chapter(34)
Vol. 3 Ch. 34
အသန့်စင်ဆုံးစနစ် အခန်း(34)
ထို့နောက် ခန်းရှီးသည် အဂ္ဂိရတ်မျှော်စင်မှ ထုတ်ယူခိုင်းထားသော ဆေးမီးဖိုနဲ့ဆေးအမယ်များကို ထုတ်ခိုင်းလိုက်သည်။
"မင်းတို့တွေ နည်းနည်းခွဲနေလိုက်ပြီး အဂ္ဂိရတ်မျှော်စင်က ထုတ်ခိုင်းထားတဲ့ ဆေးမီးဖိုနဲ့ဆေးအမယ်အထုပ်ကို ထုတ်လိုက်"
ထိုအခါ အကုန်လုံးသည် နည်းနည်းကွာကွာနေကြလိုက်ပြီး ဆေးမီဖိုနဲ့ဆေးအမယ်အထုပ်ကို သိုလှောင်ကွင်းလက်စွပ်ထဲက ထုတ်လိုက်ကြသည်။
ခန်းရှီးလဲ သူဆေးမီးဖိုကို ထုတ်လိုက်ပြီး ကိုယ်ပိုင်စွမ်းအားဖြင့် ဆေးမီးဖိုကို အပူပေးကာ အားလုံးကို ပြောလိုက်သည်။
"မင်းတို့ရဲ့ကိုယ်ပိုင်စွမ်းအားကို အသုံးပြုပြီး ဆေးမီးဖိုကို အပူပေးပါ ၊ ကိုယ်ပိုင်စွမ်းအားမရှိတဲ့လူတွေကတော့ ထင်းမီးကို အသုံးပြုနိုင်တယ်"
အားလုံးသည် ခန်းရှီး ခိုင်းသလို ဆေးမီးဖိုကို အပူပေးလိုက်ကြသည်။ထို့နောက် ခဏအကြာမှာ ဆေးအမယ် တစ်ခုကို ထည့်ခိုင်းလိုက်သည်။
"မင်းတို့ရဲ့စိတ်ဝိညဥ်စွမ်းအားနဲ့ကိုယ်ပိုင်စွမ်းအားကို အသုံးပြုပြီး
ဆေးပင်တစ်ခုကို ဂရုတစိုက်သန့်စင်ရမယ် ၊ အပူချိန်ကိုလဲ မျှတစွာ ထိန်းထားရမယ် "
ခန်းရှီးသည် အားလုံးကို စိတ်ရှည်ရှည်ဖြင့်သင်ကြားပေးလေသည်။
ချောင်ဖုန်းသည် ထိုရက်တွေအတွင်း ခံစားချက်မဲ့သေခြင်းတရားကျင့်စဥ်နှင့်အဂ္ဂိရတ်ပညာရပ်ကို လေ့ကျင့်နေခဲ့သည်။တနေ့သော မနက်တစ်ခုမှာတော့ ယီရှင်းထျန်သည် ချောင်ဖုန်းကို သူတို့ပြန်ရတော့မည်ဖြစ်ကြောင်းပြောလိုက်သည်။
"ချောင်ဖုန်း......အကြီးအကဲလျန်ယွီက ဂိုဏ်းကလိုအပ်တာတွေလာပေးပြီးပြီ ၊ ငါတို့ဘယ်ချိန်ပြန်ကြမလဲ"
"ကောင်းပြီလေ.....မကြာခင်ပြန်ကြရတာပေါ့"
ချောင်ဖုန်းသည် အဂ္ဂိရတ်ပညာရပ်ကို ဆက်လေ့လာချင်ပေမယ့် ပြန်ရတော့မည်ဖြစ်တဲ့အတွက် အကြီးအကဲခန်းရှီးရှိ နှုတ်ဆက်ဖို့ ထွက်လာခဲ့သည်။
အကြီးအကဲခန်းရှီးသည် အမြဲတိုင်းလိုလို အခန်းထဲတွင် တပည့်တွေထက် ဦးစွာရောက်ရှိနေပြီး အခန်းထဲတွင် တစ်ယောက်ထဲထိုင်နေလေသည်။ချောင်ဖုန်းသည် ခန်းရှီးကို လက်နှစ်ဖက်ဆုပ်ကာ ခေါင်းငုံ၍ အရိုအသေပြုလိုက်သည်။ခန်းရှီးသည် ချောင်ဖုန်းအကြောင်းကို အကုန်စုံစမ်းပြီးထားဖြစ်သည်။
