chapter(38)
Vol. 3 Ch. 38
အသန့်စင်ဆုံးစနစ် အခန်း(38)
ထိုအဖွဲ့တွေထဲမှ လူတစ်ယောက်သည် နောက်ကနေ ရှေ့သို့ တက်လာပြီး ရိုရိုသေသေပြောလိုက်သည်။
"စီနီယာအမရောက်လာတာနဲ့အတော်ပဲ.......ကျွန်တော်တို့ပြသာနာကို ဖြေရှင်းပေးနိုင်မယ်ထင်တယ်"
"ပြသာနာ.....ဘာပြသာနာလဲ"
ထိုအခါ ခုနကပြောသောလူသည် တောင်စောင်းတစ်ခုမှာ ပွင့်နေသော ဆေးပင်တစ်ခုကို လက်ညိုးထိုးပြကာ ပြောလိုက်သည်။
"စီနီယာအမ...... အဲ့ဆေးပင်က ကျွန်တော်တို့အရင်တွေ့တာကို ဒီလူတွေက တမင်ကောက်ကျစ်ကြံပြီး သူတို့အရင်တွေ့တာပြောပြီး လုယူမလို့ ကြိုးစားနေကြတယ်"
ရွှမ်မိန်သည် ထိုဆေးပင်ကို လှမ်းကြည့်လိုက်တဲ့အခါ နှစ်တစ်ထောင်နှင်းကြာပန်းဆိုတာသိသွားခဲ့သည်။
"ဒီလူတွေ ဒါကိုလိုချင်လို့ တိုက်ခိုက်တာမဆန်းပါဘူး ၊ ငါဘယ်လိုဖြေရှင်းပေးရမလဲ"
ထိုချိန်မှာ ချောင်ဖုန်းသည် အောက်သို့ ဆင်းလာကာ အေးစက်စွာဖြင့်ပြောလိုက်သည်။
"မင်းတို့နှစ်ဖွဲ့ကြည့်ရတာ အဝေမတည့်ဘူးထင်တယ် ၊ ငါယူလိုက်မယ်လေ ဒါဆိုမင်းတို့ တိုက်ခိုက်စရာမလိုတော့ဘူး"
ထိုအခါ ဆူဆူညံညံအသံများထွက်ပေါ်လာလေသည်။
"မင်းကဘယ်သူလဲ......မင်းအသက်ကို ကြည့်ရတာငါထက်ငါးနှစ်လောက်ငယ်မယ်ထင်တယ် ၊ မသေချင်သေးရင် မင်းပါးစပ်ကို ပိတ်ထားလိုက်"
ချောင်ဖုန်းသည် ထိုလူပြောပြီးနဲ့ နတ်ဘုရားခြေလှမ်းကို သုံးကာ ထိုလူကို ကိုယ်ပိုင်လက်သီးစွမ်းအားဖြင့် မျက်နှာကို ထိုးချလိုက်တဲ့အခါ လွှင့်ထွက်သွားလေသည်။ချောင်ဖုန်းသည် ရွှမ်မိန်တို့ ရှိနေသည့်အတွက် စွမ်းအားအနည်းငယ်သာ သုံးလိုက်သည်။
ထိုအခါ အားလုံးသည် လွင့်ထွက်သွားသော လူကို ကြည့်ကာ ပြောလိုက်သည်။
"လဲ့ဝူချိုင်းက ဘုရင်နယ်ပယ်အစောပိုင်းအဆင့်တိုက်ခိုက်ရေးသမားလေ ၊ တစ်ဖက်လူရဲ့ကိုယ်ပိုင်လက်သီးစွမ်းအားတစ်ချက်ထဲကြောင့် လွင့်ထွက်သွားတာလား"
"သူကဘယ်သူလဲ......နာမည်ကြီးဂိုဏ်းတွေရဲ့ပင်မတပည့်တော်တော်များများကို ငါမြင်ဖူးပါတယ် ၊ မဟုတ်မှလွဲရော သူလဲနတ်ဘုရားခေါင်းလောင်းမျှော်စင်ဂိုဏ်းကလား"
