Chapter(37)
Vol. 3 Ch. 37
အသန့်စင်ဆုံးစနစ် အခန်း(37)
ချောင်ဖုန်းသည် ဝိညဥ်လှေကို အသုံးမပြုတော့ဘဲ နတ်ဘုရားခြေလှမ်းကျင့်စဥ်ကိုသာ သုံးပြီး တောထဲကို ယီရှင်းထျန်ကို ရှာဖို့ သွားခဲ့သည်။ချောင်ဖုန်းသည် အဝေးတစ်နေရာအထိ ရောက်လာပင်မယ့် လမ်းတစ်လျှောက်လုံးမှာ လူအရိပ်အယောင်တစ်ခုမှ မတွေ့ချေ။
"မဖြစ်နိုင်ဘူး...... ဒီအချိန်ခဏလေးအတွင်းမှာ ဘယ်ရောက်သွားတာလဲ"
ချောင်ဖုန်းသည် ရှေ့ကို နည်းနည်းဆက်သွားသည့်အခါ ဝါးပင်တွေသာ ရှိသော နေရာတစ်ခုကို ရောက်ရှိလာခဲ့သည်။ချောင်ဖုန်းသည် သူဖြတ်ခဲ့ဖူးသော တောထဲမှာ ဝါးပင်တွေမရှိတာ တွေခဲ့တဲ့အတွက်အံ့အားသင့်နေခဲ့သည်။ထိုချိန်မှာ ယီရှင်းထျန်သည် ချောင်ဖုန်းရဲ့ နောက်ကနေ ပေါ်လာခဲ့လေသည်။
"ချောင်ဖုန်း.....ငါမင်းကိုစောင့်နေတာ ငါတို့ယန်အစီအရင်ဂိုဏ်းကို အမြန်ပြန်ကြရအောင်"
ချောင်ဖုန်းသည် သူ့စိတ်ထဲတွင် ယီရှင်းထျန်သည် ကြောက်လန့်မှုဖြစ်မနေပဲ တည်ငြိမ်နေတဲ့အတွက် ပုံမှန်မဟုတ်မှန်းသိလိုက်ရ
သည်။
ချောင်ဖုန်းသည် သူဓားကို ထုတ်လိုက်ကာ ယီရှင်းထျန်အား ထိုးချလိုက်ပြီး "မင်းက ရှင်းထျန်မဟုတ်ဘူး....."ဟု ပြောလိုက်သည်။
ထိုအခါ ယီရှင်းထျန်ရဲ့ခန္ဓာကိုယ်သည် အနက်ရောင်မြူမှုန်အများပြောင်းလဲသွားပြီး လူတစ်ယောက်ရဲ့အသံထွက်ပေါ်လာခဲ့သည်။
ပတ်ဝန်းကျင်ကလဲ ဝါးပင်တွေကနေ မူလအတိုင်း သစ်ပင်တချို့ ပြန်ဖြစ်သွားခဲ့သည်။
"မဆိုးဘူး......မဆိုးဘူး ၊ မင်းက ရှေ့ကကောင်ထက်သတိရှိသားပဲ"
အနက်ရောင်ဝတ်ဆင်ထားသော သူသည် ချောင်ဖုန်းကို လျှပ်တစ်ပြက်အတွင်း ရောက်ရှိလာလေသည်။ချောင်ဖုန်းသည် ထိုလူကို ဓားဖြင့်ရွယ်ကာ မေးလိုက်သည်။
"မင်းဘယ်သူလဲ.......ရှင်းထျန်ကို မင်းဖမ်းထားတာမလား "
ထိုလူသည် အေးအေးဆေးဆေးပုံစံဖြင့် ချောင်ဖုန်းအားပြောလိုက်သည်။
"ငါလိုချင်တာရမယ်ဆိုရင် မင်းရဲ့လူကို ပြန်လွှတ်ပေးမယ်"
ချောင်ဖုန်းသည် သူ့ဓားကို ပြန်သိမ်းလိုက်ရင်း "မင်းကဘာလိုချင်တာလဲ" လို့မေးလိုက်သည်။
"မင်းဆီမှာ အရှင်လျူဖုန်းရဲ့ကျင့်စဥ်ရှိတယ်လို့ ငါသတင်းရထားတယ် "
