← Chapters

chapter(36)

Vol. 3 Ch. 36

chapter(36)

Vol. 3 Ch. 36

အသန့်စင်ဆုံးစနစ် အခန်း(36)

နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းကတော့ တိုင်းပြည်များစွာမှစုပေါင်းပြီး လူတွေကို ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ဂိုဏ်းတစ်ခုဖြစ်သည်။ထိုဂိုဏ်းကို ဘယ်တိုင်းပြည်ကနေဖြစ်ဖြစ် အလေးထားဆက်ဆံရမည်ဖြစ်သည်။

လုံစန်းသည် ဖန်းယီပုခုံးကို ကိုင်ကာ ပြောလိုက်သည်။

"ဖန်းယီ....ကြည့်ရတာ သူတို့ကိုလွှတ်ပေးလိုက်မယ်ဆိုရင် ဝူဘုရင်ရဲ့အမျက်ဒေါသနဲ့ငါတို့နှစ်ယောက် သေဒဏ်ချခံရမယ်ကျိန်းသေတယ်"

"လုံစန်း........မင်းဆိုလိုတာက "

ဖန်းယီနှင့်လုံစန်းသည် နောက်ဆုတ်လဲ သေရမယ့်အတူတူ တစ်ခါထဲ နှုတ်ပိတ်သတ်ဖို့လုပ်လိုက်သည်။

ဖန်းယီနဲ့လုံစန်းသည် ဒဏ်ရာရနေသော ချောင်ဖုန်းကို နောက်မှသတ်ဖို့ ဆုံးဖြတ်လိုက်ပြီး မိန်းမပျိုကို နှစ်ယောက်တစ်ယောက်ဝင်တိုက်ခိုက်လေသည်။

အရိပ်မဲလူနှစ်ယောက်ကတော့ နတ်ဆိုးသားရဲကိုသာ ထိန်းနေရသည်။

ဖန်းယီနှင့်လုံစန်းသည် သူတို့ဓားကို အသက်သွင်းလိုက်ပြီး ဧကရာဇ်နယ်ပယ်အဆင့်ရဲ့လျင်မြန်နှုန်းနှင့်တိုက်ခိုက်လိုက်သည်။

"နတ်မင်းကြီးလေးပါးကျင့်စဥ်......."

မိန်းမပျိုသည် ဘုရင်နယ်ပယ်အစောပိုင်းအဆင့်၌သာ ရှိသေးပြီး ဧကရာဇ်နယ်ပယ်အဆင့်နှစ်ယောက်က တစ်ပြိုင်နက် တိုက်ခိုက်လာတာကြောင့် ကြောင့်လန့်သွားခဲ့သည်။မိန်းမပျိုသည် သူဓားကို အသက်သွင်းကာ ပြန်လည်ခုခံတဲ့ချိန်မှာ အရိပ်မဲတစ်ခုသည် သူရှေ့ကနေ ပေါ်လာပြီး ဖန်းယီနဲ့လုံစန်းရဲ့ တိုက်ခိုက်မှုကို ခုခံလိုက်သည်။

ထိုအခါလုံစန်းသည် လှောင်ပြောင်၍ ပြောလိုက်သည်။

"မင်းတို့နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းက နေရတကာ ဝင်ပါတဲ့အတွက် ကြည့်မရတာအတော်ကြာပြီ ၊ ဒီလိုနေ့မျိူးဖြစ်လာလိမ့်မယ်လို့မထင်ထားခဲ့ဘူး ဟားဟား...ဟားဟား"

မိန်းမပျိုကလဲ သူ့လူဘက်က ဝင်ခုခံပေးလိုက်သည်။ထိုချိန်မှာ မြေခွေးနတ်ဆိုးသားရဲနှင့် တိုက်ခိုက်နေသော အရိပ်မဲဖြင့်လူတစ်ယောက်သည် မြေပြင်ပေါ်ကို ဒဏ်ရာများစွာဖြင့် လွင့်ထွက်သွားခဲ့သည်။လုံစန်းသည် သူ့ရဲ့ စွမ်းအားကို ပို၍ မြှင့်လိုက်ကာ ပြောလိုက်သည်။

