← Chapters

Chapter (40)

Vol. 3 Ch. 40

Chapter (40)

Vol. 3 Ch. 40

အသန့်စင်ဆုံးစနစ် အခန်း(40)

"ကျွန်တော်နာမည်.....လီပင်းပါ ၊ ဒါကတော့ ကျွန်တော်ညီဝမ်းကွဲ ဟုန်ပင်းပါ ၊ သခင်ကြီးမူခဲ့......ခင်ဗျားဒီမြှားကိုဝိညဥ်စွမ်းအင်အသက်သွင်းပေးနိုင်မယ်ဆိုရင် ကျွန်တော်ထိုက်တန်သလောက်ပေးမှာပါ"

မူခဲ့သည် ထိုလူရဲ့ မြှားနဲ့ဝိညဥ်စွမ်းအင်ယူလိုက်ပြီး သူ့ဘေးက နှစ်ယောက်ကို​ အသံတိုးတိုးလေးဖြင့်ပြောလိုက်သည်။

"မင်းတို့ဟိုလှံထဲကို ငမန်းဝိညဥ်စွမ်းအင် အသက်သွင်းနိုင်ပြီလား"

"သခင်ကြီးမူခဲ့.....စံအိမ်မှာရှိတဲ့အစီအရင်ဆရာအားလုံးက အဲ့ငမန်းဝိညဥ်စွမ်းအင်ကို လှံလက်နက်ထဲထည့်လို့မရသေးပါဘူး"

ထိုအခါ မူခဲ့သည် သူပေါင်ကို ရိုက်ကာ ပြောလိုက်သည်။

"အသုံးမကျတဲ့ကောင်တွေ ငါစီကရယူဖို့ပဲချောင်းနေကြတယ်......"

ထိုနောက် မူခဲ့သည် ချောင်ဖုန်းဘက်လှည့်လိုက်တဲ့အခါ ချောင်ဖုန်းသည် ထိုလူတွေကို လက်ခံဖို့ ခေါင်းငြိမ့်ပြလိုက်သည်။မူခဲ့သည် ဝမ်းသာသွားပြီး လီပင်းနဲ့ဟုန်ပင်းကို ပြန်ပြောလိုက်သည်။

"ဒါဆိုရင် သခင်လေးတို့နှစ်ယောက်က ဘယ်လောက်ပေးမလဲမသိဘူး"

ထိုအချိန်မှာ အပြင်မှ လူတစ်ယောက်သည် တံခါးကို အတင်းတွန်းဖွင့်ကာ ဝင်လာလေသည်။ထိုလူသည် မူခဲ့မြင်တာနဲ့ ဒေါသကြီးစွာဖြင့်ပြောလိုက်သည်။

"ချီမူခဲ့....မင်းငါရဲ့လှံကို ခုချိန်ထိငမန်းဝိညဥ်စွမ်းအင်ကို ထည့်သွင်းလို့ မပြီးသေးဘူးလား ၊ မင်းမတက်နိုင်ဘူးဆိုလဲ ငါ့ကိုပြန်ပေးသင့်တယ်မလား"

ထိုအခါ မူခဲ့သည် မျက်နှာပျက်သွားပြီး ထိုလူအားခြိမ်းခြောက်လိုက်သည်။

"အကိုကြီးနီဟောက်...... ဝိညဥ်စွမ်းအင်အသက်သွင်းတာ မလွယ်မှန်းခင်ဗျားလဲ သိသားပဲ ၊ ကျွန်တော်စံအိမ်ကို ပြသာနာရှာရင်တော့ ကျွန်တော်မူခဲ့အချင်းချင်းမျက်နှာမထောက်ဘူးလို့ မပြောနဲ့နော်"

ထိုအခါ ဝင်လာသောလူသည် ဒေါသထွက်နေပင်မယ့် တဇွတ်ထိုးမလုပ်ရဲပေ။

"ချီမူခဲ့.....မင်းက ဝူနန်းတော်ကလူတွေနဲ့မိတ်ဆွေဖြစ်တာနဲ့ငါမင်းကိုဘာမှမလုပ်ရဲဘူးထင်နေတာလား ၊ နောက်သုံးရက်နေလို့မှ မင်းဆီက ငါဘာသတင်းမှ မကြားရင် ငါ့အကြောင်းမင်းကောင်းကောင်းကြီးသိစေရမယ်"