"ကောင်လေး....မင်းကငါတို့ရဲ့ပင်ရင်းဂိုဏ်းက တပည့်သားတစ်ယောက်ဖြစ်ပြီး အဂ္ဂိရတ်ပညာရပ်ကို စိတ်ဝင်စားမယ်လို့မထင်ထားမိဘူး"
ထို့နောက် ခန်းရှီးသည် စာအုပ်တစ်ခုကို ထုတ်ပေးလိုက်သည်။
"ဒါက ငါဆရာတွေကစီကနေ တဆင့်ရခဲ့တဲ့စာအုပ်ပဲ ၊ အဲ့စာအုပ်ထဲမှာ အဂ္ဂိရတ်ပညာရပ်နဲ့ပက်သက်တဲ့အကြောင်းအရာတွေအများကြီးပါတယ်တဲ့အတွက် မင်းကို အထောက်အကူပြုစေမှာပါ"
"ကျေးဇူးတင်ပါတယ်.....အကြီးအကဲခန်းရှီး ၊ နောက်တစ်ခေါက်ဒီကိုလာဖြစ်ခဲ့ရင် အဂ္ဂိရတ်ပညာရှင်စစ်စ်ဖြစ်နေစေရပါမယ်"
ထို့နောက်ချောင်ဖုန်းသည် ခန်းရှီးကို နှုတ်ဆက်ခဲ့ပြီးနောက် အတူင်ယူခဲ့သည့်သူများနဲ့လဲ လမ်းတစ်လျှောက် နှုတ်ဆက်ကာ ယီရှင်းထျန်ရှိရာကိုပြန်လာခဲ့သည်။
"ရှင်းထျန်.....ငါတို့ထွက်ခွာကြရအောင်....."
ယီရှင်းထျန်သည် အကြီးအကဲ လျန်ယွီပေးထားသော ဆေးလုံးများနှင်လက်နက်များကို သေချာစစ်လိုက်ပြီး ချောင်ဖုန်းကို ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက် နှစ်ယောက်သား ဝိညဥ်လှေနဲ့ထွက်ခွာလာခဲ့သည်။ချောင်ဖုန်းကတော့ ရှေ့ကနေဝိညဥ်လှေကို ထိန်း၍ လာခဲ့ပြီးယီရှင်းထျန်ကတော့ အိပ်၍ လိုက်လာခဲ့သည်။
ထိုချိန်မှာ အနက်ရောင်စွမ်းအင်လှိုင်းတစ်ခုသည် ချောင်ဖုန်းတို့ ဝိညဥ်လှေအပေါ်သို့ ကျရောက်သွားပြီး ဝိညဥ်လှေနဲ့အတူ ချောင်ဖုန်းတို့သည် လွင့်ထွက်သွားလေသည်။ချောင်ဖုန်းသည် ဝိညဥ်လှေနဲ့တစ်နေရာစီဖြစ်သွားပြီ ယီရှင်းထျန်ကို ကြည့်လိုက်တဲ့အခါ သစ်ပင်တဲ့စောင့်တဲ့အခါ မေ့မြောနေလေသည်။
ချောင်ဖုန်းသည် အသံကြားတာကြောင့် အပေါ်ယံကို ကြည့်လိုက်တဲ့အခါ လေပေါ်တွင် တည်ငြိမ်စွာရှိနေသော ဧကရာဇ်နယ်ပယ်အဆင့်က လူလေးယောက်နှင့် ဓားပျံပေါ်တွင် ရှိနေသောလူတစ်ယောက်ကို တွေ့လိုက်ရသည်။
"သေစမ်း........ဘယ်သူတွေလဲ"
ဓားပျံပေါ်မှ လူသည် ချောင်ဖုန်းကို အေးစက်သောအကြည့်ဖြင့်ပြောလိုက်သည်။
"ယန်အစီအရင်ဂိုဏ်းကကောင်စုတ်.......မင်းငါ့ကို မမှတ်မိတော့ဘူးလား"
ချောင်ဖုန်းသည် ထိုလူကို ကြည့်လိုက်တဲ့အခါ အိမ်ရှေ့စံမင်းသားယွမ်ချီမှန်းသိရှိသွားခဲ့သည်။ယွမ်ချီသည် သာမာန်အဝတ်အစားဝတ်ဆင်ထားပြီး သူဘေးနားတွင် ဧကရာဇ်နယ်ပယ်အဆင့်လေးယောက်ရှိသူက ကာကွယ်ထားလေသည်။
"မင်းက အိမ်ရှေစံမင်းသားမလား ၊ ဘာကိစ္စနဲ့ငါ့ကို တိုက်ခိုက်တာလဲ"