ချောင်ဖုန်းသည် ထိုအခါမှ နားလည်၍သွားသည် ။သူရှေ့ကလူသည်လဲ ကျင့်စဥ်ကြောင့် ရောက်ရှိလာခြင်းဖြစ်သည်။ထိုချိန်မှာ မေ့နေသော ယီရှင်းထျန်ကို သယ်လာသော မိန်းမပျိူနှင့်အရိပ်မဲလူနှစ်ယောက်သည် ချောင်ဖုန်းနောက်ကို ရောက်ရှိလာခဲ့သည်။
"သခင်လေးချောင်ဖုန်း.....ရွှမ်မိန်တို့အကူအညီလိုသေးလား "
ထို့နောက်ယီရှင်းထျန်ကို ပြကာ မေးလိုက်သည်။
"သူက သခင်လေးချောင်ဖုန်းရဲ့သူငယ်ချင်းမလား"
အနက်ရောင်ဝတ်ဆင်ထားသော သူသည် ယီရှင်းထျန်ကို ပုံရိပ်ယောင်ကျင့်စဥ်ဖြင့် သတိလစ်အောင်လုပ်ထားပြီး သစ်ပင်ပေါ်တွင် ချည်ထားကာ ကျင့်စဥ်နှင့် အလဲအလှယ်လုပ်ဖို့ ဆုံးဖြတ်ထားသည်။ခုတော့ ရွှမ်မိန်တို့က ယီရှင်းထျန်ကို ခေါ်လာတဲ့အတွက် သူခြိမ်းခြောက်လို့မရတော့ပေ။
"သေစမ်း.......မင်းတို့က ဘယ်လိုလုပ်ပြီးသူကို ရှာတွေ့တာလဲ"
ရွှမ်မိန်သည် သူရဲ့ဘူးထဲ ပျားကောင်လေးတစ်ကောင်ကို ထုတ်ပြလိုက်သည်။ထိုပျားတွေသည် နောက်ယောင်ခံလိုက်တဲ့နေရာမှာ ဆရာတစ်ဆူဖြစ်သည်။ထိုလူသည် ဒေါသထွက်သွားကာ ချောင်ဖုန်းတို့ကို ကြိမ်ဝါးခဲ့သည်။
"ဒီတစ်ခေါက်မင်းတို့အားလုံး ကံကောင်းသွားတယ်မှတ်ပါ ၊ နောက်တစ်ခေါက်ငါနဲ့တွေ့တဲ့နေ့က မင်းတို့ငရဲရောက်မယ့်နေ့ပဲ"
ချောင်ဖုန်းသည် တစ်ချက်ပြုံးကာ ထွက်ပြေးတော့မယ့်လူကို ပြုံး၍ ချက်ချင်းပြန်တည်ကာပြောလိုက်သည်။
"ငါတို့ကို သတ်ချင်သေးတာလား.......မင်းမှာ အဲ့လိုအခွင့်အရေးမျိူးမရှိမှာစိုးရိမ်မိတယ်"
ထိုအခါ ထိုလူသည် ရယ်မောလိုက်ပြီး "ငါမင်းကိုမသတ်နိုင်သေးမယ့် မင်းလဲငါ့ကိုသတ်နိုင်မယ်ထင်နေတာလား.....ဟားဟား" ဟုပြောဆိုရင်း တစ်ကိုယ်လုံးပျောက်ကွယ်ကွယ်သွားလေသည်။
ချောင်ဖုန်းသည် လက်ညိုးတစ်ချောင်းထဲဖြင့် လေဟာနယ်ကို အလွယ်တကူ ခုတ်ချလိုက်ပြီး "သွားသေလိုက်တော့" လို့ ပြောဆိုလိုက်သည်။
ထိုအခါ အနက်ရောင်ဝတ်ဆင်ထားသော လူသည် သူ့အပေါ်ကျရောက်လာတဲ့စွမ်းအင်ကို ခံစားလိုက်ရပြီး"မဖြစ်နိုင်ဘူး.....ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" ဟု ပြောဆိုရင် ခံစားချက်မဲ့သေခြင်းတရားကျင့်စဥ်ရဲ့အောက်မှာ သေဆုံးသွားလေသည်။