ထိုချိန်မှာ ချောင်ဖုန်းသည် မတ်တပ်ရပ်ကာ ထပြောလိုက်သည်။

"နောက်သုံးရက်စောင့်စရာမလိုပါဘူး ၊ ခင်ဗျားဒီမှာ ခဏလောက်ထိုင်စောင့်လိုက်ပါ"

ထိုအခါ နီဟောက်ဆိုသောလူသည် ချောင်ဖုန်းကို ဒေါသအကြည့်ဖြင့်ကြည့်ကာ ချီမူခဲ့ကို ပြောလိုက်သည်။

"ချီမူခဲ့...... ဒီကောင်လေးဘယ်သူလဲ ၊ ကြည့်ရတာ ငါ့အကြောင်းမသိသေးလို့ထင်တယ်"

ချီမူခဲ့သည် ချောင်ဖုန်းက သူ့ဧည့်သည်ဖြစ်ကြောင်းပြောလိုက်တဲ့အခါ နီဟောက်သည် သူရဲ့ဒေါသကို ချောင်ဖုန်းအပေါ်ပုံချဖို့ လုပ်လိုက်သည်။

"ကောင်စုတ်လေး......မင်းကငါ့ကို မရိုမသေဆက်ဆံတဲ့အတွက် ငါအကြောင်းသိစေရမယ်"

ချောင်ဖုန်းသည် နတ်ဘုရားခြေလှမ်းကျင့်စဥ်ကို သုံးကာ နီဟောက်ထက်အရင်လှုပ်ရှားလိုက်ပြီး လက်တစ်ဖက်ထဲဖြင့် နီဟောက်ရဲ့လည်ပင်းကို လေပေါ်သို့ မြှောက်တင်ကာ ဆွဲညှစ်လိုက်သည်။

ထို့နောက်ချောင်ဖုန်းသည် အေးစက်စွာ နီဟောက်ကိုပြောလိုက်သည်။

"မင်းလား........ငါ့ကို ပညာပေးမယ်ဆိုတာ......."

နီဟောက်သည် လည်ပင်းညှစ်ခံလိုက်ရတဲ့အတွက် ခြေဖျားလက်ဖျားများအေးစက်သွားကာ ကြောက်လန့်သွားပြီး ချောင်ဖုန်းကို အသံမထွက်တထွက်ဖြင့် တောင်းပန်လိုက်သည်။

"ငါ.....ငါ....တောင်း..ပန်ပါ...တယ် ၊ ငါ့ကို.....ချမ်းသာပေးပါ"

ချောင်ဖုန်းသည် နီဟောက်ကို နံရံဘက်ကို ဆောင့်တွန်းပစ်လိုက်သည်။နီဟောက်သည် နံရံနဲ့ရိုက်မိပြီး ဒဏ်ရာရသွားကာ မနည်းပင်ထလိုက်ရသည်။အားလုံးသည် ချောင်ဖုန်းရဲ့လျင်မြန်နှုန်းကို ကြောက်လန့်သွားလေသည်။

မူခဲ့သည် ချောင်ဖုန်းကို တစ်ကိုယ်လုံးကြည့်ကာ ဆုံးဖြတ်လိုက်သည်။

"နီဟောက်က ဘုရင်နယ်ပယ်အစောပိုင်းအဆင့်တိုက်ခိုက်ရေးသမားပဲ ၊ ဒီသခင်လေးက အလွယ်တကူတိုက်ခိုက်နေတယ်ဆိုတော့

သူလဲ ဘုရင်နယ်ပယ်အစောပိုင်းအဆင့်ကိုကျော်နေပြီဆိုတဲ့သဘောပဲ "

နီဟောက်သည် ချောင်ဖုန်းကို လက်နှစ်ဖက်ဆုပ်ကာ ရိုရိုသေသေပြောလိုက်သည်။

"ကျွန်တော်အမှားတွေအတွက် တောင်းပန်ပါတယ်သခင်လေး ၊

ကျွန်တော် ဒီမှာပဲ ထိုင်စောင့်နေပါ့မယ်"

ထို့နောက် ချောင်ဖုန်းသည် လက်နက်အစီအရင်ဖန်တီးတဲ့အခန်းကို လမ်းပြဖို့ မူခဲ့ကို မေးလိုက်သည်။

"လက်နက်အစီအရင်ဖန်တီးတဲ့အခန်း ငါ့ကိုလမ်းပြပေးနိုင်မလား....."