ရွှမ်မိန်သည် ချောင်ဖုန်းဝင်ပါလာသည့်အတွက် ဘာပြောရမှန်းမသိဖြစ်သွားခဲ့သည်။မြေပေါ်တွင်လဲကျနေသောလူကို သူ့အဖွဲ့သားများက ဆွဲထူ၍ နောက်သို့ ခေါ်သွားသည်။ထို့နောက် အဖွဲ့နှစ်ဖွဲ့လုံးရဲ့ ခေါင်းဆောင်များက ရွှမ်မိန်ကို ပြောလိုက်သည်။
"စီနီယာအမ......ဒီကိစ္စနင်မဖြေရှင်းပေးနိုင်ရင် ငါတို့ဘာသာဖြေရှင်းပါရစေ"
ရွှမ်မိန်လဲ အခက်တွေ့သွားတာကြောင့် နောက်ပြန်ဆုတ်သွား၍ ဝိညဥ်လှေပေါ်သို့ ပြန်ခုန်တက်သွားခဲ့သည်။ချောင်ဖုန်းကတော့ ကျန်ဆနေခဲ့သည့်အတွက် ခုနက အထိုးချခံလိုက်ရသောလူ၏ ခေါင်းဆောင်မှ ချောင်ဖုန်းကို ခြိမ်းခြောက်လိုက်သည်။
"ဂျူနီယာညီလေး....မင်းကမထွက်သွားသေးဘဲ လဲ့ဝူချိုင်းကို ထိုးနိုင်တာနဲ့ ငါတို့အားလုံးကို နိုင်မယ်ထင်နေတာလား"
အမှန်တကယ်တော့ ချောင်ဖုန်းသည် နှစ်တစ်ထောင်နှင်းကြာပန်းကို လိုချင်သွားတာကြောင့် ကျန်ခဲ့ခြင်းဖြစ်သည်။ရွမ်မိန်သည် ဝိညဥ်လှေပေါ်မှ ချောင်ဖုန်းဘာလုပ်မလဲဆိုတာစောင့်ကြည့်နေခဲ့သည်။
ချောင်ဖုန်းသည် ထိုနှစ်ဖွဲ့လုံးကို အေးစက်စွာစကားပြောလိုက်သည်။
"နှင်းတစ်ထောင်ကြာပန်းကို ထားခဲ့ပြီး ထွက်သွားဖို့ မင်းတို့ကို ငါအခွင့်အရေးပေးမယ် "
ထိုအခါ နှစ်ဖွဲ့လုံးသည် ခြိမ်းခြောက်ခံလိုက်ရသည့်အတွက် ပေါက်ကွဲသွားသည်။
"ငါတို့ကိုခြိမ်းခြောက်ရဲတဲ့အတွက် မင်းဘဝမှာ နောင်တအကြီးကြီးရစေရမယ်"
ချောင်ဖုန်းသည် သူ့လက်ချောင်းများကိုချိုးပြီး စတင်ရေတွက်လိုက်သည်။
"တစ် ၊ နှစ် ၊ သုံး......."လို့ ရေတွက်ပြီးတဲ့အခါ လက်ချောင်းများကို လှုပ်ရှားလိုက်တာနဲ့ ခံစားမှုနတ်ဆိုးအစီအရင် စတင်အသက်ဝင်လာလေသည်။
ချောင်ဖုန်းသည် ဝိညဥ်လှေပေါ်ရှိနေကတည်းက အစီအရင်ကို ဖန်တီးနေခဲ့တာဖြစ်ပြီး အစီအရင်ပြီးဆုံးမှ ဆင်းလာခဲ့ခြင်းဖြစ်သည်။ခံစားမှုနတ်ဆိုးအစီအရင်သည် လူတွေရဲ့အသိဉာဏ်ထဲမှ မုန်တီးစိတ်ကို လှုံဆော်ပေးအောင်ပြုလုပ်ပေးနိုင်တဲ့အစီအရင်ဖြစ်သည်။
ခံစားမှုနတ်ဆိုးအစီအရင်စတင်အသက်ဝင်တာနဲ့ နှစ်ဖွဲ့လုံးက လူအားလုံးသည် အချင်းချင်းသတ်ဖြတ်ကြပါတော့သည်။သူတို့မြင်နေရသောလူအားလုံးသည် သူတို့မုန်းတီးသောလူတွေရဲ့မျက်နှာများကိုသာမြင်နေရခြင်းကြောင့်ဖြစ်သည်။