အရိပ်မဲဖြင့် လူသည် ချောင်ဖုန်းသတ်ဖြတ်တာ ကြည့်ရင်း လန့့်နေခဲ့သည်။
"တကယ့်မကောင်းဆိုးဝါးပဲ...... ဧကရာဇ်နယ်ပယ်အဆင့်ကကျင့်ကြံသူကို လူကို လက်ညိုးလေးအလွယ်တကူဝေ့ဝိုက်လိုက်တာနဲ့ သတ်နိုင်တယ် ၊ ငါတစ်သက် ဒီလိုမကောင်းဆိုးဝါးမျိုးတစ်ခါမှ မတွေ့ဖူးဘူး"
လေထဲမှ သိုလှောင်ကွင်းလက်စွပ်တစ်ကွင်းသာ ကျလာခဲ့တာ ချောင်ဖုန်းသည် ဖမ်းယူလိုက်ပြီး ရွှမ်မိန်တို့ကို ကျေးဇူးတင်လိုက်သည်။ယီရှင်းထျန်ကိုသာ သူမတွေ့လျှင် ခုလို တိုက်ခိုက်လို့ရမည်မဟုတ်ချေ။
"ကျေးဇူးပါ.....မိန်းကလေးရွှမ်မိန်"
"မဟုတ်တာ...... သခင်လေးချောင်ဖုန်းက နောက်နေတာပဲ"
ထို့နောက်ချောင်ဖုန်းသည်ယီရှင်းထျန်ကို ယန်အစီအရင်ဂိုဏ်းကို အရင်ပြန်ပို့ပြီး တော်ဝင်နန်းတော်ကို လိုက်ပြဖို့ဆုံးဖြတ်လိုက်သည်။
"မိန်းကလေးရွှမ်မိန်...... မင်းငါနဲ့အတူဂိုဏ်းကို ခဏ လိုက်ခဲ့လို့ရမလား ၊ ငါသူငယ်ချင်းကို ပြန်ပို့ပြီးရင် ငါမင်းနဲ့အတူ တော်ဝင်နန်းတော်ကို လိုက်ခံမယ်"
ရွှမ်မိန်သည်လည်း ချောင်ဖုန်းပြောတာကို သဘောတူလိုက်သည်။
"ကျေးဇူးတင်ပါတယ်သခင်လေး.......။
ထို့နောက် ချောင်ဖုန်းသည် သူရဲ့ဝိညဥ်လှေကို ထုတ်လိုက်ပြီးအားလုံးနဲ့အတူ ယန်အစီအရင်ဂိုဏ်းကို ပြန်လာခဲ့သည်။ယန်အစီအရင်ဂိုဏ်းရောက်တဲ့အခါ ရွှမ်မိန်တို့သည် အပြင်ဘက်မှာပဲ စောင့်နေခဲ့သည်။ ချောင်ဖုန်းသည် ဂိုဏ်းရောက်တာနဲ့အကြီးအကဲတွေကို ကိစ္စတချို့ကိုရှင်းပြလိုက်သည်။
ထိုအခါမိုစီသည် ချောင်ဖုန်းနဲ့ သီးသန့်တွေ့ကာ မေးလိုက်သည်။
"မင်းပြောပုံအရဆို တော်ဝင်မင်းသားယွင်ချီက ငါတို့ကျင့်ကြံသူဂိုဏ်းတွေကို မျက်စိထဲမထည့်ဘူးထင်တယ် "
ထို့နောက်မိုစီသည် အကြံတစ်ခုရသွားကာ မေးလိုက်သည်။
"ကောင်လေး.....မင်းနတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းထဲဝင်ချင်လား"
ချောင်ဖုန်းသည် ခေါင်းခါကာ စိတ်ပျက်သည့် ပုံဖြင့် ချက်ချင်းငြင်းဆိုလိုက်သည်။
"အကြီးအကဲ.....ကျွန်တော်ယန်အစီအရင်ဂိုဏ်းမှာပဲ ဆက်နေချင်သေးတယ်"