ထိုအခါ ဧကရာဇ်နယ်ပယ်အဆင့်မှ လူသည် ဒေါသအသံဖြင့် ချောင်ဖုန်းကို ပြောဆိုလိုက်သည်။
"အတင့်ရဲလှချည်လား...... တော်ဝင်မိသားစုကို ဘယ်လောက်စကားပြောရမလဲ မင်းမသိဘူးလား"
ထိုအခါ ယွမ်ချီသည် သူ့ဘေးမှ လူကို လက်ထောင်ပြလိုက်ပြီး ဘာမှဆက်မပြောဖို့ အမူအယာပြလိုက်ပြီး ရယ်လိုက်ကာ ချောင်ဖုန်းကို ပြောလိုက်သည်။
"ဟားဟား.....ငါဘာလို့မင်းကို တိုက်ခိုက်လဲဟုတ်လား ၊ ကောင်စုတ်လေး မင်းငါ့ကိုဘာမှမသိဘူးထင်နေတာလား......... မာဘိုင်ဟူးကို သတ်ပြီးတော့ သူ့ရှိကနေ မင်းယူသွားတဲ့ အရှင်လျူဖုန်းကို ငါ့ကိုပေးပါ မဟုတ်ရင် ဒီနေရာက မင်းသေမယ့်နေရာဖြစ်သွားလိမ့်မယ်"
အမှန်တကယ်တော့ အိမ်ရှေ့စံမင်းသားသည် လေလံပွဲအပြန်မှာ မာဘိုင်ဟူးရဲ့နောက်ကိုလိုက်ခဲ့ပြီး နောက်ကျသွားတဲ့အတွက် မာဘိုင်ဟူးရဲ့အလောင်းကိုသာ တွေ့ရှိလိုက်ရသည်။ထို့နောက် စစ်ဆေးကြည့်လိုက်တဲ့ ချောင်ဖုန်းမှန်းသိရှိသွားတဲ့အတွက် ယန်အစီအရင်ဂိုဏ်းသို့ ပြန်တဲ့လမ်းမှာ စောင့်နေခြင်းဖြစ်သည်။
ယီရှင်းထျန်သည် သတိပြန်ရလာခဲ့ပြီး ချောင်ဖုန်းနားကို ရောက်ရှိလာခဲ့သည်။
"ချောင်ဖုန်း.....သူတို့က ဘယ်သူတွေလဲ "
"အလယ်ကတစ်ယောက် လေလံပွဲမှာ ငါတို့တွေ့ခဲ့ရတဲ့ အိမ်ရှေ့စံမင်းသားပဲ"
ထိုအခါ ယီရှင်းထျန်သည် လန့်ဖြန့်ကာ ပြောလိုက်သည်။
"ဘာ......အိမ်ရှေ့စံမင်းသားယွင်ချီလား"
ထိုချိန်မှာ ရယ်သံတစ်ခုသည် လေထဲကနေ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
"ဟား......အရှင်မင်းသားက အားလုံးရဲ့သဘောတူညီချက်တွေကို ဖျက်စီးနေတာပဲ ၊ ဒီအကြောင်းသာ တခြားဂိုဏ်းတွေသိသွားမယ်ဆိုရင် တော်ဝင်မိသားစုတစ်ခုလုံးကို အယုံအကြည်ကင်းမဲ့သွားလိမ့်ကြမယ်"
ယွင်ချီသည် လေထဲတွင် ပျံသန်းနေသော အသက်အလွန်ကြီးမားသော အဖိုးကြီးတစ်ယောက်သည် ဆယ်နှစ်ကျော်မိန်းကလေးတစ်ယောက်နှင့်အတူလေထဲမှာ ပျံသန်းလာတာကို သိလိုက်ရသည်။ထိုအဖိုးကြီးနှင့်မိန်းကလေးသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်၍ ထားပြီး အဖိုးအိုသည် အရက်အိုးလေးကို ခါးမှာ ချိတ်၍ ထားသည်။
"ခင်ဗျားကဘယ်သူလဲ......အသက်ရှင်ချင်သေးရင် ကိုယ့်လမ်းကိုယ်သွားပါ"
ထိုချိန်မှာ ယွင်ချီဘေးမှ လူသည် ရိုရိုသေသေဖြင့် ယွင်ချီကို အနားကိုကပ်ကာပြောလိုက်သည်။