အရိပ်မဲဖြင့်လူတွေသည်လည်း ထိုနှစ်ဖွဲ့က သူတို့ကို နှင်ထုတ်ခဲ့တာကြောင့် ချောင်ဖုန်းလုပ်သမျှကို မတားတော့ဘဲ ထိုင်သာ ကြည့်နေတော့သည်။
အချိန်ခဏအတွင်းမှာ ထိုနှစ်ဖွဲ့လုံးသည် အသေအကြေများပြီး မသေပဲ ကျန်သောလူတွေကိုတော့ ချောင်ဖုန်းသည် သူ့ရဲ့ဓားဖြင့် အလွယ်တကူသတ်ပစ်လိုက်သည်။ထို့နောက်ချောင်ဖုန်းသည် နှစ်တစ်ထောင်နှင်းကြာပန်းကို ခူးကာ သူ့ရဲ့သိုလှောင်ကွင်းထဲသို့ ထည့်လိုက်သည်။
ချောင်ဖုန်းသည် ဝိညဥ်လှေပေါ်သို့ ခုန်တက်လိုက်ပြီး ဝူနန်းတော်ကို ခရီးဆက်လာပါတော့သည်။ချောင်ဖုန်းသည် ဝိညဥ်လှေပေါ်တွင် အဂ္ဂိရတ်ပညာရပ်စာအုပ်ကို လေ့လာနေခဲ့သည်။ချောင်ဖုန်းသည် ကျန်ခဲ့သောရက်တွေမှာ အဂ္ဂိရတ်ဆေးပညာအချို့ရဲ့ရောဂါတွေအပြင် ဆေးရည်တစ်ချို့ကို ဖော်စပ်နိုင်နေပြီဖြစ်သည်။
"ငါကျင့်ကြံဖို့ နေရာကောင်းတစ်ခုလောက်ရှာဖွေရမယ် ၊ အဲ့တာမှ ငါအရင်ကထက်ပိုတိုးတက်နိုင်မှာ"
ချောင်ဖုန်းသည် အောက်ကို ကြည့်လိုက်တဲ့အခါ ယင်းလီမြို့ကို ရောက်ရှိလာတာသိသွားပြီး ဝိညဥ်လှေကို ဆင်းခိုင်းလိုက်သည်။
"မိန်းကလေးရွှမ်မိန်..... ဒီမြို့က ဝူနန်းတော်ရဲ့ပိုင်နက်ထဲ ရောက်လာတဲ့အတွက် ငါတို့ လမ်းလျှောက်သွားဖို့ လိုအပ်တယ်"
"ဒါဆိုလဲ ကျွန်မတို့လမ်းလျှောက်ပြီး သွားကြတာပေါ့"
ချောင်ဖုန်းတို့သည် ယင်းလီမြို့ရဲ့ တံခါးမအကြီးကြီးရှေ့သို့ရောက်လာတဲ့အခါ တံခါးစောင့်ရဲမက်တွေသည် ချောင်ဖုန်းတို့ကို တားကာ မေးလိုက်သည်။
"ယင်းလီမြို့က ဝူနန်းတော်ရဲ့ပိုင်နက်ဖြစ်တဲ့အတွက် မင်းတို့တွေတော်ဝင်မိသားစုမျိုးနွယ်ဝင် ဒါမှမဟုတ် ထောက်ခံချက်အမိန့်ပြားတစ်ခုခုရှိမှ အထဲကို ဝင်ခွင့်ပေးနိုင်မယ်"
ထိုအခါ ရွှမ်မိန်သည် သူ့ရဲ့သိုလှောင်ကွင်းထဲမှ အမိန့်ပြားတစ်ခုကို ထုတ်ကာ ပြလိုက်သည်။
"ရှင်ပြောတာ ဒီအမိန့်ပြားလား....... "
ထိုအခါ ရဲမက်သည် အမိန့်ပြားကို ယူကြည့်လိုက်တဲ့အခါ ပြာပြာသလဲ့ဖြစ်သွားကာ ရိုရိုသေသေပြောလိုက်သည်။
"တောင်းပန်ပါတယ်မင်းသမီး...... ကျွန်တော်မျိူးက ဗဟုသုတနည်းပါးတဲ့မင်းသမီးကို မသိတဲ့အတွက်ခွင့်လွှတ်ပေးပါ"
ရွှမ်မိန်သည် သူ့ရဲ့အမိန့်ပြားကို ပြန်သိမ်းလိုက်ကာ ပြောလိုက်သည်။
"အဲ့တာဆို ကျွန်မတို့ဝင်လို့ရပြီလား"
