Chapter(39)
Vol. 3 Ch. 39
အသန့်စင်ဆုံးစနစ် အခန်း(39)
အပြာဝတ်စုံဝတ်ဆင်ထားသောသူသည် သူကိုယ်သူနှုတ်ဆက်လိုက်သည်။
"ငါနာမည် ချီမူခဲ့ပါ..... ဒီယင်းလီမြို့မှာ ငါကိုမသိတဲ့လူမရှိဘူး "
ထိုချိန်မှာပဲစားသောက်ဆိုင်ထဲသို့ ဝင်လာသောလူတစ်ယောက်သည် မူခဲ့ကို နှုတ်ဆက်ကာမေးလိုက်သည်။
"မင်္ဂလာပါ သခင်ကြီးမူခဲ့.....ကျွန်တော်မှာထားတာလေ ရတော့မလားမသိဘူး"
"ငါစံအိမ်ကို လာယူလိုက်လေ.....ငါလိုချင်တာတော့ မင်းမေ့မလာနဲ့"
ထိုလူသည် ဝမ်းသာအားရနဲ့ "ကျွန်တော်ခဏနေသွားယူလိုက်ပါမယ်သခင်ကြီးမူခဲ့....ဟီး " လို့ရယ်ကာမောကာပြန်ပြောလိုက်သည်။မူခဲ့သည် ချောင်ဖုန်းတို့ဘက်လှည့်ကာ ပြန်ပြောလိုက်သည်။
"ဘယ်လိုလဲ....... မင်းတို့ငါ့ကိုယုံပြီမလား"
ထိုအခါ အရိပ်မဲဖြင့် လူတွေက စားသောက်ဝိုင်းမှာ ထိုင်လိုက်ပြီး မူခဲ့ကို မေးလိုက်သည်။
"ကောင်းပြီလေ......ဒါဆို ငါတို့ဝူနန်းတော်ကို သွားဖို့မင်းစီစဥ်ပေးနိုင်မလား"
ထိုအခါ မူခဲ့သည် သူလိုချင်တာဖြစ်လာတဲ့အတွက် စိတ်ထဲမှာတော့ ဝမ်းသာသွားပြီး အပြင်ပိုင်းမှာတော့ သာမာန်လိုသာနေခဲ့သည်။နောက်ပိုင်းဝူနန်းတော်ကို သွားမယ့်လူတွေဖြစ်တဲ့ အထက်စီးဆန်ကာ မဆက်ဆံရဲပေ။
"ငါမင်းတို့ဝူနန်းတော်ကို လိုက်ပို့ဖို့က ကိစ္စမရှိပါဘူး.... ဒါပေမယ့်ငါအတွက်ဘာအကျိုးအမြတ်မှ မရနိုင်ဘူးလေ"
ထိုအခါ မူခဲ့ဘာကို ဆိုလိုတာလဲ အားလုံးသိသွားလေသည်။
ချောင်ဖုန်းသည် ဝိုင်အရက်တစ်ခွက်ကို သောက်ရင်း မေးလိုက်သည်။
"မင်းဘာလိုချင်တာလဲ ငါတို့ကို ရှင်းရှင်းပြော...... ငါတို့မတက်နိုင်တဲ့ကိစ္စကိုတော့ မင်းလာမခိုင်းနဲ့"
ထိုအခါ မူခဲ့သည် ရယ်ကာမောကာဖြင့် ချောင်ဖုန်းအား အနားကပ်ပြောလိုက်သည်။
"ဒီလိုပါ သခင်လေး.....တကယ်တော့ ကျွန်တော်က ဒီမြို့ရဲ့လက်နက်အရောင်းအဝယ်စံအိမ်ကို ဖွင့်လှစ်ထားတာပါ ၊ ဒါပေမယ့် စံအိမ်မှာရှိတဲ့ လက်နက်အစီအရင်ဆရာအားလုံးက မကြာသေးခင်က ရရှိထားတဲ့ ငမန်းဝိညဥ်စွမ်းအင်အမြူတေကို လှံရှည်တစ်ချောင်းထဲကို ထည့်သွင်းလို့မရတဲ့အတွက် သခင်လေးတို့ရဲ့.........."