ထိုအခါ မိုစီက ရေနွေးကြမ်းသောက်ကာ သေချာရှင်းပြလိုက်သည်။
နတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းသည် တိုင်းပြည်ပေါင်းစုံရဲ့ ထူးချွန်သောသူတွေစုစည်းထားသော ဂိုဏ်းဖြစ်သည်။ယန်အစီအရင်ဂိုဏ်းမှ လူများစွာသည်လည်း ထိုဂိုဏ်းထဲတွင် ရှိနေဆဲဖြစ်သည်။
"အကြီးအကဲ....ကျွန်တော်ဝူနန်းတော်ကပြန်လာရင် အကြီးအကဲနဲ့သေချာတိုင်ပင်ပါ့မယ်"
"ကောင်းပြီလေ......ဝူနန်းတော်ကိုရောက်ရင် ငါ့အစားဝူဘုရင်ကို နှုတ်ဆက်ပေးပါအုံး"
ထို့နောက် ချောင်ဖုန်းသည် မိုစီကို နှုတ်ဆက်လာပြီးနောက် ရွှမ်မိန်တို့နဲ့အတူ ဝူနန်းတော်ကို သွားဖို့ ထွက်ခွာလာခဲ့သည်။
ချောင်ဖုန်းသည် ဒီတစ်ခါ ရွှမ်မိန်တို့ရဲ့ ဝိညဥ်လှေဖြင့် နောက်ကလိုက်ပါလာခဲ့ပြီး တိမ်များကို ကြည့်နေခဲ့သည်။
ရွှမ်မိန်သည် တိတ်တဆိတ်ဘေးကနေ ချောင်ဖုန်းအား ကြည့်နေချိန်မှာ ဘေးမှ "သခင်မလေး....."ဆိုသော အသံကြားသည့်အခါ လန့်သွားလေသည်။
ထိုလူသည် လက်ညိုးထိုးကာတိုက်ခိုက်နေကြသော အဖွဲနှစ်ဖွဲ့ကို လက်ညိုးထိုးပြလိုက်သည်။ထိုအခါ ရွှမ်မိန်သည် ချောင်ဖုန်းကို အားနာသလိုပြောလိုက်သည်။
"သခင်လေးချောင်ဖုန်း.......ဒီမှာ ခဏလောက်စောင့်ပေးပါ"
ချောင်ဖုန်းသည် ဘာမှမပြောဘဲ ခေါင်းသာငြိမ့်ပြလိုက်သည်။
ထိုအခါ ရွှမ်မိန်နဲ့အတူ အရိပ်မဲဖြင့် လူနှစ်ယောက်သည် တိုက်ခိုက်နေသော နေရာကို ရောက်ရှိသွားကြသည်။ထိုအခါ တိုက်ခိုက်နေသော လူအားလုံးသည် ရပ်လိုက်ပြီး ရွှမ်မိန်တို့ကို ဒေါသအသံဖြင့်ပြောလိုက်သည်။
"မင်းတို့က ဘယ်သူတွေလဲ......ကိစ္စမရှိရင် ကို့လမ်းကိုသွားကြစမ်း ၊ မဟုတ်ရင်တော့ ငါလက်နက်မှာ မျက်စိမပါဘူးစမ်း"
ထိုအခါ ရွှမ်မိန်သည် ခေါင်းလောင်းကို ဝိညဥ်စွမ်းအင်အသက်သွင်းလိုက်တဲ့အခါ နတ်ဘုရားခေါင်းလောင်းမျှော်စင်ပေါ်ထွက်လာတဲ့အခါ ခုနက ဒေါသသံဖြင့် လူသည် ကြောက်လန့်သွားပြီးပါးစပ်မဟရဲတော့ဘဲ ကျန်သောလူအားလုံးသည် ရွှမ်မိန်တို့ကို ခေါင်းညွှတ်ကာကြိုဆိုလိုက်သည်။
ရွှမ်မိန်သည် ပြုံးပြလိုက်ကာ နှိမ့်ချစွာမဆက်ဆံဖို့ပြောလိုက်သည်။