"အရှင်မင်းသား....ဒီလူကို ကျွန်တော်တို့မသိပင်မယ့် သူရှိကနေ သေခြင်းတရားပိုင်ဆိုင်သူတစ်ယောက်ရဲ့အရှိန်အဝါကို ခံစားနေရပါတယ်"
"ဘယ်လို......သေခြင်းတရာပိုင်ဆိုင်သူတစ်ယောက်ရဲ့အရှိန်အဝါ"
ယွင်ချီသည် သူ့ဘေးက လူရဲ့စကားကြောင့် ထိုအဖိုးအိုကို စကားဆက်ပြောဖို့ ကြောက်ရွံသွားခဲ့သည်။သေခြင်းတရားပိုင်ဆိုင်သူတစ်ယောက်ဆိုတာ ဘုရင်နယ်ပယ်အဆင့်မှာရှိတဲ့ လူအယောက်တစ်ထောင်ကို သတ်ဖြတ်ပြီးနောက်မှာ ထိုလူတွေရဲ့အငြိုးအတေးက သတ်ဖြတ်တဲ့လူရဲ့ ခန္ဓာကိုယ်မှာရှိနေသော အရှိန်အဝါပင်ဖြစ်လေသည်။
သေခြင်းတရားပိုင်ဆိုင်သူတစ်ယောက်သည် သူရဲ့ခန္ဓာကိုယ်အစစ်ကို ဖုံးကွယ်ထားလို့ရနိုင်ပြီး စွမ်းအင်ကို အသုံးပြုကာ ခန္ဓာကိုယ်အတုဖြင့် လှုပ်ရှား၍ ရနိုင်သည်။သို့သော ထိုခန္ဓာကိုယ်အတုရဲ့စွမ်းအားသည်လဲ အစစ်နဲ့ကွာခြားမှုသိပ်မရှိပေ။
ယွင်ချီစိတ်ပျက်စွာနဲ့ သူဘေးက လူတွေကို ပြောလိုက်သည်။
"အဲ့တာဆို ငါက အဲ့သိုင်းကျင့်စဥ်ကို စွန့်လွှတ်ရတော့မှာလား ၊ မင်းတို့လေးယောက်က ဧကရာဇ်နယ်ပယ်အဆင့်ကလေ သူ့ကို ကြောက်နေတာလား"
ထိုအခါ ယွင်ချီဘေးမှ နောက်တစ်ယောက်သည် သေသေချာချာရှင်းပြလိုက်သည်။
"အရှင့်သား..... ဒီလူကိုနိုင်ပြီး ဟိုကောင်စုတ်လေးရှိက ကျင့်စဥ်ရသွားရင်တောင် အဲ့လူက သူရဲ့ခန္ဓာအစစ်နဲ့အင်အားကြီးတဲ့လူတွေကို လှုံဆော်လိုက်ရင်နဲ့ ကျွန်တော်တို့ပဲ အထိအခိုက်များပါလိမ့်မယ် အရှင့်သား....."
ထိုအခါယွင်ချီသည် နားလည်သွားပြီး စိတ်ပျက်သွားကာ ဘာမှမပြောတော့ဘဲ ထိုနေရာမှာ လှည့်ထွက်သွားပါတော့သည်။
ချောင်ဖုန်းသည် သူရဲ့ဝိညဥ်လှေကို အနားကိုယူလိုက်ပြီး သူတို့ကို ကူညီသော အဖိုးအိုကို ကျေးဇူးတင်လိုက်သည်။
"ကျွန်တော်တို့ကိုကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်အကြီးအကဲ"
ထိုအဖိုးသည် လေထဲကနေပျောက်သွားပြီး ချောင်ဖုန်းနဲ့ယီရှင်းထျန်နားကို ဖျက်ကနဲရောက်ရှိလာလေသည်။အဖိုးအိုသည် ချောင်ဖုန်းနှင့် ယီရှင်းထျန်ကို ခန္ဓာကိုယ်ကို ပတ်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"မင်းတို့နှစ်ယောက်က ဘာဂိုဏ်းကကျင့်ကြံသူတွေလဲ......
ဘာလို့ဂိုဏ်းသားဝတ်စုံမဝတ်ထားရတာလဲ"