ရွှမ်မိန်သည် မူခဲ့စကားများလွန်းသည့်အတွက် ကြားကနေဝင်ပြောလိုက်သည်။
"ရှင်ဆိုလိုတာက ကျွန်မတို့က အဲ့ငမန်းဝိညဥ်စွမ်းအင်အမြူတေကို ထည့်သွင်းပေးနိုင်မယ့် အစီအရင်ဆရာတစ်ယောက်ရှာပေးရမယ့်ဆိုတဲ့သဘောလား"
ထိုအခါ မူခဲ့သည် သွားကြီးဖြီးကာ ခေါင်းငြိမ့်ပြလိုက်သည်။
ရွှမ်မိန်သည် ချောင်ဖုန်းက အစီအရင်ဂိုဏ်းက ဖြစ်သည့်အပြင် ကြောက်လန့်ဖွယ်အစီအရင်ဖွဲ့စည်းပုံတွေ ဖန်တီးခဲ့တာကို မြင်တွေ့ဖူးရတဲ့အတွက် ချောင်ဖုန်းဘာများပြောမလဲစောင့်နေခဲ့သည်။
ချောင်ဖုန်းသည် ဝိုင်တစ်ခွက်ကိုကိုင်ကာ မွှေ့လိုက်ရင်း မူခဲ့ကိုပြောလိုက်သည်။
"ငါတို့ဝူနန်းတော်ကိုသွားမှာက အဲ့လောက်မခက်ခဲနိုင်ဘူး ၊ မင်းသာအဲ့လက်သနက်ကိုသာ ဝိညဥ်စွမ်းအင်ထည့်သွင်းနိုင်ရင် ဘယ်လောက်အကျိုးအမြတ်ရနိုင်မလဲ ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူးလေ"
ထိုအခါ မူခဲ့သည် ချောင်ဖုန်းရဲ့စကားကြောင့် အခက်တွေ့သွားလေသည်။အမှန်တကယ်သည်လည်း မူခဲ့သည် ထိုလက်နက်မှ အကျိုးအမြတ်များစွာရရှိမည်ဖြစ်သည်။
မူခဲ့သည် ထိုလက်နက်နဲ့ငမန်းအမြူတေကို တာဝန်ယူထားပြီးပြီဖြစ်တာကြောင့် မဆောင်ရွက်ပေးနိုင်လျှင် ပိုင်ရှင်ရဲ့ပြစ်တင်မှုကို ခံရမည့်အပြင် သူ့စံအိမ်လဲ နာမည် ကျဆင်းမည်ဖြစ်တာကြောင့် အကျိုးအမြတ်ကို ချောင်ဖုန်းတို့ကို ခွဲပေးဖို့ ဆုံးဖြတ်လိုက်သည်။
"ကောင်းပြီလေအဲ့တာဆို......ငါမူခဲ့ဂတိပေးတယ် ၊ မင်းတို့ကို ဝူနန်းတော်ကို လိုက်ပို့ပေးမယ့်အပြင် ငါရတနာလက်နက်က ရလာမယ့် အကျိုးအမြတ်ကိုလဲ မင်းတို့ကို သုံးပုံတစ်ပုံပေးမယ်"
ထိုအခါ ချောင်ဖုန်းသည် ခေါင်းခါပြီး ပြုံး၍ ပြောလိုက်သည်။
"သခင်ကြီးမူခဲ့........ခင်ဗျားက ရတနာလက်နက်စံအိမ်က ဖြစ်ပြီးဝိညဥ်စွမ်းအင်ထည့်သွင်းတဲ့အစီအရင်ကို လွယ်တယ်ထင်နေတာလား ၊ ကံဆိုးရင် အစီအရင်ဆရာက ပေါက်ကွဲမှုဖြစ်ပြီး ဒုက္ခိတဘဝကို ပါရောက်သွားနိုင်တယ်လေ"
မူခဲ့သည် ချောင်ဖုန်းဆိုလိုတာကို နားလည်လိုက်သည်။ချောင်ဖုန်းသည် အကျိူးအမြတ်တစ်ယောက်တစ်ဝက်လိုချင်နေမှန်းသိသွား၍ ရယ်ရယ်မောမောပဲ ပြန်ပြောလိုက်သည်။