"မင်းတို့နှစ်ယောက်လဲသွားသေလိုက်တော့...... "

လုံစန်းပြောပြီးနောက်မှာ ခုခံနေသော မိန်းမပျိုနှင့် အရိပ်မဲဖြင့် လူသည်လည်း လွင့်ထွက်သွားလေသည်။ဖန်းယီသည် ဓားဖြင့် ချောင်ဖုန်းကို ရွယ်ကာ ပြောလိုက်သည်။

"ကောင်စုတ်လေး......မင်းသေဖို့အချိန်ရောက်ပြီ"

ချောင်ဖုန်းသည် မြေပြင်ပေါ်တွင် လဲကျချင်ယောင်ဆောင်ထားတာကြောင့် ပေနေသော ဖုန်တွေကို ခါနေတဲ့ဖန်းယီသည် ကျိန်ဆဲလိုက်သည်။

"ဆောက်ရူးကောင်.....ငါမင်းကိုပြောနေတာမကြားဘူးလား"

ချောင်ဖုန်းသည် ဖန်းယီကို တချက်ကြည့်လိုက်ပြီး လက်သီးများကို စုပ်ကာ ပြောလိုက်သည်။

"မင်းတို့နှစ်ယောက်က ငါ့အသက်ကိုလိုချင်နေတာလား ၊ ကြည့်ရတာမင်းတို့လူမှားပြီးရန်စမိပြီထင်တယ်"

ချောင်ဖုန်းသည် ပြောပြီးတာနဲ့သူအစီအရင်ကို အသက်သွင်းလိုက်သည်။

"မဟာသူတော်စင်အစီအရင်ဖွဲ့စည်းပုံ အသက်ဝင်စမ်း"

ဖန်းယီနဲ့လုံစန်းသည် ချောင်ဖုန်းပြောလိုက်တဲ့စကားကြောင့် ခွက်ထိုးခွက်လန်ရယ်ပါတော့သည်။

"ဖန်ယီ.....မင်းကြားလိုက်လား ၊ ဒီကောင်က သူ့ကိုယ်သူအစီအရင်ပါမောက္ခထင်နေတယ် ၊ ယန်အစီအရင်ဂိုဏ်းက လောင်ဇူတောင်မဟာသူတော်စင်အစီအရင်ကို လပေါင်းများစွာ အချိန်ပေးပြီး ဖန်တီးတည်ဆောက်ရတာ မင်းကခဏလေးအတွင်းမှာ......ဟားဟား"

အရိပ်မဲနှင့်မိန်းမပျိုလေးကလဲ ချောင်ဖုန်းသည် ရူးနေသည်လားဟု ထင်သွားလေသည်။

"ဒီကောင်လေး ရူးနေတာလား.....ဘာတွေလျှောက်ပြောနေတာလဲ"

သို့သော် သူတို့အားလုံးသည် ရုတ်တရက်ပြောင်းလဲမှုကြီးကို ခံစားလိုက်ရတဲ့အတွက် ပြိုင်တူပြောဆိုလိုက်ကြသည်။

"မဖြစ်နိုင်ဘူး......ဒါတကယ်ပဲမဟာသူတော်စင်အစီအရင်လား"

မဟာသူတော်စင်အစီအရင်သည် အစီအရင်အတွင်းမှ ရှိသောသူများကို ကျင့်ကြံမှုတစ်ဆင့်လျော့ချနိုင်လေသည်။အားလုံးသည် သူတို့ရဲ့သိုင်းတစ်ဆင့် ကျဆင်းသွားတာကို ခံစားလိုက်ရသည်။

ဖန်းယီသည် ဒေါသကြီးစွာဖြင့် ချောင်ဖုန်းအားပြောလိုက်သည်။

"ကောင်စုတ်လေး.....မင်းကတကယ်ပညာလျိူထားတာပဲ ၊ မင်းကိုဘယ်လိုမှချန်ထားလို့မရတော့ဘူး"

ချောင်ဖုန်းသည် လက်နောက်ပစ်ကာ တည်တည်သန့်သန့်ပဲ ပြောလိုက်သည်။

"ခုချိန်မှာ ခင်ဗျားတို့ ဒူးထောက်တောင်းပန်ရင်တောင် အသက်ရှင်ဖို့ ရာခိုင်နှုန်းမရှိတော့ဘူး"