ထိုအခါ ထိုင်နေသော လူလေးယောက်သည် နီဟောက်တင်မကပဲ ချီမူခဲ့ကိုပါ မရိုမသေဆက်ဆံရဲတဲ့အတွက် ချောင်ဖုန်းရဲ့နောက်ခံကို သိချင်သွားခဲ့သည်။ထို့နောက် အချင်းချင်းပြောဆိုလိုက်သည်။

"သခင်ကြီးမူခဲ့နဲ့ ပန်းဘဲပညာရှင်နီဟောက်ကိုတောင် သူက တန်းတူဆက်ဆံရဲတယ် ၊ ကြည့်ရတာ ဒီကောင်နောက်ခံက မရိုးရှင်းဘူးထင်တယ်"

မူခဲ့ကတော့လက်နက်အစီအရင်ဖန်တီးတဲ့အခန်းကို ညွှန်ပြခိုင်းနေသည့်အတွက် အံ့အားသင့်နေခဲ့သည်။မူခဲ့သည် အရိပ်မဲဖြင့် လူနှစ်ယောက်ကို ချောင်ဖုန်းရဲ့အစေခံလို့ထင်ထားခဲ့ပြီး ထိုအရိပ်မဲဖြင့်

လူနှစ်ယောက်ကို လက်နက်အစီအရင်ဆရာများဟုထင်နေခဲ့သည်။

ထို့နောက်မယုံကြည်နိုင်စွာဖြင့် ချောင်ဖုန်းအားမေးလိုက်သည်။

"မဟုတ်မှလွဲရော......သခင်လေးကလက်နက်အစီအရင်ဆရာတစ်ယောက်လား....... "

ချောင်ဖုန်းသည် ဘာမှပြန်မပြောသည့်အတွက် မူခဲ့သည် လက်နက်အစီအရင်ခန်းများကို ခေါ်သွားခဲ့သည်။ချောင်ဖုန်းသည် နောက်ထပ်တံခါးတစ်ခုအတွင်းကို ဝင်သွားသည့်အခါ လက်နက်အစီအရင်ဆရာများသည် လက်နက်တစ်ချို့ကို ဝိညဥ်စွမ်းအင်များ ထည့်သွင်းနေတာကို တွေ့လိုက်ရသည်။

မူခဲ့သည် ရှေ့ကနေ ရှေ့ကဦးဆောင်ပြီးချောင်ဖုန်းကို ရှင်းပြနေခဲ့သည်။

"သခင်လေး.....ဒီနေရာက ကျွန်တော်စံအိမ်ရဲ့လက်နက်အစီအရင်ဖန်တီးကြတဲ့အခန်းပဲ "

မူခဲ့ဝင်လာသည့်အတွက် လူတချို့ကတော့ နှုတ်ဆက်ဂါဝရပြုလိုက်ပင်မယ့် တချို့ကတော့မအားသည့်အတွက် ပါးစပ်ကပင် နှုတ်ဆက်လိုက်ကြသည်။မူခဲ့သည် အားလုံးကို ပြုံးသာပြုံးပြလိုက်သည်။

လက်နက်အစီအရင်ဆရာတွေသည် ချောင်ဖုန်းကို ကြည့်ကာတီတိုးပြောဆိုနေကြသည်။

"ဘယ်အိမ်ကသခင်လေးမို့လို့ သခင်ကြီးမူခဲ့က တလေးတစားဆက်ဆံနေလဲတော့မသိဘူး.....၊ လက်နက်အစီအရင်ဖန်တီးတဲ့နေရာကို ကလေးကစားစရာနေရာထင်နေလားမသိဘူး ၊ တော်တော်ဘဝင်မြင့်နေတဲ့ကောင်လေးပဲ"

ချောင်ဖုန်းသည် နေရာလွတ်တစ်ခုရောက်တဲ့အခါ လီပင်းတို့အပ်ထားသောမြှားနဲ့ငမန်းဝိညဥ်စွမ်းအင်ကို တောင်းလိုက်တဲ့အခါ မူခဲ့လဲ သိုလှောင်ကွင်းထဲမှ ထုတ်ပေးလိုက်သည်။

ထို့နောက်ချောင်ဖုန်းသည် မှင်စုတ်တံတစ်ချောင်းကိုကိုင်လိုက်ပြီး

အလွန်ရှုပ်ထွေးသော အစီအရင်စက်ဝိုင်းလေးတစ်ခုကို လေထဲမှာရေးဆွဲလိုက်သည်။ထိုအခါ အစီအရင်များရေးဆွဲထားသော ရွှေရောင်စက်ဝိုင်းလေးသည် လေပေါ်မှာ တည်ရှိနေလေသည်။