"ကောင်းပြီကောင်းပြီ........ဝိညဥ်စွမ်းအင်တာ ထည့်သွင်းပြီးသွားရင် သခင်လေးတို့စိတ်တိုင်းကျဖြစ်စေရမယ်"
ထိုအခါ ချောင်ဖုန်းသည် ဝိုက်အရက်ကို ချလိုက်ပြီး ထိုင်နေရာမှ ထလိုက်ပြီး ပြောလိုက်သည်။
"အဲ့တာဆိုလဲ ငါတို့သွားကြရတာပေါ့......."
မူခဲ့သည် ကြောင်တောင်တောင်ဖြစ်သွားပြီး ချောင်ဖုန်းကို မေးလိုက်သည်။
"ဘယ်ကိုသွားကြမလို့လဲ........"
ထိုအခါ ရွှမ်မိန်သည် ရွှေဒင်္ဂါးများကို ရှင်းပြီး မူခဲ့ကို ပြောလိုက်သည်။
"ရှင်ရဲ့လက်နက်ရောင်းတဲ့စံအိမ်မဟုတ်ရင် ဘယ်ကိုသွားရမှာလဲ"
ထိုအခါ မူခဲ့သည် သူလက်တွေကို သူကျစ်လိုက်ကာ မမေးရဲမေးရဲဖြင့်ပြောလိုက်သည်။
"မင်းတို့ထဲမှာ လက်နက်အစီအရင်ဆရာပါနေတာလား......"
ထိုအခါ ချောင်ဖုန်းသည် မူခဲ့ကို စိတ်မရှည်တဲ့လေသံဖြင့် "မင်းရှေ့ကနေလမ်းမပြသေးဘူးလား......"လို့ ပြောလိုက်သည် ။ထိုအခါမှသာ မူခဲ့သည် ချောင်ဖုန်းတို့ကို ဦးဆောင်ကာ သူ့ရဲ့မြင်းလှည်းထဲကိုကို ဖိတ်ခေါ်လိုက်သည်။မြင်းလှည်းသည် တအားမကြီးပင်မယ့်
လူငါးယောက်လောက်တော့ အသာလေးဆန့်သည်။
ချောင်ဖုန်းတို့သည် မိနစ်ပိုင်းအတွင်း မြင်းလှည်းစီးပြီးနောက် မြင်းလှည်းသည် စံအိမ်ရှေ့တစ်ခုမှာ ရပ်သွားပြီး စံအိမ်ထဲမှ လူတစ်
သည် ထွက်လာကာ မူခဲ့ကို အမြန်ကြိုဆိုလိုက်သည်။
"သခင်ကြီးရောက်လာတာနဲ့ကွက်တိပဲ......ကျွန်တော်တို့ နောက်ထပ်ငမန်းဝိညဥ်စွမ်းအင်တစ်ခုနဲ့မြှားကို လာအပ်တဲ့လူရှိနေတယ် အဲ့တာ လက်ခံသင့်လက်မခံသင့် သခင်ကြီးကိုစောင့်နေကြတာ"
ထိုအခါ မူခဲ့သည် ချောင်ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ထို့နောက် သူ့အစေခံကို ပြန်ပြောလိုက်သည်။
"ငါအထဲဝင်ပြီး စစ်ဆေးကြည့်ပေးမယ်......၊ ငါနဲ့အတူပါလာတဲ့ဧည့်သည်တွေကို ခနပြုစုထားလိုက်"
"ဟုတ်ကဲ့.......သခင်ကြီး"
ထို့နောက် ချောင်ဖုန်းတို့သည်လည်း မြင်းလှည်းပေါ်ကဆင်းလိုက်ပြီး စံအိမ်အတွင်းကို ဝင်လာကြသည်။ထို့နောက်ချောင်ဖုန်းသည် မူခဲ့ကို မေးလိုက်သည်။
"ငါမင်းနဲ့အတူလိုက်ကြည့်လို့ရမလား......"