ထိုအခါ လုံစန်းသည် သူရဲ့လက်ဖဝါးအတွင်း သွေးကို ဓားပေါ်ကို ဆွဲပွတ်လိုက်၍ ပြောလိုက်သည်။

"ကောင်စုတ်လေး...... ငါတို့နှစ်ယောက်လုံး ဘုရင်နယ်ပယ်ရဲ့အထွဋ်အထိပ်အဆင့်ဆိုပင်မယ့် မင်းလိုမလောက်လေးမလောက်စားကောင်လေးတစ်ယောက်ကို အေးဆေးသတ်နိုင်ပါသေးတယ်"

လုံစန်းသည် ဓားကို မိုးပေါ်သို့ ရွယ်ကာ ချောင်ဖုန်းကို ခုတ်ချလိုက်သည်။ချောင်ဖုန်းသည် သူ့ရှိ​ခုန်တိုက်ခိုက်သော လုံစန်းကို ပြုံး၍ ​"မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ " လို့ ပြောဆိုလိုက်ပြီး

ခံစားချက်မဲ့သေခြင်းတရားကျင့်စဥ်ကို အသုံးပြုကာ လက်ညိုးတစ်ချောင်းဖြင့် လုံစန်းကို တိုက်ခိုက်လိုက်သည်။

ထိုအခါ ကြောက်ရွံဖွယ်ကောင်းသော ချီစွမ်းအင်များပြည့်နှက်နေသော အလင်းတန်းကြီးကြောင့် လုံစန်းရဲ့ ခန္ဓာကိုယ်သည် လေပေါ်မှာတွင် ပေါက်ကွဲပြီး အစအနပင်ပျောက်သွားပြီး သိုလှောင်ကွင်းလက်စွပ်လေးသာ ကျလာလေသည်။

ကြည့်နေသော လူများသည် ချောင်ဖုန်းကို ကြည့်ကာ "လက်ညိုးတစ်ချောင်းထဲနဲ့သတ်ဖြတ်လိုက်တာလား "ဟု အံအားသင့်စွာပြောလိုက်မိပြီး ကြောက်ရွံသွားကြသည်။

ဖန်းယီသည် နဖူးမှ ချွေးများထွက်လာပြီး သေးများပင်ထွက်သွားကာ ချောင်ဖုန်းကို ဒူးထောက်တောင်းပန်ပါတော့သည်။

"သခင်လေး.......ကျွန်တော်မျိုး မျက်စိမမြင်ဘဲ သခင်လေးကိုစော်ကားမိလို့ အခါတစ်သောင်းမကသေသင့်ပါတယ် ၊ သခင်လေးကြိုက်တာခိုင်းပါ ၊ ကျွန်တော်မျိူးရဲ့အသက်ကို ချမ်းသာပေးပါ"

သို့သော်ချောင်ဖုန်းသည် "ငါကမင်းကို ချမ်းသာပေးရမယ်ဟုတ်လား....." ဟုပြောဆိုပြီး လက်ညိုးတစ်ချောင်းထဲဖြင့် ဖန်းယီကိုပါ သတ်ပစ်လိုက်လေသည်။ထိုချိန်မှာ မြေခွေးနတ်ဆိုးသားရဲကလဲ သူ့ထက်အင်အားကြီးသူကို တွေ့၍ နောက်ဆုတ်ဖို့ ပြင်ဆင်လေသည်။

ချောင်ဖုန်းသည် သူ့ရဲ့ဓားကို ထုတ်လိုက်ပြီး "မင်းကလဲထွက်ပြေးချင်တာလား......နောက်ကျသွားပြီး "ဟု ​ပြောရင်း ဓားဖြင့် ​ခုတ်ချလိုက်လေသည်။ထိုအခါ မြေခွေးခေါင်းသုံးလုံးသည် မြေပေါ်သို့ ကျရောက်သွားခဲ့သည်။ထို့နောက် ​ခေါင်းမပါသောခန္ဓာကိုယ်ထဲမှ

