← Chapters

Chapter(35)

Vol. 3 Ch. 35

Chapter(35)

Vol. 3 Ch. 35

အသန့်စင်ဆုံးစနစ် အခန်း(35)

ယီရှင်းထျန်သည် ရိုရိုသေသေ လက်နှစ်ဖက်ဆုပ်၍ ပြန်ပြောလိုက်သည်။

"အကြီးအကဲ.......ကျွန်တော်တို့က ယန်အစီအရင်ဂိုဏ်းကပါ "

ထိုလူသည် သူရဲ့အရက်အိုးလေးကို မော့သောက်လိုက်ပြီး မိန်းကလေးကို လက်ကဆွဲခေါ်၍ ဘာမှမပြောတော့ဘဲ ပျံသန်းသွားလေသည်။ထိုအခါယီရှင်းထျန်က တစ်မျိူးဖြစ်သွားပြီး ချောင်ဖုန်းကို မေးလိုက်သည်။

"ဘာလို့ဒီအကြီးအကဲက ယန်အစီအရင်ဂိုဏ်းလို့ကြားတာနဲ့ တန်းထွက်သွားရတာလဲ"

ချောင်ဖုန်းကတော့ ထိုချိန်မှာ မကောင်းသော အငွေ့အသက်ကို ထပ်မံခံစားလိုက်ရသည်။

"အဲ့တာအရေးမကြီးဘူးရှင်းထျန်.....ငါတို့ကို တစ်ယောက်ယောက် ချောင်းနေသလိုပဲ"

ထိုအခါ ယီရှင်းထျန်သည် အိမ်ရှေ့စံမင်းသားယွင်ချီက မပြန်သေးတာလားဟုထင်မိလိုက်သည်။

ခဏအကြာမှာတော့ အဆင့်ငါးနတ်ဆိုးသားရဲတွေကို ဦးဆောင်သော ခေါင်းသုံးလုံးမြေခွေးသည် အစွယ်များမှ သားရည်တွေကျနေစွာဖြင့်ချောင်ဖုန်းတို့ရှိရောက်လာလေသည်။

ယီရှင်းထျန်သည် ကြောက်လန့်ပြီး ဒူးပါတုန်သွားလေသည်။ထိုအနီးအနားရှိ သစ်ပင်ရဲ့အကိုင်းတစ်ခုပေါ်မှာ ထိုင်နေသော မိန်းမပျိူတစ်ဦးသည် ယီရှင်းထျန်ကို ကြည့်ပြီး တစ်ယောက်ထဲ ကြိတ်ရယ်နေလေသည်။

"စနစ်ရှင်သည် အဆင့်ငါးနတ်ဆိုးသားရဲကို သတ်နိုင်လျှင် သန့်စင်ခွင့် ငါးကြိမ်ရရှိပါမည်"

ချောင်ဖုန်းသည် ပြုံးနေချိန်မှာ ယီရှင်းထျန်က ကြောက်လန့်၍ ပြောလိုက်သည်။

"ချောင်ဖုန်း......ငါတို့ထွက်ပြေးရင်တောင်လွတ်မယ်မထင်တော့ဘူးထင်တယ်"

ထိုချိန်မှာ သစ်ပင်ပေါ်ရှိမိန်းကလေးနားတွင် အရိပ်ဖြင့် လူနှစ်ယောက်ပေါ်လာခဲ့ပြီး မိန်းကလေးကို ဦးညွှတ်ကာ မေးလိုက်သည်။

"သခင်မလေး......ကျွန်တော်တို့ သူတို့နှစ်ယောက်ကို ကယ်လိုက်ရမလား"

"နေဦး.....ငါကြည့်ချင်သေးတယ်"

ချောင်ဖုန်းသည် ​ယီရှင်းထျန်သည် အစီအရင်စာရွက်တစ်ခုကို ယီရှင်းထျန်ကို ပေးလိုက်သည်။ယီရှင်းထျန်သည် ချောင်ဖုန်းပေးသော အစီအရင်စာရွက်ကို ခြေထောက်မှာ ကပ်လိုက်ပြီး အသက်သွင်းလိုက်သည်။

"မြွှေပါအစီအရင်အသက်ဝင်စေ......"