ထိုအခါအစေခံသည် အံ့အားသင့်သွားသည်။မူခဲ့သည် တော်ဝင်မျိုးနွယ်မဟုတ်ပင်မယ့် တော်ဝင်မိသားစုတွေနဲ့ အဆက်အသွယ်ကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် လူတော်တော်များများက လေးလေးစားစားဆက်ဆံရသည်။
အခုတော့ လူငယ်ပိုင်းအရွယ်ကောင်လေးက တန်းတူဆက်ဆံနေတာကို တွေ့လိုက်ရတဲ့ ချောင်ဖုန်းကို တော်ဝင်မိသားစုထဲကလားလို့ ထင်သွားခဲ့သည်။
မူခဲ့သည် ချောင်ဖုန်းကို မငြင်းဘဲ "သခင်လေး သဘောပါပဲ....." လို့ပြန်ပြောလိုက်ကာ သူသွားသော အခန်းတစ်ခန်းထဲကို ခေါ်သွားခဲ့သည်။
ချောင်ဖုန်းသည် အခန်းထဲသို့ ရောက်သောအခါ အသက်ငါးဆယ်ကျော်လူနှစ်ယောက်နှင့်လူငယ် နှစ်ယောက်သည် အပြန်အလှန်ထိုင်စကားပြောနေတာကို တွေ့လိုက်ရသည်။ထို့နောက်လူတစ်ယောက်သည် မူခဲ့ကို မြင်လိုက်ရတဲ့အခါ ဝမ်းသာသွားသည်။
"သခင်ကြီးမူခဲ့.....မင်းပြန်ရောက်လာပြီလား ၊ မင်းပြန်ရောက်လာတာနဲ့အတော်ပဲ ဒီကသခင်လေးတွေက စောင့်နေတာတောငါကြာပြီ "
ထို့နောက်ထိုလူသည် နောက်မှ ပါလာသော ချောင်ဖုန်းကို မေးလိုက်သည်။
"သူကရောဘယ်သူလဲ......ရတနာပစ္စည်းအပ်မလို့လား"
ထိုအခါမူခဲ့သည် လေသံမာမာဖြင့် "မင်းကဒီစံအိမ်ကသခင်လား ငါကသခင်လားလို့" မေးလိုက်သည်။ထိုလူသည် ဘာမှမပြောရဲဘဲ ပိတ်သွားလေသည်။ချောင်ဖုန်းလည်း မူခဲ့ဘေးက လွတ်နေသော ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။
ရတနာပစ္စည်းလာအပ်သော သူတွေသည် မူခဲ့ကို နှုတ်ဆက်လိုက်ကြသည်။
"ဒီကသခင်ကြီးမူခဲ့လား......ကျွန်တော်နာမည်ကြားဖူးတာကြာပါပြီ ၊ ခုလိုအပြင်တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်"
"ရပါတယ်.....ရပါတယ်"
ထိုသခင်လေးနှစ်ယောက်သည် သူတို့သည် သူတို့နာမည်ကို မိတ်ဆက်လိုက်ပြီး ပစ္စည်းများကိုထုတ်ပြလိုက်သည်။