ထိုအရာကို မြင်သော အစီအရင်ဆရာတွေသည် ရွှေရောင်လင်းနေသော အစီအရင်စက်ဝိုင်းလေးကို ကြည့်ပြီး အံ့အားသင့်သွားကာ "မဖြစ်နိုင်တာ.....ဒီကောင်လေးက တကယ်ပဲဒီလောက်ရှုပ်ထွေးတဲ့ အစီအရင်ကို ရေးဆွဲနိုင်တာလား " ဟုပြောလိုက်ပြီး သူတို့လုပ်နေတာကို ရပ်တန့်လိုက်ပြီး ချောင်ဖုန်းကို ဝိုင်းကြည့်လိုက်ကြလေသည်။

ချောင်ဖုန်းသည် စုတ်တံကို ချလိုက်ပြီး မြှားကို အစီအရင်စက်ဝိုင်းရဲ့အနားမှာ တည်ရှိစေလိုက်သည်။ထို့နောက် လှုပ်ချောင်းလေးများကို လှုပ်ရှားလိုက်ပြီး ရွှေရောင်အစီအရင်စက်ဝိုင်းလေးကို မြှားအတွင်းထဲသို့ ထည့်လိုက်သည်။

မူခဲ့အပါအဝင်အားလုံးသည် မယုံကြည်နိုင်ဖြစ်ပြီး မျက်တောင်မခတ်ပဲကြည့်နေကြလေသည်။ချောင်ဖုန်းသည် ငမန်းဝိညဥ်စွမ်းအင်ကို ကြည့်လိုက်ပြီး သူ့လက်ညိုးလက်ခလယ်နှစ်ချောင်းဖြင့် လှုပ်ရှားကာ ငမန်းဝိညဥ်စွမ်းအင်ကို မြှားပေါ်တွင် ပေါ်နေသော ရွှေရောင်အစီအရင်ထဲသို့ ထည့်လိုက်သည်။

ထိုအခါ ငမန်းဝိညဥ်စွမ်းအင်သည် မြှားနဲ့ပေါင်းစပ်သွားပြီး ငမန်းပုံစံဝိညဥ်စွမ်းအင်သည် တစ်ခန်းလုံးလင်းထိန်သွားလေသည်။

မူခဲ့သည် အံသြလွန်း၍ ပါးစပ်မပိတ်နိုင်တဲ့အထိဖြစ်သွားသည်။ထို့နောက်သူပါးကို ရိုက်လိုက်ကာ ဒူးထောက်ပြီး ချောင်ဖုန်းအားပြောလိုက်သည်။

"သခင်လေးက မဟုတ်ဘူးမဟုတ်ဘူး ၊ ဆရာကြီးက လက်နက်အစီအရင်ပါမောက္ခအဆင့်ကလို့ မထင်ထားမိဘူး ၊ ကျွန်တော်မျိုး ရှေ့မှာမရိုမသေဆက်ဆံမိတဲ့အတွက် တောင်းပန်ပါတယ်"

ထိုအခါ ကျန်သောလက်နက်အစီအရင်ဆရာအားလုံးသည် ချောင်ဖုန်း ဒူးထောက်ကာ ဆရာတင်ကြလေသည်။

"သခင်လေးကျေးဇူးပြုပြီး ကျွန်တော်ကိုသခင်လေးရဲ့တပည့်လုပ်ခွင့်ပေးပါ "

"ဆရာကြီးကျွန်တော်ကိုလဲ ဆရာကြီးရဲ့တပည့်လုပ်ခွင့်ပေးပါ ကျွန်တော် ဆရာကြီးဘာခိုင်းခိုင်းလုပ်ပါ့မယ်"

ချောင်ဖုန်းသည် သူ့ကို ဆရာတင်တဲ့လူများရှိလာတဲ့အတွက် ဘာပြောရမှန်းမသိဘဲ အခက်တွေ့သွားလေသည်။ဒါပေမယ့် တည်ငြိမ်စွာပဲ ပြောလိုက်သည်။

"မင်းတို့အားလုံးပဲ ထကြပါ ၊ မင်းတို့အရည်အချင်းတွေနဲ့ ငါတပည့်ဖြစ်ဖို့ မထိုက်တန်သေးဘူး....."

All Chapters