲ့လူတွေကို ခွဲခြားလိုက်ကာ စိတ်ဝိညဥ်အသုံးအပြုနိုင်သော သူတွေကို တခြားအဂ္ဂိရတ်ဆရာတစ်ယောက်နဲ့ သင်ကြားစေလိုက်သည်။

ထို့အခါ အခန်းထဲတွင်လူဦးရေအနည်းငယ်သာ ကျန်ရှိပြီး ခန်းရှီးသည် လက်နောက်ပစ်ကာ ပြောလိုက်သည်။

"မဆိုးဘူး.....မင်းတို့တွေက အဂ္ဂိရတ်ပညာရှင်ဖြစ်လာနိုင်မယ့် အရည်အချင်းတွေရှိတဲ့အတွက် ကြိုးကြိုးစားစားလေ့ကျင့်သင့်တယ် "

ထို့နောက် ခန်းရှီးသည် အဂ္ဂိရတ်ပညာရှင်တွေအကြောင်းကို ရှင်းပြလိုက်သည်။

အဂ္ဂိရတ်ပညာရပ်တွင် သိုင်းကျင့်ကြံသူများကဲ့သို့ အဆင့်များခွဲခြားထားသည်။အလုပ်သင်ကနေ အဆင့်ကိုးအဂ္ဂိရတ်ပညာရှင်အထိရှိပြီး ဘုရင်နယ်ပယ်အဆင့်ကကျင့်ကြံသူသမားတောင် ပထမအဆင့်အဂ္ဂိရိတ်ပညာရှင်ကို လေးစားကြရသည်။

ထိုအခါ အားလုံးသည် အဂ္ဂိရတ်ပညာရှင်တစ်ယောက်ပို၍ ဖြစ်ချင်သွားကြသည်။

All Chapters