ချောင်ဖုန်းသည် ပေါက်ကွဲစေနိုင်သော အစီအရင်စာရွက်များဖြင့် နတ်ဆိုးသားရဲကောင်ကို ပစ်လိုက်သည်။

ထိုအခါ "အုန်း.....အုန်း" ဆိုသော ပေါက်ကွဲသံများထွက်ပေါ်လာပြီး နတ်ဆိုးသားရဲကြီးရဲ့ "ဝူး.......ဝူး "အူသံကို ကြားလိုက်ရသည်။

ချောင်ဖုန်းသည် ယီရှင်းထျန်ကို ပြေးခိုင်းမလိုပဲရှိသေး ယီရှင်းထျန်ကတော့ အနားမှာတောင်မရှိတော့ပေ။

"ဒီကောင်........"

ထိုအခါ ချောင်ဖုန်းလဲ အစီအရင်စာရွက်ကို ကပ်ကာ ထွက်ပြေးပါတော့သည်။

"ငါနတ်ဘုရားခြေလှမ်းကျင့်စဥ်ကို အသုံးပြုလို့မဖြစ်သေးဘူး ၊ အမည်မသိစွမ်းအားရှိတဲ့လူတွေ ဒီနားမှာရှိနေတာ ကျိန်းသေတယ်"

ချောင်ဖုန်းသည် သစ်ပင်များကို ပတ်ပြေးပါတော့သည်။မိန်းမပျိုလေးကတော့ သစ်ပင်တွေပေါ်ကနေ ချောင်ဖုန်းနောက်လိုက်လာခဲ့သည်။

ချောင်ဖုန်းသည် သူ့နောက်လိုက်လာသော သူတွေနဲ့စွမ်းအားအငွေ့အသက်တွေ အနည်းငယ်ပျောက်သွားတဲ့အခါ ပြေးနေရင်းပင် ယန်အစီအရင်ရတနာကို ထုတ်လိုက်ပြီး အစီအရင်ကို လျင်မြန်စွာ ချခင်းလိုက်သည်။

ချောင်ဖုန်းသည်ယန်အစီအရင်ရတနာကို ပြန်ဖျောက်ထားလိုက်ပြီး ဓားတစ်ချောင်းကို ကိုင်ထားလိုက်သည်။စက္ကန့်ပိုင်းအတွင်းမှာပဲ နတ်ဆိုးသားရဲကြီးသည် လျင်မြန်စွာ အရှိန်ဖြင့် ချောင်ဖုန်းကိုအမှီလိုက်နိုင်လေသည်။သစ်ပင်ပေါ်မှာလဲ မိန်းကလေးသည် ရောက်ရှိနေပြီဖြစ်သည်။

နတ်ဆိုးသားရဲကြီးသည် သူ့ပါးစပ်ထဲမှာ ပိုးကောင်ပုံစံရှိသော အရာများဖြင့် ချောင်ဖုန်းအားတိုက်ခိုက်လိုက်သည်။ချောင်ဖုန်းသည် ဓားကို ဝိညဥ်စွမ်းအင်အသက်သွင်းပြီး သာမာန်သာ ပြန်ခုခံလိုက်သည်။

ချောင်ဖုန်းသည် တစ်ချက်ထဲနဲ့ မခုခံနိုင်ဘဲ ဓားနှင့်အတူလွင့်ထွက်သွားလေသည်။ချောင်ဖုန်းသည် လက်မှာလွင့်ထွက်သွားဓားကို ပြန်ကောက်လိုက်ပြီး နှုတ်ခမ်းမှ ထွက်သွားသော သွေးကို လက်မောင်းဖြင့် ပွတ်သုတ်လိုက်သည်။