"ရတာပေါ့.......ရတာပေါ့"
ချောင်ဖုန်းသည် ရွှမ်မိန်အား နတ်ဘုရားခေါင်းလောင်းမျှော်စင်ရဲ့ဂိုဏ်းသားလို့သာ ထင်နေခဲ့ပြီး မင်းသမီးတစ်ပါးပါ ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ချေ။ချောင်ဖုန်းသည် ရွှမ်မိန်တို့နဲ့အတူ မြို့တံခါးအတွင်းသို့ ဝင်သွားလေသည်။နန်းတော်ပိုင်နက်ဆိုတဲ့အတိုင်းအရာရာတိုင်းက သန့်ပြန့်တောက်ပနေလေသည်။
စျေးဆိုင်တန်းများမရှိဘဲ စံအိမ်ကြီးများဖြင့်သာ ရတနာများကိုရောင်းချနေကြလေသည်။ရွှမ်မိန်သည် ဝူနန်းတော်ရှိအကောင်းဆုံးစားသောက်ဆိုင်ရဲ့ အရသာကို သိချင်၍ ဆိုင်ထဲသို့ဝင်သွားလေသည်။
အထဲရောက်သည့်အခါ သပ်ရပ်သောစားသောက်ဝိုင်းများတွင် နန်းဝတ်နန်းစားများ ဝတ်ဆင်ထားသောသူများသည် သောက်ရင်းစားရင်း အကမယ်များကို ကြည်ရှု့နေတာကို တွေ့လိုက်သည်။
ချောင်ဖုန်းတို့လဲ နေရာလွတ်တစ်ခုမှာ ဝင်ထိုင်လိုက်ပြီး ရွှမ်မိန်သည် စားစရာပေါင်းစုံကို မှာလိုက်သည်။ခဏအကြာမှာတော့ စားပွဲထိုးသည် ရွှမ်မိန်မှာသမျှကို တစ်ခုချင်းလာချပေးပါတော့သည်။
ရွှမ်မိန်သည် တစ်ခုချင်းလိုက်မြည်းကြည့်ကာ ပါးစပ်ကလဲ ပလုတ်ပလောင်းဖြင့် ပြောလိုက်သည်။
"တကယ်အရသာရှိတာပဲ...... ရွှမ်မိန်ဒါမျိုးတစ်ခါမှ မစားဖူးဘူး"
ချောင်ဖုန်းသည် သုတ်ဖို့ပေးထားသော အဝတ်စတစ်ခုကို ယူပေးလိုက်သည်။ထိုအခါမှသာ ရွှမ်မိန်သည် ရှက်သွားပြီး သူနှုတ်ခမ်းများကို သုတ်လိုက်သည်။
"သခင်လေးချောင်ဖုန်း.....ရွှမ်မိန်တို့ဝူနန်းတော်ကိုရောက်ဖို့ ဘယါလောက်လိုသေးလဲ"
ချောင်ဖုန်းသည် ဝူနန်းတော်သည် ယင်းလီမြို့နားမှသာသိရှိပြီး ဝူနန်းတော်ကို မရောက်ရှိဖူးချေ။
"အဲ့တာတော့ ငါလဲသေချာမသိဘူး.....မိန်းကလေးရွှမ်မိန်"
ထိုချိန်မှာ ဘေးစားသောက်ဝိုင်းမှ အပြာဝတ်စုံဝတ်ဆင်ထားသော လူသည် ချောင်ဖုန်းတို့ ဝိုင်းကို ရောက်ရှိလာ၍ မေးလိုက်သည်။
"မင်းတို့က ဝူနန်းတော်ကိုသွားချင်တာလား......မင်းတို့ကြည့်ရတာယင်းလီမြို့ကို ပထမဆုံးရောက်ဖူးတာထင်တယ်"
ထိုအခါ အရိပ်မဲဖြင့် လူနှစ်ယောက်သည် ထိုင်နေရာက ပျောက်သွားပြီး ချက်ချင်း လာမေးသောလူရဲ့နောက်ကို ရောက်သွားသည်။