မှော်သားရဲအမြူတေတစ်ခုထွက်လာလေသည်။

"စနစ်ရှင်သည် စုစုပေါင်းသန့်စင်ခွင့် ကိုးကြိမ်ရရှိသွားပါပြီ"

ချောင်ဖုန်းသည် သူရဲ့ယန်အစီအရင်ထဲသို့ အလံတိုင်များကို ပြန်သိမ်းထည့်လိုက်ပြီး မှော်သားရဲအမြူတေနှင့်သားရဲရဲ့ခန္ဓာကိုယ်အပြည့်အစုံ ၊ သိုလှောင်ကွင်းလက်စွပ်နှစ်ကွင်း နဲ့ ဓားနှစ်ချောင်းတို့ကိုပါ ထည့်လိုက်ကာ ရယ်လိုက်သည်။

"မဆိုးဘူး.......ဒီတစ်ခါ ငါတော်တော်မြတ်လိုက်တာပဲ ဟီး......"

ဘေးမှာ ရှိနေသော အရိပ်မဲလူနှစ်ယောက်နှင့်မိန်းမပျိူသည် ဆေးလုံးထုတ်သောက်လိုက်ပြီး ထိုင်ကာစုပ်ယူနေလေသည်။

ထို့နောက်မိန်းမပျိုသည် ချောင်ဖုန်းနားကို ရောက်ရှိလာ၍ လက်နှစ်ဖက်ဆုပ်ကိုင်၍ မေးလိုက်သည်။

"ကျွန်မနာမည် ရွှမ်မိန်ပါ......ဒီကသခင်လေးနာမည်ဘယ်လိုခေါ်လဲမသိဘူး......."

ချောင်ဖုန်းသည် ကောင်းကောင်းမွန်မွန်ပြန်ပြောလိုက်သည်။

"ငါနာမည်ရီချောင်ဖုန်းပါ.....မင်းအဲ့လောက်ကြီး နှိမ့်ချစရာမလိုပါဘူး"

ထိုအခါ ရွှမ်မိန်သည် လက်နှစ်ဖက်ကို အောက်ချလိုက်ကာ ပြောလိုက်သည်။

"ရွှမ်မိန်ကသခင်လေးချောက်ဖုန်းကို ဘဝင်မြင့်မယ်လို့ထင်ထားတာ ၊ ရွှမ်မိန်အထင်မှားသွားတာပဲ ဒါနဲ့သခင်လေးချောင်ဖုန်းက ဒီတိုင်းပြည်ကထင်တယ် ရွှမ်မိန်တို့ တော်ဝင်နန်းတော်ကို သွားဖို့အတွက် လမ်းပြပေးနိုင်မလား"

ချောင်ဖုန်းသည် ယီရှင်းထျန်ကို ရှာရအုံးမည်ဖြစ်တဲ့အတွက် ငြင်းလိုက်သည်။

"စိတ်မကောင်းပါဘူး.......ငါ့မှာလုပ်စရာလေးတွေ ရှိတဲ့အတွက် မင်းတို့ကိုလမ်းမပြနိုင်သေးဘူး"

"ကောင်းပါပြီ.....အဲ့တာဆို ရွှမ်မိန်တို့ကို ခွင့်ပြုပါအုံး"

ရွှမ်မိန်နှင့်အရိပ်မဲလူနှစ်ယောက်သည် ချောင်ဖုန်းရှေ့တွင် ပျောက်ကွယ်သွားကြလေသည်။

ထို့နောက်ချောင်ဖုန်းသည် ခံစားချက်မဲ့သေခြင်းတရားကျင့်စဥ်ကို

နားလည်မှုအဆင့်ရောက်ရှိသွားတဲ့အတွက် အနိူင်းမဲ့အဆင့်ထိ သန့်စင်လိုက်သည်။

"ဂုဏ်ယူပါတယ် စနစ်ရှင်သည် ခံစားချက်မဲ့သေခြင်းတရားကျင့်စဥ်ကို အနိူင်းမဲ့အဆင့်ထိတက်မြှောက်သွားပါပြီ"

"မဖြစ်သေးဘူး......ငါရှင်းထျန်ကို အမြန်ရှာရမယ်"

All Chapters