ထိုချိန်မှာ နတ်ဆိုးသားရဲမြေခွေးသည် တရှိန်ထိုးပြေးဝင်လာပြီး ချောင်ဖုန်းကို ခုန်အုပ်လိုက်သည်။ချောင်ဖုန်းလဲ ဓားဖြင့် အမြန်တုံပြန်လိုက်လေသည်။

ထိုအခါ နတ်ဆိုးသားရဲကြီးသည် ချောင်ဖုန်း၏ အပေါ်တွင် ရှိနေပြီး ချောင်ဖုန်းကတော့ လက်သည်းကြီးများကို သူ့ဓားဖြင့် ခုခံထားလေသည်။

နတ်ဆိုးသားရဲသည် သူရဲ့စွမ်းအားဖြင့် အပေါ်မှထပ်မံဖိချလိုက်တဲ့အခါ ချောင်ဖုန်းသည် ဒူးတစ်ဖက်ထောက်သောအခြေအနေကို ရောက်ရှိသွားခဲ့သည်။

"သေစမ်း......ဘာလို့တစ်ယောက်မှ ဝင်မလှုပ်ရှားသေးတာလဲ"

ချောင်ဖုန်းသည် သူအားနည်းသောအချိန်မှာ အလစ်ဝင်တိုက်ခိုက်မယ်ထင်နေတာကြောင့် တမင်အားနည်းချင်ယောင်ဟန်ဆောင်နေခြင်းဖြစ်သည်။

မြေခွေးနတ်ဆိုးသားရဲသည် ထပ်မံ တိုက်ခိုက်လိုက်တဲ့အခါမှတော့ ချောင်ဖုန်းသည် ဓားနဲ့လူနဲ့ အလွန်ဝေးကွာသွားပြီး မြေပြင်ပေါ်မှာ လဲသွားလေသည်။

သစ်ပင်ပေါ်မှ အရိပ်နှစ်ခုသည် ပြန်လည်၍ ပေါ်လာခဲ့ပြီး စိုးရိမ်သော ပုံဖြင့်မေးလိုက်သည်။

"သခင်မလေး............."

ထိုမိန်းမပျိုသည် ချောင်ဖုန်းကြည့်ကာ "အားနည်းလိုက်တာ......"ဟု ပြောဆိုပြီး ကယ်ခိုင်းလိုက်သည်။

ထိုအခါ အရိပ်မဲဖြင့် လူနှစ်ယောက်သည် ချောင်ဖုန်းရှေ့ကို ချက်ချင်းရောက်ရှိလာလေပြီး မြေခွေးနတ်ဆိုးသားရဲကို တိုက်ခိုက်လိုက်သည်။ချောင်ဖုန်းသည် သူ့ကို ကာကွယ်လိမ့်မယ်လို့မထင်ထားသည့်အတွက်အံသြသွားလေသည်။

ထိုအရိပ်မဲဖြင့် လူနှစ်ယောက်သည် ဧကရာဇ်နယ်ပယ်အဆင့်ဆိုပေမယ့် မြေခွေးနတ်ဆိုးသားရဲကို မနည်းပင်ရင်ဆိုင်နေရသည်။

"လူငယ်လေး......ငါတို့ထင်ထားတာထက် ဒီမြေခွေးနတ်ဆိုးသားရဲ့အင်းအားက ပိုအားကောင်းတဲ့အတွက် ဒီနေရာကနေအမြန်ထွက်သွားတော့"

ထိုချိန်မှာ လေထဲမှ လက်ခုပ်တီးပြီး ရယ်လာတဲ့ လူနှစ်ယောက်သည် ရောက်ရှိလာခဲ့သည်။

"ဟားဟား......ယန်အစီအရင်ဂိုဏ်းက ကောင်စုတ် မင်းအခုဘာတက်နိုင်သေးလဲ ၊ အရှင့်သား စောင့်ကြည့်ခိုင်းထားတာမှန်တာပဲ "

လေထဲကနေ လူနှစ်ယောက်သည် အောက်ကို ဆင်းသက်လာခဲ့သည်။ထိုလူနှစ်ယောက်ကတော့ ယွင်ချီဘေးမှ သက်တော်စောင့် နှစ်ယောက်ဖြစ်သည်။ချောင်ဖုန်းကတော့ သူ့ရဲ့အစီအရင်အတွင်းကို ရောက်ရှိလာတဲ့အတွက်​ပြုံးလိုက်သည်။

"စနစ်ရှင်သည် ထိုလူနှစ်ယောက်ကိုသတ်နိုင်ပါက သန့်စင်ခွင့်လေးကြိမ်ရရှိပါမည်"

"ဧကရာဇ်နယ်ပယ်အဆင့်ကလေ လေးကြိမ်ဆိုတော့မနည်းဘူးလားကွ"

ထိုလူနှစ်ယောက်ရဲ့ နာမည်ကတော့ ဖန်းယီးနဲ့လုံစန်းပင်ဖြစ်ပြီး ငယ်စဥ်ကတည်းက ယွင်ချီကို စောင့်ရှောက်ပေးရသောသူများဖြစ်ပြီး မကြာသေးခင်မှ ဧကရာဇ်နယ်ပင်အဆင့်ကို ချိုးဖောက်ထားသူများဖြစ်ကြသည်။

ထိုအခါ အရိပ်မဲဖြင့်လူနှစ်ယောက်သည် မြေခွေးနတ်ဆိုးသားရဲကို ရင်ဆိုင်နေရတဲ့အချိန်မှာ နောက်ထပ်လူများရောက်ရှိလာလိမ့်မယ်လို့ မထင်ထားချေ။

"သေစမ်း......သူတို့ကငါတို့ထွက်တိုက်ခိုက်မှာကို စောင့်နေတာလား"

ဖန်းယီသည် သူရဲ့ယပ်တောင်ဖြင့် ယပ်ခပ်လိုက်ပြီး ချောင်ဖုန်းအားမေးလိုက်သည်။

"ကောင်စုတ်လေး.......မင်းကိုကယ်မယ့်သူမရှိတော့ဘူးထင်တယ်"

ထိုအချိန်မှာ ဘေးမှာရှိနေသော မိန်းမပျိုသည် ဓားတစ်ချောင်းကို ကိုင်ကာ ချောင်ဖုန်းရှေ့မှ ရပ်တည်၍ ပြောလိုက်သည်။

"ဝူဘုရင်ရဲ့လူတွေက တော်တော်အတင့်ရဲနေတာပဲ......"

ထိုအခါ ဖန်းယီသည် သူယပ်တောင်ကို ရပ်လိုက်ပြီး မေးလိုက်သည်။

"မင်းတို့က ဘယ်သူတွေလဲ.....ဒီကောင်လေးကို ဘာလို့ကယ်ဖို့ကြိုးစားနေတာလဲ"

ထိုအခါ မိန်းမပျိုသည် အစိမ်းရောင်ရှိသောခေါင်းလောင်းကို ဝိညဥ်စွမ်းအင်အသက်သွင်းလိုက်တဲ့အခါ မိန်းမပျိုရဲ့နောက် ကြီးမားသောခေါင်းလောင်းပုံစံဖြင့်မျှော်စင်တစ်ခုရဲ့ ဝိညဥ်စွမ်းအင်သည် ပေါ်ထွက်လာခဲ့သည်။

ထိုအခါ လုံစန်းသည် နဖူးမှချွေးများစွာ ထွက်သွားပြီးကြောက်လန့်၍ ထစ်ထစ်နဲ့မေးလိုက်သည်။

"နတ်ဘုရားခေါင်းလောင်း မျှော်စင် ဂိုဏ်း ဂိုဏ်းကလား..........."

All Chapters